ကိုတီး
နိုဝင်ဘာ ၂၂
စက်တင်ဘာလ
၈ ရက်နေ့က ထိုင်းမြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူ များက ဘန်ကောက်မြို့တောင်ဘက်
ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ် မှပွဲစားအမျိုးသမီးနှင့်အတူဖမ်းဆီးကယ်တင်နိုင်ခဲ့ သည့်
ရောင်းစားခံထားရသူ၂ဦး ယနေ့နံနက်ပိုင်း က မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ
့သို့ ကောင်းမွန်စွာ ရောက်ရှိသွားပြီးဖြစ်သည်။
မြ၀တီလူကုန်တားအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ဒီအလုပ်သမားတွေ
ကိုနေရပ်သို့ ပြန်ရောက်အောင် ပို့ပေးမှာ ဖြစ်သလို သူတို့ဒေသက လူကုန်ကူးသူကိုပါ အရေးယူနိုင်အောင်
ကျနော်တို့ ဆက်လက်လုပ်ဆောင်ပါမယ်” ဟုပြောသည်။