ကြက်သားထုတ်လုပ်သည့် အလုပ်သမား ၁၆ဥင်္ီးအား ဖမ်းဆီးချုပ်နှောင်ထားရာမှ ကယ်တင်
ဇန်န၀ါရီ ၂၆
ကိုတီး
ဇန်န၀ါရီ ၂၆
ကိုတီး
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့ လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။
ဘန်ကောက်မြို့အရှေ့ မြောက်ဘက် ကီလိုမီတာ ၂၅၅ ကီလိုခန့် အကွာတွင်ရှိသော ခခေါ်လတ်ကျစီမတ် (ခိုလပ်မြို့) တွင်ရှိသော ကြက်သား အကင် ထုတ် လုပ်သည့် T.D MEAT Co,LTD , 333 M.8 NAKLANG SONGNEURN NARCARACHASIMA ,THAILAND 30380 မှ အလုပ်သမား မ၁၁ ဦး နှင့် ကျား၅ဦး တို့အား လုပ်ငန်းရှင် က ပုလိပ်ကိုဖမ်းခိုင်းသဖြင့် ခိုလပ် အချုပ်ခန်းတွင်ရောက်ရှိနေကြကြောင်း ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အား အကြောင်းကြားလာ သဖြင့်ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖါင်ဒေးရှင်း FED နှင့် အတူရှေ့ နေအဖွဲ့ တစ်ခုနှင့် ပူးပေါင်းကာ ကူညီလိုက်ခြင်းဖြစ်သည်။