ယနေ့မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၉ အင်းယားမြိုင်လမ်းရှိ အမျိုးသားလွှတ်တော်ရုံးခန်း၌ ထိုင်းနိုင်ငံ၊လိပ်ကျွန်း(Koh Tao) အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲခံရ သူမြန်မာနိုင်ငံသားနှစ်ဦး အရေးကိစ္စအပါ အဝင် ထွေထွေလိုအပ် ချက်များအား ထိုင်းနိုင်ငံမြန်မာသံရုံးမှ ဖွဲ့စည်းပေးထားသော အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင်များနှင့် နိုင်ငံရေး စီးပွားရေး ဥပဒေရေးရာ အကြံပေး ကော်မရှင် ဥက္ကဌ ဦးမြင့်သိန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်အမျိုးသား လူမှုကယ် ဆယ်ရေးမှ တာဝန်ရှိသူများအပါအဝင် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ တို့တက်ရောက် ခဲ့ကြပြီး အဖွဲ့တာဝန်ရှိ သူများတို့ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။