08 December 2017

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ဆယ်အိမ်မှူး ၀င်ရောက် အရွေးခံမည့် သူများ ခင်ဗျား။

ရပ်ကွက် က ရေမြောင်းတွေ မရှင်းပေးနိုင်ရင်လည်း နေပါ။

အမှိုက်ပုံတွေ ညှီဟောင်နံပွက် အနံ့သက်ဆိုးနေတာကို မရှင်းပေးနိုင်သေးရင် နေပါ။

မိလ္လာစနစ် ရေဆိုးမြောင်းတွေ မရှိဖြစ်သလို အညစ်ကြေး စွန့်နေရတဲ့ ဘ၀ ကို ချက်ချင်းကြီး ပြောင်းလဲ အနံ့ကင်းသွားဖို့ မလုပ်ပေးနိုင်သေးရင်လည်း နေပါ။

ဓါတ်မီးတိုင်တွေ ဟောင်းနွမ်း ရှုပ်ရှက်ခတ်နေတာကို မရှင်းနိုင်လည်း နေပါ။

လမ်းထိပ် လဘက်ရည်ဆိုင်တွေ ရပ်ကွက်ထဲက လမ်းဘေး စားသောက်ဆိုင် ထမင်းဆိုင်လေးတွေမှာ မသန့်ရှင်းတဲ့ ဆီ ၊ မသန့်ရှင်းတဲ့ အပေါစား အစားအစာ၊ ကျန်းမာရေး ထိခိုက်စေတဲ့ ချက်ပြုတ်နည်းများ ကို မပြင်ဆင် မထိန်းသိမ်း မကွပ်ကဲ နိုင်သေးရင် နေပါ။


ရပ်ကွက် တကွက်လုံးကြားအောင် အသံကုန်ဖွင့်နေတဲ့ အသံချဲ့စက်တွေကို မထိန်း နိုင်သေးရင်နေပါ။
ရပ်ကွက်ထဲက အနှိပ်ခန်းတွေ ပြည့်တန်ဆာလုပ်ငန်းတွေကို မတားဆီးနိုင်သေးရင် နေပါ။

ဒေါက်တာ ရမ်းကုတွေ ကျူရှင် အမည်ခံပြီး ပညာရေး ဂုတ်သွေးစုပ်နေတဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့ အညီ ရှင်းလင်း မှု မလုပ်နိုင်သေးရင် နေပါ။

အလှူခံအဖွဲ့တွေ အမည်ခံပြီး လိမ်ညာ ငွေကောက်နေတာတွေကို မဖယ်ရှားနိုင်သေးရင်နေပါ။

အလုပ်လက်မဲ့ဖြစ်နေတဲ့ ရပ်ကွက်ထဲက လေလွင့်လူငယ်တွေကို အလုပ် မရှာပေးနိုင်သေးရင် နေပါ။
သုံးခုသော အချက်ကို အာမခံနိုင်ရင် ၀င်ရွေးပေးပါ။
(၁) အရင် အုပ်ချုပ်ရေးမှူးဟောင်းတွေ ရဲ့ အကျင့်ပျက် စရိုက်ဆိုး စေတနာမဲ့ စိတ်ဓါတ်မျိုး လုံးဝ လက်ခံခြင်း မပြုပဲ လူသစ် စိတ်သစ် စေတနာအရင်းခံပြီး ရပ်ကျိုးရွာကျိုး သယ်ပိုးပေးပါ။

(၂) ပုံစံ အမျိုးမျိုးနဲ့ ကျက်စား ရပ်တည်နေတဲ့ လောင်းကစားဝိုင်းတွေ ကို ရပ်ကွက်ထဲမှာ ဘယ်လိုမှ ရပ်တည်လို့ မရအောင် လက်မခံပဲ ပြတ်သားစွာ ဖယ်ရှား အရေးယူပေးပါ။

(၃) ရပ်ကွက်ထဲက လူငယ်တွေကို ဦးတည်ပြီး ဖြန့်ဖြူး ရောင်းချနေတဲ့ စိတ်ကြွဆေး၊ မူးယစ်ဆေး၊ ဘိန်းဖြူ ရောင်းချတဲ့ လူများကို ပြတ်ပြတ်သားသား အရေးယူ ဖမ်းဆီးဖယ်ရှားရဲတဲ့ သတ္တိ ခံယူချက် မွေးပေးပါ။

ဒီ (၃) ခု ကို လုံးဝ အာမခံနိုင်ပါတယ် ဆိုမှ အုပ်ချုပ်ရေးမှူး ၀င်ရွေးကြပါခင်ဗျား။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်