၂၀၁၃ ခု ဇန်န၀ါရီ ၁၉
မင်းဘခက်
“ ကျမ အင်ဒိုလှေဆိပ်မှာ ရောင်းစားခံရခါနီး ကယ်တင်တဲ့အဖွဲ့တွေ အချိန်မီရုံလေး ရောက်လာလို့ လွတ်လာတာပါ။ အဲဒီကနေ အခြား၆ယောက်ကို ပထုံဌာနီကယ်ဆယ်ရေး စခန်းထဲကို ပို့လိုက်တယ်။ ကျမကို အိမ်ထောင်ရှင်မဟုတ်တဲ့အတွက် နွန်ထဘူ ရီ ရေလယ်ကျွန်းက အမျိုးသမီးစခန်းထဲ ကိုပို့ လိုက် တယ်။
အဲဒီထဲမှာ ၂နှစ်ကြာတဲ့သူ၊ ၁နှစ်ကြာတဲ့သူ ၈လကြာတဲ့သူ၊ ဦးကျော်သောင်း ကို ကျန်ဆဲနေတဲ့သူတွေနဲ့ 
သွားတွေ့ရတယ်။ ကျမ၃ ရက်လောက်နေခဲ့တယ်။ စခန်းက တာဝန်ရှိတဲ့အမျိုးသမီးတွေကိုမေးတော့
အနည်းဆုံး ၆လကြာမယ်ဆိုတော့ ကျမ မနေနိုင်ဘူးလေ။ ကျမ မှာ မိသားစုစားဝတ်နေရေးအတွက်
အလုပ်လုပ်ပြီး ပိုက်ဆံပို့ရမှာ၊ ကျမ ထမင်းမစားပဲနေတယ်၊ တွေ့ ကရာတွေနဲ့ လက်တွေခြေတွေကို ကုတ်
ခြစ်ပစ်တယ်၊ သွေးတွေထွက်လာတယ်၊ ကျမအော်ဟစ်တယ်၊ အော်ငိုတယ်၊ ခုတော့ ကျမကို ပြန်ပို့လိုက်
လိုက်ပြီးရှင့်” ဟု မြ၀တီ ကို ယနေ့ ပြန်ပို့ခံရသည့် မခင်ဦးဆွေ က ၀မ်းသာစွာပြောသည်။
မခင်ဦးဆွေနှင့်အတူ မဟာချိုင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းမှ ပြန်ပို့ခံသူ ၅၀ဦး ခန့် မှာ မြ၀တီ DKBA ဂိတ်ထဲတွင်ဘတ်ငွေ၁၅၀၀ ဖြင့်ရွေးထုတ်သွားကြ ပြီးဖြစ်သည်။ သူမမှာ ရွေးစရာငွေမရှိသဖြင့် အကူ ညီေ တာင်းခံလာခဲ့ခြင်းဖြစ်သည်။
“သမီးကိုထိုင်စောင့်နေတဲ့ DKBA ဂိတ်ထဲ က အမျိုးသားရဲ့ မိန်းမမှာ ၀တ်ထားလိုက်တဲ့ ရွှေတွေ ညွတ်နေတာပဲ၊ ထိုင်းကိုပြန်သွားမလား၊ ဘာလုပ် မလဲ မေးတယ်။ ဒီလောက် ဒုက္ခရောက်လာတာ ကျမတို့ ဘတ် ၁၅၀၀ နဲ့ ၂၀၀၀ ပေးမှ ဒီ အထဲက လွတ်တယ်၊ မရွေးနိုင်တဲ့သူတွေ ပြည့်တန်ဆာခန်းရောက် သွားကြ တယ်၊ ပွဲစားတွေနဲ့ မြ၀တီဘက် ကို ပြန်ကူး သွားကြတယ်၊ နေနစ်သူတွေကို ၀ါးကူးထိုးကြတာ၊ မတရား စီးပွားရှာကြတာ ဖြစ်တယ်” ဟု သူမ ကဆက် လက်ပြောဆိုသည်။
ခါးတစ်ထည် ကိုယ်တစ်ခုတည်းဖြင့် အကျဉ်းကျခံရာမှ လွတ်မြောက်လာခဲ့ရပြီး မိခင်မြန်မာမြေကို
မြေနင်းခ တောင်းစားနေသည့် အဓမ္မ သူတောင်းစားများ မြ၀တီတွင် ဂိတ်ပေါင်းများစွာ ဖွင့်နေတာ မဖြစ်
သင့်ကြောင်း၊ လူကို ရောင်းကုန်ပစ္စည်း၊ အသုံးခံပစ္စည်းအဖြစ်သာ ရှုမြင်ပြီး လူစိတ်ပျောက်နေကြသည့်
လောဘသားများမှာ ဘယ်သူ၏ ခွင့်ပြုချက်ဖြင့် ဤမျှ အတင်းရဲစွာ စီးပွားရှာနေခွင့်ရရှိသည်ကို သူမ နားမလည်နိုင်ကြောင်း ရင်ဖွင့်ပြန်သည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က မေတ္တာ ရပ်ခံ အကူညီတောင်းခံသဖြင့် မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းမှုအဖွဲ့တို့၏ ကူညီဆောင်ရွက် မှုကြောင့် မခင်ဦးဆွေမှာ DKBA ဂိတ်ထဲတွင် ပိုက်ဆံမပေးခဲ့ရပေ။ ထို့အပြင် မြ၀တီလူကုန်တား၏ ကူညီမှုဖြင့်သူမနေရပ်ရင်းသို့လည်း ပြန်သွားရမည် ဖြစ်သည်။
မခင်ဦးဆွေသည် ဇန်န၀ါရီလ ၂ ရက်နေ့က မဟာချိုင် အင်ဒိုလှေဆိပ်တွင် ပူးပေါင်းအဖွဲ့ တို့ ကယ်တင်နိုင်ခဲ့သည့် အလုပ်သမား ၇ဦးတွင်ပါဝင်သူတစ်ဦး ဖြစ်သည်။သူမတို့မှာHRIကုမ္ပဏီမှ MOU ဖြင့် တင်ပို့ လိုက်သည့်အလုပ်သမားများလည်းဖြစ်ကြသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းကအရှေ့တောင်အာရှမှာလူကုန်ကူးမှု၊အဓမ္မခိုင်းစေမှုအဖြစ်ဆုံး
ဖြစ်နေတဲ့ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံရသူတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ အကာအကွယ်၊ ရသင့်ရထိုက်တဲ့အခွင့်အရေး ပေးတဲ့ဥပဒေမရှိဘူး။ ထိရောက်တဲ့ ကူညီမှုပေးနိုင်တဲ့ အဖွဲ့အစည်းမရှိဘူး။ အဲဒီနွန်ထဘူရီ ရေလယ်ကျွန်းက အမျိုးသမီးကယ်ဆယ်ရေးစခန်း ထဲမှာ လပေါင်းများစွာ ပြင်ပနဲ့ ဖုန်းလည်း မဆက်ရ၊ တစ်ကျွန်းစံနေရတာ၊ လပေါင်းများစွာ အခကြေးငွေ တစ်ပြား တစ်ချပ်မှမရပဲ နေရတယ်၊ လပေါင်းများစွာ အဲဒီအထဲမှာ သကြားရည်နဲ့ လူထားတဲ့ ထိုင်းအစား အစာ ချိုချိုအီအီကိုစားပြီးနေရတာ၊ နယ်စပ်ကို ပြန်ပို့တော့ DKBA ဂိတ်ထဲကို အပို့ခံရတယ်။ လူကုန်ကူးခံခဲ့ ရတဲ့သူတွေ ဘာစရိတ်နဲ့ အိမ်ကိုပြန် ကြမလဲ၊ ထိုင်းကိုပြန်ဝင်မယ်ဆိုရင်ကော မိမိကိုယ်ကို ရောင်းပြီး လူကုန် ကူး သူတွေနဲ့ပဲ ဆက်သွယ်ရတယ်၊ ဒါတွေကို ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP လည်းသိ တယ်။ မြန်မာလူကုန်တားအဖွဲ့လည်း သိတယ်” ဟုပြောသည်။
ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ ထိုင်းအစိုးရက လူကုန်ကူးခံရသူများအား တစ်နှစ် တာနေထိုင် အလုပ်လုပ်ခွင့်ပြုမည်ဟု ၂၀၁၁ ခု ဧပြီလ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သော် လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွင့်ပြုခဲ့ခြင်း မရှိသေးပေ။ လူကုန်ကူးခံရသူများ အစိုးရသက်သေ အဖြစ် ထွက်ဆို၍ နှစ်နှင့်ချီ၍ အကျဉ်းထောင်နှင့် ကယ်ဆယ်ရေးစခန်းတို့တွင်အကျယ်ချုပ်နေထိုင်ခဲ့ကြရသော်လည်း လူကုန်ကူးမှုကို ကျူးလွန်သည့် ထိုင်းလုပ်ငန်းရှင်နှင့်ပွဲစားများမှာ တစ်ညမျှပင် အချုပ်ခန်းထဲတွင် နေစရာမလိုပေ။
လူကုန်ကူးခံရသူများလုပ်ကိုင်ခဲ့သည့် လုပ်အားခများသည်၎င်း၊ပိုင်ဆိုင်သည့်ပစ္စည်းများသည်၎င်း မည်သည့်
အဖွဲ့အစည်းကမျှ သိမ်းဆည်းထားနိုင်ခြင်း၊ ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသေးပေ။