နေပြည်တော် စက်တင်ဘာ ၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်
လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲတွင်
ဂျင်းတောကျေးရွာသို့ ရောက်ရှိစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၀
ဦးခန့်က လုပ်သေနတ်များ ဖြင့် ၀ိုင်းဝန်းပစ်ခတ်သဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည် နံနက်
၁၀ နာရီ ၄၅ မိနစ်တွင် ၎င်းတို့၏နေအိမ်များအား မီးရှို့ထွက်ပြေး သွားခဲ့ကြသည်။
ဖြစ်စဉ်တွင် ARSA အစွန်းရောက်အကြမ်းဖက် အလောင်းတစ်လောင်းနှင့် လုပ်သေနတ်
တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။