နိုင်ငံခြားမှာ ဆယ့်ငါးနှစ် လောက်နေခဲ့တဲ့
ကျနော် မွေးရပ်မြေ ရခိုင်ကို အလည်ခဏ သွားခဲ့ပါတယ်။ မြင်ရကြားရတာတွေ အသစ်အဆန်းတွေချည်းပါပဲ။
ဝမ်းနည်းဝမ်းသာခံစားမိတယ်။
01 April 2018
03 February 2018
ဒါလေး လက်တွေ့ကျတယ်
- လက်လှမ်းမှီသမျှ ညီငယ်တွေကို ကျနော် အမြဲပြောဖြစ်တဲ့ စကားတွေပါ။ ပုရိသာနံ သိပ္ပံ ဓနံ လို့ ဘုရားဟော ရှိပါတယ်။ တိုက်ဆိုင်လို ရှယ်ပေးပါတယ်။
Labels:
ဆောင်းပါး
22 January 2018
၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင်
၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထားသည့် ပြည်တွင်းပြပ အလုပ်သမားအရေးကိစ္စများကို အချက်အလက်အထောက်အထားများဖြင့် ဖေါ်ပြထားသည့် ဆောင်းပါး၊ ၀ယ်ယူဖတ်ရှုနိုင်ရန်.....
Labels:
ဆောင်းပါး,
ကြော်ငြာချက်
21 January 2018
သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်
By ဒီဗွီဘီ 21 January 2018
သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအ၀ိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။
Labels:
ဆောင်းပါး
အဂတိလိုက်စားမှု တကယ် တိုက်ဖျက်နိုင်တော့မလား
21 ဇန်နဝါရီ၊ 2018 VOA
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က အစိုးရဟာ “ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို အများပြည်သူ သိရှိ၊ လေ့လာ၊ အကြံပြုနိုင်ဖို့ ထုတ်ပြန်ပေးလိုက်ပါတယ်။ သိပ်မကြာသေးခင် နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပြီးနောက်ပိုင်း အခု ဥပဒေပြင်ဆင်ဖို့ မူကြမ်း ထုတ်ပြန်လိုက်တာပါ။
ပြောရရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဥပဒေ ပြဌာန်းပြီးတဲ့တိုင်၊ ဥပဒေပါ ပြဌာန်းချက်အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပြီးတာ ၄ နှစ်ခွဲကျော် ကြာလာတဲ့တိုင် သိပ်ပြီး အလုပ်မဖြစ်တာ၊ အဂတိလိုက်စားမှုတွေ ဖြစ်မြဲတိုင်း ဖြစ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ စိတ်ပျက်လက်ပျက် ဖြစ်နေတာ အတော်ကြာပါပြီ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် အရင် ကော်မရှင်ဟောင်းနေရာမှာ ကော်မရှင် အသစ်ကို အစားထိုး လိုက်တဲ့အပြင် ဥပဒေကိုပါ ပြင်ဆင်တော့မှာမို့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိထိရောက်ရောက် ဖြစ်လာတော့မှာလား ဆိုပြီး မျှော်လင့်စရာ တွေ ရှိလာပါတယ်။ ခုတပတ် အဲဒီအကြောင်း လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။
Labels:
ဆောင်းပါး
☆☆☆ မြောက် ဦး ကိ စ္စ မှာ ရ ခိုင် တွေ ဘာ မှား ခဲ့ သ လဲ
Mg Kyaw Swar
©from Khine Sitt Thwee
-------------------------------------------------
မြောက် ဦး ကိ စ္စ မှာ
ရ ခိုင် တွေ ဘာ မှား ခဲ့ သ လဲ။
ကျုပ် အ သေ အ ချာ စဉ်း စား တယ်။
တ ကယ် လို လေး လေး နက် နက် ထား စဉ်း စား မိ တယ်။
နောက် တော့
ကျုပ်၊ ကျုပ် တို့ ရဲ့ မ ဟာ အ မှား ၃ ချက် ကို သိ လိုက် တယ်။
------------------------------------
Labels:
ဆောင်းပါး
19 January 2018
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ
Byထွန်းထွန်းမင်းOn January 18, 2018
ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၃၀ရာခိုင်နှုန်းနှင့်တရုတ်အစိုးရ ပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။
၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်း များစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
18 January 2018
ရခိုင်ဖတ်စာ
၁၈.၁.၂၀၁၈
ထိလွယ်ရှလွယ်လွန်းတဲ့ကိစ္စမို့၊အခုတလောရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ပြသနာတွေကို၊မရေးချင်ဘူး။အထူးသဖြင့်၊အပြစ်မဲ့တဲ့ရခိုင်အရပ်သားတွေသေကြေဒဏ်ရာရကြတာကိုစိတ်မကောင်းဘူး။
တကယ်တော့ဒီကိစ္စတွေဟာ ဒေါက်တာအေးမောင်လိုရှေ့နောက်မဆင်ခြင်တတ်တဲ့၊လူမျိုးရေးအစွန်းရောက်တွေကြောင့်ဖြစ်ရတယ်လို့ယူဆတယ်။
ဒီလိုရေးလိုက်တာနဲ့ ..၊မင်းဘာကောင်လဲ။ရခိုင့်သမိုင်းကိုနားမလည်ဘူးလား။ရခိုင်လူမျိုးတွေကိုကိုယ်ချင်းမစာဘူးလား။မင်းတို့ဗမာတွေရခိုင်ပြည်ကိုဘာကောင်းအောင်လုပ်ပေးခဲ့လို့တုန်း ဆိုတာမျိုးတွေနဲ့တုံ့ပြန်လာမယ်ဆိုတာသိပါတယ်။တစ်ခုချင်းရှင်းပါရစေ။
Labels:
ဆောင်းပါး
ဒေါက်တာအေးမောင်ကို ဖမ်းတဲ့အခါ
ဧရာဝတီ ဆောင်းပါး 18.1.2018
အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့တဲ့
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းတော်ရာကုန်းက ဖြစ်စဉ်နဲ့ ဆက်စပ်
ပတ်သက်ပြီးတော့ ရခိုင် အမျိုးသား ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ
အေးမောင်ကို ဖမ်းဆီးအရေးယူဖို့ အစိုးရက စီစဉ်နေ တာဟာ ဒီပြဿနာတွေ ပြေလည်သွားမှာ
မဟုတ်ဘဲ ပြဿနာကို ပိုမို ကြီးထွားလာစေမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
17 January 2018
မြန်မာ့နွေဦး ရှေ့ခရီး
BY THE VOICE JOURNAL JAN 15, 2018
အခုဆိုရင် ၂၀၁၇ ခုနှစ်ကုန်ဆုံးပြီး နှစ်သစ် ၂၀၁၈ ခုနှစ်သို့ စတင် ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ ဒီမှာပဲ မြန်မာတို့အတွက် လည်ပြန်သုံးသပ်ပြီး နောင်အချိန် ပြင်ဆင်ရမယ့် အရေးပါလှတဲ့အကြောင်းအရာတစ်ခု ရှိလာပါတယ်။အဲဒါကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းဖြစ်တဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ချီတက်တဲ့ခရီးလမ်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းဖြစ်စဉ်အကြောင်း ပြောရရင် စစချင်းအဖွင့်မှာ သိပ်ကိုလှပခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်မို့ပဲ မြန်မာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြောင်းလဲမှုအစ ကနဦးပိုင်းကတည်းက လေ့လာသူတွေမှ မြန်မာ့နွေဦးလို့ အမည်လှလှပေး ကြိုဆိုခဲ့ကြပါတယ်။
တကယ်လည်း၂၀၁၀ အလွန်ကာလနိုင်ငံမှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အံ့ဩစရာပေါ်လာခဲ့တယ်။ မီဒီယာဆိုင်ရာဖြေလျှော့မှုတွေ ခပ်မြန်မြန် ဖြစ်ထွန်းလာတယ်။နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ ထင်ရှားကျော်ကြားနိုင်ငံရေးသမားတွေ အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ တစ်ဆက်တည်းမှာပဲ တစ်ချိန်က ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ပုဂ္ဂိုလ်အချို့လည်း ပြည်တော်ပြန်ခွင့်ရလာခဲ့တယ်။
Labels:
ဆောင်းပါး
လလည်းကွယ် ပြည်လည်းပျောက်တဲ့နေ့
ရက်စက်ကြမ်းကြုတ်မှုများစွာဖြင့် ရခိုင်ပြည်သူ သန်းဂဏန်းအထိ အသတ်ခံရသောနေ့မှာ ဝမ်းနည်းဖွယ် အခမ်းအနားကျင်းပတာ ဘာများထိခိုက်ပါသလဲ့ ??
Labels:
ဆောင်းပါး
16 January 2018
မြန်မာ့စီးပွားရေး ပြိုလဲသွားရင် ဘယ်သူ တာဝန်ယူမလဲ
Tomorrow News JournalLike Page
January 12 လက်စောင်းထက်
အစိုးရသစ်သက်တမ်း နှစ်နှစ်နီးပါးရှိလာခဲ့သည့်တိုင် မြန်မာ့စီးပွားရေးလောကသည် အပေါင်းလက္ခဏာဆောင်သော အခြေအနေကို မရောက်ရှိသေးပေ။ ထိုသို့ စီးပွားရေးလေးလံ နှေးကွေးနေရခြင်းအပေါ်တွင် အကြောင်းပြချက် အမျိုးမျိုးရှိနေသည်။ ထိုအကြောင်းပြချက်များသည် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို ပဲ့ကိုင်နေသော တာဝန်ရှိသူများ၏ အားနည်းချို့ယွင်းချက်များ၊ အရည်အချင်း မပြည့်မီမှုများအပေါ် ဖုံးလွှမ်းသွားသည်။ အစွန်းဆုံးဆိုရလျှင် မြန်မာ့စီးပွားရေးဂျက်အင်ဂျင်သည် လေပေါ်သို့ပျံတက်ဖို့ နေနေသာသာ မြေပြင်မှာတင် ခိုင်မာတိကျသော ဦးတည်ချက်မရှိဘဲ ယိမ်းထိုးလှုပ်ရှား သွားလာလျက်ရှိသည်။
Labels:
ဆောင်းပါး
15 January 2018
လာအိုနောက်မှာ ကျန်ရစ်မှာလား
ဧရာဝတီ ဆောင်းပါး
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ် ညီလာခံကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံ မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ သုံးသပ်ချက်တွေကို ပညာရှင်တွေ တင်ပြသွားတာကို ကြားရတဲ့အခါ မြန်မာ့ စီးပွားရေး အတွက် ရင်လေးစရာ ဖြစ်နေတာကို တွေ့ရပါတယ်။
အထူးသဖြင့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ရဲ့ သုံးသပ်ချက်ပါပဲ။ သူ့သုံးသပ်ချက်ကို ကြားရတဲ့အခါ မကြာ သေး ခင် က မြန်မာအစိုးရ ဘဏ္ဍာရေး ဝန်ကြီး သုံးသပ်ပြောဆိုတာနဲ့ တခြားစီဖြစ်နေတာကို ကြားရတဲ့အတွက် လက်ရှိ ကုန် ဈေးနှုန်းတွေ မိုးထိနေတဲ့ကြားမှာ နေရတဲ့ ပြည်သူ တယောက်အဖြစ် ဘဏ္ဍာရေးဝန်ကြီးရဲ့ သုံးသပ်ချက်ကို ပြုံးမိပါ တယ်။
Labels:
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ရဲ့ လျှို့ဝှက်ချက်များ
Zaw Maubin
- ဒေါ်အောင်ဆန်းစုကြည် သည် နေ့စဉ် တရားထိုင်လေ့ရှိပါတယ်။
- ခြေလေးချောင်းသားများကို ရှောင်ပြီး ပင်လယ်စာကြိုက်တတ်ပါတယ်။
- ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ခန့် ရှိပါတယ်။
- အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အလှပြင်ဆိုင်ကိုသွားပြီး အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်လေ့ရှိတဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းများသာ အသုံးပြုတတ်ပါတယ်။
- အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အလှပြင်ဆိုင်ကိုသွားပြီး အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်လေ့ရှိတဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းများသာ အသုံးပြုတတ်ပါတယ်။
Labels:
ဆောင်းပါး
13 January 2018
ဖားကန့်မှာနှစ်စဉ် တိုက်ပွဲတွေဖြစ်ရခြင်းရဲ့ အဖြေ ...
ဦးပိုင်နဲ့ အဘတွေ ကျောက်စိမ်းသိုက်ကို လက်ဝါးကြီးအုပ်ထားသမျှ VOA မှဖော်ပြခဲ့တာပါ။ သပိတ်စုံ သူပုန်ထခိုင်းတဲ့ ဦးအုန်းမြင့်တင် နှစ်စဉ်ဒေါ်လာသန်း ထောင်ချီဝင်တယ်ဆိုမှတော့ ဆန္ဒပြပွဲတွေ မြန်မာပြည်အနှံ ဖန်တီးနိုင်တာ မဆန်းပါဘူးဗျာ။
"ကျောက်စိမ်းဗိုလ်ချုပ်များအကြောင်း"
========================
ဦးအောင်ခင် / ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
လွန်ခဲ့တဲ့ အောက်တိုဘာလက ကချင်ပြည်နယ်မှာ တန်ချိန်နှစ်ရာကျော်ရှိပြီး တန်းဖိုးဒေါ်လာသန်း တစ်ရာကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တွေ့ရှိတဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဖော်ပြပါတယ်။ ဖားကန့်ဒေသမှာ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကျောက်မျက်ကုမ္ပဏီရဲ့  လုပ်ကွက်မှာ တွေ့ရှိတာကြောင့် တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုပါတယ်။
Labels:
ဆောင်းပါး
11 January 2018
"စစ်တမ်း"
.....
ပြည်တွင်းမှာနေတဲ့အကြီးစားလုပ်ငန်းရှင်မိတ်ဆွေတစ်ဦးနဲ့ ဒီနေ့စကား
ပြောဖြစ်ပါတယ်။သူအဓိကဦးတည်ပြီးဆွေးနွေးတဲ့အချက်တော့၊
မကြာခင်ဗဟိုဘဏ်ရဲ့အရေးကြီးတဲ့လုပ်ထုံးလုပ်နည်းတချို့၊နိုင်ငံ
တကာစံညွှန်းနဲ့အညီပြင်ဆင်တော့မဲ့ကိစ္စပါပဲ။ဘဏ်ချေးငွေဆိုင်းငံကာလ
၊ဘဏ်ချေးငွေပမာဏကန့်သတ်ချက်စတဲ့ကိစ္စတွေဆိုပါတော့။
ပြောဖြစ်ပါတယ်။သူအဓိကဦးတည်ပြီးဆွေးနွေးတဲ့အချက်တော့၊
မကြာခင်ဗဟိုဘဏ်ရဲ့အရေးကြီးတဲ့လုပ်ထုံးလုပ်နည်းတချို့၊နိုင်ငံ
တကာစံညွှန်းနဲ့အညီပြင်ဆင်တော့မဲ့ကိစ္စပါပဲ။ဘဏ်ချေးငွေဆိုင်းငံကာလ
၊ဘဏ်ချေးငွေပမာဏကန့်သတ်ချက်စတဲ့ကိစ္စတွေဆိုပါတော့။
ဆွေးနွေးပွဲတခုမှာဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနဲ့မြန်မာ့ထိပ်တန်းစီးပွားရေး
လုပ်ငန်းရှင်(ဦးအောင်ကျော်မျိုး၊မောင်ဝိတ်၊ဦးခွန်နောင်၊ဦးရှိန်ဝင်း
စသည်)တွေ အကြား၊ပြင်းပြင်းထန်ထန်သဘောထားကွဲလွဲမှုတွေ
ရှိနေကြောင်းလည်းသိရပါတယ်။သူဟာဒီအခြေအနေကိုအတော့်ကို
စိုးရိမ်ပူပန်နေဟန်ရှိပါတယ်။
လုပ်ငန်းရှင်(ဦးအောင်ကျော်မျိုး၊မောင်ဝိတ်၊ဦးခွန်နောင်၊ဦးရှိန်ဝင်း
စသည်)တွေ အကြား၊ပြင်းပြင်းထန်ထန်သဘောထားကွဲလွဲမှုတွေ
ရှိနေကြောင်းလည်းသိရပါတယ်။သူဟာဒီအခြေအနေကိုအတော့်ကို
စိုးရိမ်ပူပန်နေဟန်ရှိပါတယ်။
Labels:
ဆောင်းပါး
"ကမ္ဘာ့  နံပါတ်၂ ကနေ ကမ္ဘာ့  နံပါတ် တစ် ဖြစ်လာ တော့မည့် တရုတ်နိုင်ငံ"
..............................................
ကမ္ဘာ့  နံပါတ်၂ ကနေ ကမ္ဘာ့  နံပါတ် တစ် ဖြစ်လာ တော့မည့် တရုတ်နိုင်ငံ သည် တချိန်တုန်းက
- ဥရောပသားတို့ ၏ ဘိန်းကြွေးမှုကြောင့် လမ်းဘေးရှိ လေလွင့် ကလေးလေး များကို လက်တွန်းလှည်း ဖြင့် လိုက်ကောက် ခဲ့ရသည့်နိုင်ငံ ဖြစ်သည်။
- ဆန်ပြုတ်ဖြူ တပန်းကန်ကို ဆားခတ်ပြီး လူများ ဝိုင်းသောက် ခဲ့ရသည့်နိုင်ငံ ဖြစ်သည်။
- ကျားမ အားလုံး ဇင်ပိတ်ပြာကိုသာ ဝတ်ဆင် ခဲ့ရသည့် နိုင်ငံ ဖြစ်သည်။
- အစာ ငတ်ပြတ်မှုကြောင့် လူသန်း ၃၀ကျော် သေဆုံး ခဲ့ရသော နိုင်ငံ ဖြစ်ပါသည်။
- အစာ ငတ်ပြတ်မှုကြောင့် လူသန်း ၃၀ကျော် သေဆုံး ခဲ့ရသော နိုင်ငံ ဖြစ်ပါသည်။
- ဖက်ဆစ် ဂျပန်တို့ ၏ စော်ကားမှုနှင့် အရှက်ခွဲ ခံရမှုကို အနစ်နာဆုံး ခံခဲ့ရသည့် နိုင်ငံ ဖြစ်သည်။
- မှားယွင်းသည့် မူဝါဒများကြောင့် တိုင်းပြည် တည်ထောင်ပြီး နှစ်သုံးဆယ် ကျော် ဒုက္ခ ပင်လယ်ဝေ ခဲ့ရသော နိုင်ငံဖြစ်သည်။
Labels:
ဆောင်းပါး
ဘ၀နေနည်း (၁၅)ချက်
~~~~~~~~~~~~~~~
၁။မလိမ်ပါနဲ့။
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာ
မလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။
လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာ
မလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။
၂။လှည့်စား၊သစ္စာမဖာက်ပါနဲ့။
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလို
ဖြစ်တတ်တယ်။
အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလို
ဖြစ်တတ်တယ်။
၃။မမုန်းပါနဲ့။
ခဏတာရှင်သန်ရတဲ့ ဘ၀လေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။
ခဏတာရှင်သန်ရတဲ့ ဘ၀လေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။
07 January 2018
ဒေါက်တာ Surakiart Sathirathai ရဲ့ ရခိုင်အရေး ပထမဆုံးပြောဆိုချက်များ
07 ဇန်နဝါရီ၊ 2018 VOA
ရခိုင်ပြည်ကို သတင်းမီဒီယာနဲ့ အကူအညီပေးသူတွေ ၀င်ခွင့်ပြုဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ထိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai က ပြောပါတယ်။ ဒါ့အပြင် အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကိစ္စ မြန်မာအစိုးရ တာဝန်ရှိသူတဦးနဲ့ တွေ့ဆုံချိန် သူပြောဆိုခဲ့ တယ်လို့လဲ ဆိုပါတယ်။ ဒီအကြံပေးအဖွဲ့ကို ဖွဲ့စည်းပြီး ကတည်းကဆိုရင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတခုနဲ့ ပထမဆုံးလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါက်တာ Surakiat က အဲဒီလိုပြောထားတာပါ။
ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းချိန်အတွင်း ဒေါက်တာ Surakiat ပြောထားတာတွေကို စုစည်းပြီး မအင်ကြင်းနိုင်က ပြောပြပါမယ်။
Labels:
ဆောင်းပါး
06 January 2018
နိုင်ငံတကာ အကြပ်တည်း စောင့်ကြည့်ရေးအဖွဲ့မှ မြန်မာ့အရေးခန့်မှန်း
၆.၁.၂၀၁၈
ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်အောက်တွင် ထက်မြက်စွာ စီမံခန့်ခွဲနိုင်သူနှင့် ပြတ်သားမှု ရှိသူ တစ်ဦးမှ မရှိဟု နိုင်ငံတကာ စီးပွားရေးစာစောင် The Economic မဂ္ဂဇင်းမှ အကြီးကျယ် ဝေဖန် ထောက်ပြထားသည်။
လက်ရှိတိုင်းပြည်တွင် အခွန်ရှောင်ပြီး ချမ်းသာနေသူများကသာ အရှောင်ခွန်မှ ရထားသော ငွေများနှင့် ချုပ်ကိုင်ထားကြသလို ယခင် အစိုးရ အဖွဲ့တွင် အသက်ပေး ဒူးထောက်၍ နိုင်ငံသစ္စာဖေါက်နေသူများအချို့ကိုပါ ၀န်ကြီးများအဆင့် ထိအပ်နှင်း၍ တိုင်းပြည်ကို ပူးတွဲပြုပြင်ပြောင်းလဲမည့်သဘော မအောင်မြင်ကြောင်း တဖြေးဖြေး သိသာထင်ရှားလာသည်။
Labels:
ဆောင်းပါး
Subscribe to:
Posts (Atom)





