01 January 2018

“၂၀၁၈ ခုနှစ်ကို ဘာအစီအစဉ်နဲ့ဖြတ်သန်းကြမလဲ”



၂၀၁၇ ခုနှစ်ကုန်ခဲ့ပြီ……………
- စီးပွားရေး/ ၀င်ငွေ
-
အသိပညာ
-
မိတ်ဆွေ အသိုင်းအ၀ိုင်း
-
ရာထူးအလုပ်အကိုင်
-
ပိုင်ဆိုင်မှု
-
ကျန်းမာရေး
-
ဘာသာရေး
-
မိသားစု သာယာမှု ………………..


၂၀၁၇ ဟာ ၂၀၁၆ နဲ့ ဘာတွေ ပိုပြီး ထူးခြားခဲ့သလဲ။
၂၀၁၇ မှာ ၂၀၁၆ ကထက် ဘာတွေ ပိုပြီး လုပ်နိုင်ခဲ့သလဲ။
၂၀၁၇ မှာ သင်လုပ်ခဲ့တဲ့ အကြီးမားဆုံး အမှား ၃ ခုကနေ ရတဲ့ သင်ခန်းစာတွေက ဘာတွေလဲ။
၂၀၁၇ မှာ သင့်ရဲ့ တိုးတက်မှုတွေက ဘာတွေလဲ။
၂၀၁၇ မှာ သင်အကျိုးရှိမယ့် စာအုပ်ဘယ်နှစ်အုပ်ဖတ်ခဲ့သလဲ။
၂၀၁၇ မှာ သင်အကျိုးရှိမယ့် သင်တန်းဘယ်နှစ်ခု တက်ခဲ့လဲ။
၂၀၁၇ မှာ သင် မိတ်ဆွေကောင်း ဘယ်နှစ်ယောက် ရခဲ့သလဲ။

၂၀၁၇ ထဲမှာ သင်လူဘယ်နှစ်ယောက်ကို သူတို့ဘ၀တွေကို တိုးတက်လာအောင် ကူညီပေးခဲ့သလဲ။
၂၀၁၇ ထဲမှာ သင့်ကို အများဆုံး ကူညီခဲ့တဲ့သူတွေက ဘယ်သူတွေလဲ။
၂၀၁၇ မှာ သင်လုပ်ခဲ့သမျှထဲက သင့်အနာဂါတ်အတွက် အကောင်းဆုံး အကျိုးရှိစေတဲ့ အကြောင်းအရာ ၃ ခုက ဘာတွေလဲ။
၂၀၁၇ မှာ တိုင်းပြည်နဲ့ လူမျိုး တိုးတက်မှုတွေရှိခဲ့ရဲ့လား???
အဓိပါယ်ရှိရှိနဲ့ ၂၀၁၇ ခုနှစ်ကို ကုန်လွန်စေခဲ့သလား ???
………………………………………………………………………………………………..
မင်္ဂလာနှစ်သစ်၂၀၁၈ ခုနှစ်ကို စတင်ခဲ့ပြီ……..
ပျော်ရွှင်စရာ Happy Newyear  ပါ။

သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်လာအောင်
၂၀၁၈ မှာရော ဘာတွေ လုပ်မယ်လိုစဉ်းစားထားလဲ။
၂၀၁၈ မှာ ဘာစာအုပ်တွေ ဖတ်မလဲ။
၂၀၁၈ မှာ ဘာစာအုပ် ရေးမလဲ။
၂၀၁၈ မှာ ဘာသင်တန်းတွေ တက်မလဲ။
ရခဲလှတဲ့ လူ့ဘ၀ မှာ အသက်ရှင်သန်ခွင့်ရခိုက် ကိုယ့်အတွက်ရော၊ တိုင်းပြည်အတွက်ပါ၊ ဘာသာ သာသနာ အတွက်ပါ လုပ်စရာတွေများမှများပေါ့။ အလဟသ သာအချိန်မကုန်ပါစေနဲ့လေ။

မေတ္တာမွန်ဖြင့်

ရွှေလုပ်သား