အောက်တိုဘာ
၁၅ -
စိုင်းအေး
-
ထိုင်းနိုင်ငံ
ခြုံဘူရီခရိုင် ချောင်းစမေ စံ(အချောင်လှေ ဆိပ်)တွင် ၁၈လကြာရောင်းစား ခံရာ က ထွက်ပြေး လွတ်
မြောက်လာသည့် မြန်မာ အလုပ်သမား တစ်ဦး၊ မဟာချိုင် တောမော (လ၀က) သို့ ငွေပေးပြီး မဲဆောက်သို့
လာခဲ့ရရုံး သာမက မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွင်မှာ ပါ ငွေပေးမှ အပြင်ကို ထွက်ခွာခွင့်ရကြောင်း
ပြောသည်။
ရန်ကုန်တိုင်း ဖေါင်ကြီး နေ အသက်၃၃ နှစ်အရွယ်
မုန်းတိုင်း(ခ) သန်းမင်းနောင် သည် အောက်တို ဘာလ ၁၂ ရက်နေ့က
ဈေးဝယ်ရန်ဟု အကြောင်းပြလျှက် လှေဆိပ်နှင့် ၃ကီလိုမီတာအထိ ထွက်ပြေး နိုင် ခဲ့သည်။ ဘန်ကောက်မြို့အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဖုန်းဆက်အကူ ညီ တောင်းခံလာခဲ့သည်။