12 March 2015
အလုပ်သမားဆယ်ဦး လုပ်အားခငွေ ဘတ်တစ်သိန်းသုံးသောင်းခြောက်ထောင်လေးဆယ့်လေးရရှိ
12.3.2014 |စောမောင်
ဘန်ကောက်မြို့ ထနွံဖစ်ဘူရီ ဖက်တနာကန် တ(မ်)လွန် ထောင်ထီရို ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ကိုသန်းထွန်းဦး ဦးဆောင်သော အလုပ်သမားဆယ်ဦးသည် အလုပ်ရှင် လုပ်ခလစာ ၁၄၀၀၀၀ ဘတ်ခန့်အား ၅ လကျော်ကြားသည့်အထိ ထုတ်ရှင်းမပေးသဖြင့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အဖွဲ့ သို့
ဆက်သွယ် အကူညီတောင်းလာခဲ့ပါသည်။
ထို့နောက် MATမဟာချိုင်တာဝန်ခံ နှင့် အတွင်းရေးမူတို့မှ ဘန်ကောက်မြို့ဒိန်းဒဲန်း ဗဟိုအလုပ်သမားရုံး သို့ လိုက်ပါပို့ဆောင်၍ အမူဖွင့် ဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေး အလုပ်သမားဆယ်ဦး၏လုပ်အားခငွေ ဘတ်ငွေ ၁၃၆၀၄၄ ပြန်လည်ရရှိလာခဲ့ကြောင်း နှင့် ၎င်းအလုပ်သမားများ MAT ရုံးသို့ လာရာလမ်းတွင် မဟာချိုင်ပုလိပ့်မှ လေးထပ်အချူပ်သို့ဖမ်းဆီးခေါ်ဆောင် ငွေညှစ်နေကြောင့် ကိုသန်းထွန်းဦး မှ ဆက်သွယ်အကူညီတောင်းလာသဖြင့် မဟာချိုင်ရုံးတာဝန်ခံနှင့် အတွင်းရေးမူးတို့မှ မိမိတို့ထံသို့ အမုဖွင့်ရန်လာကြသော အလုပ်သမားများဖြစ်ကြောင်းအကျိုးကြောင်းပြောဆိုကာ သွားရောက်ပြီး အချူပ်ခန်းမှ ထုတ်ခဲ့ရသေးကြောင်းနှင့် အဖွဲ့ခေါင်ဆောင် ကိုသန်းထွန်းဦး မှ ယခုကဲ့သို့ အစစ အရာရာ သွေးသား အရင်းချာပမာ စောင့်ရှောက်ကူညီပေးသော MAT အထွဲ့သားများအားလုံး အား ကျေးဇူး အထူးတင်ရှိကြောင်းပြောကြားသွားခဲ့ပါသည်။
Labels:
သတင်း