19 February 2016

“အလုပ်သမားဝန်ကြီးဌာနနှင့် အေဂျင်စီအချို့စုပေါင်း၍စစ်ဘေးနှင့်မီးဘေးလှူဒါန်း”



        
၂၀၁၆ ဖေဖေါ်ဝါရီလ ၁၈

မင်းဘခက်
               အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေးဝန်ကြီးဌာန မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီအချို့ပူးပေါင်း၍  ကျောက်မဲမြို့ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် နမ့်ဆန်မြို့ မီး ဘေးဒုက္ခသည်များထံသို့ ယမန်နေ့က သွားရောက်လှူဒါန်းကြောင်းသိရသည်။
 
    ကူညီလှူဒါန်းမှုကို ကိုယ်တိုင်ဦးဆောင်သွားရောက်သူတစ်ဦးဖြစ်သော ဦးဇော်ဇော်အောင်
 နှင့် ဦးသန်းဝင်း တို့ က“မနေ့က ကောက်ခံရရှိတဲ့ ငွေတွေထဲက စစ်ဘေးရှောင် ပြည်သူတွေ အတွက် ငွေသား ၁၅သိန်း၊ ဆန်နဲ့စား သောက်ကုန် ၁၅သိန်း၊ အ၀တ်အထည် နှင့်အသုံးဆောင် ၁၅သိန်း၊ ဆေးဝါးအစုံ၁၅ သိန်းဖြစ်ပါတယ်။ 

       မီးဘေးဒုက္ခသည်တွေအတွက် ငွေသားသိန်း၅၀ ပေးလှူခဲ့ပါတယ်။ နောက်ထပ် ကောက် ခံရရှိတဲ့ငွေတွေကိုလည်းအခြားမီးဘေးသင့် ဒေသတွေကိုသွားရောက်လှူဒါန်းကြအုံးမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုဘေးဒုက္ခများအားအကူညီပေးကြသည့် အေဂျင်စီ၏အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါ သည်။

၁။   အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၀န်ထမ်းမိသားစု          ကျပ် ၂၀၀,၀၀၀
၂။  ဒေါ်မို့မို့သွင် မိသားစု(တိုင်းဦးစီးအရာရှိ)အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ရန်ကုန်  ကျပ် ၁၀၀,၀၀၀
၃။ဦးအောင်ကျော်သန်း(IOM)အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းလုပ်သားအဖွဲ့၊ကျပ် ၂၅,၀၀၀နှင့် မျက်နှာသုတ်ပုဝါ - ဦးထုပ်များ။
၎။ ဦးခင်မောင်သန်း (သပြေမင်း အေဂျင်စီ)    ကျပ် ၃၀၀,၀၀၀
၅။ ဦးအောင်ခိုင် - ဒေါက်တာ ဒေါ်ဝါ၀ါစိန်(TodayTopStarအေဂျင်စီ)မိသားစု ကျပ် ၃၀၀,၀၀၀   
၆။  ဦးသန်းဝင်း  ( စွမ်းအားတံခွန်အေဂျင်စီနှင့်TONEPLUSကုမ္ပဏီ)      ကျပ် ၅၀၀,၀၀၀
၇။ ဦးဇော်ဇော်အောင် ( Yellow Dawn အေဂျင်စီ) မိသားစု       ကျပ် ၁၀၀,၀၀၀
      ဧရာဝတီတိုင်း လပွတ္တာမြို့ မီးဘေးသင့် ပြည်သူများအတွက်     ကျပ် ၁၀၀,၀၀၀ 
၈။  ဦးမြတ်လွင် (Virtue Service အေဂျင်စီ)  မိသားစု        ကျပ် ၃၀၀,၀၀၀
 ၉။  ဦးနိုင်ဝင်း (ရွှေဝင်း အေဂျင်စီ)           ကျပ် ၅၀၀,၀၀၀   နှင့် ဧရာဝတီတိုင်း လပွတ္တာမြို့ မီးဘေးသင့် ပြည်သူများအတွက်        ကျပ် ၅၀၀,၀၀၀ 
၁၀။  ဦးကျော်ဇင်  (လူထိပ်မိုးအေဂျင်စီ)မိသားစု                       ကျပ် ၅၀၀,၀၀၀
၁၁။ ဒေါ်ခင်ကြည်ဝင်း(SuccessFamily အေဂျင်စီ)မိသားစု             ကျပ် ၅၀၀,၀၀၀
၁၂။ ဒေါ်ချိုချိုစန်း(LovelyWorldအေဂျင်စီ)မိသားစု                ကျပ် ၅၀၀,၀၀၀
 ၁၃။ Gold Mine အေဂျင်စီ                           ကျပ် ၅၀၀,၀၀၀
၁၄။ ဦးကျော်ရှိန် (ရွှေသီရီ ချမ်းသာ အေဂျင်စီ) မိသားစု               ကျပ် ၃၀၀,၀၀၀
၁၅။  ဦးမြင့်အောင် ( နှင်းပန်းဝါ အေဂျင်စီ) မိသားစု                          ကျပ်  ၅၀,၀၀၀
၁၆။ ဒေါ်ပန်းချယ်ရီ (ရွှေရည်ဖြိုးအောင် အေဂျင်စီ) မိသားစု    ကျပ် ၃၀၀,၀၀၀
၁၇။ ဒေါ်သိန်းသိန်းဝင်း ( Well Plan အေဂျင်စီ ) မိသားစု     ကျပ်၂၀၀,၀၀၀ 
၁၈။ ဒေါ်လှလှသိန်း (ဦးစီးအရာရှိ) မ/ဒဂုံ ပင်လုံသင်တန်းကျောင်း       ကျပ်   ၁၀,၀၀၀
၁၉။  ဦးဝင်းကို ( Star Paradise အေဂျင်စီ ) မိသားစု                 ကျပ် ၁၀၀,၀၀၀
       ဧရာဝတီတိုင်း လပွတ္တာမြို့ မီးဘေးသင့် ပြည်သူများအတွက်    ကျပ် ၁၀၀,၀၀၀
၂၀။  ဦးအောင်နိုင် ( နိုင်ထက်ဝေ အေဂျင်စီ ) မိသားစု      ကျပ် ၁၀၀,၀၀၀
၂၁။ ဦးခင်ထွန်း ( Success Creater အေဂျင်စီ ) မိသားစု မှ  နှစ်ထပ်ဂျာကင် အနွေးထည် အသစ် ( ၅၀ ) ခန့်မှန်း တန်ဖိုး (ကျပ် ၂၀၀,၀၀၀ )
၂၂။ Golden Plant အေဂျင်စီ မိသားစု             ကျပ် ၃၀၀,၀၀၀
၂၃။ ဟိန်းသစ္စာ အေဂျင်စီ မိသားစု                    ကျပ်   ၅၀,၀၀၀
၂၄။ Shine Hill အေဂျင်စီ မိသားစု         ကျပ် ၂၀၀,၀၀၀
၂၅။  ဦးကျော်ဇင်  (လူထိပ်မိုးအေဂျင်စီ)မိသားစု    ကျပ် ၅၀၀,၀၀၀။
၂၆။ ကိုကျော်စွာထွန်း မိသားစု   ( ဂျပန်စာ သင်တန်းကျောင်း)  ခလေးဝတ် အင်္ကျီမျိုးစုံ နှင့်  ကျပ်   ၃၀,၀၀၀
၂၇။ ဦးတင်မြင့် (Panta Power အေဂျင်စီ)             ကျပ် ၂၀၀,၀၀၀
၂၈။ ဦးခင်ထွန်း (Success Creater အေဂျင်စီ) မှယာယီ ရွက်ဖျင်တဲ များ ထပ်မံလှူဒါန်းပါသည်။
၂၉။ ဦးဝင်းနိုင် ( Apple Management အေဂျင်စီ) = ၃၀,၀၀၀ ကျပ်

            စစ်ဘေး မီးဘေး ဒုက္ခသည်များ၏ အပူမီးကို တတတ်တအား ၀ိုင်းဝန်းကူညီပေးကြ   သော စေတနာရှင် အေဂျင်စီများက စေတနာထက်သန်စွာဖြင့် လှူဒါန်းသမှုပြုကြခြင်းအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT က “စေတနာရှင်အေဂျင်စီများ လိုအင် ဆန္ဒ များပြည့်ဝပြီး လုပ်ငန်းကိုင်ငန်းများ ဆထက် တပိုးတက်တက်အောင်မြင်နိုင်ကြ ပါစေ၊   ပေး၍ မကုန် လှူ၍မခန်း၊ ပဒုမ္မာရွှေကြာပန်းကဲသို့ ရွှင်လန်းနိုင်ကြ ပါစေ၊နတ်လူ သာဓုခေါ်ဆိုကြစေေ သ်ာဝ်”ဟု တောင်းဆုချွေအပ်ပါသည်။

18 February 2016

ထောင်ချခံရတဲ့ MOU အလုပ်သမား၈ဦးကိစ္စ သံအရာရှိဖြေရှင်း”

  ၂၀၁၆ ဖေဖေါ်ဝါရီလ ၁၇
မင်းဘခက်

အလုပ်လုပ်ခွင့်(၀တ်ပါမစ်)မရှိဟူသည့်အကြောင်းပြချက်ဖြင်း ထောင်၃၈ ရက်ချမှတ်ခံခဲ့ရသည့်MOU အလုပ်သမား၈ဦးကိစ္စအား ဘန်ကောက်မြန်မာ သံရုံးမှ အလုပ်သမားသံအရာရှိက ယနေ့ဖြေရှင်းပေးကြောင်း သိရသည်။

မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေ အေဂျင်စီဖြစ်သော Golden Sea Myanmar နှင့် ထိုင်းဘက်မှ Thai Millenniumint Co,ltd တို့သည်ဆောက်လုပ်ရေးအလုပ်ဟုဆိုကာ အလုပ်သမား၂၀ဦးတို့သည် ၂၅၊ ၅၊ ၂၀၁၅ နေ့က ထိုင်းနိုင်ငံသို့တင်သွင်းလာခဲ့ပါသည်။

အလုပ်သမားများသည် Golden Sea Myanmar အေဂျင်စီသို့ တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းခွဲပေးခဲ့ ရပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်သမားများထံ ၅လကျော်အတွင်း တစ်ဦးစီထံမှ ဘတ်ငွေ ၁၃,၉၀၀ စီဖြတ် တောက်ထားပြီးဖြစ်သော်လည်း အလုပ်သမားများအတွက် (အလုပ်လုပ်ခွင့်) ၀တ်ပါမစ် မလုပ်ပေးသေးပါ။


“လူကုန်ကူးဂိုဏ်းဝင်တစ်ဦးထောင်ကျ ဂိုဏ်းခေါင်းဆောင်ငြင်းဆို”


၂၀၁၆ ခု ဖေဖေါ်ဝါရီလ ၁၆
မြတ်ညို (အလွတ်သတင်းထောက်)

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ချနဘူရီခရိုင် ထမကာမြို့နယ် VITA နာနတ်သီးအလုပ်ရုံနယ်မြေ မှ မြန်မာလူကုန်ကူးဂိုဏ်းအဖွဲ့အား ယမန်နေ့က တရားရုံးတွင် စစ်ဆေးရာ အဖွဲ့ဝင်တစ်ဦးက ၀န်ခံသဖြင့် ထောင်ကျသွားပြီး ဂိုဏ်းခေါင်းဆောင်နှင့်အခြားတစ်ဦးမှာ ငြင်းဆန်လိုက်သည်။

၆၊ ၁၀၊ ၂၀၁၅ နေ့က ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းရေတပ်ဖွဲ့မှ Mr.Komvich Padhanarath Chief of Prevention and Suppression Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ၀င် MAT အဖွဲ့တို့ပူးပေါင်း၍ ဒေသခံအာဏာပိုင်များနှင့် မြန်မာလူကုန်ကူးဂိုဏ်းကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ လူသတ်၊ အဓမ္မကျင့်၊ လူကုန်ကူးဂိုဏ်းခေါင်းဆောင်ဖြစ်သော သိန်းဇော်နှင့် တပည့် အရှည်ကြီး၊ ကရင် ဆိုသူတို့ကို ဖမ်းဆီးခဲ့သည်။ သိန်းဇော် ၏ ခြံထဲမှ အလုပ်သမား၁၀ဦးတို့နှင့်အတူ စာရွက် စာတမ်းနှင့်ဓါတ်ပုံအမြောက်အများတို့ကို သိမ်းဆည်းရမိခဲ့သည်။


ထိုင်းနိုင်ငံတွင် ရှစ်လကြာ အဆက်အသွယ်ပြတ်နေသော မိန်းကလေး မိဘများနှင့် ပြန်တွေ့

  ဘန်ကောက် ၊ ဖေဖေါ်ဝါရီလ ၁၈
စောမောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်သော အသက် ၁၈နှစ်အရွယ် မိန်းကလေးမှာ မိဘများနှင့် ရှစ်လကြာ အဆင်အသွယ်
ပြတ်တောက်နေရာမှ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် မိသားစုနှင့် အဆက်အသွယ် ပြန်လည် ရရှိခဲ့ကြောင်း ကူညီပေးခဲ့သော ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့(MAT) ဘန်ကောက်ရုံး တာဝန်ခံ ကိုစိုင်းအေးက ပြောသည်။

ထိုင်းနိုင်ငံ(တောင်ပိုင်း) ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် တွင် နေထိုင်သော မြန်မာနိုင်ငံသား မိသားစု တစ်စုမှ အသက် ၁၈နှစ် အရွယ် မိန်းကလေးမှာ အိမ်အကူလုပ်ကိုင်ရန် ဘန်ကောက်မြို့သို့ ထိုင်းနိုင်ငံသား အလုပ်ရှင်နှင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးမှာ မိသားစုနှင့် ရှစ်လကြာ အဆက်အသွယ် မရသောကြောင့် မိသားစုဝင်များက MAT အဖွဲ့သို့ ဆက်သွယ်ကာ အကူအညီတောင်း ခံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကူအညီတောင်းခံမှုကြောင့် ဘန်ကောက်မြို့ပေါ်သို့ လူကုန်ကူးမှု ကိစ္စဖြင့် သွားရောက်နေစဉ် မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေသော မိန်းကလေးအကြောင်းကို စုံစမ်းခဲ့ကြောင်း၊
 ယင်းနောက် ခေါ်ဆောင်သွားသော အလုပ်ရှင်က လုပ်အားခနှင့်အတူ မိန်းကလေးကိုပါ MATရုံးသို့ လာရောက် ပို့ဆောင်ခဲ့ကြောင်း၊ မိန်းကလေးမှာ မိသားစုနှင့် အဆက်အသွယ်ပြန်လည် ရရှိသွားပြီးဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့(MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။

12 February 2016

"မဲဆောက်မြ၀တီလမ်းတလျှောက်ထိုင်းရဲဖမ်းဆီးငွေတောင်းခံခြင်းကို မြန်မာအစိုးရအမြန်ဖြေရှင်းပေးပါ"


“မြန်မာအလုပ်သမတစ်ဦး အဓမ္မပြုကျင့်ခံမည့်အန္တရာယ်မှလွတ်မြောက်”



                       
၂၀၁၆ ခုဖေဖေါ်ဝါရီလ ၁၂
မြတ်ညို(အလွတ်သတင်းထောက်) 

        မိမိ၏ကလေးငယ်အားမိဘများထံသို့ပြန်လည်ပို့ဆောင် ပြီးပြန်လာသည့်မြန်မာ အလုပ်သမတစ် ဦးအဓမ္မပြု ကျင့်ခံရ မည့်ဘေးမှ ပူးပေါင်းကူညီသူများကြောင့် လွတ်မြောက်လာခဲ့ သည်။ 

             ယနေ့နက် ၁နာရီအချိန်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ဘန်ကောက်မြို့ ဘန်ခေရပ်ကွက်မှ အထည်ချုပ် ရခိုင်အလုပ်သမား ကိုကိုဦး ဆိုသူက ဖုန်းဆက်၍ အကူညီတောင်းခံလာခဲ့သည်။

         ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်မှ ရခိုင်အလုပ်သမားတစ်ဦး၏ ဇနီးဖြစ်သူသည် ကလေး ငယ်အား မိဘများနေထိုင်ရာ မော်လမြိုင်မြို့သို့ ပို့ဆောင်ခဲ့ရာမှ ပြန်လာစဉ် မဲဆောက်တောင်   ပေါ်၎ဂိတ်မြောက်တွင် ၅လာကြာမှ ပြန်လာခဲ့သည့်အတွက် သွားခွင့်မပြုဟုဆိုကာဆွဲချခံရပြီး မဲဆောက်သို့ ပြန်ပို့ခံခဲ့ရသည်။ ထိုင်းရဲထည့်ပေးလိုက်သည့် အသက် ၆၀ကျော်ခန့် ထိုင်းအမျိုး သား ကားမောင်းသူနှင့် လိုက်ပါလာခဲ့ရသည်။ 

         ကားမောင်သူအိမ်သို့ရောက်ရှိလာခဲ့ရာ ၎င်းကသားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အား ထုတ်ခံရသဖြင့် အလျှင်အမြန် အကူညီပေးပါရန် အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

…… မ က“ကျမ က ကလေးကိုနို့တိုက်ရင်း ၅လကြာနေခဲ့တယ်။ မဲဆောက်တောင်ပေါ်မှာ ဂိတ်၃ဂိတ် ကျော်လာခဲ့ပြီ။ ၄ဂိတ်အရောက်မှာ ရဲကဆွဲချတယ်။ ကျမကို ကားသမားတစ်ေ ယာက်နဲ့မဲဆောက် ကမ်းနဖူး ကို ပြန်ပို့ပေးဖို့ ထည့်ပေးတယ်။ ကားမောင်းတဲ့အဖို့ကြီးက အိမ်ကို   ရောက်တော့ ကျမကို နှိပ်ခိုင်းတယ်၊ ပြီးတော့ ကျမကို သူနဲ့အိပ်ခိုင်းတယ်။ အတင်းဆွဲတယ်။ ကျမကကငြင်းဆန်တယ်။ ဘန်ကောက်က လင်ဖြစ်သူ ထံကိုဖုန်းဆက်တယ်။ သမီးကလည်း   နေရာကိုမပြောတတ်ဘူး။ မိုးလင်းမှ ကျမကို ကူညီသူတွေလာခေါ်ပါတယ်၊ ကူညီကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
 
           ယခုဖြစ်ရပ်အား မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC နှင့် World Vision တို့က ပူးပေါင်းကူညီခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အမျိုးသမီးမှာ ဘန်ကောက်ကိုပြန်လည်ရောက်ရှိရေးအတွက် ကြိုးစားပြင်ဆင်နေဆဲဖြစ်သည်။