05 March 2013

“အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

                      
၂၀၁၃ မတ်လ၄၊ မြတ်ညို(အလွတ်သတင်းထောက်)
          ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန် မာပြည်သားရေးပူးတွဲလှုပ်ရှားမှု
ကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေး ဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေး တံတား ထိပ်တွင် ၄၅ မိနစ်ကြာ နေပူလှမ်း ခံခဲ့ ရကြောင်း ကာယကံရှင် များက ပြော သည်။


  
မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ် အခေါ်- ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏  ယာယီပတ်စပို့လျှောက် ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင်၍ မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။

01 March 2013

“ငါးဖမ်းစက်လှေတွင်ရောင်းစားခံထားရသူအချို့အား ပူးပေါင်းအဖွဲ့ကကယ်ထုတ်”

၂၀၁၃ ခု မတ်လ ၁ ရက်၊ကိုတီး
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ် အပန်းဖြေ  ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင် ရောင်းစား ခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင် ခဲ့သည်။

           အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ မိမိသဘောဖြင့် အလုပ်လုပ်နေကြ သူ များဖြစ်ပြီး ကျန်၉ဦးတို့မှာ ရောင်းစားခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး လေးလမှ ၉လအတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။

27 February 2013

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ”

၂၀၁၃ ဖေဖေါ်ဝါရီ ၂၇
ကိုတီး
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီးဆုံးရှုံးသွားသည့် အလုပ်သမား  ၂ဦး အတွက်ပူးပေါင်းကူညီသူများ ဆောင်ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ  ပထမအရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြ ချက်အရ သိရှိရသည်။ယမန်နေ့က  ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း (အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်းရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆ လမ်းထဲတွင်ရှိသော မော်တော် ဆိုင်ကယ် အပို ပစ္စည်းစက်ရုံတွင် လက်မတော်တဆ ညပ်မိသဖြင့် ဘယ်လက်ဝါး အားလုံးပြတ်ထွက်သွားခဲ့သည်။

25 February 2013

“လူကုန်ကူးခံခဲ့ရသည့် ၁၈နှစ်အောက် ကလေးများ ကယ်ထုတ်ခဲ့ပြီး ၉လကျော်မှ ပြန်ရောက်”

 ၂၀၁၃ ခု ဖေဖေါ်ဝါရီ ၂၅ ရက်    မြတ်ညို ( အလွတ်သတင်းထောက်)

ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် အရပ် စွယ်မမ တွင်ရှိသော ဆန်းဒစ် ပုဇွန် အအေး ခန်းအလုပ်ရုံမှ ၂၀၁၂ နှစ် မေလ၁၅ ရက်နေ့က  တစ်နေ့လျှင် ၁၆နာရီ ထက် မနည်း အလုပ်လုပ်နေ ရပြီး တစ်ပတ် လုပ် အားခ ဘတ်ငွေ ၅၀ သာရရှိ သည့် အလုပ်သမား ၁၄၆ ဦးအား ကယ်ထုတ်စဉ် ပါဝင်ခဲ့သည့် အသက် ၁၈နှစ် အောက် အရွယ် အမျိုး သမီးငယ် ၄ဦးတို့ ယနေ့တွင်မိဘများထံ သို့ပြန် လည်ရောက် ရှိသွား ပြီဖြစ်ကြောင်း သိရှိ ရသည်။


          
             အသက်  ၁၄ နှစ်အရွယ် သီတာ၊ မြ၀တီ။ အသက် ၁၅နှစ်အရွယ် ခိုင်စုဝေ၊ မြ၀တီ။ ၁၅နှစ် အရွယ် သူဇာ၊ မော်လမြိုင်။ နှင့် အသက် ၁၆နှစ် အရွယ် အိသဇင်၊ သထုံ။ တို့မှာ ထိုင်းနှင့်မြန်မာ အစိုးရတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ယနေ့ တွင်မိဘများထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
 


20 February 2013

“လူကုန်ကူးခံခဲ့ရသူ ၃၂ဦးအား ထိုင်းအစိုးရပြန်ပို့”


ဖေဖေါ်ဝါရီ ၂၀  ၊မင်းဘခက်

ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန် အအေးခန်း အလုပ်ရုံနှင့် ခြုံဘူရီ ခရိုင် ချောင်းစမေးစံ ငါဖမ်းလှေ ဆိပ်တို့တွင် လူကုန်ကူးခံခဲ့ ရာမှ  ၂၀၁၂ခုနှစ်အတွင်း က လွတ်မြောက်ခဲ့ကြသည့် မြန်မာအလုပ်သမား၃၂  ဦးတို့အားဘုရားသုံးဆူ နယ်စပ်မှ ယနေ့တွင်ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ များပြောပြချက်အရသိရသည်။

15 February 2013

“ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည့် ကရင်ကလေးအလုပ်သမငယ်ထံသို့ အလုပ်သမားညွှန်ချုပ်သွားရောက်”


ဖေဖေါ်ဝါရီ ၁၅
မြတ်ညို(အလွတ်သတင်းထောက်)
       
၅နှစ်ခန့် ထိုင်းလူမျိုးဇနီးမောင်နှံတို့အိမ်တွင် အခန်းပိတ်လှောင် ခိုင်းစေခံခဲ့ရပြီး ညှင်း ပမ်းနှိပ်စက် ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင်အမျိုးသမီး ငယ် မအဲ တို့ မိသားစုအား ပြုစုစောင့်ရှောက်ထား သည့် ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့ ကန်ဖယ်ဖက်ခရိုင် မိသားစုနှင့် ကလေး စောင့်ရှောက်
ရေး ဂေဟာသို့ ဘန်ကောက် မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း   နှင့် အဖွဲ့တို့ ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

    ဦးနိုင်ထွန်း က“ မြန်မာအစိုးရအနေနဲ့  အမှု ၇မှုနဲ့  ထိုင်းရဲက အမှုဖွင့်ထားတာ။ အစိုးရရှေ့နေကိုလည်း သူတို့ပဲ စီစဉ်မယ်လို့ပြောတယ်။ ပြစ်မှုထင်ရှားရင် အနည်းဆုံး   ထောင် အနှစ် ၂၀ ကျမယ်လို့ပြောတယ်။တရားခံလို့ ယူဆရတဲ့ လင်မယား ၂ယောက် လုံးကို ထွက်မပြေးအောင် အာမခံသေသေချာချာလုပ်ပြီး အပြင်မှာလွှတ် ထားတယ်။ ကောင်မလေးက စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက်နေတော့ သူ့ အဖေ အမေပါခေါ်ထားတယ်။ မြန်မာအစိုးရအနေနဲ့ ကနဦး ကူညီငွေ ဘတ် ၂၀၀၀၀ နဲ့ ကျနော်တို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းက ဘတ်ငွေ ၅၀၀၀ ကူညီခဲ့တယ်” ဟု ပြောသည်။

   ဦးနိုင်ထွန်းသည် ဗီယန်ကျင်းသံရုံး၊ ဘန်ကောက်သံရုံးတို့တွင် ကာလရှည်ကြာ   နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ထိုင်းဘာသာစကားကို အထူးကျွမ်းကျင်စွာ တတ်မြောက်ထားသူလည်း ဖြစ်သည်။
      ဘန်ကောက်မြန်မာသံရုံးတွင်သံမှူးရာထူးဖြင့်တာဝန်ထမ်းဆောင်နေခဲ့စဉ်အတွင်းပညာ
ရးဖွံ့ဖြိုး ရေးဖေါင်ဒေးရှင်း FED ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT နှင့် ပူးပေါင်း ၍  မြန်မာအလုပ်သမားများ၏ အရေးကိစ္စများစွာတို့ကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်သဖြင့် အလုပ်သမားများ အားကိုးခြင်းကိုခံခဲ့ရသည်။  သူသည် အရပ်ဖက် အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအလုပ်သမားများအရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးခဲ့သည့် ပထမဦးဆုံး မြန်မာသံအရာရှိကြီးတစ်ဦးဖြစ်သည်။
              ပြီးခဲ့သည့်ဇန်န၀ါရီလ၃၁ရက်နေ့ကထိုင်းအမျိုးသမီးတစ်ဦးအိမ်မွေးကြောင် ပျောက်ဆုံးရာကို
လိုက်လံရှာဖွေ
ရင်း ခွေးလှောင်အိမ်ထဲတွင်ထိတ်လန့်စိုးရိမ်နေသည့်လူမမယ်ကလေးကရင်မလေးအား
 တွေ့
ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက်ရဲများကိုအကြောင်းကြားခဲ့သဖြင့် ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ တွင်နေထိုင် သည့် နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နှင့်ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီး ခဲ့သည်။

    မအဲ ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြက်တူရွေးရွာမှဦးတင်အောင်နှင့် ဒေါ်မူးအွာသိန်း
တို့က ထိုင်းနိုင်ငံအတွင်းမွေးဖွားခဲ့သူဖြစ်သည်။ မအဲ သည် အသက် ၇ နှစ်ခန့် က  မိဘများနှင့်အတူ ဆိုင်းငမ်းရွာက ကြံခင်းတစ်ခုထဲတွင် အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားဖြင့် ဖြားယောင်း ခေါ်ဆောင်သွားပြီး  ၅နှစ်ကျော်ကြာ အခန်းပိတ်လှောင်နှိပ်စက် ခိုင်းစေခဲ့သည်။ ကလေး၏ မိဘများမှာ ကလေးကို ခေါ်ဆောင်သွားသည့် လုပ်ငန်းရှင်၏ သြဇာကြီးမားမှုကို ကြောက်သဖြင့် မိမိတို့၏ သမီးကို တွေ့ ခွင့်ရအောင် မကြိုးစားနိုင်ခဲ့ကြောင်း ကယ်ဆယ် ရေးစခန်းသို့ရောက်ရှိလာစဉ် သတင်းထောက်များ ကိုပြောသည်။
မိန်းကလေးငယ်သည် လွန်ခဲ့သည့် ၃ နှစ်ခန့်က နှိမ်စက်ခံရလွန်းသဖြင့် အလုပ်ရှင် အိမ်မှ ထွက်ပြေး ခဲ့ဖူးသည်။ သို့ရာတွင် ထိုင်းရဲက ဖမ်းဆီး၍ ထိုနေအိမ်သို့ ပြန်ပို့ခဲ့သည်။
ထိုသို့ ထွက်ပြေးခြင်းကြောင့် မိန်းကလေး၏ ဦးခေါင်းကို နံရံနှင့်ဆောင့်ပြီး နားရွက်ကို ကပ်ကြေး
ဖြင့်ညှပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။
စေခိုင်းသည့် အတိုင်း မလုပ်ပါက ထိုင်း လင်မယားက ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့သည်။ ခွေးလှောင်အိမ် အတွင်း   ထည့်ထားခြင်း၊ စသည့်လူမဆန်သည့် ရက်မှုများဖြင့်ပြုလုပ်ခဲ့ကြောင်းထိုင်းသတင်းများတွင်ဖေါ်ပြသည်။
သက္ကရာဇ် ၂၀၀၀ ၀န်ကျင်ကလည်း မစိုး ဆိုသည့် အိမ်ဖေါ်အလုပ်သမ ငယ်တစ်ဦးအား ထိုင်းအိမ်ရှင်က ဓါတ်ဆီလောင်း၍ရက်ရက်စက်စက် မီးရှိုးသတ်ဖြတ်ခဲ့သည့် သာဓကများ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ဖူးသည်။

07 February 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၅

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၅ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီး။

03 February 2013

“MOU အလုပ်သမ ၂ဦးအား ကျပ်ငွေ ၂သိန်း ကုမ္ပဏီက ပြန်ပေး”


၂၀၁၃- ဖေဖေါ်ဝါရီလ ၃ မင်းဘခက်
                နယ်စပ်သို့ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် MOU အလုပ်သမား၂ဦး အား   မြ၀တီ ကျောက်လုံးကြီးစခန်းရှိရဲဝံ့နဂါး ကုမ္ပဏီက ကျပ်ငွေနှစ်သိန်း ထုတ်ပေးခြင်းမှာ MOU လုပ်ငန်းစဉ်အတွင်း ပထမဦးဆုံးဖြစ်ရပ်ဖြစ်သည်။

         နှစ်နိုင်ငံအစိုးရ သဘောတူညီမှု  နားလည်မှုစာချွန်လွှာ  MOU  ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့သည့်အလုပ်သမားအချို့တစ်လကျော် ကြာသည့် တိုင်အောင် ကုမ္ပဏီက အလုပ်မပေးနိုင်သဖြင့် အလုပ်သမား၆ဦး အား ယမန်နေ့  ကနယ်စပ်သို့ပြန်ပို့ရာ အလုပ်သမား ၂ဦးအား မြ၀တီ MOU ပတ်စပို့ ကုမ္ပဏီက ကျပ်ငွေ နှစ်သိန်း ပြန်လည်ပေးအပ်လိုက်ကြောင်း အလုပ်သမညီမနှစ်ဦးကပြောသည်။

“အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း”

                                               “အလုပ်သမားတွေရဲ့ဆန္ဒ”

         အလုပ်သမားတိုင်း ထိုင်းနိုင်ငံအတွင်းမှာ  တရားဝင်အလုပ်လုပ်ချင်ကြပါတယ်။  ဒါပေမယ့် ယခုလုပ် လာမယ့်ပတ်စပို့လုပ်ငန်းစဉ်က အကုန် အကျ အလွန်များလွန်းနေ တာကြောင့် မလုပ်နိုင်တဲ့ အလုပ်သမား တွေ အများကြီးဖြစ်မယ်ထင်ပါတယ်။ ဘယ်ပွဲစားကုမ္ပဏီအတွက်မှမပါသေးပဲ၊ ၀န်ထမ်း   တွေ အတွက် အဖိုးအခ လုံးဝမပါပဲ။
  ကျမ္မာရေးစောင့်ရှောက်ခ+သွေးစစ်ခ= ၁၉၀၀ ဘတ်
                       Work permit၂နှစ်စာ= ၃၈၀၀ ဘတ်
ထိုင်းအလုပ်သမား ၀န်ကြီးဌာန  ရံပုံငွေ=  ၆၀၀ ဘတ်
                              မြန်မာပတ်စပို့ခ=   ၅၅၀ ဘတ်
                     ထိုင်းပြည်ဝင်ခွင့် ဗီဇာခ=  ၅၀၀ ဘတ်
                                                   . . . . . . .
  ပွဲစားခ+ကုမ္ပဏီဈေး  မပါသေးပဲ      = ၇၃၅၀ ဘတ် ကုန်ကျနေပြီးဖြစ်ပါတယ်။