24 February 2018

စစ်တွေရှိ အစိုးရရုံးသုံးနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား





24 February 2018 




ရခိုင်ဂေဇက်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၄ နာရီအချိန်ခန့်က စစ်တွေမြို့ရှိ နေရာ ၃ ခုတွင် ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

11 February 2018

အင်းဒင်လူသတ်မှုစစ်ဆေးပြီး ပါဝင်ပတ်သက်သူတွေအရေးယူရေး ဆောင်ရွက်နေပြီဟု သမ္မတရုံးတုန့်ပြန်


11 February 2018  ဗွီအိုအေ (မြန်မာပိုင်း)



အင်းဒင်ရွာသား ၁၀ ဦးကိုစက်တင်ဘာ ၁ ရက် ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားပုံ။ (ဓါတ်ပုံ-ရိုက်တာ)
အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုအရ တပ်မတော်ဘက်က ၇ဦး ရဲတပ်ဖွဲ့ ဘက်က ၃ဦး တို့အပြင် ဒေသခံ ၆ဦး ကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်လိုက်ပြီလို့ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ ဒီလိုထုတ် ဖော်ပြောဆိုလိုက်တာက ရိုက်တာထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့တဲ့ အချက်တွေကမှန်ကန်မှုရှိတာမို့ ချက်ချင်း အရေးယူ တာ မဟုတ်ဘဲ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်တာမှာ တွေ့ရှိတဲ့အချက်အပေါ် အခုလိုအရေးယူတာဖြစ်တယ် လို့ဆိုပါတယ်။ ဒီသတင်းကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းဌာနက မေခကပေးပို့ထား ပါတယ်။

02 February 2018

ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်းများမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးငြင်း


2 February 2018    DMG


(ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာက လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
 အေပီသတင်းဌာနကို ကိုးကားပြီး ဗွီအိုအေ၊ ဘီဘီစီနှင့် အာအက်အေ စသည့် သတင်းဌာနများတွင် ကျယ်ပြန့်စွာ ရေးသားနေသော ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

31 January 2018

ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စ UNHCR ပါဝင်ဖို့ သဘောတူ


30 January 2018       RFA Burmese



ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုရှိ ကလေးငယ်များကို တွေ့ရစဉ် / Photo: AFP
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

22 January 2018

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်မှု၊ မှားယွင်မှုများ ရှိခဲ့လျှင် အရေးယူခံမည်ဟု ပြည်နယ် ၀န်ကြီးချုပ်ပြောကြား



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၂

ရခိုင်ပြည်နယ်တွင် ဇန်န၀ါရီ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်အပါအ၀င် ရခိုင်ပြည်နယ်၌ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး သူ့တွင် တာဝန်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အနေဖြင့် လုပ်ဆောင်ရာတွင် တာဝန်ပျက်ကွက်မှု၊ မှားယွင်းမှုများ ရှိခဲ့လျှင် သူ့အနေဖြင့် အရေးယူခံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ပြောသည်။

မြောက်ဦး အဓိကရုဏ်းကိုင်တွယ်ပုံနှင့် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးခြင်းအပေါ် မာန်အောင်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မည်




January 22, 2018 ဆဲဗင်းဒေး

မြောက်ဦးအဓိက ရုဏ်းဖြစ်စဉ် ကိုယ်တွယ်ပုံအပါ အ၀င် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ကို ရခိုင်ပြည်နယ် မာန်အောင် မြို့၌ ယနေ့ဇန်န၀ါရီ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။


‘‘ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက်ကို ဇန်န၀ါရီ ၁၉ ရက် က တင်ပါတယ်။ အခုခွင့်ပြုချက် လည်း ရရှိထားပြီဖြစ်ပါတယ်။ လူ အင်အားကတော့ တစ်ထောင့်ငါး ရာကျော် တင်ထားပါတယ်။ အခု မြောက်ဦးဖြစ်ရပ်နဲ့ စာရေးဆရာ ဝေဟင်အောင်၊ ဒေါက်တာအေး မောင်တို့ကို ဖမ်းဆီးတာနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း ပြသ မှာ ဖြစ်ပါတယ်’’ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်သူတစ်ဦးက ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်



မဇ္ဈိမ ရန်ကုန်၊ ဇန်န၀ါရီ ၂၂ 2018


ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုထားပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကလူစာရင်းရမှ လုပ်ငန်းစနိုင်မည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မဇ္စျိမသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများ ကို ဇန်န၀ါရီ ၂၂၊ ၂၃ ရက် မှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထား ခဲ့ခြင်းလည်း ဖြစ်သည်။

၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင်

၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထားသည့် ပြည်တွင်းပြပ အလုပ်သမားအရေးကိစ္စများကို အချက်အလက်အထောက်အထားများဖြင့် ဖေါ်ပြထားသည့် ဆောင်းပါး၊ ၀ယ်ယူဖတ်ရှုနိုင်ရန်.....

20 January 2018

Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး


------------------------------------------------------------------------------
နေပြည်တော် ဇန်နဝါရီ ၁၉ Myanmaalinn

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ဇန်နဝါရီ ၁၈ ရက် ညက ကျင်းပခဲ့သည့် Miss All Nations ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်း က Miss Eco Tourism ဆုနှင့်Miss Miaoyu ဆု နှစ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နေရာပြန်လည်ချထားရေးတွင် ထိုင်းမှ အိမ်ရာဆောက်လုပ်ရေးအပိုင်း ကူညီလို ဟု ဆို


 ကျောက်ပန္နုတွင် အစိုးရမှ ဆောက်လုပ်နေသော အိမ်ရာအချို့အား ဇန်န၀ါရီလ ၈ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ယနေ့ ဇန်န၀ါရီလ ၁၉ ရက် ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long တို့ တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။
ထိုင်းသံအမတ်ကြီးက နေရပ်စွန့်ခွာသူများအကြောင်း မေးမြန်းခဲ့ပြီး ပြန်လည်နေရာချထားရေးအတွက် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို လှူဒါန်းခဲ့သည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း



ဧရာဝတီ 19 January 2018

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် မြောက်ဦးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လုံခြုံရေး အခြေ အနေကြောင့် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၂၆ ၊ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက် က ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ ပဋိပက္ခကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြောသည်။

19 January 2018

ပြန်ပို့မယ့်အစီအစဉ်ကို ရိုဟင်ဂျာတွေ ဆန့်ကျင်ဆန္ဒပြ



2018-01-19 RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ကိုမြန်မာနိုင်ငံဆီပြန်ပို့မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေက သူတို့ကို မြန်မာနိုင်ငံ ပြန်မပို့ခင် နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးအာမခံချက် ရရှိအောင်လုပ်ပေးဖို့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ဒုက္ခသည်တွေအားလုံးကို ၂ နှစ်အတွင်းပြန်ပို့ဖို့နဲ့ ပြန့်ရေးအစီအစဉ်ကို နောက်တစ်ပတ်အတွင်းစတင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကတော့ ရခိုင်ပြည်နယ်က သူတို့နေရပ်ကို မပြန်ချင်ကြဘူးလို့ ပြောကြပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုနေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ မိမိဆန္ဒအလျှောက် ပြန်ချင်သူတွေအတွက်သာ ဖြစ်ရမယ်လို့ ပြောဆိုထားပါတယ်။

18 January 2018

ဒေါက်တာအေးမောင် ကိုကိုဖမ်းဆီး




By ဒီဗွီဘီ 18 January 2018
အမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဒီကနေ့ ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့က စစ်တွေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား


18 January 2018 နေပြည်တော် ဇန်နဝါရီ ၁၆






Arakan Rohingya Salvation Army (ARSA) အကြမ်းဖက် အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေး တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ နှစ်ဦးအား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်အရေးယူ

 နေပြည်တော် ဇန်န၀ါရီ ၁၇(သတင်းစဉ်)      MOI Webportal Myanmar





ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲ တွင် ဟောပြောသူဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့နှစ်ဦးအားရသေ့ တောင်မြို့နယ် ရဲစခန်းကမတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရှိရသည်။

17 January 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဇန်န၀ါရီ ၁၇

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြောက်ဦးတွင် လူစုကွဲစေရန် ပစ်ခတ်ခဲ့ရကြောင်း ပြန်ကြားရေးထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာတွင် လူစုကွဲစေရန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ညနေ လေးနာရီခန့်က သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့က မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ်ထုတ်ပြန်သည့် ထုတ်ပြချက်လည်း ဖြစ်သည်။

မြောက်ဦးအကြမ်းဖက်မှုဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်

U.S. Embassy Rangoon
၁၇.၁.၂၀၁၈
ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။ တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။
The U.S. Embassy wishes to express its distress at reports of violence last night in Mrauk-U and its deep concern for all innocent people affected by the violence, including condolences to the families of those killed. The right of a people to peacefully assemble is a cornerstone of any democracy, as is respect for the rule of law. We hope that reason and restraint will prevail and that, with a better understanding of these tragic events and how they unfolded, future incidents of violence can be prevented.
-------------------------------------------------------------------------------------------------------------------------------------------------------------
မြောက်ဦးအကြမ်းဖက်မှု အမေရိကန်နှင့် ကုလသမဂ္ဂ ဝမ်းနည်းဟု ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ဒေသခံများနှင့်လုံခြုံရေးအဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၍ ပြည်သူများအသက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင် ကြေညာသည်။
အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုနှင့်အတူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်ခံစားရမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း အဆိုပါကြေညာချက်တွင်ပါရှိသည်။
ယခုဖြစ်ရပ်ကို ပိုမိုကောင်းမွန်စွာနားလည်၍ နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်၍ အကြမ်းဖက်မှုဖြစ်စဉ်များကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သံရုံးက ကြေညာသည်။
အမေရိကန်နည်းတူပင် ကုလသမဂ္ဂကလည်း မြောက်ဦးရုန်းရင်းဆန်ခတ်မှုတွင် ဆုံးပါးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ကြေညာသည်။
ထို့ပြင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အလေးထားရန်၊ ယခုကိစ္စတွင်အင်အားအလွန်အကျွံအသုံးပြုမှု သို့မဟုတ် အခြားဥပဒေနှင့် မလျော်ညီသော လုပ်ဆောင်ချက်များရှိပါက စုံစမ်းဖော်ထုတ်အရေးယူရန် ကုလသမဂ္ဂက မြန်မာအာဏာပိုင်များကို တိုက်တွန်းလိုက်သည်။
ဇန်နဝါရီလ ၁၆ ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် မြောက်ဦး ရုန်းရင်းဆန်ခတ်မှုကြောင့် အရပ်သား ခုနှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။