နိုဝင်ဘာလ
၁၉
ဘန်ကောက်မြို့
ဖလန်စောင်လမ်းမကြီး ဘန်ကဒီ၎လမ်းတွင် ဖမ်းစားပုလိပ်ဂိုဏ်း တစ်ခုက အလုပ်သမား၂ ဦးထံမှ
သိမ်းယူထားလိုက်သည့် ပတ်စပို့နှင့် ၀တ်ပါမစ် တို့အား MAT အဖွဲ့၏ ကူညီမှုဖြင့် ပြန်လည်ရရှိ လိုက်ပြီးဖြစ်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က အ၀င်း ဟုခေါ်သည့် မွန်အမျိုးသား
ပွဲစား တစ်ဦးက အလုပ်သွင်းပေး မည်ဟုဖုန်းဖြင့်
ခေါ်သဖြင့် ရခိုင်အလုပ်သမား ၄ဦး တို့လာခဲ့ကြစဉ် ထိုင်းပုလိပ် ၄ဦးတို့ရောက်ရှိ လာခဲ့ ကြပြီး
ဖမ်းဆီးငွေညှစ်ခြင်းကိုခံခဲ့ကြ ရခြင်းဖြစ်ကြောင်း
အလုပ်သမားများက ပြောသည်။
ကိုအောင်နိုင် က “ ပတ်စပို့မပါတဲ့ ကိုနေလင်း နဲ့ ကိုမိုးဟိန်း
တို့ကို ဘတ် ၄၀၀၀ နဲ့ လာရွေး သွား ကြတယ်။ ကျနော်နဲ့ ကိုရဲဝင်း တို့ကို ပိုက်ဆံတောင်း တယ်။
ကျနော်တို့ ကပတ်စပို့ရှိတော့မပေးဘူး။ တစ်ယောက်ကို ဘတ်၅၀၀၀နဲ့ လာရွေးရမယ်ဆိုပြီး ကျနော်တို့ဝတ်ပါမစ်နဲ
့ပတ်စပို့ရောမြန်မာမှတ်ပုံတင်တွေကိုပါ သိမ်းထား
လိုက်တယ်။
မွန်ပွဲစားကကျနော်တို့ကိုမျှားခေါ်ပြီး ပုလိပ်တွေနဲ့ ဂိုဏ်းဖွဲ့ပြီး တောင်းစားနေကြသူတွေဖြစ်တယ်”
ဟုပြောသည်။
အဆိုပါနေရာတွင်
၂ထပ်အခန်းကို ထိုင်းပုလိပ်တစ်စုက ငှါးရမ်းထားပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီး
၍ လက်ထိပ်ခပ်ခြင်း၊
ချုပ်နှောင်ခြင်းများပြု လုပ်ပြီး ငွေအမြောက်အများရရှိမှ ပြန်လည်လွှတ်ပေးလေ့ရှိ
ကြောင်း။
ထိုင်းအမျိုးသမီး သုံးလေးဦးနှင့် အရက်သောက် ဖဲရိုက် တအုံးအုံးဖြစ်နေကြောင်း တရားမ၀င်ဖမ်းဆီး ချုပ်နှောင်ပြီး
အနိုင်ကျင့် ငွေညှစ်သည့်နေရာဖြစ်ကြောင်း ပြန်လည် လွတ်မြောက် လာသည့် အလုပ် သမားများကပြောသည်။
ကိုရဲဝင်းနှင့် ကိုအောင်နိုင်တို့ နှစ်ဦး
ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ လာရောက် အကူညီ တောင်းခံခဲ့သည်။
MAT အဖွဲ့ကလိုအပ်သည် များကို ပြင်ဆင်ခဲ့ကြပြီး ယမန်နေ့ကပွဲစားချိန်းဆိုရာ
စမေဒမ် ပုလိပ် များငှါးထားသည့် အခန်းသို့ သွားရောက်ခဲ့ကြသည်။
MAT နာယက
ကူညီရေး ဆရာတော် ဦးဇောတိက က “ဘုန်းကြီးတို့ သွားတော့ ဘုန်းကြီးနဲ့ ဘာဆိုင်လဲတဲ့
ဘုန်းဘုန်းကပြောတယ်။
ရာဇ၀တ်မှုကလွဲရင် ဒုက္ခရောက်တဲ့ ဗမာတွေ အကုန်လုံးကို လိုက်ကူညီနေတာ။
ပတ်စပို့
မရှိတဲ့ လူတွေဆီက မင်းတို့ ဘတ် ၄၀၀၀ ရထားပြီ စာရွက်စာတမ်းပြည်စုံတဲ့အလုပ်သမားတွေကို
မတောင်းသင့်ဘူးလို့ပြောလိုက်တယ်။
ဘုန်းဘုန်းကို ဘယ်ကျောင်းကလဲ၊ ပတ်စပို့ရှိလား၊ အမျိုးအမျိုး စစ်ဆေးတယ်။ ဘုန်းဘုန်းကလည်း
တရားဝင်အလုပ်သမားကိစ္စ ရှင်းချင်ရင် မင်းတို့ မြန်မာသံရုံးကို လာခဲ့ကြ လို့ ပြောလိုက်တယ်”
ဟုမိန့်တော်မူသည်။
ထိုင်းနိုင်ငံနေရာအနှံ့အပြားတို့တွင်
အကျင့်ပျက် ထိုင်းပုလိပ်များက မြန်မာအလုပ်သမားများအား
အဓမ္မ ဖမ်းဆီးငွေကြေးတောင်းခံလေ့ရှိသော်လည်း
ထိုင်းအစိုးရရော မြန်မာအစိုးရတို့ကပါ တရား ၀င်ရွှေ့ပြောင်းအလုပ်သများအား
ကာကွယ်မှု ပေးနိုင်မှုမှာ အထူးအားနည်းနေသေးကြောင်း MAT အဖွဲ့ကပြောသည်။
မဟာချိုင်၊ဘန်ကောက်နှင့်မဲဆောက်တို့မှထိုင်းပုလိပ် တို့ ဖမ်းစားရာတွင်နာ မည်ကြီးသည်။မဟာချိုင်နေရာ အချို့ ဘန်ကောက်အချို့နေရာတို့တွင်
အလောင်းကစားဝိုင်းများအား ထိုင်းပုလိပ်များက အခကြေးငွေများယူကာ ပေါ်ပေါ်ထင်ထင် လုပ်ခွင့်ပြုထားသဖြင့်မြန်မာအလုပ်သမားများ
အလောင်းအစား
ပြုနေကြကြောင်းလည်း
သိရှိရသည်။