-------------------------------------------------------------------------------------------------------------
၁၅.၅.၂၀၁၇ နေ့ထုတ် မြန်မာ့ပို့စ်ဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါဖြစ်ပါတယ်။
------------------------------------------------------------------------------------------------------------
အာဏာရှင်ဟောင်း
ဦးသန်းရွှေ လက်သိပ်ထိုးသဘောတူခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဦးသိန်းစိန် အစိုးရ လက်ထက်မှာဆိုင်းငံ့ထားခဲ့တယ်။
စုံစမ်းရေးအစီရင်ခံစာကို လျစ်လှူရှုပြီးဆက်လက်အကောင် အထည်ဖေါ်နေ တဲ့လက်ပံတောင်းစီမံကိန်းမြေနေရာကိစ္စနဲ့
ကျောက်ဖြူ-ကူမင်း ဂက်စ်နဲ့ရေနံပိုက်လိုင်း ဖြတ်သန်းရာတစ် လျှောက်
လယ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို ပြေလည်အောင် ယနေ့အထိ မဖြေရှင်းသေးပါ။
ဉာဏ်ပညာအမြော်အမြင်နည်းပါးတဲ့အုပ်ချုပ်သူတွေ
လက်ညှိးထိုးရောင်းစားခဲ့တဲ့ အရှုပ်ထုပ်ဟူသမျှတို့ ကို ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်းကို ဘယ်လို
အကောင်အထည်ဖေါ်မလဲဆိုတာ ဒေသတွင်းမှာစီးပွားရေးသြဇာထူထောင်ဖို့ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံနဲ့
တကမ္ဘာလုံးကအထင်ကြီးလေးစားခံထားရတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊
နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်
၊ လူထုခေါင်း ဆိုတဲ့ဂုဏ်ပုဒ်ဝိသေသတွေကို ပိုင်ဆိုင် ထား တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းကိုပြသရမယ့်
ဉာဏ်ရည်ပြိုင်ပွဲလည်းဖြစ်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့က သမ္မတကြီး ဦးထင်ကျော်
သွားခဲ့တဲ့ တရုတ်ခရီးစဉ်မှာ ဖခင်ဖြစ်တဲ့ စာရေး ဆရာကြီး မင်းသုဝဏ်ရဲ့ရေးသားချက်တွေကိုစုစည်းပြီး
တရုတ်မြန်မာနှစ်ဘာနဲ့စာအုပ်ကို ထုတ်ဝေတာကို ကြည့်ခြင်းအား ဖြင့်
တရုတ်ရဲ့စည်းရုံးရေးကို သဘောပေါက်ဖို့လိုအပ်ပါတယ်။
တရုတ်နိုင်ငံရဲ့မဟာဗျူဟာစီးပွားရေးစီမံကိန်း
“တစ်ခုတည်းသောရပ်ဝန်းတစ်ခုတည်းသော လမ်းေ ကြာင်း One belt and One Road
အကောင်အထည်ဖေါ်ဆောင်ရေးဆိုင်ရာ ထိပ်သီးညီလာခံတစ်ရပ်ကို ၂၀၁၇ ခုနှစ် မေလ ၁၄-၁၅
အတွင်း နိုင်ငံပေါင်း ၁၁၀ ကနိုင်ငံ့ခေါင်းဆောင်တွေစုပြီး တရုတ်နိုင်ငံပေကျင်း မြို့တော်မှာကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အ
ထည်ဖေါ်ဆောင်ရေးကို
မဖြစ်မနေလက်မှတ်ရေးထိုးရလိမ့်မယ်လို့သုံးသပ်နေကြပါတယ်။
“တရုတ်လက်ထဲကသော့”
တရုတ်နိုင်ငံဟာ ဗမာပြည်ကွန်မြူနစ်မှသည်၊ ၀,အလယ်၊
KIA အဆုံး လက်နက်ကိုင်တွေနဲ့ တနည်းမဟုတ် တနည်း ပတ်သက်ဆက်စပ်နေပါတယ်။
တရုတ်ပိုးလမ်းမကြီးတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိရေးဟာ
တရုတ်အတွက်အရေးကြီးပါတယ်။ မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းခြင်း အတွက်အလျှော်အစားအဖြစ်
ကျောက်ဖြူ SEZ ကို လက်ရှိမြန်မာအစိုးရအတွက်ချကျွေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဖြစ်နေပါတယ်။
“ကမ္ဘာလွှမ်းခြုံတရုတ်စီးပွားရေး”
ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက်
မြဒေးကျွန်း ရေနံတင်ဆိပ်ကမ်းကြီးအောင်မြင်ပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်ထဲက
ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်အစိုးရရဲ့ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို
ကုန်း လမ်းရော၊ ရေလမ်းကပါ ကုန်သွယ်ရေးလမ်းကြောင်းချိတ်ဆက်ပေးမယ့် One belt and One
Road လို့ခေါ်တဲ့မဟာဗျူဟာ မြောက် စီးပွားရေးစီမံကိန်းကြီးလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သံနဲ့ သံမဏိတွေဟာ တကမ္ဘာလုံးကို ဖြန့်မကုန်လောက်အောင်ပုံအောနေပြီဖြစ်ပါတယ်။
ဈေးပေါပေါနဲ့ထုတ်လုပ်ရောင်းချနိုင်တဲ့ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုရောင်းချနိုင်ရေးအတွက် One
belt and One Road လို့ခေါ်တဲ့နိုင်ငံတကာကုန်သွယ်ရေးရဲ့တစိတ်တဒေသအဖြစ် ကျောက်ဖြူရေနက်ဆိပ် ကမ်း
ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ အလွန်အရေးကြီးပါတယ်။
“အပေါ်စီးကတရုတ်”
လက်ပန်တောင်းတောင်မှာ
လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့တဲ့သိမ်းကျောင်းတွေ ကိုဖျက်သိမ်း ခဲ့တယ်။
ဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်။ သပိတ်စခန်းဖွင့်ထားတဲ့ ရဟန်း သံဃာတော် အများအပြား
ကို မီးလောင်ဗုံးနဲ့ပစ်ပြီးမီးရှိုဖြိုခွင်းခဲ့တယ်။
ကချင်ပြည်နယ်မှာသစ်တန်ချိန်ပေါင်းများစွာ၊
စက်ယန္တရားအစီးရေ တစ်ရာကျော်နဲ့အတူ တရား မ၀င်တရုတ်လူမျိုးတွေကိုပါဖမ်းဆီးမိခဲ့တယ်။ တရားရုံးကတစ်သက်တစ်ကျွန်းပြစ်
ဒဏ်ချမှတ်ပြီး ၈ရက် အကြာမှာ ပြန်လွှတ်ပေးခဲ့တာကို တကမ္ဘာလုံးက အံ့သြခဲ့ကြရတယ်။
ဝန်ကြီးတစ်ပါးပြောခဲ့ သလို တရုတ် ကိုဘယ်ရွှေ့ဘယ်မျှ ကြောက်စရာတွေရှိနေသလဲဆိုတာ
အစိုးရသာသိရှိမှာဖြစ်ပါတယ်။
“ရွှေတရုတ်ရဲ့ချေးငွေ”
တရုတ်ဟာကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု
၈၅ ရာခိုင်နုန်း ပါဝင်ခွင့်ရအောင်ကြိုး စားပြီး မြန်မာနိုင်ငံကိုစီးပွားရေးအရသြဇာရှိအောင်ကြိုးပမ်းအားထုတ်နေပါတယ်။
မြန်မာဘက်က ၅၀ရာခိုင် နုန်းကျစီိ လိုချင်နေပါတယ်။ မည်သို့ရင်းနှီးသည်ဖြစ်စေ
တရုတ်တို့ထံက ငွေချေရမှာသေချာပါတယ်။
ဒေါ်လာသန်း၅၀ တန် ကျည်ဆန်ရထားစီမံကိန်းအတွက်
အတိုးငွေ သုညဒဿမ ၁ ရာခိုင်နုန်းကျော်နဲ့ ဂျပန်နိုင်ငံဆီမှ အိန္ဒိယနိုင်ငံက ချေးထားပါတယ်။
ဒါပေမယ့် တရုတ်ဟာ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ခ်ျ၊ ပါကိစ္စတန်နိုင်ငံတို့ကို အတိုးနုန်းအများကြီးနဲ့ချေးငှါးထားတာပါ။
ဒါကြောင့် ကျောက်ဖြူစီးပွားရေးဇုန် အတွက် လို အပ်တဲ့ငွေကိုပြန်မဆပ်နိုင်တဲ့အခါအကြပ်ကိုင်ပြီး
ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာလားစဉ်းစားထားဖို့လိုပါ တယ်။ လက်ရှိသီရိလင်္ကာနိုင်ငံအပေါ်မှာ
တရုတ်ရဲ့သြဇာလွှမ်းမိုးလာမှုကြောင့် အိန္ဒိယ၀န်ကြီးချုပ် ကိုယ်တိုင် သွား ရောက်နေရပြီဖြစ်ပါတယ်။
“နစ်နာဆုံးရှုံးမှုများ”
ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)
စီမံကိန်းထဲမှာ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်မှာ တည်ေ ဆာက် မှာဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းများပါဝင်ပြီး၄၂၈၉.၃၂ ဧက (၁၇၃၅.၈၃
ဟက်တာ) မှာတည်ဆောက်မှာဖြစ်ပါတယ်။ ခြုံပြောရလို့ရှိရင်ရမ်းဗြဲကျွန်းနဲ့မာန်အောင် ကျွန်း တို့ဟာ တရုတ်ရဲ့သြဇာအာဏာအောက်ကိုရောက်ရှိသွားနိုင်ပါတယ်။
စက်မှုဇုန်အတွက်မြေဧကထောင်ချီပြီး အသုံး
ပြုလိုက်ရတာကြောင့် မူရင်လက်ငုတ် လယ်သမားတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အလုပ်အကိုင်တွေကို
ယာသက်ပန်လက် လွှတ်ဆုံးရှုံးခံလိုက်ရပါမယ်။လယ်ယာမြေတွေကို
ကို ကာလ တန်ဖိုးဒေသပေါက်ဈေးအတိုင်းသာမက၂ဆပေးသည်ဖြစ်စေ
အဲဒီငွေတွေဟာ အလုပ်လက် မဲ့ဖြစ် သွားကြတဲ့ မြေပိုင်ရှင်တွေလက်ထဲမှာ အချိန်အနည်းငယ်သာခံမှာဖြစ်ပါတယ်။
သုံးကြစားကြ ရင်းနဲ့ လုံးပါးပါးလာကြမှာဖြစ်ပါတယ်။နောက်ဆုံးမှာမြေရောင်းရငွေလည်းကုန်ပြီးအလုပ်လက်မဲ့ဘ၀နဲ့ရွှေ့ပြောင်း
အလုပ်သမားတွေအဖြစ် အခြေနေမဲ့ဘ၀ကို ရောက်ရှိသွားကြရပါမယ်။
ဒါ့အပြင် ရေနံပေပါသန်းချီဆန့်တဲ့ ဧရာမသင်္ဘောကြီးတွေနဲ့
အခြားကုန်တင်သင်္ဘောတွေအ၀င် အထွက်တွေ ကြောင့်ပါ တံငါသည်တွေငါးဖမ်းလုပ်ကိုင်စားသောက်လို့မဖြစ်နိုင်ကြတော့ပါ။
လယ်ယာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းအ လုပ်ကိုသာ လုပ်ကိုင်စားသောက်တတ်ကြတဲ့ ဒေသခံရခိုင်တွေမှာလက်ငုတ် အလုပ်တွေမလုပ်ရတော့ပါဘူး။
လူငယ်တို့ဘ၀အနာဂတ်ပျောက်ဆုံးသွားခဲ့ပြီမို့ ရခိုင်လူမျိုးတွေရဲ့ ကံကြမ္မာ ဟာ မတွေးရဲစရာပါ။
“ဒေသစံဗျူဟာသစ်”
အထူးစီးပွားရေးဇုန်တွေကိုဖေါ်ထုတ်တယ်ဆိုတာတိုင်းပြည်အတွက်ရော
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံ သူ တွေအတွက်ပါအကျိုးအမြတ်လိုချင်လို့လုပ်ကိုင်ကြတာဖြစ်ပါတယ်။
ဒီလူတွေအမြတ်အစွန်းတွေအတွက် ရွှင်လန်းတက်ကြွစွာနဲ့
အကောင်အထည်ဖေါ်ဆောင်ရွက်နေကြ တဲ့အချိန်မှာ ရခိုင်လယ်သမားတွေနဲ့ ရခိုင်တံငါသည်တွေက စားရမဲ့သောက်ရမဲ့
လုံးဝမဖြစ်စေသင့်ပါ။ ဥပဒေ အားနည်းချက်ကြောင့် လက်ပံတောင်းတောင်ဒေသခံတွေကျိန်းစာတိုက်တာတို့၊
ဦးပိုင် ၈၈နှစ် ကွယ်လွန်၊ ဦးနှမ်းဖြူးမျိုးဆက်တို့ဆိုပြီး မလိုလားအပ်တဲ့ဆန့်ကျင်မှုတွေပေါ်ပေါက်ခဲ့တာပါ။
ဖြစ်သင့်တာက ရင်းနှီးမြုပ်နှံသူတွေက စီးပွားရေးဇုန်အကောင်အထည်ဖေါ်နေတာကို
အားသွန်ကြိုး ပမ်း သလို၊ ဒေသခံတွေကလည်း စက်ရုံအလုပ်ရုံတွေမြန်မြန်လည်ပတ်မှအမြတ်အစွန်းတွေရ လာမယ်ဆို တဲ့မျှော့်လင့်ချက်ရှိတဲ့ အစီအမံမျိုးဖြစ်ရပါမယ်။ ဒေသခံတွေက မြေတွေရင်းထားတယ်။ ရင်းနှီးမြှုပ်နှံလာ သူတွေက
နည်းပညာနဲ့ငွေကြေးရင်းနှီးထားကြတယ်။ လုပ်ငန်းလည်ပတ်တာနဲ့ဒေသခံတွေလည်း အကျိုး အမြတ်ဘယ်ရွေ့ဘယ်
မျှရမယ်ဆိုတာမျိုးဖြစ်ဖို့လိုပါတယ်။
ဒီအစီအမံဟာ ဒေသခံတွေကို မခံရစေပဲ ဒေသခံတွေကို စံရစေမယ့် ဒေသစံမဗျူဟာသစ်ချမှတ် လုပ်ကိုင်
ဖို့လိုပါတယ်။ စီးပွားရေးဇုန်ကြောင့်
ဒေသခံတွေနစ်နာဖို့နေနေသာသာ အကျိုးတူပူးပေါင်းဆောင် ရွက်ကြောင်း ခိုင်ခိုင်မာမာစာချုပ်ချုပ်ဆိုလုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်မြန်မာနိုင်ငံထဲက
အဆင်းရဲဆုံး ရခိုင်ပြည်နယ်ဆိုတာ။ လက်ရှိ အချိန် မှာအင်းကျီပြဲ ပုဆိုးပဲဦးထုတ်အပြဲကိုဖာထေးပြီး
ဝတ်ကြရဆဲ၊ သဲကြိုးပြတ်သွားတဲ့ဖိနပ်ကို သဲကြိုး ဆက်ပြီးစီးနေ ကြရဆဲဖြစ်ပါတယ်။ စနစ်တကျ
မစီစဉ်ပဲ တရုတ်လက်ထဲကို ၀ကွက်အပ်လိုက်လို့ရှိရင်တော့ ရခိုင်လူမျိုးဆိုတာ ပြတိုက်ထဲကိုရောက်ရှိသွားပါလိမ့်မယ်။
"စောင့်ကြည့်တဲ့ယန္တရား"
စက်မှုဇုန်ဖေါ်ဆောင်တဲ့ကာလမှာကော ဖေါ်ဆောင်ပြီးကာလတွေမှာပါ
နိုင်ငံတော်အစိုးရရဲ့ အမျိုး သားအဆင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပုံမှန်စစ်ဆေးအရေးယူနေရမှာဖြစ်ပါတယ်။ ဒါ့အပြင်
နည်း ပညာအကူ အညီတွေ၊ စောင့်ကြည့်ကင်မရာတွေ၊ အာရုံခံ ဆင်ဆာစနစ်တွေတတ်ဆင်ပြီး ၂၄ နာရီ
စောင့် ကြည့်နေရပါမယ်။ အစိုးရကစောင့်ကြည့်ရုံသာမက ပြည်သူက စောင့်ကြည့်တဲ့စနစ်တစ်ခုပါမဖြစ်မနေလို အပ် ပါတယ်။
လွတ်လပ်တဲ့ ကြားနေအဖွဲ့တွေမရှိရင် ဘယ်လောက်ပဲကောင်းတဲ့ဥပဒေပြဌာန်းထားပေမယ့် ထိရောက်မှုရှိမှာမဟုတ်ပါဘူး။
ဒါကြောင့် ပြည်သူနဲ့အတူအစိုးရတာဝန်ရှိသူတွေ စောင့်ကြည့်အရေးယူမယ့် ယန္တရားတစ်ခုမရှိမဖြစ်
လိုအပ်တာ ပါ။ ဒါမှလစ်ဟာကွက်တွေကို ပြုပြင်ဖါထေးနိုင်ပြီး ကောင်းမွန်တဲ့အနာ ဂတ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
စက်မှုဇုန်အတွက် ချက်ခြင်းအရေးယူဆောင်ရွက်တဲ့ ဥပဒေနဲ့နေ ရာဌာန အားကောင်းဖို့မဖြစ်မနေလိုအပ်ပါတယ်။
“ကြံလာမယ့်ဆိုးကျိုးများ”
လက်ရှိ မြန်မာနိုင်ငံမှာ စွန့်ပစ်ရေဆိုးတွေကို
စနစ်တကျမစွန့်ပစ်ကြတာကြောင့်ပုဂ္ဂလိကနဲ့အစိုးရ စက်ရုံ အလုပ်ရုံအချို့ကိုပိတ်သိမ်းနေရပါတယ်။ချမ်းသာနေတဲ့တရုတ်နိုင်ငံမှာနေရောင်ကိုမမြင်ရလောက်အောင်ဖြစ်
နေတဲ့ လေထုညစ်ညမ်းမှုကို ဆယ်စုနှစ်နဲ့ချီပြီးဖြေရှင်းနေသည့်တိုင်အောင် မရှင်းနိုင်သေးပါ။
နီပေါအစိုးရက
ဗုဒ္ဓမြတ်စွာဖွားမြင်ရာ လုမ္ဗနီဥယျာဉ် ကနေ ၉မိုင်ခွဲအကွာမှာသာ စက်ရုံတွေကိုတည်
ဆောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လုမ္ဗနီဥယျာဉ်အနီးတ၀ိုက်မှာသာမက
ဂင်္ဂါမြစ်ဝှမ်းတလျှောက်လုံး မှာ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရော၊ တရားကျင့်ကြံသူ၊
ဘုရားဖူးတွေပါ ခွဲစိပ်ခန်း သုံးနှာ ခေါင်းပိတ်နဲ့ သွားလာနေကြရပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ
စက်ရုံတွေကို ပြောင်းရွှေ့ဖို့က လည်း မဖြစ်နိုင်ပဲ အကြပ်တွေ့ရပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ
လေကောင်းလေသန့်ရရှိနေတဲ့ ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းတို့ဟာ အထူးစီး ပွားရေး ဇုန်က
စွန့်ပစ်လာမယ့် ဓာတုဗေဒ စွန့်ပစ်ပစ္စည်းတွေ၊ ပြဒါး၊ စွန့်ပစ်ဆီဟောင်း
(Waste Oil) နဲ့ ညစ် ညမ်းတဲ့ရေ ဆိုး (Waste Water) တွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့
ရေထု၊ မြေထုတွေကို ညစ်ညမ်း ထိခိုက်လို့ ဂေဟ စနစ် (Ecosystem) နဲ့ အစာကွင်းဆက်တွေကို
ဆိုးဆိုးရွားရွား ထိခိုက်လာမှာသေချာပါ တယ်။ ဒါကြောင့်
ရခိုင် အစားအစာထဲမှာမပါမဖြစ်တဲ့ ငါးပိကို ရခိုင်ပင်လယ်၊ မြစ်၊ ချောင်းထဲမှာငါးပုဇွန်၊
မျှင်တွေမရှိတော့တာကြောင့် အခြားဒေသတွေက မှာယူစားသောက်ကြရမှာဖြစ်ပါတယ်။
နိုင်ငံတကာခရီးသွားလုပ်ငန်းအေဂျင်စီတွေရဲ့စစ်တမ်းအရရော ပုဂံဈေးသည်တွေကပါ တရုတ်လူ မျိုးတွေ
ဟာရိုင်းစိုင်းကြတယ်လို့ဆိုထားကြပါတယ်။ လယ်မြေသိမ်းခံအလုပ်လက်မဲ့ ဆင်းရဲသားပညာ မတတ်ကြတဲ့
ဒေသခံနေ့စားရခိုင်အလုပ်သမားတွေကို ကိုလိုနီပြုခံလိုများဆက်ဆံလာလေမလားလို့စိုး ရိမ်တာတော့အမှန်ပဲ။
ထွန်းနေရောင်(စနဲ)