13 November 2017

ခင်ဗျားတို့သိတဲ့_ဒီမိုဘုန်းကြီး



မှတ်မိသေးတယ့့် 
မွတ်ဆလင်ကုလား က
တစ်ခုလပ် ကလေးအမေ ဗုဒ္ဓဘာသာမိန်းခလေးကို
သားသမီးနဲ့ ခြိမ်းခြောက်ခေါ်သွားစဉ်က
နေ့ဆွမ်းမစားပဲ တောင်ဒဂုံ ရဲစခန်းမှာ
အမှု့ဖွင့်ခဲ့တာကို ညတစ်နာရီထိုးမှ
ရဲစခန်းက အမှု့လက်ခံခဲ့တယ်
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပေါ့။
မှတ်မိသေးတယ့့် 

မျက်ရည်စက်လက်နဲ့ အမယ်အိုတစ်ယောက်
ကုလားက ခြံကိုစာချုပ်အတုနဲ့ အဓမ္မသိမ်းတော့
မိမိပိုက်ဆံနဲ့ တရားရုံးအထိ
ကုလားကို ဖိုက်ခဲ့တဲ့ ဆရာတော်
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပေါ့။

မှတ်မိသေးတယ့့် 
White Card ကိစ္စမှာပေါ့
သူ့ကျောင်းမှာ အားလုံးစုတယ်
ဆန္ဒပြဖို့ သူဦးဆောင်တယ်
လိုအပ်တဲ့ ငွေကြေး
ဖုန်းတစ်လုံးနဲ့ လိုက်အကူအညီတောင်းခဲ့တာ
White card အရေးအောင်မြင်သွားလေရဲ့
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပေါ့။

မှတ်မိသေးတယ့့် 
ဟမ်းစပီကာကြီးကိုင်လို့
ကုလားဘက်ပါပြီး ဗုဒ္ဓဘာသာကိုဖိတဲ့
မင်္ဂလာတောင်ညွန့် စခန်းမှူးကို
စခန်းအရှေ့ကနေ ပေါ်တင်စိန်ခေါ်
ဖိုက်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ဆရာတော်
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပေါ့။

မှတ်မိသေးတယ့့် 
တွံတေးက ခရစ်ယာန်တွေ
ဘုန်းကြီးကျောင်းထဲ ချက်ကျောင်းဆောက်တော့
တွံတေးဝကို စက်လှေနဲ့သွားပြီး
ချက်ကျောင်းဆောက်ခွင့်ပေးတဲ့ အရာရှိတွေကို
လက်ညှိုးထိုး အပြစ်ပြောပြီး
ခရစ်ယာန်တွေကိုလည်း ဖိုက်ခဲ့တဲ့ ဆရာတော်
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပေါ့။

မှတ်မိသေးတယ့့် 
ညသန်းခေါင်ကျော် ဖုန်းဆက်နှိုးလို့
ဗုဒ္ဓဘာသာနဲ့ ကုလားအရေးကို
စခန်းမှာ စုရုံးပြီး
အင်အားနဲ့ အပြတ်ဖိုက်တဲ့ ဆရာတော်
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီး။

မှတ်မိသေးတယ်
အော်ရီဒူးဖုန်းဆင်းကဒ်တွေ စပေါ်တော့
သူကျောင်းမှာပဲ ပြည်သူလူထုကို မသုံးကြဖို့
ဗလီထဲ မိမိငွေမပါကြစေဖို့ စတင်ပြီး
အော်ရီဒူး တိုက်ဖျက်ရေးလုပ်ဆောင်ခဲ့တာ
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီး။

မှတ်မိသေးတယ်
အမှန်တကယ် နစ်နာနေလျှက်နဲ့
မတရားခံရတာတွေကို သူ့ကျောင်းမှာပဲ အကုန်စု
စာနယ်ဇင်းတွေ မီဒီယာတွေဖိတ်ပြီး နစ်နာမှုတွေကို
ဟောပြောပွဲတွေ လုပ်ခဲ့ပြီး ပြည်သူကို ချပြတာ
အဲ့ဒါ ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီး။

မသီတာထွေးကို ဘယ်သူတွေမေ့မေ့
နှစ်စဉ် သူအမျှအတန်းပေးတယ်။
ဦးသောဘိတကို ဘယ်သူမေ့မေ့
နှစ်ပါတ်လည်တာနဲ့ သူအမျှဝေပေးနေတယ်။

ဟမ်ဟီးလီကိုလည်း သူဖိုက်ခဲ့သလို
ဘက်ကီးမွန်း ကိုလည်း သူသမခဲ့တယ်။
ရိုဟင်ဂျာမရှိဘူးလို့ သံရုံအရှေ့မှာ သူအော်ခဲ့တယ်
မီဒီယာအရှေ့မှာ သူအော်ခဲ့တယ်။

မြန်မာနိုင်ငံသား ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့အတွက်
ထိုင်းသံရုံးရှေ့ မြို့နယ်ခန်းမရှေ့မှာ သူအော်ခဲ့သေးတယ်။
မလေးရှားသံအမတ် နာဂျစ်ရာဇတ် မြန်မာ့အရေး ဝင်စွက်ဖက်တော့
ဆူးလေးခန်းမရှေ့ သူအော်ခဲ့သေးတယ်။

သူက ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပါ့ 
ဒါပေမဲ့ အမျိုးသားရေးဗန်းပြပြီး ဒီမိုအတွက် မဲမဆွယ်ခဲ့ဘူး။
သူက ခင်ဗျားတို့သိတဲ့ ဒီမိုဘုန်းကြီးပါ့ 
အမျိုးသားရေးသမားတွေ ဒေါ်စုကိုထောက်ခံပါလို့ သူမပြောခဲ့ဖူးဘူး။
အထက်မှာ ဝီရသူ အောက်ဘက်မှာ ပါမောက္ခ ဆိုပြီး
ကုလားတွေကို အိပ်မပျော်စေတဲ့ ဆရာတော်။

အရောင်တွေအောက် ရပ်တည်နေတဲ့
သူတွေအမြင်တော့ သူဟာဒီမို(အနီ)ဘုန်းကြီးပေါ့။
 ပါတီစွဲနဲ့ ရပ်တည်နေတဲ့
သူတွေအမြင်တော့ သူဟာဒီမိုဘုန်းကြီးပေါ့။
သူထောက်ခံတဲ့ NLDနဲ့ မဘသဟာ ဆန့်ကျင်ဘက်မို့
သူမဘသက အပြီးထွက်တယ်။

ဒါပေမဲ့ အမျိုးသားရေးလုပ်ငန်းတွေ မရပ်ခဲ့ဘူး။
မဘသနဲ့ ပြဿနာတတ်လို့
ဆရာတော်ကို ရှောင်နေလိုက်တယ်။
အကြည်အညို မပျက်ခဲ့ဘူး။

အမျိုးဘာသာ သာသနာနဲ့
နိုင်ငံ့အကျိုး ကြည့်မယ်ဆိုရင်
အနီ အစိမ်း အဖြူ အပြာ လယ်သမား ခမောက်
ဘာမှမခွဲ ဘာမှမခြားပဲ
သန့်ရှင်းတဲ့ အမြင်
သန့်ရှင်းတဲ့ အကြည့်နဲ့
သူ့လုပ်ဆောင်ချက်ကိုသာ ကြည့်လိုက်ပါတော့။

ငါ့မှာ အရောင်မရှိ
ငါ့မှာ အလံမရှိ
ငါ့မှာ ပါတီမရှိ
ငါ့အထက်မှာ သာသနာနဲ့ လူမျိုးအတွက်သာရှိ၏။

သို့သော် ဒီအချိန်မှာ
အမြင်မှန်ရလို့ NLDသာ
ဘာသာ သာသနာကို အရေးပေးခဲ့ရင်
ငါဆိုတဲ့ကောင် ခြေသလုံးဖက်ဖို့ အသင့်။
သိုက်ဖွား
ထပ်မံ၍ ဖြည့်စွက်ထားပါသေးသည်။

.....
ရဲမိုး လွင် မှ မူရင်းရေးသားသူကို credit ပေးပါတယ်။

12 October 2017

ရှိတာ နဲ့ မရှိတာ


 =======

တရားကိုစေါင့်တဲ့ နတ်
ဘယ်အရပ် ၌ နတ်သက်ကြွေ
ဘယ်ဌာနေ ၌ သေလွန်သည်မသိ
ကျုပ်တို့တိုင်းပြည်မှာတော့ မရှိ။


ကျုပ်တို့တိုင်းပြည်မှာ
အမျိုးသားရေး အတုတွေနဲ့
သူခိုးအားပေး ဥပဒေပဲရှိတယ်။

အများပိုင်တဲ့ နိုင်ငံကို
ဓါးကိုင်ပြီး အပိုင်ကြံမယ့်သူတွေရှိတယ်
မှားနေတာတောင်မှ ထောင်လွှားနေတဲ့
စါးနေကျ ''ကြောင်ပါး'' တွေ ရှိတယ်။

ဘောင်းဘီဝတ်နဲ့ တစ်ခါ
ဘောင်းဘီချွတ်ကာ တစ်လှည့်
နှစ် လေးငါးဆယ် ''ဖွတ်''တက်ခဲ့တော့။

ပျက်စီးခြင်း မက ပျက်စီး
တိုင်းပြည်ကြီးလည်း ''တုံးလုံး''
လူတွေလည်း ခွေးလုံးလုံးဖြစ်လို့
နွံနစ်နေကြတဲ့ ပြည်သူတွေရှိတယ်။

''ဖွတ်''ကိုသခင် အမှတ်နဲ့
မကျွတ်ချင်ကြ မလွတ်ချင်ကြတဲ့
သခွပ်ပင်က မီးတကျည်ကျည်တွေလဲရှိတယ်။

ခိုးကြောင်ခိုးဝှက်
ဟိုနားပုန်း ဒီနားဖွက်နဲ့
ယုတ်မာပက်စက်
လူရှေ့ကိုမထွက်ရဲတဲ့
ဖျက်လိုဖျက်စီး
လက်မဲကြီးတွေလည်းရှိတယ်။

ကျုပ်တို့တိုင်းပြည်မှာ
ရာထူး သြဇာ
အာဏာ အခွင့်အရေးနဲ့
သူရို့ ခိုးထားတာတွေပြန်မပေးသေးတဲ့
သူဌေးလိုလို ခွေးလိုလိုတွေလည်းရှိတယ်။

နိုင်မြန်မာ

05 October 2017

“ကွက်လပ်ဖြည့်ပါ”


မွေးမိဘခင် မရှိတော့ဘူး။
အနီးအပါးမှာ ဇနီးမယား သားသမီးလည်းမရှိဘူး။
တိုင်းပြည်နဲ့အဝေး၊ အပြန်လမ်းကို မမှန်းဆနိုင်သူ။

ကံ့ကူလက်လှည့် ၀လုံး ကလေးကို စတင်သင်ကြား
သွန်သင်ဆုံးမ အနန္တငါးဖြာ လက်ဦးဆရာကို
အဝေးက ဖုန်း မက်ဆင်ဂျာနဲ့ ကန်တော့ခွင့်ရ။

ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ၊ ကျလာတဲ့မျက်ရည်
ရင်ထဲက ကွက်လပ်တွေအတွက် လွမ်းမျက်ရည်လား
ရွာအပြန်မှာ ကျေးဇူးရှင်တွေနဲ့ တွေ့ခွင့်ရချင်သေးတယ်။

ထွန်းနေရောင် (စနဲ)
၅.၁၀.၂၀၁၇ ည ၈း၀၀

ရခိုင်ရွာသီတင်းကျွတ်


မိုးကမလွတ်တလွတ်
ရွာလမ်းမှာရွံ့တ၀က် အိုင်တ၀က်
လူအိုတိ ကျောင်းကိုလားလို့ ဥပုသ်စောင့်ကြ။

တရွာလုံးမုန့်တိလှူကြစွာ ကျောင်းမှာမကန်၊
အပျိုလူပျိုတိ ရွာလုံးကျွတ် ၀က်သားနဲ့ဆွမ်းကျွေးကြတေမနားယေ။
ရွာထဲက အိမ်ကြီးအိမ်ကောင်တိအောက်မှာ
အသင်းပေါင်းစုံ အတိုးဖြတ် ငွေတိဆပ်လို့။

တစ်ချို့တိက ညစာဖက်မှာ ထမင်းဝိုင်းချက်စားကြဖို့။
အချေတိ မီးအိမ်ပူးလွှတ်ဖို့ ပူဆာနိန်ကြစွာ
ရွာတချို့မှာ မီးထွန်းပွဲနဲ့ ဇာတ်ပွဲနဲ့
အပူမဟိန့် ဆူပူသူမဟိန့် အအီးချချမ်း။
ရခိုင်တိရွာဓလေ့ သတိရရေ။

မောင်မောင်မြတ်ညို

ရခိုင်ရွာသီတင်းကျွတ်





မိုးကမလွတ်တလွတ်
ရွာလမ်းမှာရွံ့တ၀က် အိုင်တ၀က်
လူအိုတိ ကျောင်းကိုလားလို့ ဥပုသ်စောင့်ကြ။

တရွာလုံးမုန့်တိလှူကြစွာ ကျောင်းမှာမကန်၊
အပျိုလူပျိုတိ ရွာလုံးကျွတ် ၀က်သားနဲ့ဆွမ်းကျွေးကြတေမနားယေ။
ရွာထဲက အိမ်ကြီးအိမ်ကောင်တိအောက်မှာ
အသင်းပေါင်းစုံ အတိုးဖြတ် ငွေတိဆပ်လို့။

တစ်ချို့တိက ညစာဖက်မှာ ထမင်းဝိုင်းချက်စားကြဖို့။
အချေတိ မီးအိမ်ပူးလွှတ်ဖို့ ပူဆာနိန်ကြစွာ
ရွာတချို့မှာ မီးထွန်းပွဲနဲ့ ဇာတ်ပွဲနဲ့
အပူမဟိန့် ဆူပူသူမဟိန့် အအီးချချမ်း။
ရခိုင်တိရွာဓလေ့ သတိရရေ။

မောင်မောင်မြတ်ညို


10 September 2017

“၅၃နှစ်ပြည့်သံဝေဂ ကထာ”



        

စိတ်က၃၅နှစ်ပေမယ့် အသက်က ၅၃နှစ်ပြည့်သွားပြီ။
လူသားတစ်ယောက်အဖြစ်မွေးပေးခဲ့တဲ့မိခင်ဖခင်တို့မရှိကြတော့ဘူး။
အဖေအမေတို့ကိုရည်မှန်းပြီး ကောင်းမှုကုသိုလ်ပြုရင်း အောက်မေ့မျက်ရည်ကျမိတယ်။
စိတ်ဘယ်လောက်ပျိုပျို ခြေလက် ဘယ်လောက်သွက်တယ်ပြောပြော
ဇာတိ၊ ဇရာ၊ မရဏ၊ ပကတိတရားကို  လွန်ဆန်၍မရ။

08 August 2017

“ပတ်လည်ရိုက်တာ ၂၉နှစ်”









ထိုင်းထောက်လှမ်းဆီမှာခွင့်ပြုချက်တောင်းပြီး
အထိန်းအမှတ် ဆန္ဒပြစရာမလိုတော့ဘူး၊
တတိယနိုင်ငံကို ရောက်သူရောက်
ထောင်ထဲမှာသေသူကသေ၊
ခိုကိုးရာမဲ့ ဘ၀ပျက်သူတွေပျက်။
လွှတ်တော်ထဲ ပေါက်သူကပေါက်
ပါတီထောင်သူကထောင်။

ငွေသိမ်းတာကစတဲ့ ပြဇာတ်တစ်ပုဒ်လား
ကိုဘုန်းမော်နဲ့ ကိုစိုးနိုင် မိုးပေါ်ထောင်ပစ်လို့သေဆုံးတာ။
၁၉၈၈ ခုနှစ်တုန်းက သိမ်းစရာငွေရှိတယ်။
၂၀၁၇ မှာ အရောက်မှာ လယ်သိမ်းစရာတောင်မကျန်တော့ဘူး။
၂၉ နှစ်ကြာ ခေတ်ပြောင် တော်လှန်ရေး ရလဒ်ကိုပြပါဆိုလို့………
အစိုးရနှစ်ရပ်နဲ့ ပြင်မရတဲ့ ဖွဲ့စည်းပုံပဲ ကျန်လိုက်တယ်။
လူသိရှင်ကြားမြင်ရတာကတော့ တောင်ကတုံးနဲ့သယံဇာတပြုန်းသွားတယ်။
မငြိမ်းချမ်းနိုင်တဲ့ငြိမ်းချမ်းရေးကိုပွဲစားတွေနဲ့လော်ဘီလုပ်ရင်း အမေစုလည်း ပင်ပန်းလိုက်တာဖတ်ဖတ်မောလို့။
တိုင်းရင်းသားလက်နက်ကိုင်နဲ့ မြန်မာစစ်တပ်တိုက်နေတာ ငြိမ်းချမ်းရေးပွဲစားက လစာစားလို့။
မြန်မာတွေများ ပေါက်ရောက်လိုက်ကြတာ ပြည်ပမှာ ကျွန်ခံလို့ ၅သန်းကျော်ကျော်။
မြန်မာပြည်မှာသာ ကုလားနဲ့တရုတ်တို့ တရားမ၀င်နေထိုင်လို့ရတယ်လို့ အလှောင်ခံရနဲ့။
ဓါတ်ငွေ့တွေထုတ်ရောင်းပြီး၊ လျှပ်စစ်ကိုမှပြန်ဝယ်သုံးမလို့တဲ့။

အာဏာရှင် မျိုးနွယ်တွေ အင်ဂျီအိုလုပ် ကုမ္ပဏီထောင်ပြီး ကြီးပွားလိုက်တာ၊
ဂျက်လေယာဉ်နဲ့လို့စီမံစီးပွားဝန်ကြီးကပြောတာ၊ ချဉ်းပေါင်ရွက်ကအစထိုင်းကစားနေတာမသိလို့ဖြစ်မယ်။    
ကျွန်တော့မြေးကမေးတယ်၊ ဖိုးဖိုးပြောတဲ့ မတရားလုပ်သူတွေမြန်မာနိုင်ငံမှာအချမ်းသာဆုံးပါလားတဲ့၊
ဟေ…. ဟုတ်လား၊ အမှန်တွေရေးပြတဲ့ စာတစ်ပုဒ်မှ ကျပ်သုံးသောင်းရတာ ရိုက်လိုက်အုံးမယ်။
ဆေးဖိုးနဲ့ ဈေးဖိုးမြေးလေးရေ။ မင်းလည်းပဲလှော်စားပေါ့တဲ့။    ။

ကျော်သောင်း




07 February 2017

“မှန်တာပြောရရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်”


 ၁။ မင်းလုပ်ချင်တာလုပ်လို့ရအောင်၊ မင်းမဲ့တိုင်းပြည်မဟုတ်ဘူးကွလို့၊ ပြောနေရပေမယ့်၊
    ပြောနေရပေမယ့်၊ မူးယစ်ဆေးဝါးတွေနဲ့  အသက်ရှုကြပ်လာတဲ့တိုင်းပြည်။

၂။ မျိုးရိုးစဉ်ဆက် စားမကုန်တဲ့၊
  မြေအောက်သယံဇာတတွေပေါတယ်ဆိုပေမယ့်၊ မွဲတေဆင်းရဲ၊ငတ်မွတ်နေတဲ့တိုင်းပြည်။

၃။  မြတ်ဗုဒ္ဓအဆုံးအမတွေနဲ့၊ မေတ္တာတရားကျင့်ထုံးတွေကို လက်စွဲအသုံးပြုရင်း၊
    မျက်ရည်ယိုဗုံးတွေနဲ့ သံဃာတော်တွေကို ပစ်ခွင့်တဲ့တိုင်းပြည်။
  
၎။ မှန်တာကိုမပြောရဲတဲ့ သက္ကရာဇ်တွေနဲ့၊
  မြေနိမ့်ရာလှံစိုက်ခံဘ၀တွေကိုထမ်းပိုးရင်း၊
  မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရောင်းစားခံရတဲ့တိုင်းပြည်။

၅။ မဲတစ်ပြားအတွက် သွေးဆောင်ခြင်းတွေမှာ၊
  မြှူဆွယ်မှုမာယာတွေ လိမ်းသုတ်ခံရလို့၊
  မျှော်လင့်ခြင်းတွေ၊ ရှင်သန်ဖူးတဲ့တိုင်းပြည်။

၆။ မှောင်ခိုမိတဲ့ သစ်ကားတွေအစီအရီမှာ၊
  မောင်းသူမဲ့ ပိုင်ရှင်မဲ့တွေ တစ်သီတစ်တန်းနဲ့မို့၊
  မုဒိမ်းမှုတွေ ခမ်းနားလာတဲ့တိုင်းပြည်။

၇။ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးစကားဝိုင်းတွေကြား၊
   မိုင်းမိပြီးအသက်မဲ့သွားသူတွေပိုများရင်း၊
   မိဘမဲ့တွေ ထပ်တိုးလာတဲ့တိုင်းပြည်။

၈။ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ စကားပုံနဲ့၊
   မှုခင်းအစုံက ဥပဒေကိုချိုးဖေါက်၊
   မှန်ကန်မှုတွေက ငွေနဲ့ပေါက်ခံရတဲ့တိုင်းပြည်။

၉။ မင်းမှာသစ္စာ၊ လူမှာ "ကတိဆိုပြီး"
   မြတ်နိုးနေကြသည်က "အဂတိ" နဲ့
   မိတ်ဆွေ အသစ်ဖြစ်ဖို့ ရာထူးအကြည့်ခံရတဲ့တိုင်းပြည်။

၁၀။  မီးသေ ပွဲပြီးမှ၊ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့၊
       မဏ္ဍပ်တိုင်ကို အလုအယက်တက်ပြလို့၊
      မယောင်ရာ ဆီလူးကြသူတွေပေါတဲ့တိုင်းပြည်။

 ၁၁။ မှားသွားပြီးဗျာ . . . . . . . .
       မှန်တာပြောရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်မို့၊
      မရည်ရွယ်ပဲ ပြောမိတဲ့ ကျနော်ရဲ့ စကားတွေကို၊
     မှတ်တမ်းမှတ်ရာ စီစီ တီဗွီတွေထဲက၊ ပြန်ဖျက်ပေးကြပါ။

၁၂။ မြို့ပြင်မှာလည်း ကျူးကျော်ကြောင့်မို့၊
     ကျွန်တော့်မှာ နေစရာမရှိလို့ပါ။

သီအိုရီ ( စက္ကတာ     ကန့်ဘလူ )
၂၀၁၇  ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့ထုတ်၊ သူရိယနေ၀န်းအပတ်စဉ်ဂျာနယ်။