30 January 2016
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်နှင့် VOAသတင်းဌာနအင်တာဗျူး
“ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသူ၃၂ဦးအားအခန်းပိတ်လှောင်ထားရာမှကယ်ထုတ်”
၂၀၁၆ ခု ဇန်န၀ါရီလ
၂၉ သတင်းဆောင်းပါး MAT
ဖူးခက်ငါးဖမ်းလှေဆိပ်မှ မြန်မာပွဲစားအိမ်ခန်းမှာပိတ်လှောင်ထားတဲ့
ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား၃၂ဦးတို့ကို
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်
MATနှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD တို့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လူကုန်ကူးဂိုဏ်းခေါင်းဆောင်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ဂိုဏ်းခေါင်းဆောင်ရဲ့ဇနီးနဲ့
နောက်လိုက်ပွဲစား ၂ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့
လှပသော ပင်လယ်အပန်းဖြေစခန်းအဖြစ် သတ်မှတ်ထားတဲ့ ဖူးခက်မြို့ဖယ်ယော့ငါးဖမ်းလှေဆိပ်အနီး
မြန်မာပွဲစား ကိုပဲ့ဆိုသူရဲ့အခန်းမှာ ပိတ်လှောင်ထားတဲ့ မြန်မာအလုပ်သမား၃၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်တွင်းပြည်ပ မြန်မာသတင်းမီးဒီယာတွေရဲ့တင်ပြမှုများကြောင့် ပြည်ပအလုပ်
သမားအခြေအနေများကို စောင့်ကြည့်နေသူတွေနဲ့ သိရှိပြီးဖြစ်ကြမှာပါ။
“စိတ်အနှောက်အယှက်ဖြစ်စဉ်များ”
အခုကိစ္စမှာ တကယ်အကောင်အထည်ဖေါ်ကြသူနဲ့ နှမ်းဝင်ဖြူးကြသူတွေနဲ့
သွားဆုံရတာကြောင့် MAT အဖွဲ့သားတွေဟာ ခြေကုန်လက်ပန်းကျပြီး စိတ်ညစ်ခဲ့ကြရတယ်လို့ဆိုပါတယ်။
စာဖတ်သူတွေေ၀၀ါးနေကြတယ်လို့လည်း မေးမြန်းကြပါတယ်။ ယခုဖြစ်ရပ်ကိုရေးဖို့အတွက် အတော်စဉ်းစားခဲ့ပါတယ်။
မလိုလားအပ်ပဲ မည်သို့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ဖြေရှင်းရတာမျိုးလည်းမလုပ်ချင်ပါဘူး။ MAT အဖွဲ့သားတွေအားလုံးဟာ လစာတစ်ခုခု ခံစားပြီး လုပ်ကိုင်နေကြသူတွေမဟုတ်ပဲ
စေတနာ့ဝန်ထမ်းလုပ်နေကြသူတွေ သာဖြစ်ကြတာမို့ လုပ်ရပ်တိုင်းဟာ စေတနာနဲ့ ပျော်ရွှင်မှုတွေကိုသာ
ရယူလိုကြသူတွေဖြစ်ပါတယ်။
စာရေးသူဟာ ကားစီးရင်းမအိပ်တတ်တာကြောင့်လူကလည်းပင်ပန်း၊
သတင်းတွေမှာ အမျိုးမျိုး ဖေါ်ပြနေကြတာကြောင့် စိတ်လည်းထိခိုက်ရပါတယ်။ ဒါပေမယ့် ဖြစ်ရပ်အမှန်တစ်ခု
မှတ်တမ်းတင်အဖြစ် ကျန်နေခဲ့ဖို့ လိုအပ်တာကြောင့် ဒီသတင်းဆောင်းပါးကိုရေးဖြစ်တာပါ။ ဖြစ်နိုင်လို့ရှိရင်
ဘာမှကို မရေးချင်တော့ပါ။ အယင်ကာလတုန်းက လူကုန်ကူးမှုတိုက်ဖျက်ရေး တစ်ခုခုအောင်မြင်ခဲ့လို့ရှိရင်
MAT အဖွဲ့သားတွေဟာ ၀မ်းမြောက်ဝမ်းသာနဲ့ သတင်းတွေဝိုင်းရေးလေ့ရှိကြပါတယ်။ အ၀စားမူကထတွေလည်းတစ်ခါတစ်ရံစားလေ့ရှိကြပါတယ်။
ဇန်န၀ါရီလ ၂၆ ရက်နေ့ညနေ ၈နာရီအချိန်က မြ၀တီလူကုန်တားက
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း
ထံသို့ ဖုန်းနဲ့ဆက်သွယ်ပြီး ဖူးခက်မြို့ ငါးဖမ်းလှေဆိပ်မှာ
ရောင်းစားခံနေရသူ၂ဦးကို ကယ်ထုတ်ပေးဖို့ ပြောလာခဲ့ပါတယ်။
ဦးကျော်သောင်း က လည်း လှေနံပါတ်နှင့် ရောင်းစားခံထားရသူ
မင်းငယ်ဦး ဆိုသူကို ဆက်သွယ်ခဲ့တယ်။ သူ၏ပြောပြချက်များအရ လူကုန်ကူးခံရကြောင်းနဲ့ပွဲစားအခန်းထဲမှာ
အခြားအလုပ်သမားများအခန်းပိတ်လှောင်ခံနေရကြောင်းသိရှိခဲ့ရ တာကြောင့် ဦးကျော်သောင်း ဟာ ချက်ချင်း ဖူးခက်အခြေစိုက် ရခိုင်လူမှုရေးအသင်းအဖွဲ့တစ်ခုကရခိုင်လူငယ်
၂ဦးကို အကူညီတောင်းခံခဲ့ပါတယ်။
ဇန်န၀ါရီလ၂၆ရက်နေ့ညနေ ၈နာရီခွဲမှာငါးဖမ်းလှေ
၁၈နှင့် ၁၉ တို့ ဆိုက်ကပ်လာခဲ့တယ်။ ရခိုင်လူမှုရေး အဖွဲ့မှ ရခိုင်လူငယ်၂ဦးဟာ ငါးဖမ်းလှေ၂စီးဓါတ်ပုံ၊အလုပ်သမားများရဲဓါတ်ပုံနဲ့
ပွဲစား၂ဦးတို့ရဲ့ဓါတ်ပုံများကိုပါ ထင်ထင်ရှားရှား ရိုက်ကူးရရှိခဲ့ပါတယ်။ ဒါ့အပြင်
အကူညီတောင်းခံထားကြသူများဟုတ် မေးမြန်းအတည်ပြုနိုင်ခဲ့ ပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေကို
မြ၀တီလူကုန်တားနဲ့ ဘန်ကောက်မြန်မာ မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး
ထံမှတစ်ဆင့် နာယက သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ သတင်းပေးပို့ခဲ့ပါတယ်။
MAT အဖွဲ့ဟာဖူးခက်အခြေစိုက် ရခိုင်လူမှုရေးအသင်းမှ
လူငယ်၂ဦးကို ပွဲစားတွေ ပိတ်လှောင်ထားတဲ့ အခန်းတည်ရှိရာသို့ သွားရမယ့်လမ်း၊ ပိတ်လှောင်ထားတဲ့အခန်းနဲ့
အခြားအရေးကြီးသော အချက်အလက်များ စွာကိုဆက်လက်ရရှိခဲ့ပါတယ်။ ဇန်န၀ါရီလ၂၇ ရက်နေ့ ညနေ
၃နာရီကျော်မှာ မောင်မင်းငယ်ဦး ဟာ ငါးဖမ်းလှေ ဆိပ် အုပ်နံရံအမြင့်ကို ကျော်ထွက်ပြီး
ရခိုင်လူမှုရေးအသင်းကလူငယ်၂ဦးက ဆိုင်ကယ်နဲ့တင် ပြီးလုံခြုံစိတ်ချရ တဲ့ နေရာမှာ ထားရှိခဲ့ကြပါတယ်။
MAT အဖွဲ့က မင်းငယ်ဦး ရဲ့ ဓါတ်ပုံနဲ့ နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်အခြေအနေတွေကို
မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့
AHTD နဲ့ မြ၀တီလူကုန်တားအဖွဲ့သို့ သတင်းပေးပို့ခဲ့ပါတယ်။ ထိုင်းနဲ့မြန်မာအရာရှိများနဲ့
ညှိနှိုင်းပြီးနောက် MAT အဖွဲ့ဟာ ကားတစ်စီးငှါးရမ်းပြီး ညနေ ၆နာရီမှာ ဖူးခက်မြို့သို့
ခရီးထွက်ခဲ့ကြပါတယ်။
MAT အဖွဲ့သားတွေဟာ နံနက် ၆နာရီကျော်အချိန်မှာ ဖူးခက်မြို့သို့ရောက်ပြီးတော့
ကယ်ထုတ်ထားတဲ့ မောင်မင်းငယ်ဦး ရှိရာသို့သွားရောက်ခေါ်ဆောင်လာခဲ့ကြပြီး ဖူးခက်မြို့ပြင်သို့
ပြန်ထွက်လာခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကုန်တားရဲတပ်ဖွဲ့များရှိရာသို့ အမည်ခံနှမ်းဖြူးမည့်
အင်ဂျီအိုအဖွဲ့ တစ်ခုရောက်ရှိနေ ကြောင်း ထိုင်းရဲများမှတစ်ဆင့် MAT အဖွဲ့ သိရှိထားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
လုပ်ရိုးလုပ်စဉ်မဟုတ်ပဲ နေ့တစ်ဝက် အချိန်ဆွဲခဲ့တာဟာ ယခုကယ်ထုတ်မှုအတွက် နှမ်းဖြူးတဲ့အဖွဲ့နဲ့ MAT အဖွဲ့တို့
အနေအထားမှန်ကို ဒေသခံ လူကုန်တားအာဏာပိုင်တွေသိအောင် ပြသခဲ့တာဖြစ်ပါတယ်။
ဘန်ကောက် AHTD ဗဟိုရုံးမှ ဆက်သွယ်ပေးထားတဲ့
ဖူးခက် AHTD တပ်ဖွဲ့နဲ့ ဖူးခက်ရဲအရာရှိတို့ကMAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး ထံသို့ အဆက်မပြတ်ဖုန်းဆက်သွယ်မေးနေကြပေမယ့်အကြောင်း
အမျိုးမျိုးပြပြီး နေ့ လည် ၁၂ နာရီအထိ အတွေ့မခံပဲထားခဲ့ပါတယ်။
ဖူးခက်သို့ရောက်ရှိနေတဲ့ MAT အဖွဲ့သားတွေဟာ
အခြားနေရာတွေမှာရောက်ရှိနေကြတဲ့ MAT အဖွဲ့ သားများနှင့် ဖုန်းနဲ့ အရေးပေါ်အစည်းဝေးတစ်ရပ်ကျင်းပခဲ့ကြပါတယ်။
တစ်ချို့က ကယ်ထုတ်ထားတဲ့ မင်းငယ်ဦး ကို ခေါ်ဆောင်ထားပြီးနောက် ရက်အတန်ကြာမှ ယခုအမှုကိစ္စအား
အကောင်းအထည် ဖေါ်ကြရန် တင်ပြကြပါတယ်။ အချို့က နှမ်းဖြူသူများ အဖြူးမခံရအောင်ရှောင်ရှားခြင်းထက်
အခန်းပိတ်လှောင်ခံထားရသူများလွတ်မြောက်ရေးသာ အဓိကထားသင့်ကြောင်း အဆိုကအောင်မြင်သွားခဲ့ပါတယ်။
MAT အဖွဲ့သားတွေဟာ AHTD ရဲအရာရှိတွေလာခေါ်လို့ တည်းခိုခန်း
တစ်ခုသို့ လိုက်ပါလာခဲ့ကြရာ နှမ်းဖြူး ဖို့စောင့်နေကြသူတွေနဲ့တွေ့ရပါတယ်။ ထိုင်းရဲအရာတွေက
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကို အချက်အလက်တွေမေးမြန်းပါတယ်။
အဲဒီအချိန်မှာ MAT က ပြသတဲ့ ဓါတ်ပုံတွေကို နှမ်းဖြူးတဲ့အဖွဲ့ သားတွေ က ဓါတ်ပုံ ရိုက်ကူးကြပါတယ်။
ပြီးတော့ ရဲစခန်းသို့လာခဲ့ကြပါတယ်။
ဖူးခက်ရဲစခန်းအစည်းဝေးမှာ ဦးကျော်သောင်း က အလုပ်သမားတွေကိုပိတ်လှောင်ထားတဲ့
အခန်း၊ အနီး ၀န်းကျင်နဲ့ အခြားအချက်အလက်များစွာရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုပြသရာ
ရဲအရာရှိကြီးက အံ့သြနေကြပါတယ်။ အဲဒီအချိန်မှာ ရခိုင်လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ရခိုင်လူငယ်၂ဦးမှာ
လူကုန်ကူးဂိုဏ်းခေါင်းဆောင်များနဲ့ အခန်းပိတ်လှောင်ထားတဲ့နေရာအနီးဝန်းကျင်ရဲ့အခြေအနေတွေကို
အနီးကပ်လေ့လာပြီး ဦးကျော်သောင်း ရဲ့ လက်ကိုင်ဖုန်းထဲသို့ VIBER ဖြင့် စဉ်ဆက်မပြတ်ပေးပို့နေကြပါတယ်။
ပထမပိုင်းမှာဖူးခက်ရဲအရာရှိကြီးက ၀ရမ်းထုတ်ရဦးမှာဖြစ်တာကြောင့်
ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ၀င် ရောက်စီးနင်းမည်ဖြစ်ကြောင်းပြောပါတယ်။ ဦးကျော်သောင်း က
ဖယ်ယော့ ငါးဖမ်းလှေဆိပ်သို့ ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးမည်ဟု သတင်းပေါက်နေပြီဖြစ်ကြောင်း
ပြောပြပါတယ်။ ရဲအရာရှိက လူကုန်ကူးဂိုဏ်း ခေါင်း ဆောင် ကိုပဲ့ ဆိုသူ ဘယ်နေရာမှာရှိနေသလဲလို့ဟုမေးရာ
ဦးကျော်သောင်း ကလက်ရှိ ပန်းရောင်ဘတ်ကဒ် လုပ်တဲ့နေရာမှာ ရောက်ရှိနေကြောင်း၊ဆိုင်ကယ်နံပါတ်ကိုပါပြသပါတယ်။
ထိုအခါရဲအရာရှိက မင်းဒီလောက် ဘာဖြစ် လို့သိနေတာလဲ။ မင်းကို သတင်းပို့နေသူကို ခေါ်လိုက်ပါဟု
၂ကြိမ်တိုင်တိုင်တောင်းခံပေမယ့် MATအဖွဲ့ က တွေ့ဆုံပေးရန်ငြင်းဆန်ခဲ့ပါတယ်။
ထိုင်းရဲအရာရှိကမေးတာတွေ တောင်းခံတဲ့အချက်အလက်တွေနဲ့(
ကယ်ထုတ်မယ့်အလုပ်တွေရဲ့ဓါတ်ပုံ၊ ငါးဖမ်းလှေ ၁၈နှင့် ၁၉ဓါတ်ပုံ၊ မြ၀တီလူကုန်တားမှ
အကူညီတောင်းခံတဲ့စာ) များကိုMAT အဖွဲ့ ကဓါတ်ပုံစာရွက် ထုတ်ယူလာပြီး ပြသပါတယ်။ ပွဲစားတွေလက်ရှိ
ရှိနေတဲ့နေရာနဲ့ ပိတ်လှောင်ထားတဲ့ အခန်းဝမှာထိုင်စောင့်နေတဲ့ ပွဲစားမပုံတွေကို ဖုန်းထဲမှ
ပြသနေတဲ့အချိန်အထိ နှမ်းဖြူးဖို့ စောင့်ဆိုင်းနေတဲ့အဖွဲ့က ယောက်ျားပုဂ္ဂိုလ်၊ မိန်းမဂ္ဂိုလ်တို့က ဘာအချက်အလက်မှ ပြသနိုင်ခြင်း၊ ၀င်ရောက်ပြောဆိုနိုင်ခြင်း တစ်ခုတစ်လေမှ
မရှိသေးပါ။
ဒီ့နောက်မှာ ဒေသခံရဲတစ်ဦး၊ နှမ်းဖြူးအဖွဲ့က
ထိုင်းအမျိုးသားတစ်ဦးနဲ့ MAT အဖွဲ့တို့ဟာ လူကုန်ကူး ဂိုဏ်းခေါင်းဆောင်ရှိနေတဲ့ ပန်းရောင်ဘတ်ကဒ်
ထုတ်ပေးတဲ့ရုံးသို့ ထွက်ခွာလာခဲ့ကြရာ၊ ရှိနေကြောင်း မြင်တွေ့ခဲ့ကြရပါတယ်။ ကားကို မလှမ်းမကမ်းမှာ ရပ်နားထားပြီး ပွဲစား၂ဦးကို ထိုင်းရဲက
ဖုန်းကယ်မရာဖြင့် ထင်ထင်ပေါ်ပေါ်ဓါတ်ပုံရိုက်ယူပါတယ်။ ဒီအပြုအမူဟာ ပွဲစားတွေကို သတိပေးတာနဲ့တူတယ်လို့
MAT ကပြောပါတယ်။
ရဲစခန်းသို့ပြန်ရောက်တဲ့အခါ ရဲအရာရှိနဲ့
အစည်းဝေးထပ်မံပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာ နှမ်းဖြူးတဲ့ အဖွဲ့က အမျိုးသမီးမှာမရှိတော့ပဲ
ထိုင်းအမျိုးသားတစ်ဦးနဲ့ဗမာတစ်ဦးသာကျန်နေခဲ့ပါတယ်။ ဖူးခက်ရဲအရာရှိကြီးက မေးသမျှဖြေ၊
တောင်းသမျှ ပြသနေကြောင့် ဦးကျော်သောင်း ကို
ဓါတ်ပုံရိုက်ပေးသူကိုတွေ့ချင်ကြောင်း ပိတ်လှောင်ထားတဲ့ အခန်းအားသွားကြည့်သည့်အခါ အလုပ်သမားများမရှိရင်
ဘယ်သူတာဝန်ယူမလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ဦးကျော်သောင်း က ဒေသခံကူညီပေးသူ၂ဦးကို
တွေ့ခွင့်မပြုနိုင်ကြောင်း ယဉ်ကျေးစွာ ပြန်လည်ငြင်းဆန်ပြီး အချက်အလက်တွေ ခိုင်းမာကြောင်း၊
အကယ်၍ အခန်းထဲတွင် ပိတ်လှောင်ထားသူများမရှိပါက ကိုယ်တိုင် အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရပါတယ်။
“နှမ်းဖြူးသမားများ”
ဇန်န၀ါရီလ ၂၈ ရက်နေ့မွန်းလွဲပိုင်း စီးနင်းဝင်ရောက်တဲ့အခါ
MAT အဖွဲ့ က ကယ်ထုတ်ထားတဲ့ မောင်မင်းငယ်ဦး က အခန်းကိုလိုက်လံပြသပါတယ်။ လူကုန်ကူး ဂိုဏ်းခေါင်းဆောင်
ကိုပဲ့ ဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူ့ဇနီးနဲ့ နောက်ထပ်ပွဲစား၂ဦးတို့ကို
ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပိတ်လှောင်ထားတဲ့ အခန်းကို ထိုင်းရဲကမင်းတုတ်ဆွဲဖွင့်လိုက်တဲ့အခါ
လေ၀င်လေထွက်မကောင်းပဲ အခန်းကျဉ်း အမှောင်ခန်းထဲမှာ အိမ်သာနံ့၊ ဆေး လိပ်မီးခိုးနံ့တွေ
မွမ်းထူနေတဲ့ပါတယ်။ မီးရောင်မှိန်မှိန်၊ အပေါ်က ပန်ကာငယ်တစ်ခု ဖွင့်ထားတဲ့ သွပ်မိုးသွပ်ကာ
အခန်းကျဉ်းမှာ အခန်းပိတ်လှောင်ထားတာကြောင့် အလွန် ပူးပြင်းပါတယ်။
ချွေးတပြိုက်ပြိုက်ကျနေကြတဲ့
မြန်မာလူငယ်တွေအားလုံးဟာ အင်းကျီကိုချွတ်ပြီး နေထိုင်ကြရပါတယ်။ အခန်းထဲမှာ မည်သူတစ်ဦးတစ်ယောက်မှ
အချိန်အကြာကြီးမနေနိုင်အောင်ပူးပြင်းပါတယ်။
နှမ်းဖြူးဖို့ အဓိက ရောက်ရှိလာခဲ့သူ၂ဦးဟာ
ပါလာတဲ့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ဖေးဘွတ်ကမ္ဘာကို လက်ဦးမှုယူပါတယ်။ ပြီးတော သူတို့ဟာ
မြန်မာသံရုံးက လာရောက်ကယ်ထုတ်ကြသူများအဖြစ်လည်း အလုပ်သမားတွေကို ကြေညာပါတယ်။ ၎င်းတို့တင်ထားတဲ့
သတင်းတွေကို ဖတ်ကြရတဲ့ MAT အဖွဲ့ သားတွေဟာ စိတ်ပျက်ကြရတယ်လို့ဆိုကြပါတယ်။
“မရှင်းမလင်းလုပ်ခဲ့သူက မြ၀တီလူကုန်တား”
မြ၀တီလူကုန်တားက တာဝန်ရှိသူကို ဦးကျော်သောင်း
က ရှင်းရှင်းလင်းလင်းလုပ်ကိုင်သင့်ကြောင်း၊ အစီရင်ခံစာထွက်လာသည့်အခါ ဖြစ်တတ်သည့်သဘောများကို
ဂရုစိုက်ရန်လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၇ ရက်နေ့ ကတည်းကကြိုတင်သတိပေးပြီး ကတိတောင်းခံခဲ့ပါတယ်။
မြ၀တီလူကုန်တားဟာMAT အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ၅နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
၎င်းတို့တောင်းသမျှ
ဓါတ်ပုံတွေကို MAT အဖွဲ့ ဟာချက်ချင်း ရိုက်ကူးပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ၂၉ ရက်နေ့မှာ
တက်လာတဲ့ အလဲဗင်းမီဒီယာအွန်လိုင်း သတင်းမှာဖေါ်ပြထားတာကို သက်ဆိုင်ရာ သတင်းထောက်ကို ဦးကျော်သောင်း
ကပြင်ဆင်ရေးသားပေးဖို့မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ အလဲဗင်းသတင်းထောက်က မြ၀တီလူကုန်တားကြေးနန်းအလိုရ
ရေးရတာဖြစ်ကြောင်း MAT အဖွဲ့ကိုပြောပြပါတယ်။ အဲဒီတော့မှ မြ၀တီ လူကုန်တားက MATကြောကို
ဓါးနဲ့အထိုးခံရပြီဆိုတာ သဘောပေါက်ခဲ့ရပါတယ်။
ဦးကျော်သောင်း ဟာ ရုံးတာဝန်ခံကိုစိုင်းအေးနဲ့
အတူ မြ၀တီလူကုန်တားကို ဖုန်းနဲ့ အခြေအနေများကို ပြန်လည်ရှင်းပြပြီး နောက်နောင်တွင်
မြ၀တီလူကုန်တားနဲ့ လူကုန်ကူးမှုကိစ္စကို ကူညီဆောင်ရွက်ဖို့အတွက် အထူးစဉ်းစားပါတော့မယ်လို့
စိတ်မကောင်းစွာနဲ့ ပြန်ပြောခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ခဲ့တဲ့ကိစ္စမှာ နှမ်းဖြူးတဲ့သူတွေမှာ ဘာအကျိုးအမြတ်တွေရှိတယ်ဆို
တာမသိပါဘူး။ အခန်းပိတ်လှောင်ခံ အလုပ်သမား၃၂ဦးအတွက် MAT အဖွဲ့နဲ့မြန်မာသံရုံးအလုပ်သမားကူညီ
စောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး တို့ဟာ စရိတ်စကများစွာအကုန်အကျခံခဲ့ရပါတယ်။
MAT အဖွဲ့ဟာ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ကို
ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ပေးပို့ပြီး ကယ်ထုတ်နိုင်ပေမယ့်၊ အခန်းပိတ်လှောင်ခံထားရပြီး
ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခံနေရသူတွေဟာ ထိုင်းအစိုးရလုပ်ပေးထားတဲ့ ပန်းရောင်ဘတ်ကဒ်
ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေဖြစ်တယ်ဆိုတာကို တမ်းတင်ချင်တာကြောင့်
သွားရောက်ခဲ့တာပါ။
ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတိုင်း တရားဝင်အလုပ်သမားဖြစ်တယ်။
ပတ်စပို့ကိုင်ထားသူဟာ လုံခြုံမှုရှိတယ်ဆိုပြီး ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေ ပြောဆိုနေကြပေမယ့်
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်
ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားပေမယ့် အခန်းပိတ်လှောင်ခံရပြီး
ငါးဖမ်းလှေတွေမှာ ကျွန်ပြုခံရသူများဖြစ်နေကြောင်း ဤဖြစ်ရပ်က သက်သေထူခဲ့ပြီးဖြစ်ပါတယ်။
သူတပါးကြိုးပမ်းဆောင်ရွက်မှုကို နှမ်းဖြူးပြီး
နာမည်ကျော်ကြားလိုတဲ့သူတွေအနေနဲ့ အလုပ်သမား ၃၂ဦးကို ဓါတ်ပုံမရိုက်ရခင်အထိ၊ ဘာတွေ ဘယ်လောက်လုပ်ကိုင်ခဲ့ပါတယ်ဆိုတဲ့
အထောက်အထားတွေနဲ့ အွန်လိုင်းကမ္ဘာမှာကြေညာခဲ့ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့။ ။
29 January 2016
လူကုန်ကူးခံ မြန်မာ ၃၂ဦး ထိုင်း ကယ်တင်
မအေးအေးမာ
ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံ သား ၃၂ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်တင်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံ အပမ်းဖြေကျွန်း ဖြစ်တဲ့ ဖူးခက်ကျွန်းရဲ့ ကမ်းခြေ က ငါးဖမ်းလှေတွေပေါ်မှာ ဘတ်ငွေ ၂၄၀၀၀နဲ့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၃၂ဦးကို ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်ဆယ်နိုင် ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက ဆိုပါတယ်။
" ထိုင်းဥပဒေကြောင်းအရ တိုင်ကြားတဲ့သူရှိရင် ရှိတဲ့နေရာကို ကျနော်တို့က ဝင်ရောက် စီးနင်းရတယ် ဆိုတော့ အခန်းတခန်းထဲမှာ အလုံပိတ်အခန်းထဲမှာ တခါတည်း ချွေးတွေ တဒီးဒီးကျနေတာ လူ ၃၂ယောက်
မြန်မာနိုင်ငံသားတွေပေါ့။ အသက်ကတော့ ၁၈နှစ်ကနေ ၅၀ အထိ ပါတာပေါ့။ ၅၀အထိဆိုတာ လူကြီးတွေ လည်း ပါတယ်။ ကျန်တဲ့သူတွေကလည်း ၂၀ကျော်၊ ၃၅ ဝန်းကျင်တွေပေါ့။"
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးကနေ လာကြသူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ ကြိုးစားရင်းနဲ့ လူကုန်ကူးခံရတာဖြစ်ပါတယ်။ သူတို့တွေ ဟာ လှေပေါ် မလိုက်ခင် ၃လလောက် အခန်း ကျဉ်းလေးထဲမှာ ပိတ်လှောင်ခံ ထားရတဲ့ အကြောင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က လူငယ်တဦး ကပြောပါတယ်။
25 January 2016
“အလုပ်သမားလင်မယားသတ်မှုဖေဖေါ်ဝါရီ ၂၄ ရက်နေ့အမိန့်ချမည်”
၂၀၁၆ ခု ဇန်န၀ါရီလ ၂၄
သတင်း-ဘခက်

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့က ဘန်ကောက်မြို့
ဘန်ဘော်ရပ်ကွက် ဘန်ခိုထရမ် (ဆန်ဖွယ့်ထွန်ပိုလီ-ဆန်အာရားထွန်ပိုလီ-ဆန်ချွည်ထွန်ပိုလီ)
တရားရုံးတော်တွင် စစ်ဆေးခဲ့သည်။
ကြားနာရာ သို့ MAT အဖွဲ့ နှင့်အတူ
လိုက်ပါသွားခဲ့သည့် ရခိုင်အလုပ်သမား
မောင်ကိုထွန်း က“ကျုးလွန်သတ်သွားသူ တရာခံ ၀တုတ်(ခ)စိန်ကျော်သန်း က သူသတ်ခဲ့တယ်လို့
ဝန်ခံတယ်။ လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ
အမိန့်ချမယ်လို့သိရ ပါတယ်။ နောက်လူသတ်တရားခံတစ်ဦးကတော့ ခုထိ ထွက်
ပြေးလွတ်မြောက်နေဆဲပဲဖြစ်ပါတယ်။
တရွာတည်းသားချင်းတွေဖြစ်ကြတာပါ။ ကိုယ့်ဆီမှာလည်း သေဆုံးသူရဲ့မိဘတွေက လူသတ်မှုနဲ့
အမှုဖွင့်ထားပါတယ်။ လူသတ်သမားကတော့ ကျနော်တို့ကို ပြန်လွတ်လာရင်
တွေ့ကြသေးတာ
ပေါ့ဆိုပြီးတော့ ခြိမ်းခြောက်သွားပါသေးတယ်” ဟု ပြောသည်။
ဘန်ကောက်မြို့ ဘန်ဘော်ရပ် အယ်ကချိုင်း ၇၆
လမ်းအတွင်းရှိ ၆/၁ လမ်းထိပ် တိုက်အမှတ် (၄၀/၇၃၈) ၅ထပ်တိုက်အခန်းနံပါတ်၂၀၅တွင်
နေထိုင်သည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံ၂ဦး ကို 31.3.2014. ရက်နေ့ နံနက်
၂နာရီခန့်တွင် ရခိုင်အလုပ်သမား၂ဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
လူသတ်မှုကို ကျူးလွန်ခဲ့သူ၂ဦးအနက်
တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သိုင်းချောင်းအုပ်စု
ပြားဂျွိန်ချောင်းဖြားကျေးရွာနေ(အဖ ဦးသာလှိုင်+ဒေါ်မဦးချေ သား
ဝတုတ်(ခ)စိန်ကျော်သန်း ကို (31.5.2015 တနင်္ဂနွေနေ့နံနက်ပိုင်တွင်ထိုင်းနိုင်ငံမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့နှင့်
ထိုင်းနိုင်ငံရခိုင်အမျိုးသားပါတီ(အမြုတေ) တာဝန်ရှိ သူများနှင့်ဘန်ဘွန် (ထိုင်းဒုစရိုက်
နှိမ်နှင်းရေးအထူးရဲ တပ်ဖွဲ့)နှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမဟာချိုင်နယ်ရှိ
ဝပ်ကေသုံဘုန်းကြီးကျောင်းတွင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားခဲ့သည့်ဇနီးမောင်နှံ၂ဦးမှာ ရခိုင်ပြည်နယ်
ကျောက်ဖြူ မြို့နယ် သိုင်းချောင်းအုပ်စု ပြားဂျွိန်ချောင်းဖြားကျေးရွာနေ အဖ
ဦးဖိုးတုတ်(ခ)ဦးမောင်ထွီးစံ+ဒေါ်လှစောတို့၏သား မောင်စိုးသန်း အသက် ၂၈နှစ် ။ ဇနီးဖြစ်သူ
မမိဖြူ အသက် ၂၆နှစ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့  အမှတ်(၄)ရပ်ကွက်မြို
့ဦးကျောင်းအနီးမှ အဖ ဦးကျော်ထွန်း+ဒေါ်မချေတို့၏သမီးဖြစ်သည်။
24 January 2016
“အလုပ်မရှိပဲဖြစ်နေသည့်MOU အလုပ်သမားများအားထိုင်းရဲဖမ်းဆီး”
၂၀၁၆ ခု ဇန်န၀ါရီလ
၂၄
မောင်မောင်မြတ်ညို(အလွတ်သတင်းထောက်)
MoNo Horizon မိုနိုဟောရီဇင်အေဂျင်စီမှ တင်ပို့ထားသည့်MOUအလုပ်သမား
၅ ဦးအား အား နယ်မြေရဲ များကဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရဲစခန်းတွင် ၆နာရီကျော်ကြာ နေထိုင်ခဲ့ရကြောင်း
အလုပ်သမားများက ပြောသည်။
အလုပ်သမားများသည် MoNo Horizon ကုမ္ပဏီကို
ကျပ်ငွေ ကျပ်ငွေလေးသိန်းခွဲတိတိစီ ပေးခဲ့ရ သည်။ ၇၊ ၁၀၊ ၂၀၁၅ နေ့က ပထုန်ဌာနီကိုရောက်ပါသည်။
လူ၅၀ (ကျား၄၅+မ၅ဦး) လာခဲ့သည်။ စာချုပ်တွင် ဆောက်လုပ်ရေးဟုချုပ်ဆိုခဲ့သည်။ အခြားသူများမှာ
လယောင် နှင့် အခြားနေရာများသို့ပြောင်း သွားခဲ့ရသည်။ လက်ရှိ ၆ဦးသည် နကဆန၀န်တွင်ရောက်ရှိနေသည်။
၆ဦးအနက် တစ်ဦးမှာ ဈေးဝယ်သွားသဖြင့် ပုလိပ်ဖမ်းဆီးခြင်းကိုမခံခဲ့ရပေ။
အလုပ်သမားများသည် ၁၁လပိုင်း လုပ်အားခ
ပထုန်ဌာနီဆောက်လုပ်ရေးတွင် မရခဲ့ပါ။ အမျိုးသမီး အလုပ်သမကိုတစ်နေ့လျှင်ဘတ်၂၅၀သာပေးပြီး
အမျိုးသားအလုပ်သမားကိုဘတ်၂၈၀ သာပေးပါသည်။ ။ ပန်းရံအလုပ်ကုန်သွားသဖြင့်
နကဆ၀န် တွင်ရှိသော မုန့်စက်ရုံတွင် ၁၂လပိုင်း လုပ်အားခကိုလည်း မရခဲ့ဟုဆိုပါသည်။
အချိန်ပိုကြေးအဖြစ် တစ်ဦးကို ဘတ် ၃,၀၀၀ ကျော်စီထုတ်ပေးခဲ့ပါသည်။
ထိုငွေများဖြင့် အလုပ်သမားများ မျှတစားသောက်နေရသည်ဟုဆိုပါသည်။
အလုပ်သမားတစ်ဦးက “ ဇန်န၀ါရီလထဲမှာ ၁၀ရက်ခွဲပဲအလုပ်လုပ်ရပါသေးတယ်။
အလုပ်မလုပ်ရတာ ဆယ်ရက်ကျော်ပါပြီ။ လုပ်ထားတာလည်းမရဘူး။ ကျနော်တို့ စားရမဲ့သောက်ရမဲ့ဖြစ်နေပါတယ်။
ဒီနေ့မှာ ပုလိပ် လာဖမ်းတယ်။ အေဂျင်စီကိုဖုန်းဆက်လည်မကိုင်ပါ။ ကောစင်တာကိုဖုန်းဆက်လည်းမကိုင်ပါ”
ဟုပြောသည်။ ၁၂,၀၀၀ ဖြတ်မည်ဟုပြောဆိုထားကြောင်း အလုပ်သမားများကပြောပါသည်။ ယခုအခက်အခဲကြုံနေရသော
အလုပ်သမားများမှာ သက်ခိုင်ဦး၊ ဟန်ရွှေမြင့်၊ ရဲကိုကို၊ ဇင်မာလွင်၊ သူဇာဝင်း၊သီတာဝင်း
ဆိုသူတို့ဖြစ်ကြပါသည်။
MAT အဖွဲ့ဒါရိုက်တာ
ဦးကျော်သောင်း က“ MOU မူဝါဒတွေကိုပြန်လည်သုံးသပ်ဖို့ မြန်မာအစိုးရအလုပ်သမား ၀န်ကြီးဌာနကို
ကျနော်တင်ပြတာများပြီ။ ဒီလဆန်း ၈ရက်နေ့က ရန်ကုန်မှာကျင်ပတဲ့ အလုပ်သမားရေး ကျွမ်းကျင်သူများနှီးနှောဖလှယ်ပွဲမှာလည်းပဲ
ညွန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တင်ပြခဲ့ပါတယ်။ ကျနော်ဆီမှာ
အကူညီတောင်းထားတာ နှင်းပန်းဝါကုမ္ပဏီက ဆေးရုံသုံးပစ္စည်းထုတ်လုပ်ရာကို ပို့ထားတဲ့အလုပ်သမားတွေ၊
မိုးမိုးဖင်မလီကပို့ထားတဲ့အလုပ်သမားတွေ၊ မေ၀င့်အေဂျင်စီက ပို့ထားတဲ့ အလုပ်သမားတွေလည်းရှိပါတယ်။
ကျနော်က စိတ်ပျက်လို့ ဘာမှမပြောချင်တော့တာ။ အလုပ်သမားပို့ ရရေးဒို့အရေးဖြစ်နေကြတယ်"ဟုပြောသည်။
"အလုပ်သမားဝန်ကြီးကို ပိုင်တယ်လို့ ပြောရဲတဲ့ ပွဲစားအေဂျင်စီတွေရှိနေမှ
တော့MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းဟာ အလုပ်သမားတွေအတွက် တစ်စုံတစ်ရာငဲ့ကြည့်ချင်တဲ့စိတ်မရှိသေးပဲ
ပွဲစားတွေနဲ့ပူးပေါင်းပြီးအကျိုးစီးပွားကိုအဓိကထားလုပ်နေဆဲပဲဖြစ်တယ်။ အစိုးရသစ်လက်ထက်မှာမှ ဘာပြောင်းလဲလုပ်ကိုင်လာမလဲလို့မျှော်လင့်တော့မယ်” ဟုဆက်လက် ပြောဆိုသည်။
21 January 2016
“ဖေးဘွတ်တွင်ချစ်ကြိုက်မိ၍ထိုင်းကိုလိုက်လာခဲ့သည့်မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးအားကယ်တင်”
၂၀၁၆ ခု ဇန်န၀ါရီလ
၂၀
ခွန်လွမ်းတီး
ဖေးဘွတ်တွင်ချစ်ကြိုက်မိ၍ ထိုင်းနိုင်ငံသို့လိုက်ပါလာခဲ့ပြီမှ
သားအယားအဖြစ်ပေါင်းသင်းနေထိုင်ရ
ပြီး အခန်းပိတ်၊ နှိပ်စက်ညှင်းပန်းခံနေရသည့် မြန်မာနိုင်ငံမှ
မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးကို MAT အဖွဲ့ က ကယ်ထုတ်ပြီး နေရပ်ရင်းသို့ ယမန်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့သည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်……..ရွာမှ..
မ……..သည် လွန်ခဲ့သည့် ၈လခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ချာချင်ဆောင်အရပ်တွင်
ကြက်ကြော်ရောင်းချသည့် မွတ်ဆလင်လူ ငယ်တစ်ဦးနှင့် ဖေးဘွတ်မှ ချစ်ကြိုက်မိခဲ့သည်ဟုဆိုသည်။
မ……. က “သမီးကို
အစတုန်းကတော့ တမျိုးဆက်ဆံတယ် ၊နောက်ပိုင်းမှာ မူမမှန်တော့ဘူး။ အခန်းပိတ် ထားတယ်။ ရိုက်နှက်တယ်။
သမီးကို မောင်းထုတ်တယ်။ သမီးအမေကို ဆေးကုချင်လို့ အရဲစွန့်ပြီးလာခဲ့ တာ။ ဒီရောက်မှ သမီးအလိမ်ခံရပြီဆိုတာသိရတယ်။
MAT အဖွဲ့က ကူညီပေးခဲ့တဲ့အတွက် သမီး မိဘတွေ ဆီ ပြန်သွားပါပြီ။ သမီးတစ်သက် MAT အဖွဲ့က
ဦးလေးတို့ကို မမေ့ပါဘူး”ဟုပြောသည်။
သူမသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်
ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူမတွင် မြန်မာ အမျိုးသားမှတ်ပုံတင်ပါရှိပါသည်။
လမ်းခရီးတွင် ချောမွေ့စွာသွားလာနိုင်ရေးအတွက် MAT အဖွဲ့ရုံး တာဝန်ခံ ကိုစိုင်းအေး က ထိုင်းအစိုးရ DSI ကို အကူညီတောင်းခဲ့သည်။
မြန်မာသံရုံးကိုသတင်းပေးပို့ပြီး ယမန်နေ့က ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ချာချင်ဆောင်မြို့နယ်ရဲတပ်ဖွဲ့ကိုအကူညီတောင်းခံပြီး
ကူညီပေးခဲ့တာပါ။ ကျနော်တို့ သေချာစိစစ်ပြီးလုပ်ခဲ့ရတယ်။ အတော်စဉ်းစားပြီးလုပ်ခဲ့ရပါတယ်။
တရား မ၀င်တဲ့ အလုပ်သမားတစ်ယောက်ကို ချက်ခြင်းကူညီပြီး ချက်ခြင်းပြန်ပို့လို့ရအောင် လုပ်ဆောင်ခဲ့ရတာ
နိုင်ငံခြားတိုင်း ပြည်တစ်ခုမှာ အခက်အခဲအများကြီးရှိပါတယ်။ ရန်ကုန်က မွတ်ဆလင်မိတ်ဆွေတစ်ဦးက စရိတ်စက ကူညီပေးပါတယ်”
ဟုပြောသည်။
MAT အဖွဲ့သည် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်ဖြစ်ပြီး
အလုပ်သမား အခွင့်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်တို့ကို ဆယ်နှစ်ကျော်ကြာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေသည့်
အဖွဲ့အစည်းတစ်ခုဖြစ်သည်။
လူကုန်ကူးခံရ၍ဖြစ်စေ၊ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရ၍ဖြစ်စေ၊ MOU ဖြင့်ရောက်ရှိလာခဲ့
သော အလုပ်သမားများ စာချုပ်ပါစည်းကမ်းချက်များဖြင့် မကိုက်ညီခြင်း၊ အလုပ်အကိုင်မရှိပဲဖြစ်နေခြင်း
များ ကြုံနေရလျှင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။ MAT အဖွဲ့
ကူညီဆောင်ရွက်နိုင်သည်များကို ကူညီပေးမည်ဖြစ်ပါသည်။
ဦးအောင်မျိုးသန့် ၀၈၇ ၆၅၂ ၅၆၉၆... ဦးကျော်သောင်း ၀၈၄ ၆၇၀ ၅၇၂၇......
ကိုစိုင်းအေး....၀၈၀ ၅၈၈ ၅၅၄၈ ........ ကိုဘခက် . . .၀၈၇ ၃၁၂ ၁၁၇၉...
ကိုစောခွန်နောင်ဦး ၀၈၃ ၅၅၂ ၄၈၉၂ ..... .ကိုသန့်စင်ထက်. . . .၀၈၆ ၉၀၅၂၄၄၆... ကိုအောင်ဆန်းဦး ၀၉၀ ၆၆၇၇ ၉၁၃....
ကိုစောမောင် . . .၀၈၃ ၇၃၅ ၂၀၈၇ ......
16 January 2016
“လုပ်အားခ ဘတ်ငွေတစ်သိန်းကျော် MAT တောင်းခံပေးလို့ရပါပြီ”
၂၀၁၆ခု ဇန်န၀ါရီ ၁၆
ခွန်လွမ်းခက်
မြန်မာကန်ထရိုက်က
မြန်မာဆောက်လုပ်ရေးအလုပ်သမားများအား လုပ်အားခရှင်းမပေးပဲ ခြိမ်းခြောက်ထားခဲ့သည့်
လုပ်အားခ ဘတ်ငွေ တစ်သိန်းကျော်အား မြန်မာသံရုံးအလုပ်သမား ကူညီစောင့် ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ယနေ့ အပြီးသတ်တောင်းခံပေးနိုင်ခဲ့ပါသည်။
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင်
ဘိုဝင့်မြို့နယ် တွင်ရှိ သော ပန်းရံဆိုဒ်တစ်ခုတွင် အလုပ်လုပ်ကြသည့်
မြန်မာအလုပ်သမားများလုပ်အားခအား ပုတ်ပြတ် ယူသည့် ထိုင်းအခေါ် ဖိုးလမောင်း(မြန်မာအခေါ်
ပုတ်ပြတ်ကန်ထရိုက်) လုပ်ငန်ရှင် ကိုစိုး(ခ) ဆုန်ချိုင်း သည်
မြန်မာအလုပ်သမား၈ဦးတို့၏ လုပ်အားခ ဘတ်ငွေ ၁၈၀,၉၆၀ အား ရှင်းမပေးသည့် အပြင်
ခြိမ်းခြောက်ပြောဆို လာသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်
MAT က ၂၀၁၅ နိုဝင်ဘာ ၂၈ နေ့သွားရောက်ကူညီဖြေ ရှင်းပေးခဲ့သည်။
ထိုစဉ်က ဘတ်ငွေ ငါးသောင်းကို ကိုစိုးက
ရဲစခန်းတွင် ရှင်းပေးခဲ့ပြီး ကျန်ငွေ ၁၃၀,၉၆၀ ကို ၂၀၁၆ ခု ဇန်န၀ါရီလ ၁၆
ရက်နေ့တတွင်ရှင်းပေးမည်ဖြစ်ကြောင်း ရဲစခန်းတွင် ကတိပြုလက်မှတ်ရေးထိုးထား ခဲ့သည်။
MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က“ မြန်မာအချင်းချင်း ကျနော်တို့သွားညှိတယ်မရဘူ။အဲဒါကြောင့် နယ်မြေရဲကိုအကူညီတောင်းရပါတယ်။ ထိုင်းစကားတတ်လို့ ထိုင်းလုပ်ငန်းရှင်နဲ့သိကျွမ်းတယ်။ ဗမာ အလုပ်သမားတွေကိုခိုင်းပြီး လုပ်အားမခမပေးဘူး။ ခြိမ်းခြောက်တယ်။ ဒါမျိုးက ထိုင်းနိုင်ငံမှာ အယင် တုန်းက လုပ်စားနေကျလေ။ ခု ကျနော်တို့က ထိုင်းနိုင်ငံနေရာအနှံ့မှာ တတ်နိုင်သမျှ အကူညီပေးနေ တယ်။ လိုအပ်တဲ့အခါ မြန်မာသံရုံးရော ထိုင်းအစိုးရကိုရောအကူညီတောင်းတယ်” ဟုပြောသည်။
မွန်မြန်မာအလုပ်သမား၈ဦးမှာ ဦးအောင်ကျော်မြင့် အသက် ၄၅၊ ဒေါ်လှခိုင် အသက် ၄၆၊ အချိုင် အသက် ၁၈၊ စာကလေး အသက် ၁၈၊ နေလင်းဦး အသက် ၂၀၊ ဖြိုး အသက် ၁၈၊ မစုစု အသက် ၂၀၊ ကျော်ကျော် အသက် ၂၅ တို့ဖြစ်ကြပါသည်။
15 January 2016
09 January 2016
“အလုပ်ရုံ၌ ပိတ်လှောင်ခြင်းခံရသည့် အလုပ်သမားများ MATမှ ကယ်ထုတ်”
သတင်း-ခွန်လွမ်းခက်တီးမောင်
မဟာချိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ကီလိုမီတာ ၃၀ ဝေးသော မပာာချိုင်မြို့နယ် ၊
ထချလောင်ရပ်ကွက်၌ ပုဇွန်အလုပ်ရုံ၌ ပိတ်လှောင်ထားခြင်းခံရသည်
မြန်မာအလုပ်သမား၁၀ဦး(ကျား၇ယောက်၊မ၃ဦး)တို့ကို ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် မဟာချိုင်မြို့ လူကုန်တားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ (၉.၁.၂၀၁၆) နံနက် ၉နာရီအချိန်ခန့်၌ ၀င်ရောက် ကယ်ဆယ်ခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT) ဘန်ကောက်ရုံတာဝန်ခံ ကိုစိုင်းအေး မှပြောသည်။
“သူတို့လုပ်နေတဲ့ ပုဇွန်အခွံခွာတဲ့အလုပ်ရုံက ပိတ်လိုက်တာကြာနေပြီး၊
အလုပ်ရှင်က အလုပ်သမားတွေကို ပေးရမယ့်ငွေကြေးတွေကို မပေးချင်
လို့ အလုပ်ရုံထဲမှာပဲ ပိတ်လှောင်ခံထားရတာ ၁၅ရက်ခန့်ရှိနေပြီး၊ သူတို့
ရဲ့ ဆပ်ကန်ထရိုက်ကလည်း ဒီအလုပ်သမားတွေကို တခြားစက်ရုံတစ်ခု
ကို ထပ်မံပို့မို့ဆောင်ရန်စီစဉ်နေတုန် အလုပ်သမားတွေက ဖုန်းဆက်
အကူညီတောင်းခဲ့ရကြတာ” ဖြစ်ကြောင်း ကိုစိုင်းအေးမှ ဆက်လက်ပြော
ကြားသည်။
လူကုန်ကူးမှုအရှိန်မြှင့်တိုက်ဖျက်ရေးအစည်းဝေး MATတတ်ရောက်ဆွေးနွေး
9.1.2015
ဘန်ကောက်
သတင်း-စောမောင်
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နယ်၊ ထုန့်ဆောင်ပောာင့် နယ်မြေရှိ Rajpruek Clubတွင် ဇန်နဝါရီလ ၈ရက် နံနက် ၉နာရီက လူကုန်ကူးမှုများကို အရှိန်မြှင့် တိုက်ဖျက်ရေး အတွက် ထိုင်းနိုင်ငံရှိ အလုပ်သမား ဝန်ကြီးဌာန အပါအဝင်အဖွဲ့အစည်များနှင့် အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ (MAT)မှ တာဝန်ရှိသူတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အထူးစုံစမ်းရေး အဖွဲ့ DSI( Department of Special Investigation) ၊ ထိုင်းနိုင်ငံ ရောက်မြန်မာ
နိုင်ငံသားများအဖွဲ့(MAT) နှင့် ဌာနဆိုင်ရာအဖွဲ့စည်းများမှ တာဝန် ရှိသူများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။
08 January 2016
ထိုင်း-မြန်မာ အလုပ်သမားအရေး အစည်းအဝေးအကြို
RFA Burmese TV Channel
06 January 2016
မြန်မာ အလုပ်သမား ဇနီးမောင်နှံကို ထိုင်းအငှား ယာဉ်မောင်းက ခြိမ်းခြောက်ငွေညှစ်
6.1.2016
သတင်း-စောမောင်
ဘန်ကောက်
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ပုထုန်ဌာနီ လန်းစစ်ကားဂိတ်တွင် ဇန်နဝါရီလ ၆ရက် နံနက် ၅နာရီခန့်က မြန်မာအလုပ်သမား ဇနီးမောင်နှံကို ထိုင်းအငှားယာဉ်မောင်းက အငှားယာဉ်ပေါ် အတင်းအကြပ်
ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ဇနီးမောင်နှံကို သွားရောက် ကူညီခဲ့သော မြန်မာသံရုံး အလုပ်သမား ကူညီစောက်ရှောက်ရေး ကော်မတီ အဖွဲ့ (MAT)မှ ဘန်ကောက် တာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ပြန်လာသော အသက် ၃၃နှစ်အရွယ် ကိုညီညီဇော်နှင့် ဇနီးသည် မချောစုတို့က အလုပ်လုပ်ကိုင်ရာ စူစဝပ်
(ဆွယ် ၄၀)ရပ်ကွက်သို့ပြန်ရန် လန်စစ်ကားဂိတ်တွင် အငှားယာဉ် စောင့်ဆိုင်းခဲ့ကြောင်း၊ ယင်းနောက် ဒေသခံ ထိုင်းနိုင်ငံသား အငှားယာဉ်မောင်းက ၎င်းအငှားယာဉ်ပေါ် စီးနင်းရန် အတင်းအကြပ် ခေါ်ဆောင်ခဲ့ရာ ယာဉ်မောင်းကာ လမ်းခုလတ်တွင် ဘတ်ငွေ ငါးထောင် တောင်းခံကြောင်း ယင်းဇနီးမောင်နှံ၏ ပြောကြားချက် အရ သိရှိရသည်။
“ သူတို့မှာ ပါတဲ့ ငွေမလောက်လို့ ကားပေါ်ကနေ ဆင်းဖို့ ငိုယိုပြီးတောင်းပန်တာကို ယာဉ်မောင်းက လော့ချပြီး တခြားနေရာကို အတင်းမောင်းသွားတာ၊ ငွေညှစ်တဲ့အပြင် ခြိမ်းခြောက်တာကြောင့် လင်မယားနှစ်ယောက်က ဆင်းမယ့်နေရာနားရောက်တော့ အိမ်မှာ ပိုက်ဆံသွားယူမယ်ပြောလို့ ယာဉ်မောင်းက ကားပေါ်က ဆင်းခွင့်ပြုတာ၊ သူတို့လည်း အသိအိမ်မှာ ပုန်းနေရတယ် ” မြန်မာအလုပ်သမားများအရေး အကူ အညီပေးနေသော MATအဖွဲ့မှ ဘန်ကောက်တာဝန်ခံ ကိုစိုင်းအေး ရှင်းပြသည်။