မြန်မာတွေရဲ့အမူအကျင့်၊ မြန်မာတွေ ရဲ့ အတွေးအခေါ်၊မြန်မာတွေရဲ့ အမြင်သဘော ထားတွေ
အယင်အတိုင်းပဲလို့ပြောရမလား၊ ရိုးတွင်း ခြင်ဆီထဲမှာ စိမ့်ဝင်နေတယ်လို့ဆိုရမလား၊ အမှန် တရား
ပကတိ တရားကိုနည်း အမျိုးမျိုးနဲ့  ဖုံးကွယ် ချင် တဲ့ မြန်မာမှု ယဉ်ကျေးမှုတွေလား။ ချမ်းသာသူ၊
အာဏာရှိသူ၊ ဂုဏ်မြင့်သူတို့နဲ့
ဆက် ဆံတဲ့အခါ မျက်နှာ တစ်မျိုး၊သာမန်လူတွေနဲ့ ဆက်ဆံတဲ့ အခါ မျက်နှာတစ်မျိုး ကျင့်သားရနေတဲ့ စိတ်ထားလေးေ တွက
ခေါက်ရိုးကျိုးနေပြီ။
ဒီမိုကရေစီနိုင်ငံကို၊ ဒီမိုကရေစီစနစ်ကို
ပြောင်းလဲဖို့ရန်အတွက် ကျွန်ုပ် တို့ မြန်မာနိုင်ငံသားများအားလုံး အထက်ပါ
အမူအကျင့်က လုံးဝရုန်းထွက်ပြီး မိမိ လုပ်တဲ့အလုပ်၊ မိမိတွေးတဲ့အတွေးတွေဟာ ဘယ်လောက်အထိ
မျှတမှုရှိတဲ့ဘက် ကိုပြောင်းလဲနေပြီလဲ။ ဘယ်လောက်ထိ မျှမျှတတ ကျင့်ကြံနိုင်ပြီ လဲ ဆိုတဲ့အပေါ်မှာ
မူတည်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။