ဒေါက်တာသန်းထွဋ်အောင်
အယ်ဒီတာချုပ်
ဇူလိုင်လ ၂၇ ရက်နေ့ ဒေးလီအလဲဗင်း သတင်းစာပါ အောက်ပါသတင်းအား ကန့်ကွက်ပါသည်။
ထိုင်းသို့အလုပ်သမား စေလွှတ်သည့် အေဂျင်စီများကို
လူမှောင်ခို ပြုလုပ်သည်ဟုဆိုကာ တိုင်ကြားမှုအပေါ် ပုဂ္ဂိုလ်ရေး
တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အေဂျင်စီများဘက်က ရှင်းလင်း
ပုဂ္ဂလိက သတင်းမီဒီယာထဲမှာ နာမည်အကြီးဆုံးဖြစ်သော အလဲဗင်း
အနေနဲ့ မီဒီယာ ကျင့်ဝတ် ကို စောင့်ထိန်းသော မီဒီယာဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ယခုသတင်းသည် အေဂျင်စီများ
လုပ်ကြံဖန် တီး၍ မီဒီယာများအား အသုံးချလိုက်ခြင်းသာဖြစ်ပါသည်။
သတင်းစည်းကမ်းအရ ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိနှင့် နာမည်ကိုထည့် ရေးထားသည့် ကျနော်တို့၏ အသံများလိုအပ်မည်ဖြစ်ပါသည်။ ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့MATသည် ထိုင်းနှင့်မြန်မာအစိုးရတို့နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အလုပ်သမားအခွင့်အရေးကိစ္စရပ်များအားMATရုံးတွင် ရှေ့နေရှေ့ရပ်များထားရှိ၍ စနစ်တကျလုပ်ကိုင်နေသောအဖွဲ့လည်းဖြစ်ပါသည်။ ထို့အပြင်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီတွင်လည်းထိပ်ပိုင်း
တာဝန်ခံခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။လက်ရှိလည်းမြန်မာသံရုံးနှင့်ပူးပေါင်းဆောင် ရွက်နေဆဲဖြစ်ပါသည်။
အလဲဗင်း
အယ်ဒီတာချုပ်လေ့လာနိုင်ရန်အတွက် ဌေးကုမ္ပဏီနှင့်မေ၀င့်ကုမ္ပဏီတို့ မတရားလုပ်ခဲ့ သည့် အမှုကိစ္စအချို့ကို ပူးတွဲပေးပို့လိုက်ပါသည်။ အီးမေးပို့၍ မကုန်လောက်အောင် အသံဖိုင်၊ စာရွက်စာတမ်း
VDO ကလစ်များစွာရှိပါသည်။ ယခုကိစ္စအား အေဂျင်စီများအဖွဲ့ချုပ်က၂ပတ်အတွင်း
လာရောက် ဖြေရှင်း ရန်လည်းကျနော်က အကြောင်းကြားထားပြီးဖြစ်ပါသည်။
ယခုသတင်းရေးသားမှုအားကျနော်အပြင်းအထန်ကန့်ကွက်ပါသည်။ ဒေးလီးအလဲ
ဗင်းသတင်းထောက်တို့ကတစ်ဖတ်သတ်ရေးသားခဲ့သည်။
ကျနော်နာမည်နှင့်ပါတ်သက်၍ သတင်းရေးသားရန်နှင့် မေးမြန်းရန်လိုအပ်ပါက.....
ထိုင်းဖုန်း0846705727
Email:kyawthaung06@gmail.com
http://www.goldenworkers.asia
မီဒီယာလောကအား လေးစားလိုသူ
ဦးကျော်သောင်း
ဒါရိုက်တာ
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
ဘန်ကောက်မြို့