MAT အဖွဲ့သည် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်အဖွဲ့ Anti-Human
Trafficking Division (AHTD) ထိုင်းအစိုးရလူကုန်ကူးမှုစင်တာ Anti-Human
Trafficking Center(DSI) တို့နှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ် တွင်လူကုန်ကူးခံရသူပေါင်း
၅၀ဦးကိုကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူ ၂ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်အတွင်း
လူကုန်ကူးမှုတိုက်ဖျက်ခြင်းအကြိမ်၂၀တွင် ၂၉၂ဦးကိုကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း၉ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု ၄၂ကြိမ် နှိမ်နင်းမှုတွင် လူကုန်ကူးခံရသူပေါင်း ၂၆၄ဦးကိုကယ်တင်နိုင်ခဲ့ပြီး
လူကုန် ကူးသူပေါင်း ၂၃ ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။
31 December 2017
တောင်ကိုရီးယားဖမ်းထားတဲ့ သင်္ဘောသားတွေထဲ မြန်မာနှစ်ဦးပါ
31 ဒီဇင်ဘာ၊ 2017 ဗွီအိုအေ (မြန်မာဌာန)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး အရှေ့တရုတ်ပင်လယ်ပြင်မှာ မြောက်ကိုရီးယား ရေနံတင်သင်္ဘော Sam Jong 2 ထဲကို သန့်စင်ပြီးသားလောင်စာဆီတွေ လွှဲပြောင်းပေးခဲ့တဲ့ Lighthouse Winmore သင်္ဘောက သင်္ဘောသားတွေကို တောင်ကိုရီးယားနိုင်ငံက ဖမ်းဆီး စစ်ဆေးနေပြီး အဲဒီထဲမှာ မြန်မာသင်္ဘောသား နှစ်ဦးလဲ ပါဝင်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကန့်ကွက်သွားမည်ဟု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ပြော
By ပိုင်စိုး 30 December 2017
မနေ့က သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခ လစာကို မကြာခင် တရားဝင် ကန့်ကွက်သွားမယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္တအကြိမ် ညှိနှိုင်း အစည်းအဝေးကနေ အနည်းဆုံး လုပ်ခလစာကို ၄၈၀၀ ကျပ်လို့ သတ်မှတ်လိုက်တာပါ။
By ပိုင်စိုး 30 December 2017
မနေ့က သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခ လစာကို မကြာခင် တရားဝင် ကန့်ကွက်သွားမယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္တအကြိမ် ညှိနှိုင်း အစည်းအဝေးကနေ အနည်းဆုံး လုပ်ခလစာကို ၄၈၀၀ ကျပ်လို့ သတ်မှတ်လိုက်တာပါ။
30 December 2017
မိမိကိုယ်ကိုယ် ယုံကြည်ပါ
အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက
ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။
ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။
နေရပ်ပြန်လာဖို့ လျှောက်လွှာပြန်ပို့သူ မရှိသေးကြောင်း ဦးမြင့်ကြိုင် ပြော
2017-12-30 RFA
Photo: Myanmar State Counsellor Office
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်လာဖို့တင်ပြတဲ့ လျှောက်လွှာတွေ ပေးပို့ထားတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာအစိုးရထံ ပြန်ပို့လာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။
အဲဒီလျှောက်လွှာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ စိစစ်ပြီး ဖြည့်စွက်နေကြောင်း ကြားသိရတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-12-30 RFA
Photo: Myanmar State Counsellor Office
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်လာဖို့တင်ပြတဲ့ လျှောက်လွှာတွေ ပေးပို့ထားတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာအစိုးရထံ ပြန်ပို့လာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။
အဲဒီလျှောက်လွှာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ စိစစ်ပြီး ဖြည့်စွက်နေကြောင်း ကြားသိရတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
ခိုးဝင်ဘင်္ဂလီတွေ ပြန်ပို့ရေး အိန္ဒိယ စီစဉ်
29 December 2017
ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲ ခိုးဝင်ထိုင်နေတဲ့ ဘင်္ဂလီမွတ်စလင်တွေကို ရှာဖွေဖမ်းဆီးပြန်ပို့ဖို့ ရဲနဲ့ပြည်သူ့စစ်အင်အား ၆ သောင်းကို အိန္ဒိယအစိုးရက ဖြန့်ကျက်တာဝန်ပေးလိုက်ပါတယ်။
ဒေသခံဟိန္ဒူတွေရဲ့ အလုပ်အကိုင်တွေ ဝင်ယူနေတဲ့ အဲဒီလူတွေကို ရှင်းလင်းမယ်ဆိုတဲ့ကတိနဲ့ အာသံပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်မဲနိုင်ခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီက၊ သူတို့ရဲ့ မဲဆွယ်ကတိစကားအတိုင်း ဆောင်ရွက်တာလို့ ဆိုပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးကို ဝန်ကြီးချုပ်မိုဒီ ကျောထောက်နောက်ခံပေး
29 December 2017 22:50(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
တရုတ်အစိုးရက ခေတ်သစ်ပိုးလမ်းမကြီး ဖောက်နေသလို၊ တဘက်မှာလဲ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးပေါ်လာဖို့ အိန္ဒိယအစိုးရက စိတ်အားထက်သန်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။
တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ စီးပွားရေးနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်၊ တရုတ်ရဲ့ ပိုးလမ်းမကြီးကိုယှဉ်ဖို့ ဒီစီမံကိန်းက အရေးကြီးတယ်လို့ ဂျပန်နိုင်ငံက ရိုင်တာကူတက္ကသိုလ်မှာ ခေတ္တတာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယနိုင်ငံသား ပါမောက္ခ ရာဂျာရမ် ပန်ဒါက ပြောပါတယ်။
သံတွဲလေဆိပ်၌ ကလေးငယ် ၁ ဦးခေါ်ဆောင်သူအား ဖမ်းဆီးရမိ
29 December 2017 22:07
ဒီဇင်ဘာ ၂၉၊ ၂၀၁၇
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီတွင် သံတွဲမြို့နယ် သံတွဲလေဆိပ်၌ ရောက်ရှိလာသည့် မြို့သစ်ရပ်ကွက် ပုဏ္ဏားကျွန်းမြို့နယ်နေသူ မမီမီဌေး(၃၀)နှစ် နှင့်စစ်တွေမြို့နယ် ဆေးသမားအုပ်စု ဒုက္ခသည်စခန်းနေ သားငယ်(ခ) ဟာမီဒူရော်ရှီး (၈)နှစ် တို့အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။
29 December 2017
အခြေခံ လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သတ်မှတ်ပြီ
နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)
ပုဂ္ဂလိက လုပ်ငန်းများရှိ အလုပ်သမားများအတွက် အခြေခံလုပ်ခ အခကြေးငွေအဖြစ် တစ်ရက် (အလုပ်ချိန် ရှစ်နာရီ)လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သော "အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေး" တွင်ယနေ့ညနေပိုင်းကသဘောတူခဲ့ကြသည်။
အဆိုပါ အခြေခံ လုပ်ခနှုန်းထားမှာ အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် ပုဂ္ဂလိက လုပ်ငန်းများအတွက် အကျုံးဝင်မည်ဖြစ်ပြီး ယခု ကြေညာသည့် နေ့ မှနှစ်လအတွင်း ကန့်ကွက်မှုများမရှိပါက သတ်မှတ်သည့်အတိုင်း စတင်ကျင့်သုံးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။
အရေးပေါ်အစည်းအဝေးဆိုင်းငံ့ဖို့ ဝန်ကြီးချူပ်က မေတ္တာရပ်ခံသော်လည်း သတ်မှတ်ရက်မှာ ကျင်းပမည်
Friday, December 29, 2017
စစ်တွေ၊ ဒီဇင်ဘာလ ၂၉ ရက် RIA
စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စစ်ဆေးမေးမြန်းသည့် အစီရင်ခံစာနှင့် ပတ်သတ်ပြီး လာမည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ အရေးပေါ်ခေါ်ယူထားသည့် လွှတ်တော်အစည်းဝေးကို ဆိုင်းငံ့ထားရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်ကို မေတ္တာရပ်ခံစာပေးပို့ခဲ့သော်လည်း အရေးပေါ်အစည်းဝေးကို သတ်မှတ်ထားသည့် ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက RiA ကို ပြောသည်။
လူကြီးများကို ထမင်း ဟင်းကောင်း ကျွေးသည့်အကျင့် ဖျောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
By ဒီဗွီဘီ 29 December 2017
အစိုးရ အရာရှိလူကြီးတွေကို ဒေသခံတွေက ထမင်းကောင်း၊ ဟင်းကောင်း ကျွေးရတဲ့ အလေ့အကျင့်ကို ဖျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့မနက် ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကယားပြည်နယ်က လူငယ်တဦးဖြစ်တဲ့ မာရီးယိုက “တိုင်းရင်းသားတွေဟာ အင်မတန်ရိုးသားပါတယ်။ ဘယ်လောက် ရိုးသားသလဲဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်တဲ့ ထမင်း ဟင်းကိုတောင်မှ ကျနော်တို့က မကောင်းတဲ့ဟာတွေပဲ စားပြီး လူကြီးတွေ၊ အစိုးရတွေကို ကျနော်တို့ ထမင်းကောင်းကောင်းလေး ရောင်းချပေးနေရတယ်”လို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တာပါ။
“အဲဒီအကျင့်ကို ဖျက်ရလိမ့်မယ်၊ မကျွေးနဲ့။ ကျမတော့ မှန်မှန်ပြောရလို့ရှိရင် လူကြီးတွေ သွားရင် ဟင်းတွေ အများကြီး ကျွေးတာ လုံးဝမကြိုက်ဘူး။ အဲဒါ ညွန်ကြားချက်ထုတ်ဖို့ စဉ်းစားနေတယ်၊ လူကြီးတွေလာရင် အသားဟင်းတခွက်၊ အသီးဟင်းတခွက် အရည်သောက် တော်ပြီ။ နောက်ပြီးတော့ ငါးပိ တို့စရာပေါ့။ အဲဒါထက်ပိုပြီးတော့ ကျွေးတဲ့အဖွဲ့တွေကို ဒဏ်ကြေးဆောင်ခိုင်းရမယ် ထင်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
By ဒီဗွီဘီ 29 December 2017
အစိုးရ အရာရှိလူကြီးတွေကို ဒေသခံတွေက ထမင်းကောင်း၊ ဟင်းကောင်း ကျွေးရတဲ့ အလေ့အကျင့်ကို ဖျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့မနက် ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကယားပြည်နယ်က လူငယ်တဦးဖြစ်တဲ့ မာရီးယိုက “တိုင်းရင်းသားတွေဟာ အင်မတန်ရိုးသားပါတယ်။ ဘယ်လောက် ရိုးသားသလဲဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်တဲ့ ထမင်း ဟင်းကိုတောင်မှ ကျနော်တို့က မကောင်းတဲ့ဟာတွေပဲ စားပြီး လူကြီးတွေ၊ အစိုးရတွေကို ကျနော်တို့ ထမင်းကောင်းကောင်းလေး ရောင်းချပေးနေရတယ်”လို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တာပါ။
“အဲဒီအကျင့်ကို ဖျက်ရလိမ့်မယ်၊ မကျွေးနဲ့။ ကျမတော့ မှန်မှန်ပြောရလို့ရှိရင် လူကြီးတွေ သွားရင် ဟင်းတွေ အများကြီး ကျွေးတာ လုံးဝမကြိုက်ဘူး။ အဲဒါ ညွန်ကြားချက်ထုတ်ဖို့ စဉ်းစားနေတယ်၊ လူကြီးတွေလာရင် အသားဟင်းတခွက်၊ အသီးဟင်းတခွက် အရည်သောက် တော်ပြီ။ နောက်ပြီးတော့ ငါးပိ တို့စရာပေါ့။ အဲဒါထက်ပိုပြီးတော့ ကျွေးတဲ့အဖွဲ့တွေကို ဒဏ်ကြေးဆောင်ခိုင်းရမယ် ထင်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဂတိလိုက်စားမှုတွေကို တိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
--2017-12-29 RFA
အစိုးရ အဆင့်ဆင့် အဂတိလိုက်စားမှုတွေရှိရင် မတရားတာလုပ်ရင် ဘယ်သူ့ကိုမှ မကြောက်ကြဘဲ တိုင်တန်းကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
ခေါဇာ့မြို့ အုပ်ချုပ်ရေးမှူး နှင့် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသစ် အမှုဖွင့်အရေးယူ
နေပြည်တော် ဒီဇင်ဘာ ၂၇
ရေးမြို့နယ် ခေါဇာ့မြို့ အုပ်ချုပ်ရေးမှူး နှင့် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
ငွေတောင်းခံခဲ့သော ရေးမြို့၊မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိ အမှုစစ်အရာရှိကို အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော် အမိန့်ချမှတ်
နေပြည်တော်၊ဒီဇင်ဘာ၂၈ Popular News Journal
မော်တော်ယာဉ်တိမ်းမှောက်မှု နှင့် စပ်လျဉ်းပြီး ငွေတောင်းခံခဲ့သော ရေးမြို့၊မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိ အမှုစစ်အရာရှိကို အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော်က ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။
ကြေးမုံသတင်းစာက သတင်းထောက်ကပ်ပြားကိုင်ဆောင်ထားသူ တစ်ယောက်ကို ဘင်္ဂါလီ ၆ ဦးသယ်ဆောင်လာမှုနဲ့ ရဲဖမ်း
ပန်းတောင်း ၊ ဒီဇင်ဘာ ၂၈ Popular News Journal
ကြေးမုံသတင်းစာက သတင်းထောက်ကပ်ပြားကိုင်ဆောင်ထားသူ တစ်ဦးကို ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီ ၆ ဦး သယ်ဆောင်လာမှုနဲ့ ဒီကနေ့နေ့လည်က ပဲခူးတိုင်းအတွင်းမှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။
သူ့ရဲ့ သတင်းထောက်ကပ်ပြားမှာတော့ နာမည်နဲ့တကွ ကျောက်ဖြူမြို့နယ် သတင်းထောက်အမှတ်(၅၀၉)လို့ရေးသားထားတယ်လို့သိရပါတယ်။
ရခိုင်တိုင်းရင်းသားပိုင် နွား ၁ ကောင်အား ဘင်္ဂါလီ ၂ ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ လုယူမှု မောင်တောတွင် ဖြစ်ပွား
မောင်တော၊ ဒီဇင်ဘာ - ၂၈
ရခိုင်တိုင်းရင်းသားတစ်ဦး ၎င်းပိုင်နွားများအား လွှတ်ကျောင်းထားစဉ် ဘင်္ဂါလီနှစ်ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ နွားတစ်ကောင်ကို လုယူသည့် ဖြစ်စဉ်တစ်ခု မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ဖြစ်ပွားခဲ့ တယ်လို့ ပြည်ထဲရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
28 December 2017
အမေရိကန်အာဏာပိုင်များက ၂၀၁၇ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် တစ်သိန်းခွဲနီးပါးကို ဖမ်းဆီးထိန်းသိမ်း
နယူးယောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ကျောက်ဖြူမြို့၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ရုံးသစ်ဖွင့်လှစ်
ရခိုင်ဂေဇက် ၊ ဒီဇင်ဘာ ၂၈
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်ဖြူမြို့ နယ် ပါတီရုံးကို ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းအမှတ် (၃၈၇)တွင် ယနေ့ဒီဇင်ဘာလ ၂၈ရက်နေ့ နံနက် ၈နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်းရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးထံမှ သိရသည်။
“အခုရုံးဖွင့်ရတာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တတိယအကြိမ်မှတ်ပုံတင်ပြီးတော့ ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ၊ ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပါတီအနေနဲ့ ဘာလုပ်ပေးရမလဲ၊ ရှေ့ကိုဘယ်လိုမျိုးစီမံကိန်းတွေနဲ့ ရှေ့ဆက်ရမလဲဆိုတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီဝင်တွေကလည်း အခါအားလျော်စွာကွင်းဆင်းဆောင်ရွက်နေပါတယ်။ တစ်ဆက်တည်းမှာပင် ပါတီရုံးတွေကို ဖွင့်လှစ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ”ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ရခိုင်ဂေဇက်သို့ ပြောသည်။
" သတင်းထောက်ကြီးရယ် အသားထဲကလောက်ထွက်ရက်တယ် "
(28.12.2017) 12:15 PM Shwe Oh
ရခိုင်ပြည်နယ် ကျောက်ဖြူ ကျောက်တလုံးဒုက္ခသည်စခန်းမှ ဘင်္ဂလီ လူမျိုး ကျား(၂)ဦး၊ မ(၄)ဦးတို့အား ယာဉ်အမှတ်2E/4302 မတ်တူးရွှေငါးဖြင့် ယာဉ်မောင်းစောမိုးကျော် ၅၀ နှစ်( ဘ ) ဦးဘရွှေ ရခိုင် /ဗုဒ္ဓ (ကြေးမုံသတင်းထောက်) မောင်နှင်သယ်ဆောင်လာသောယာဉ်အား ပဲခူးတိုင်း ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှ စစ်ဆေးနေစဉ် မောင်းတံဂိတ်အား တိုက်၍ထွက်ပြေးသဖြင့် မကဖ (ဥသျှစ်ပင်) အားဖုန်းဖြင့်အကြောင်းကြားခဲ့ရာ စရဖ(တပခ) မှ ညောင်ကျိုးတာဝန်ခံ တကအောင်အောင်ဦးနှင့် နယ်ထိန်းရဲတက မိုးကျော်သူတို့အဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွားအတွင်း ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရ ...
CI သက်သေခံလက်မှတ်များအမြန်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်
ဆဲဗင်းဒေး ငြိမ်းချမ်း
ထိုင်းနိုင်ငံတွင် တရားမ ဝင် မြန်မာလုပ်သားများကို ဖမ်းဆီးခြင်းမပြုရန် ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးတော့မည်ဖြစ် ၍ ထိုင်းအစိုးရထုတ်ပြန်သည့် ဥပဒေသစ်အရ အရေးယူခြင်း ခံရမည် ဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI စာအုပ်များ အမြန်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ အလုပ်သမားသံအ ရာရှိဌာနက ဒီဇင်ဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။
ပထမအသုတ်ပြန်ပို့မည့် ဒုက္ခသည်စာရင်း ဘင်္ဂလားဒေ့ရှ်ပြုစု
28 December 2017 ဗွီအိုအေ (မြန်မာပိုင်း)
![]() |
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများ |
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၈ သိန်းခွဲရဲ့ ကိုယ်ရေး အချက်အလက်တွေ နဲ့ တကွ အမည်စာရင်းကို ပြုစုထားပြီး ဖြစ်ပြီး အဲဒီထဲက လူတသိန်းစာရင်းကို ပထမသုတ် အနေနဲ့ ပေးအပ်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားဖေါ်ပြထားပါတယ်။ မြန်မာဘက်က စစ်ဆေးပြီး စာရင်း ပြန်ပို့ပေး ရင် နောက်တသုတ် စာရင်းကို ပေးအပ်မယ်လို့လည်း ပြောပါတယ်။
မြန်မာအလုပ်သမား ၄၀၀ နီးပါး အလုပ်ထုတ်ခံရ
27 December 2017 RFA Burmese
![]() |
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံကနေ အစုအလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်/ Photo: Ye Min's facebook |
ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်ဖြုတ်လိုက်တာဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ မညီညွတ်တာကြောင့် မြန်မာအလုပ်သမားတွေဘက်က တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ယောက် ဖြစ်တဲ့ ကိုမြင့်သက်ဦးက ပြောပါတယ်။
ANP ဗဟိုကော်မတီဝင်တစ်ဦး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရ
27 December 2017 RFA Burmese
![]() |
ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုးကို တွေ့ရစဉ်/ Photo: Tuntoe Aye/FB |
ပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့်ထားတဲ့ကိစ္စကို ရဲအရာရှိတွေက ပြီးခဲ့တဲ့ရက်က မြောက်ဦးမြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေး ခဲ့တယ်လို့ တရားစွဲဆိုခံထားရတဲ့ ဦးနှင်းထွန်းတိုးက ဒီနေ့ပြောပါတယ်။
27 December 2017
မကွေးတိုင်းဒေသကြီး အစိုးရရုံးဌာနအချို့အတွက် ဖို့ဒ်ကားအသစ်များ ၀ယ်ပေးခဲ့ပြီး ကားအသစ်စီး၍ ပြည်သူ့လည်စေ့မညှစ်ကြရန် ၀န်ကြီးချုပ် မှာကြား
၂၇.၁၂.၂၀၁၇ ဒေးလီး အလဲဗင်း
မကွေးတိုင်းဒေသကြီး အစိုးရရုံးဌာနအချို့အတွက် ဖို့ဒ်ကားအသစ်များ ၀ယ်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက တိုင်းအစိုးရရုံးတွင် ကားများကို သက်ဆိုင်ရာ ဌာန တိုင်းဦးစီးမှူးများအား မဲနှိုက်ပေးအပ်ကာ ကားအသစ်စီး၍ ပြည်သူ့လည်စေ့မညှစ်ကြရန် ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မှာကြားခဲ့ကြောင်း သိရသည်။
၂၇.၁၂.၂၀၁၇ ဒေးလီး အလဲဗင်း
မကွေးတိုင်းဒေသကြီး အစိုးရရုံးဌာနအချို့အတွက် ဖို့ဒ်ကားအသစ်များ ၀ယ်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက တိုင်းအစိုးရရုံးတွင် ကားများကို သက်ဆိုင်ရာ ဌာန တိုင်းဦးစီးမှူးများအား မဲနှိုက်ပေးအပ်ကာ ကားအသစ်စီး၍ ပြည်သူ့လည်စေ့မညှစ်ကြရန် ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မှာကြားခဲ့ကြောင်း သိရသည်။
ရခိုင်မြောက်ပိုင်းသို့ သီတဂူဆရာတော် လာရောက်ပြီး ကျပ် သိန်း ၃ ထောင်အပါအ၀င် လှူဒါန်းမှုများပြုလုပ်
46 minutes 3 seconds ago Wed, 12/27/2017
စစ်တွေ၊ ဒီဇင်ဘာ ၂၇ ရက်။ ။ သီတဂူဆရာတော်ကြီး ဦးဆောင်သည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်မြောက်ပိုင်းကို လာရောက်ခဲ့ပြီး ခရီးစဉ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြီးဆုံးမည်ဟု သိရသည်။
ဆရာတော်ကြီး၏ အဆိုပါ ခရီးစဉ်အတွင်း ရခိုင်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များကို သွားရောက်လျက်ရှိပြီး “ပြန်လည်ထူထောင်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး” များအတွက် လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် လာရောက်ခြင်းဖြစ်သည်ဟုလည်း ဆရာတော်ကြီး၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ မြို့နယ်တချို့ ၇ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်မည်
27 December 2017 ဧရာဝတီ
ရန်ကုန်မြို့ရှိ မြို့နယ်တချို့ ဒီဇင်ဘာ ၂၇ ရက်မှ စ၍ ၇ ရက်ကြာ အချိန်ပိုင်း လျှပ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများသို့ သဘာဓာတ်ငွေ့ ပေးပို့လျက်ရှိသော ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပြင်ဆင်ရန် ရှိ၍ ဖြစ်သည်ဟု ဆိုသည်။
တနှစ်အတွင်း ပညာရေးဝန်ထမ်း ၆၀၀ကျော်ကို အရေးယူ
27 December 2017
![]() |
ပညာရေး တိုးတက်မှု နှီးနှောဖလှယ်ပွဲ |
လက်ရှိ အရပ်သား ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ အခုလို အရေးယူမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တရိန်း (မြို)ရွာမှ လူတစ်ဦး မိစ္ဆာကုလား သတ်ဖြတ်မှုကြောင့် သေဆုံး
မနေ့က(26.12.2017) ညနေ၄:၀၀နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် တရိန်း(မြို)ရွာနေ ဦးလောင်းပျောင်( ရပ်မိဖ) အသက် ၄၅ကျော်အား မူဆလင် အကြမ်းဖက်သမားများသည် ငါးရှာရာလမ်း၌ ပုန်းဝှက်စောင့်ဆိုင်းပြီး လယ်ကွင်း(စပါး) မှာပင် အကြမ်းဖက် သတ်ဖြတ်ခဲ့သဖြင့် ယနေ့(27.12.2017) နံနက် 8:30 ခန့်တွင် သေလောင်းတွေ့ရှိခဲ့ပါသည်။
မြန်မာစစ်တပ်ကို ဂျီဟတ်တိုက်ပွဲဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ်မွတ်စလင်များအား အယ်လ်ကိုင်ဒါအဖွဲ့ဝင်တစ်ဦး တိုက်တွန်း
December 26, 2017 ဆဲဗင်းဒေး
ဘင်္ဂါလီလူမျိုးများအ တွက် ရခိုင်ပြည်နယ်လွတ်မြောက် ရေး မြန်မာစစ်တပ်အပေါ် ဂျီ ဟတ်တိုက်ပွဲဆင်နွှဲရန် ဘင်္ဂလား ဒေ့ရှ်မွတ်စလင်များကို ဘင်္ဂလား ဒေ့ရှ်လူမျိုး အယ်လ်ကိုင်ဒါအဖွဲ့ ဝင်တိုက်ခိုက်ရေးသမား မိုဟာ မက်မီဒါအက်ဒ်က တိုက်တွန်းခဲ့ သည်။
‘အလ္လာ၏ အမိန့်ကို နာခံ ရေး’ဟု ခေါင်းစဉ်ရေးထိုးထားပြီး အလ္လာကို လျစ်လျူရှု၍မရ ကြောင်း (Jahiliyyah)ပြောကြား ထားသည့် ကြေညာချက်ကို အယ်လ်ကိုင်ဒါအဖွဲ့၏ မီဒီယာဖြစ်သည့် As-Sahab က ဖြန့်ဝေခြင်း ဖြစ်သည်။ ယင်းကြေညာချက်ကိုရေးသားသူ မီဒါအက်ဒ်က နိုင်ငံတစ်နိုင်ငံအဖြစ် မွတ်စလင်တို့၏ စရိုက်လက္ခဏာကို မကောင်းဆိုး ဝါးနှင့် ၎င်း၏ အပေါင်းအပါများ က ခွဲခြားနေကြောင်း ဆင်ခြေ ကန်ခဲ့သည်။