30 June 2013
29 June 2013
26 June 2013
25 June 2013
24 June 2013
"မဟာချိုင် CPF ငါးပုဇွန် အလုပ်ရုံ မြန်မာအလုပ်သမားများ ဆန္ဒပြ"
ဇွန်လ ၂၄ မင်းဘခက်
မဟာချိုင်မြို့ ဖလန်ဆောင်လမ်းမကြီးတွင် ရှိသော
CPF ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်ရုံတွင်ရာပေါင်းများစွာရှိသော
မြန်မာ အလုပ် သမားများက အခွင့်အရေးချိုးဖေါက်ခံနေရမှုများ အတွက် ဆန္ဒပြ ခဲ့ကြရာ မူအားဖြင့် ပြေလည်မှုရရှိ ခဲ့ကြောင်း
ကူညီဖြေရှင်းပေးခဲ့သည့် ထိုင်းနိုင်ငံရော က် မြန်မာနိုင်ငံသားများ အဖွဲ့ MAT မဟာချိုင်
တာဝန်ခံက ပြောသည်။
မြန်မာအလုပ်သမား ထောင်ချီရှိသည့် အဆိုပါ အလုပ်ရုံတွင်
အလုပ်ရုံမန်နေဂျာများနှင့် မြန်မာစကား ပြန် တို့က အလုပ်သမားသွင်းခ ဘတ်ငွေ ခြောက်ထောင်
ထက်မနည်းတောင်းခံခြင်း၊ အလုပ်မှ ထုတ်ချင် သည့်အခါ ထုတ်ပစ်ခြင်း နှင့် ခိုင်းလိုသည့် ရက်တွင်ခိုင်းပြီးအလုပ်ရုံပိတ်ချင်သည့်ရက် တွင်ပိတ်ခြင်းနှင့် ထိုသို့ အလုပ်သမားထုတ်ပယ်လိုက်သည်မှာ တစ်ရာကျော်ခန့် ရှိသွားပြီဖြစ်ခြင်းတို့အပေါ် မကျေနပ်သဖြင့်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း
သိရှိရသည်။
Labels:
သတင်း
23 June 2013
21 June 2013
“၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် အား မိခင်ထံသို့ပို့ဆောင်”
၂၀၁၃ ဇွန် ၂၁ မင်းဘခက်
ဘန်ကောက်မြို့
မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော
နကဆ၀န်မြို့ရှိ
အိမ်တစ်အိမ် တွင်၁၀လကြာ အိမ်ဖေါ်အလုပ်ကို လုပ်ကိုင်နေခဲ့ရသည့်
အသက် ၁၅ နှစ် အရွယ် မြန်မာကလေးအလုပ်သမငယ်တစ်ဦးအား ပူးပေါင်းအဖွဲ့ တို့က မေလ ၂၁
ရက်နေ့က မိခင်ထံသို့
ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ဘန်ကောက်မြန်မာသံရုံးမှ
မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ၏ကူညီမှု ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့်အတူ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး၁၃၀၀ အဖွဲ့တို့ ပူးပေါင်း
ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။
Labels:
သတင်း
Subscribe to:
Posts (Atom)