11 February 2016

“အကျင့်ပျက်အေဂျင်စီတွေကြောင့် အလုပ်သမားများနစ်နာဆုံးရှုံးမှုများပြားနေ”



          

၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁၁ ရက်
စောခွန်ခက်တီး

 အေဂျင်စီများ၏အနိုင်အထက်ပြုကျင့်မှုများကြောင့် MOU အလုပ်သမားများစွာ နစ်နာနေကြဆဲဖြစ်ေ ကြာင်း MAT အဖွဲ့ကပြောသည်။

     မြန်မာအေဂျင်စီ LIBRALIFE  SERVICE  နှင့် ထိုင်း  ISS SUPPORT SERVICE အေဂျင်စီတို့က ၂၈၊၅၊ ၂၀၁၅နေ့က (ကျား၂၅+မ၂၀)=၄၅ဦးတို့ ထိုင်းနိုင်ငံ ကုန်တိုက်တွင်ပါကင်ထုတ်ခြင်း၊ ခြင်း များဆေးကြော ခြင်းများလုပ်ရမည် ဟုဆိုကာတင် သွင်းလာခဲ့သည်။ 

    အလုပ်သမားအချို့တို့ကိုအခြားနေရာသို့ပို့ထားပြီး စာချုပ်ပါနေရာတွင် အလုပ်သမား၃၀ဦး ရှိသည်ဟု အလုပ်သမားများကပြောပါသည်။

         အလုပ်သမား ကိုနေထက်လင်း က" ပတ်စပို့စာအုပ်က ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်လာ
တာပါ။  ပွဲစားဒေါ် ခင်တင့် ကိုတစ်ဦးလျှင် ကျပ်ငွေငါးသောင်းပေးရပြီး LIBRALIFE  SERVICE      အေဂျင်စီမှ ဒေါ်ပပကို ကျပ်ငွေ လေးသိန်းခွဲစီပေးခဲ့ရတယ်။ ထိုင်းမှာလည်း  စာအုပ်ဖို့ အတွက် ဘတ် ငွေ တစ်သောင်း ဖြတ်ထောက်ခံထားပြီးပါတယ်၊ ခုကျနော်တို့အလုပ်ပြုပါပြီ၊ ပွဲစားက ပြန်ပို့မယ်လို့ပြောပါတယ်"   ဟု ပြောသည်။

            စာချုပ်သက်တမ်းပြည်သည်ဟုဆိုကာ အလုပ်သမားများအား ၃၀၊၁၊၂၀၁၆ နေ ကတည်းက အလုပ်သမားများအလုပ်ပြုတ်နေကြပြီဟုဆိုသည်။ အချို့မှာ လုပ်အားခကျန်ငွေ လည်းမရ၊ ရက်ပေါင်ဟုဆိုသည့် ၁၀ ရက်စာလုပ်အားခလည်းမရသဖြင့် စိတ်ဓါတ်ကျနေသည် ဟုဆိုသည်။ အလုပ်သမားများမှာ စိတ်ဓါတ် ကျ၍ နေရပ်သို့ပြန်ကြမည်ဟုဆိုသည်။

           သို့ရာတွင် အလုပ်သမား= နေထက်လင်း၊ တင်လင်းအောင်၊ ၀ါဝါလှိုင်နှင့် မတင်မာမြင့် တို့ကမူ စာချုပ်ပါအတိုင်း ၂နှစ်ပြည်အောင် အလုပ်လုပ်ချင်သေးကြောင်းပြောပါသည်။ LIBRALIFE  SERVICE အေဂျင်စီသို့ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ဟုဆိုသည်။..............


    Pyae Aung Kyaw အေဂျင်စီ နှင့် V. D.Group အလုပ်သမား(ကျား၁၅ဦး+မ၃၁ဦး) ပေါင်း ၄၆ဦးတို့သည် ရန်ကုန်ပင်လုံခန်းမတွင် စာချုပ်ချုပ်ဆိုစဉ်ကကျပ်ငွေ သုံးသိန်းခွဲပေးခဲ့ရသည်။ ထိုင်းနိုင်ငံသို့ ၂၊၁၁၊၂၀၁၅ နေ့က ရောက်လာခဲ့ကြသည်။

        အလုပ်သမားများအားလုပ်အားမပေးခြင်း၊ ရိုက်နှက်ခြင်းများပြုကျင့်သဖြင့် အလုပ်သမား အချို့ပြန်သွားခဲ့ကြပြီးဖြစ်သည်။ ၃၊၂၊၂၀၁၆ နေ့ကဂေါက်သီးလုပ်ငန်းရှင်ကိုယ်တိုင်ရိုက်နှက်ရာ မဇင်မာမြင့်   က ငုံ့ရှောင်လိုက်သဖြင့် ဘာမှမဖြစ်ခဲ့သော်လည်း ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊   ဖေါင်တော်သီကျေး ရွာမှ အသက်၂၂နှစ်အရွယ် မဝေ မှာ ဘယ်လက်ခုံရောင်ကိုင်း သွားခဲ့ပါ သည်။

           အလုပ်သမားတစ်ဦးစီထံမှ ပတ်စပို့ဖို့ ဘတ်ငွေ ၄,၀၀၀ စီဖြတ်တောက် ထားပြီးဖြစ် ပါသည်။ ယခုအခါ အလုပ်သမားများအား အလုပ်လည်းမခိုင်းတော့ပဲ ပြန်ပို့မည်ဟုပြောနေပါ သည်။ အလုပ်သမား ၆ဦးမှာ (စိုးညီညီအောင်=၁၅,၁၀၄ ဘတ်၊ ဇေယျာဝင်းထက်= ၁၅,၁၄၀ ဘတ်၊ ဇော်မြင့်=၁၅,၆၈၄ ဘတ်၊ စာအုပ် ရွေးပြီး။ နှင်းမြတ်မိုး= ၁၄,၇၀၀ ဘတ်၊ ဇင်မျိုးသက်= ၁၄,၇၀၀ဘတ်၊ဇင်မာမြင့်= ၁၄,၇၀၀) စုစုပေါင်း လုပ်အားခရရန်ကျန်ငွေမှာ ၉၀,၀၂၈ ဘတ်ဖြစ် ပါသည်။  
   
ကျော်လင်းထိုက် ဆိုသူ မှာ ယနေ့စာအုပ်ကို=ဘတ်၁၀,၀၀၀ ပေးပြီး ပြန်သွားမည်ဟုဆိုပါသည်။


    MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“MOU နဲလာတဲ့အလုပ်သမားက မြန်မာပြည်မှာ ငါးသိန်းကုန်ခဲ့ပြီ။ ထိုင်းမှာ ဘတ်ငွေတစ်သောင်း(ကျပ်ငွေသုံးသိန်းခွဲခန့်)ပေးဆပ်ပြီးပြီ။ ဒါတွေ ကို မြန်မာအေဂျင်စီနဲ့ထိုင်းအေဂျင်စီက အမြတ်ယူလိုက်ပြီ။ သူတို့မြတ်ပြီးတာနဲ့ အလုပ်သမားေ တွ စိတ်ဓါတ်ကျအောင်လုပ်မယ်။ အလုပ်သမားတွေပြန်ရင် အဲဒီ အလုပ်သမားခေါ်စာနဲ့ အလုပ် သမားထပ်သွင်းမယ်။ ဒီလိုပဲ လုပ်စားနေကြတာ။ အဲဒါကြောင့် ကျနော်က MOU ဆိုတာ တရား ၀င်လူကုန်ကူးတာလို့ပြောနေတာ။ သိပ်မှန်တယ်လို့လက်မ, ထောင်နိုင်တဲ့ အေဂျင်စီ တစ်ခုေ လာက် အလုပ်သမားခေါ်စာတစ်စောင်လောက် အဖွဲ့စုံသတင်းသမားတွေအစုံရှေ့မှာ လာစစ် လှဲ့ပါလို့ ကျနော် ရန်ကုန် အလုပ်သမားဝန်ကြီးဌာနအစည်းဝေးမှာ မီဒီယာတွေရှေ့မှာ ပြောဖူး ပါတယ်”ဟုပြောသည်။

        လူကုန်ကူးမှုလျှော့နည်းပပျောက်စေရန်အတွက်ဟုဆိုကာ ထိုင်းနှင့် မြန်မာအစိုးရတို့က MOU အလုပ်သမားတင်သွင်းခြင်းအား ၂၀၀၉ ခုနှစ်ကစတင်အကောင်အထည်ဖေါ်ဆောင်ခဲ့ရာ ယခုအခါ မြန်မာအလုပ်သမားပေါင်း နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီဖြစ်ပါသည်။ မှန်မှန်ကန်ကန် လုပ် ကိုင်သည့် အေဂျင်စီမှာ အထူးနည်းပါးသည်။ အေဂျင်စီပွဲစားအချို့သည် အလုပ်သမားအာဏာ ပိုင်များနှင့်ပူးပေါင်း၍ အလုပ်သမားခေါ်စာအတုများဖြင့် အလုပ်သမားများတင် ပို့ခြင်းများရှိနေ ခဲ့သော်လည်းထိရောက်သည့်အရေးယူမှုမရှိခဲ့သဖြင့် အေဂျင်စီများ၏အနိုင်အထက်ပြုမူခြင်း
 ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မှ မြန်မာအလုပ်သမားများစွာနစ်နာဆုံးရှုံးနေရဆဲဖြစ်သည်။

        MOU စည်းကမ်းချက်အရ မူလစာချုပ်ပါ အလုပ်ခွင်တွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်   ပြောင်းရွှေ့ ခွင့်မပြုထားပေ။ သို့ရာတွင် ယခုအခါ ထိုင်းနိုင်ငံအနှံ့ သန်းနှင့်ချီ၍  ၆နှစ်သက်တမ်း ကုန်ဆုံးနေကြသည့် မြန်မာအလုပ်သမားများအား MOU ဖြင့် ပြန်သွင်းရမည်ဟု အစိုးရသတ် မှတ်ထားခြင်းမှာ အလွန်စိတ်ပျက်စရာကောင်းကြောင်း MAT အဖွဲ့ကပြောသည်။ NLD အစိုးရ
သစ်လက်ထက်တွင် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာမူဝါများပြောင်းလဲလာနိုင်မှ မြန်မာ
အလုပ်သမားများ ဘ၀လုံခြုံစိတ်ချရနိုင်ကြောင်း MAT ကမျှော်လင့်သည်။





“မြန်မာအလုပ်သမားများအထူးသတိထားသွားလာနေထိုင်ကြရန် MAT နှိုးဆော်”



        
၂၀၁၆ ဖေဖေါ်ဝါရီလ ၁၁ ရက်
လွမ်းသူ
      
 


 






    မြန်မာအလုပ်သမားများသည် တစ်နေ့ တ   ခြားနေထိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်းေ ကြာင့် နေရာအနှံ့ ထိုင်းရဲများဖမ်းဆီးငွေညှစ်ြ ခင်းခံရသကဲ့သို့လုပ်ငန်းခွင်အတွင်းတွင်လည်း အနိုင်ကျင့်ခံနေကြရသဖြင့် အထူးသတိထား   နေ ထိုင်လုပ်ကိုင်သွားလာကြပါရန် MAT အဖွဲ့က ယနေ့နှိုးဆော်လိုက်သည်။

      ယမန်နေ့ညနေ ၉နာရီခန့်ကစမုတ်စာခွန် ခရိုင် မဟာချိုင်နယ်မြေ အုန်းနွဲ့ဖက်ကစင် ၁၁၄ လမ်းတွင်ရှိ သော သံတံခါးအမျိုးမျိုး ထုတ်လုပ် သည့် အလုပ်ရုံအတွင်း နေထိုင်ကြသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ တို့နေထိုင်သည့် အခန်းသို့ အတူတူအလုပ်လုပ်ကိုင်ကြသည့် ထိုင်းလူမျိုး၎ဦးဝင်ရောက်လာခဲ့ပြီး ဓါးဖြင့်တိုက် ခိုက်ခြင်းကိုခံခဲ့ရသည်။

           ညာဘက်လက်ဖျံနှင့် ဘယ်ပေါင်ရင်းတွင် ဓါးထိုးခံခဲ့ရသည့် မော်လမြိုင်မြို့မှအသက် ၃၂ နှစ် အရွယ် ကိုမောင်မောင်သည် ယနေ့နံနက်ပိုင်းက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ   ရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။ 

         MAT ဆက်သွယ်ရေးတာဝန်ရှိသူ ကိုသန့်ဇင်ထက် က“ ထိုင်းတွေ သက်သက် အနိုင် ကျင့်တာပါ။ လုပ်ငန်းရှင်က ရန်ရှာတဲ့ ထိုင်း   တွေကို အလုပ်ထုတ်လိုက်ပါပြီ။ ကိုမောင်မောင် ကို အလုပ်မလုပ်   နိုင်ပေမယ့် အလုပ်ထဲကိုလာခဲ့ ပါ။ နေ့တွက်ပေးမယ်လို့ပြောပါ တယ်။ နောက်ဒါမျိုး မဖြစ်အောင် လည်း လုပ်ငန်းရှင်က တာဝန်ယူ ပါတယ်” ဟု လုပ်ငန်းရှင်နှင့်ညှိနှိုင်းခဲ့မှုကိုပြောသည်။

        ယမန်နေ့က ထိုင်းနိုင်ငံ အရှေ့ ဘက် ခေါင်ကဲန်မြို့တွင် လည်း ၀တ်ပါမစ်နှင့် ပတ်စပို့ရှိ သည့် အလုပ်သမား၂ဦးကို ထိုင်းလက ကဖမ်းဆီးခဲ့သည်။ ၀တ်ပါမစ် နယ်မြေမတူဟု ဆိုပြီး အလုပ်သမားတစ်ဦးအား ဘတ်ငွေတစ်သောင်းစီတောင်းခံခဲ့ သည်။ ဆောက်လုပ်ရေးထိုင်း လုပ်ငန်းရှင်က ထိုအလုပ်သမား၂ဦးကို ဘတ်ငွေ နှစ်သောင်း ပေး၍ ရွေးထုတ်ခဲ့ရသည်။


      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း  က“အလုပ် သမားတွေ ဘန်ကောက်မှာလည်း မတရားဖမ်းဆီးငွေညှစ်ခံနေရ တယ်။ မဟာချိုင်ကတော့ အဆိုး ဆုံးပါပဲ။ ဖမ်းတဲ့ပုလိပ်က နဲနဲ ဘာသာပြန်နေတဲ့ ဗမာတွေက ကဲကဲ ဖြစ်နေတယ်။ မဟာချိုင်ရဲ စခန်း အောက် ထပ်မှာ တစ်နေကုန်ပဲ၊ ဖမ်းလိုက်ရွေးလိုက်၊ ပြန်လွှတ်လိုက်၊ ပွဲတော်ကြီးပဲ။   မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေကော ပတ်စပို့သက်တမ်းတိုးပြီးပြန်တက်လာသူတွေပါ မဲဆောက်လမ်းမှာ ပိုက်ဆံပေးနေရတယ်။ ဒါကို မြန်မာအစိုးရ ထိထိရောက်ရောက် လုပ်မှမြန် မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေသက်သာမယ်။မြန်မာအစိုး ရ အကာအကွယ်မပေးနိုင်ခင် စပ်ကြားမှာ မြန်မာတွေ အထူးသတိထားနေထိုင်သွားလာကြပါ”ဟုနှိုးဆော်သည်။

09 February 2016

"မြန်မာအလုပ်သမတစ်ဦး ကလေးမွေးပြီး၈ရက်အကြာမှာ၊ မဲဆောက်မှာအဓမ္မခိုင်းစေခံရ"



“မဲဆောက်ကအိမ်အလုပ်ရုံတစ်ခုမှာ ကလေးမွေးပြီးခါစအလုပ်သမကိုအလုပ်ခိုင်”



         
၂၀၁၆  ဖေဖေါ်ဝါရီ ၉
မင်းဘခက်

        ကလေးမီးဖွားပြီး ၈ရက်အတွင်း အလုပ်ပြန်ခိုင်းသဖြင့် မိခင်မှာ ကျမ္မာရေးအရစိုးရိမ်ရ၍ မဲဆောက် အခြေစိုက် ALC အလုပ်သမားအဖွဲ့က ကူညီစောင့်ရှောက် ထားကြောင်း သိရသည်။

       ကျော်ဇင်။ ၃၃နှစ်၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နှင့် မိုးမိုးအေး။ ၃၃နှစ်၊ ပဲခူးတိုင်း၊ တောင် ငူခရိုင်၊ အုတ်တွင်းမြို့တို့ ဇနီးမောင်နှံ တို့တွင် ၂၃၊ ၁၊ ၂၀၁၆ ခုနှစ်တွင်   မေတော်ဆေးခန်းတွင် ယောက်ျား ကလေးတစ်ဦးမွေးဖွားခဲ့သည်။ 

         မမိုးမိုး က“မယ်တော်ဆေးခန်းမှာ သွေးသွင်းပြီးမွေးဖွားခဲ့ရပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ဆေး ရုံမှ ဆင်းလာခဲ့တယ်။ ၃၁ ရက်နေ့မှာအလုပ်ဆင်းခိုင်းပါတယ်။ မနက်၈နာရီမှ ည၁၀နာရီအထိစက်ချုပ်ခဲ့ရ တယ်။ မွေးလမ်းကြောင်းက သွေးတွေကျလာတဲ့အတွက် သမီးမလုပ်နိုင်တော့ဘူး။ မလုပ်နိုင်ရင် အလုပ် ထွက်ဆိုပြီး ၁၊၂၊၂၀၁၆ နေ့မှာ သမီးတို့လင်မယား၂ယောက်ကို အလုပ်ကထုတ်လိုက်ပါတယ်” ဟုပြော သည်။

      ၈၊၂၊၂၀၁၆ နေ့က  မဲဆောက်အခြေစိုက်ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ALCရုံးတွင်ကူညီစောင့်   ရှောက် ထားကြောင်းသိရသည်။

ALC တာဝန်ခံ ကိုအောင်အောင် က “ အလုပ်ရှင်က ခြိမ်းခြောက်ပြောဆိုသည်။ အလုပ်သမားအခွင့်အရေး ရှုထောင့်ကကြည့်ကြည့် လူ့အခွင့်အရေးရှုထောင့်ကကြည့်ကြည့် မွေးလူနာတစ်ယောက်ကို အလုပ်မခိုင်း သင့်ဘူး။ ခု အဖွဲ့ပေါင်းစုံနဲ့ အမှုဖွင့်ထားပါပြီ” ဟုပြောသည်။

      အဆိုပါ အလုပ်သမားဇနီးမောင်နှံတို့သည် ပုတ်ပြတ်အလုပ်သမားများဖြစ်ပြီး တစ်လလုပ်အား ၂ဦး အတွက် ဘတ်ငွေလေးထောင်ကျော်သာရရှိသည်။ သူတို့တွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်းသိရသည်။

မဲဆောက်ကမ်းနဖူး၊ ၀တ်သခရီးရမ် အရပ်တွင်ရှိသော အိမ်တွင်း အထည်ချုပ်အလုပ်ရုံတွင် ပုတ်ပြတ် လုပ်ကြရပြီး လင်မယား၂ဦးလေးထောင်ကျော်သာရရှိခဲ့ပါသည်။



အသက် ၁၉နှစ်အရွယ် မိန်းကလေး အပါအဝင် မြန်မာ အလုပ်သမားနှစ်ဦးကို မဟာချိုင် ပုလိပ် ထပ်မံ ဖမ်းဆီး



8.2.2016|မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့တွင် အသက် ၁၉နှစ် အရွယ် မိန်းကလေး တစ်ဦးအပါအဝင် မြန်မာ အလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၈ရက် ညနေ ၅နာရီခန့်က မဟာချိုင်ဈေးကြီးအနီးမှ ကားဂိတ်တွင် ပုလိပ်များက ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူများထံမှ သိရှိရသည်။

ကြံပူရီခရိုင်၊နကော့ပထုန်မြို့နယ်၊ဘန်ဖယိုမြို့တွင် နေထိုင်သော အသက် ၁၉နှစ် အရွယ် မခင်ဇော်နှင့် အသက် ၂၀ အရွယ် ကိုဇော်မင်းဦးတို့ကို ပုလိပ်က ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ မိန်းကလေးထံမှ ချဲနံပါတ်စာရွက်တွေ့ရှိသည်ဟုဆိုကာ ပုလိပ်က ဘတ် နှစ်သောင်း ၊ လူငယ်တွင် အလုပ်လုပ်ခွင့် လက်မှတ် မပါသည်ဟုဆိုကာ ဘတ်သုံးထောင် တောင်း ခံခဲ့ကြောင်း၊ ယင်းနောက် မဟာချိုင် ရဲစခန်းထံ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ငွေတောင်းခံရသူ နှစ်ဦးက ပြောကြားသည်။
 

08 February 2016

“ထက်မာန်အေဂျင်စီအလုပ်သမား၁၁ဦးကိစ္စ အလုပ်သမားသံအရာရှိနှင့် MAT ပူးပေါင်းဖြေရှင်း”


၂၀၁၆ ဖေဖေါ်ဝါရီ ၈ ရက်
မင်းဘခက်

ထက်မာန်အေဂျင်စီမှ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်သို့ ပို့ဆောင်ထားသည့် အလုပ်သမား ၁၁ဦး တို့အခက်အခဲအား အလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ပြေလည်သွား ခဲ့ပြီဖြစ်ပါသည်။

မကွေးတိုင်းမှ အလုပ်သမား ၁၁ ဦးတို့အား လုပ်အားခ ဘတ်တစ်သိန်းတစ်သောင်းအား ရှင်းမပေးသည့်အပြင် ပတ်စပို့လိုချင်ပါက ဘတ်ငွေ ၁၅,၀၀၀ ပေးချေရမည်ဟု ထိုင်းလုပ်ငန်းက ပြော ကြောင်းအလုပ်သမားများကပြောသည်။

အလုပ်သမားသံအရာရှိ ဦးလှထွန်း က “ပို့ထားတဲ့အေဂျင်စီတွေ ဂရုစိုက်ရမယ်။ ကျနော်ခေါ် ထားပြီ။ သူတို့စားစရာမရှိတော့လို့ တစ်ယောက် ကို ဘတ်ငွေ သုံးရာစီ ပေးခဲ့တယ်” ဟုပြောသည်။
အလုပ်သမားများအား အစိုးအုပ်ချုပ်ရေးရုံးခြံဝင်းထဲတွင် ထားရှိပြီး အပြင်သို့လည်းမသွားကြရချေ။ အလုပ်သမားများအား အနီးအနား တွင်ရှိသော မြန်မာနိုင်ငံသား ပန်းရံအလုပ်သမားများက ၂ရက်တိုင် တိုင်ထမင်းကျွေးထားခြင်းဖြစ်သည်။

သွားရောက်ဖြေရှင်းပေးခဲ့သူ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“အေဂျင်စီတွေဟာ ထိုင်းကို လူပို့ပြီးတာနဲ့ သူတို့ တာဝန်ကျေပြီလို့ ထင်နေကြဆဲဖြစ်တယ်။ အမှန်က အလုပ်သမားတစ်ယောက်ကို ကျပ်ငွေ သုံးလေးသိန်းပေးပြီးလာရတာ ဒီကတည်းက အေဂျင်စီတွေ မြတ်ပြီး သားဖြစ်ပါတယ်။ ထိုင်းဘက်မှာ တစ်ခါ ဘတ်ငွေ တစ်သောင်းဖြတ် တယ်။ ၀တ်ပါမစ်လုပ်တာ ၂ထောင်မပိုပါဘူး။ ဒီမှာတစ်ခါမြတ်သေးတယ်။ အဲဒါကိုမှ အေဂျင်စီတွေက မတရားလုပ်သေးတယ်” ဟုပြောသည်။