ဇူလိုင်လ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
မဟာချိုင်မြို့ ငါးသေတ္တာအလုပ်ရုံတစ်ခုမှ အလုပ်သမား ၄၂ဦးတို့ထံမှ ပတ်စပို့လုပ်ပေးရန် အတွက် ဘတ်ငွေ လေးသိန်းကျော် ယူဆောင်ပြီး နောက် အလုပ်ထုတ်ခြင်းခံခဲ့ရသည့် ပြဿနာအား အလုပ်သမားအရေးပူးပေါင်းဆောင်ရွက်သူများက ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
မဟာချိုင်မြို့ ဖလန်းဆောင်လမ်းမကြီး ငါးသေတ္တာ အလုပ်ရုံတစ်ခု တွင် အလုပ်သမား ကန်ထရိုက်တာဝန်ယူထားသည့် မဟာချိုင် လေးထပ် ရဲစခန်းမှ ထိုင်းရဲတစ်ဦးသည် ပတ်စပို့လုပ်ပေးရန်ဟု ဆိုကာ အလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁၁၂၀၀ စီဖြတ်တောက်ထားခဲ့ကြောင်း အလုပ်သမားများကပြော သည်။ အလုပ်ရုံကလည်း ပတ်စပို့မရှိသူ များဟုဆိုကာ ဇူလိုင်လ ၁၆ ရက်နေ့က အလုပ်သမားများအား အလုပ်ရုံမှ အလုပ်ထုတ်ပစ်လိုက်ပြန် သည်။