09 April 2013

“ခရိုင်အုပ်ချုပ်ရေးမှူးအား အမှုဖွင့်တိုင်ကြားသည်ကို တရားရုံးမှ လက်မခံ”

၂၀၁၃ ဧပြီ ၉                         လူမုန်း(ပဲခူး)

၄၅ နှစ်ခန့် လုပ်ကိုင်စားသောက် လာခဲ့ သည့် ဥယျာဉ် ခြံမြေ တစ်ခုအား ပဲခူးခရိုင် အုပ်ချုပ်ရေး မှူးက အထူးစိုက်ပျိုးရေးဇုန် ဟုသတ်မှတ် ကာ သိမ်းဆည်းခဲ့ သည့် လယ်မြေ ကိစ္စအား အထောက်အ ထားအပြည့် အစုံဖြင့် နစ်နာသူမှ ပဲခူးမြို့နယ် တရားရုံး ၌ အမှုဖွင့် ရာ တရားသူကြီးက လက်မခံပဲ ပြန်လာခဲ့ရကြောင်း လယ်ပိုင်ရှင် ပြောပြ ချက် အရ သိရှိရသည်။


ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ စာကလေး ကွင်းကျေးရွာအနီး   ညောင်အင်း
နောက်မြောက် ကွင်းအမှတ်(၁၃၁၃) ဦးပိုင်အမှတ်(၆၂၄)တွင်လယ် ယာမြေ   နှင့် တဆက်တည်း ရှိသည့် ဧရိယာယ ၅ဧက  ကျော်ခန့် ရှိသည့် ဦးရွှေလုံး ပိုင် မြေကွက် အား ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း (ပါ) ၄ဦးတို့က ရာထူးအရှိန် အ၀ါ ကို အသုံးပြု၍ ဥပဒေမဲ့ ကျူးကျော် ၀င်ရောက်ဖျက်ဆီးခြင်းကို အရေးယူပေးပါရန် ယနေ့   နေ့လည်ပိုင်းက မြို့နယ်တရားရုံးတွင်ဦး တိုက်လျှောက် ထားခဲ့ခြင်းဖြစ်သည်။

                     ဥယျာဉ်ခြံမြေပိုင်ရှင် ဦးရွှေလုံး က “မြို့နယ် တရားသူကြီးက ကျနော့် ကို ပြည်သူ့ဝန်ထမ်းတွေ ၀တ္တရား  ဆောင်ရွက်နေချိန် ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်တယ်။   ပြည်သူ့ ၀န်ထမ်းကို တရားစွဲဆိုဖို့ အထက်က ညွန်ကြား ချက်မရှိသဖြင့် တရားစွဲဆို၍ မရဘူးလို့ပြောတယ်။ နောက်ဆုံးအချက်က တော့ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၉၇(၁) အရ ဆိုပြီးတော့ ကျနော့်အမှုတွဲ ကို တရားဝင်ရုံးတံဆိပ် တစ်စုံတစ်ခု မရိုက်နှိပ်ပဲ ဒီအတိုင်း ပြန်ပေးလိုက်တာဖြစ်ပါတယ်” ဟုပြောသည်။
                   မိမိပိုင်ဥယျာဉ်ခြံမြေထဲမှ ယနေ့ ထွက်ခွာသွားရမည်ဖြစ်ကြောင်း ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စာရောက်လာကြောင်း၊ ပြည်သူ့ဝန်ထမ်းများ ဥပဒေမဲ့လုပ် ချင်း လုပ်နေသည်များကို ပြည်သူများ တရားစွဲဆို ခွင့် မရတော့ဘူးလား၊ တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ ဒီဥယျာဉ်ခြံမြေကို သိမ်းသွားရင် ကျနော်တို့ မိသားစု ဘယ်လိုရပ်တည်ရမလဲ၊ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ၊အမတ်ကြီး များ ကျနော့်တို့ ဘ၀ကို ဒီအတိုင်း ကြည့်နေကြတော့မှာလားဟု ဦးရွှေလုံး က ငိုသံနှောကာပြောဆိုရှာသည်။
                 
ပဲခူးတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်တည်ဆောက်မည့်စီးမံကိန်းနှင့် စီးပွားရေး ဇုန်းများ တည်ဆောက်မည်ဟု နိုင်ငံတော် အစိုးရက ကြေညာပြီးနောက်ပိုင်း ပဲခူးမြေဈေးမှာ ထိုးတက်လျှက်ရှိသည်။