23 July 2014

“အစိုးရ မူဝါဒ အလုပ်သမားများတိတိကျကျသိရှိမှုအားနည်း”



                
၂၀၁၄ ခု ဇူလိုင်လ ၂၃ ရက်

မောင်ပေါ်ထွန်း
ထိုင်းစစ်အစိုးရ လုပ်ပေးနေသည့် ယာယီနေထိုင်ခွင့်ထောရော38/1   (ပန်းရောင်ဘတ်) အနေအထား များအား မြန်မာအလုပ်သမားများ အပြည့်အ၀သိရှိနားလည်မှု မရှိေ သးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ တစ်ဦးက ပြော သည်။
          ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ တွင်နေထိုင်သော ထိုင်းနိုင်ငံ   ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့် က “သံရုံးမှာ မကြာခင်က ပြလုပ်တဲ့ အလုပ်သမား စါ ရင်း ကောက်မယ့် အဖွဲ့ဝင်ဆယ်ဦးထဲမှာ ကျနော်ပါတယ်။ ဒါကြောင့် ကျနော် မနေ့က စူရတ်က ဘတ်လုပ်တဲ့ နေရာကိုသွားတယ်။ သံရုံးက တရားဝင်စာပို့ထားတာမရှိတဲ့အတွက် အလုပ်သမားတွေကို စါရင်းေ ကာက်လို့မရဘူး။ အဆိုးဆုံးအခြေအနေကတော့ အလုပ်သမားတွေက ဘတ်လုပ်ရင်တစ်နှစ်စာလို့ ထင်နေ ကြတယ်။ ဘာလုပ်ပြီးရင် ဘာလုပ်ရ မယ်ဆိုတဲ့ အစိုးရလုပ်နေတဲ့ အစီအ စဉ်ကို မသိကြဘူး။ ခုလုပ်နေတဲ့ ဘတ်ကဒ်က ၂လ,သာနေထိုင်ခွင့်ရှိပြီး   မြန်မာနိုင် ငံသားဖြစ်ကြောင်း စီစစ်ရမယ်၊ ပြီးရင် ပတ်စပို့လုပ်ရမယ် ဆိုတာကို ကျနော် စာရွက် နဲ့ရေး ထားတာကို ဝေငှခဲ့တယ်။ ကျနော်နဲ့သိတဲ့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက အရာရှိ တစ်ဦးကလည်း လက်ကိုင်မိတ်နဲ့  အော်ပေးပါတယ်” ဟုပြောသည်။

22 July 2014

“လက်ပြတ်သွားသည့်အလုပ်သမား၂ဦးနစ်နာကြေးဘတ်ငါးသိန်းကျော်ရရှိ”



                          ၂၀၁၄ ဇူလိုင်လ ၂၂
မင်းဘခက်
                ဘန်ကောက်မြို့ပချာအူထစ် ၇၅ လမ်းတွင်ရှိသော METTIC   မော်တော် ဆိုင်ကယ်နှင့် ကား အပိုပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံတွင် မတော်တဆ လက်သုံးချောင်း ပြတ်ခဲ့ရသည့်    မြန်မာအလုပ်သမားတစ်ဦး ယမန်နေ့က နစ်နာ ကြေးဘတ်နှစ်သိန်းကျော်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိ ရသည်။
             ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅နာရီခန့်က လက် သုံးချောင်းပြတ်သွားခဲ့သည့် ပဲခူးမြို့ ကြေးနီးကန် ရပ်ကွက်မှ အသက် ၂၃ နှစ်အရွယ် မောင်ဝဏ္ဏအားအလုပ်ရုံက  ဆေးဝါးကုသပေးခဲ့သော်
လည်း နစ်နာကြေးတစ်စုံတစ်ရာ မရရှိသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူ ညီတောင်း ခံခဲ့သည်။  MAT အဖွဲ့က ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED အဖွဲ့ မှ ရှေ့နေဖြင့် ညှိနှိုင်၍ တစ်နှစ်ကြာ အမှု ရင်ဆိုင်ခဲ့ ရသည်။
မောင်ဝဏ္ဏ က“ တစ်လုံးတစ်ခဲတည်း ဘတ်ငွေ ၂၄၅,၃၆၀ ရရှိပါတယ်။   ငွေရပြီးချင်း မနေ့က မိဘဆီပို့လိုက်ပါပြီ။ ကျနော်လည်း ဒီလကုန် တာနဲ့ ပြန်တော့မယ်။ တစ်ပြားမှ မရပဲ ကိုယ်လက်အင်္ဂါချို့ယွင်းသွားရတဲ့ အလုပ်သမားတစ်ယောက်အတွက် သင့်တော်တဲ့ နစ်နာကြေးရအောင် အကူညီပေးခဲ့ကြတဲ့ ထိုင်းတောင်ပိုင်းက FED နဲ့ ဘန်ကောက်က  MAT အဖွဲ့တို့ကို ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်” ဟု လှိုက်လှဲစွာ   ပြောဆိုသွားသည်။

        ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းနိုင်ငံမှာ အသက်သေသွားကြတဲ့ မြန်မာတဲ့   မြန်မာအလုပ်သမားတွေ လက်   ပြတ်ခြေပြတ်ဖြစ်ပြီး ဒုက္ခိတဘ၀ နဲ့ ပြန်သွားရတဲ့ မြန်မာအလုပ် သမားတွေ အများကြီးရှိခဲ့ကြပါ တယ်။ ကျနော်တို့ဆီကို အကူညီတောင်းခံလာ ကြတိုင်းအလုပ်သမား တိုင်း နစ်နာကြေးရရှိကြပါတယ်။ မနေ့ကတစ်နေ့တည်းမှာပဲ အယင်နှစ် က လက်ပြတ်သွားခဲ့တဲ့ ရန်ကုန်က ကိုကျော်ဝင်းသိန်း ကိစ္စပထမအရစ် ဘတ်နှစ်သိန်းရပြီးတော့ ပြန်သွားခဲ့ပြီ။ နောက်ကျန်တဲ့ ဘတ်နှစ်သိန်း သုံးသောင်းကို မပေးဘူးဆိုပြီး သူဌေးက ငြင်းနေလို့ အယူခံပြန်ဝင်ရ တာ တစ်နှစ်ကြာသွားတယ်။  ခုမှ ပေးမယ်ဆိုပြီး  တရားရုံးက ပြန်ဆုံး   ဖြတ်တာ။ FED အဖွဲ့က ရှေ့နေ ကျနော်တို့ ဆီမှာရှိနေလို့ပေါ့ မဟုတ် ရင်  ဒီနစ်နာကြေးတွေ မရနိုင်ဘူး” ဟုပြောသည်။
             ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDက၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့MAT သို့ အလုပ်သမားအရေးနှင့် လူ့အခွင့်အရေး အထူးကျွမ်းကျင် သည့် ရှေ့နေအဖွဲ့တစ်ခုအား သုံးနှစ်စာအတွက် ငှါးရမ်းကူညီပေးထား သည်။ သို့ဖြစ်၍ MAT ရုံးတွင်အလုပ်သမားများအခွင့်အရေးဆုံးရှုံးခံရမှု၊ လုပ်အားခဆုံးရှုံးမှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊ မတော်တဆသေ  ဆုံးမှု၊ (ပတ်စပို့၊ စာရွက်စာတမ်းသိမ်းဆည်းထားမှု) အဓမ္မပြုကျင့် ခံရမှု များနှင့်လူကုန်ကူးမှု ပြဿဿသ နာများအား နေ့စဉ်ကိုင်တွယ်ဖြေရှင်းနေကြရ    ကြောင်း MAT ရုံးတာဝန်ခံ ဦးစိုင်းအေး က ပြောသည်။
-----------------------------------------------------------------------
 
 (မေတ္တာရပ်ခံချက် http://www.goldenworkers.asia/2013/09/blog-post_6.html ကိုကျော်ဝင်းသိန်း သည်  ရန်ကုန်သို့ ပြန်သွားခါစ ၂၀၁၃  နှစ်ကုန်ပိုင်းက  MAT သို့ တစ်လတစ်ကြိမ်ခန့် ဖုန်းဆက်ခဲ့သော် လည်း ယခုအခါ အဆက်အသွယ် ပြတ်သွားခဲ့ပြီးဖြစ်ပါသည်။ ၎င်းသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့မှဖြစ်ပါသည်။ ဓါတ်ပုံပါ ကိုကျော်ဝင်းသိန်း   အား သိရှိ/ တွေ့ရှိပါက ငွေကြေးလက်ခံရယူနိုင်ရန်အတွက် ဘန်ကောက် MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း  084 670 5727 ဖုန်းသို့ ဆက်သွယ်ရန် အသိပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

17 July 2014

"မြန်မာအလုပ်သမားများအတွက် မြန်မာသံရုံးသတင်းထုတ်ပြန်”



        အလုပ်သမားများ ပတ်စပို့နှင့် အလုပ်လုပ်ခွင့်ပါမစ် အလျှင်အမြန်
လုပ်ကိုင်နိုင်ရေးအတွက် (မှတ်ပုံတင်နှင့်အိမ်ထောင်စုစါရင်း) မြန်မာနိုင် ငံသား မှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်းအနေဖြင့် အကောင်အထည်
ဖေါ်ဆောင်ရွက်ခြင်းဖြစ်သည်။
           အလုပ်သမားများကိုယ်တိုင် မြန်မာသံရုံးတွင် အခမဲ့ စာရင်းပေး သွင်းရန်လမ်းညွန်ထားသည်။ ကိုယ်တိုင်သွားမလုပ်နိုင်သူများအနေဖြင့် အထက်ဖေါ်ပြပါမြန်မာအလုပ်သမားအကျိုးဆောင်များကို ဆက်သွယ်၍ စါရင်းပေးသွင်းကြရမည်ဖြစ်ပါသည်။
           ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်၊ စူရတ်ဌာနီနှင့်
ရနောင်းတို့တွင် အထက်ပါ ဖုန်းနံပါတ်များနှင့်ရုံးများဖွင့်လှစ်ကာ မနက်   ဖြန်မှစ၍  ဘတ်လုပ်ထားသည့် မြန်မာအလုပ်သမားများ၏ စါရင်းများ အား စတင်လက်ခံဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
        ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးမည်
ဖြစ်ပြီး ထိုအတည်ပြု ထောက်ခံချက်နှင့်အတူ ယခုလုပ်ကိုင်ထားကြ သည့် ပန်းရောင်ဘတ်နှင့်ပူးတွဲ၍အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ် လျှောက် ထားကြရမည်ဖြစ်ကြောင်း သိရှိရသည်။
         ထို့နောက် ပတ်စပို့လုပ်ငန်းစဉ်သို့တက်လှမ်းမည်ဖြစ်ကြောင်းသိ
ရှိရသည်။
         အသေးစိတ်အချက်အလက်များအား မြန်မာသံရုံးသို့ ဆက်သွယ်   မေးမြန်းနိုင်ကြောင်းသိရှိရသည်။

16 July 2014

“အသတ်ခံရသည့်မြန်မာအလုပ်သမားအလောင်းသဂြိုဟ်ခွင့်ရပြီ”



                              
၂၀၁၄ ခု ဇူလိုင်လ ၁၆ 
 မင်းဘခက်
   မြန်မာအချင်းချင်းလုယက်သတ်ဖြတ်ခံထားရသည့် အလောင်းတစ်ခုအား  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ယနေ့ညနေကမိသားစုများ ကောင်းမွန်စွာ သဂြိုဟ်ခွင့်ရရှိ သွားပြီဖြစ်ကြောင်း သိရသည်။
               သေဆုံးသူ မောင်ခိုင်မင်း အသက် ၂၆ နှစ်သည် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ ဂငယ် ရပ်ကွက် မှ ဦးစိုးမြင့်+ဒေါ်ကြည်ကြည်ဌေး တို့၏ သားငယ်ဖြစ်သည်။ ဇွန်လကုန်အပတ်က နေအိမ်မှ ရွှေသုံးကျပ်သားပျောက်ဆုံးခဲ့ပြီး ထိုင်းနိုင်ငံ၊ နကပထုန်နယ်မြေ၊ အုန်းယိုင်၊ မော်စီလမ်း အနီးတွင် ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ မအေးအေးအောင်ကပြောသည်။
    “ဇွန်လ ၂၂ ရက်နေ့ညနေ ၈နာရီခန့်က သော်သော် ဆိုသူကကျမယောက်ျားကသော့ယူခိုင်းတယ်ဆိုပြီး လာတောင်းလို့ပေးလိုက်တယ်။အဲဒီကတည်းကကျမယောက်ျားကိုဆက်သွယ်မရတော့ဘူး။၂၆ရက်နေ့မှာ ရွှေသုံးကျပ်  သားပါ ထပ်ပျောက်သွားတယ်။ ဇူလိုင် ၁ရက်နေ့မှာ သော်သော်က အချွန်ဆိုသူကို ရွှေတစ်ကျပ်ခွဲသား ရောင်းခိုင်း တယ်။ အဲဒါကို ကျမတို့ သံသယဖြစ်တဲ့အတွက် ခေါ်မေးတော့ ညနေပိုင်းမှာအမိုင်း သော်သော်နဲ့ အစိုင်း ဆိုသူတို့က အချွန် ကို ဓါးနဲ့ထိုး၊ မီးပူနဲ့ဟပ်ကြတယ်။ ခု သူတို့ကို ရဲစခန်းမှာဖမ်းထားပါပြီ။ အမှုအခြေအနေတော့   ဘယ်လိုဖြစ် လာမယ် မသိရသေးဘူး” ဟုပြောသည်။
       

“MOU အလုပ်သမား၂၆ဦး လုပ်အားခမရ၍ သစ်ရွက်ကိုပြုတ်စားနေရ”



        
၂၀၁၄ ဇူလိုင်လ ၁၆ ရက်
           မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)

              ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှားနယ်စပ်ရှိ ပန်းရံလုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာမရှိ၍ ဘောစကိုင်းရွက်များကိုပြုတ်၍စားနေရကြောင်း အလုပ်သမားများက ပြော သည်။

      မလေးရှား နယ်စပ် စတုန်းမြို့နယ် ပန်းရံဆိုဒ်တစ်ခုမှ MOUအလုပ်သမား ၂၆ဦးတို့အား လုပ်အားခ တစ်လစာ ထုတ်မပေးပဲထားသဖြင့် အနီးအနားတွင် ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့အား ခူးစား၍ ကုန်နေပြီဖြစ်သဖြင့်ယခုအခါ ဘောစကိုင်းရွက်များကိုပြုတ်စားနေရကြောင်း အလုပ်သမား သန်းဇေါ်ဦးက ပြောသည်။

       “ကျနော်တို့ကို ရွှေရည်ဖြိုးအောင် ကုမ္ပဏီ က ပို့တာပါ။ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော်ဆိုရင် ရောက်တဲ့နေရာမှာ ကျနော်တို့ ဒုက္ခ   ရောက်နေတာပါ။ တစ်နှစ်အတွင်းမှာ ကျနော်တို့ဆီက ၁၉,၁၅၂ ဘတ်ဖြတ် ထားပါပြီ။ ပတ်စပို့ကို ထိုင်းကိုရောက်ကတည်းက မကိုင်ဖူးဘူး။ လုပ်အားခ ရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျနော်တို့မှာ စားစရာမရှိလို့ အနီးအနား မှာစားလို့ရတဲ့ အသီးအရွက်တွေအကုန်ခူးစားနေကြတာ။ မြက်ပဲရှိပြီ။ သောက်ရေ ဆိုတာလည်း ပိုက်လုံးကလာတဲ့ရေတွေ ကိုပဲသောက်နေရတာ” ဟုပြော သည်။

15 July 2014

`“မဲဆောက်တွင် လူကုန်ကူးဂိုဏ်းနှင့် မြန်မာ ၃၄ ဦး အဖမ်းခံရ”



ဘာသာပြန်=ကိုတီး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တရားဝင် အထောက်အထားမရှိဘဲ ဘန်ကောက်ကို သွားဖို့ ပြင်ဆင်နေတဲ့ မြန်မာ ၃၄ ဦးနဲ့ သူတို့ကို ခေါ်ဆောင်လာသူ လူကုန်ကူး ဂိုဏ်းတခုကို ဖမ်းဆီးရမိ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကြိုတင်သတင်း ရထား ချက်အရ ထိုင်းစစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ဇူလိုင် ၁၅ ရက်နေ့ မနက်မှာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် အိမ်အမှတ် ၃၉၄ / ၆ ကို ၀င်ရောက် စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။


10 July 2014

"ဆရာစနေသားကိုလေးစားတယ်ဗျာ"





     ကျနော်၂၀၁၄ခုနှစ်မှာ ပြည်တွင်းကိုခဏခဏသွားဖြစ်တယ်။ ပြည်တွင်းထုတ်
ဂျာနယ်တစ်ချို့ကို ဆောင်းပါးတစ်ချို့ရေးပို့ဖြစ်ပါတယ်။
    ဒီနေ့ထုတ်မြန်မာအလင်းသတင်းစာမှာ ဆောင်းပါးရှင် စနေသား က ဇွန်လ ၁၈ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးကို ဝေဖန်ရေးထားတာကို ဖတ်ရတယ်။ နိုင်ငံပိုင်သတင်းစာတစ်စောင်မှာ ဘာမှမဟုတ်တဲ့ ကျနော့်လို လူ ကို တခုတ်တရ ဝေဖန်ပေးတာ အလွန်ကျေးဇူးတင်ပါတယ်။
             နိုင်ငံပိုင်သတင်းစာဆိုလို့….၄၊ ၇၊ ၂၀၀၆ ခုနှစ်က ကြေးမုံသတင်းစာ မှာ“တပြည်သူမရွှေထား(သို့) တိုင်းပြည်အန္တရာယ်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ကို မောင်စေတနာ Ba,Bed ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးကို  “တိုင်းပြည်ကို ဖျက် ရိုးဒ်မက်(၇)ချက်”ဆိုပြီးတုန့်ပြန်တဲ့ ဆောင်းပါး တစ်ပုဒ်ကို ခါကာဘိုရာဇီ ၀က်ဘ်ဆိုဒ်မှာ ချက်ခြင်းကျနော် ရေးခဲ့ဖူးပါတယ်။ ဒါက နိုင်ငံပိုင်သတင်းစာနဲ့ ကျနော် ရှိခဲ့ဖူးတဲ့ သံယောဇဉ်ဖြစ်ပါတယ်။
           နှစ်ပေါင်းငါးဆယ်ကျော်ကြာ မျက်စိနားတွေအကုန်ပိတ်ထားရာကနေ သမ္မတကြီး ဦးသိန်းစိန် တက်လာပြီးတဲ့နောက်မှာ လွတ်လပ်စွာ ရေးသားထုတ်   ဝေခွင့်ပြုခဲ့တယ်။ အကျိုးဆက်က တိုင်းပြည်ရဲ့ရတနာအကုန်လုံးကို အာဏာ ရှင်တွေရောင်းစားသွားပြီ၊ အဖိုးတန်ပိုင်ဆိုင်မှုဟူသမျှ အာဏာပိုင် အသစ် အဟောင်းတွေ နဲ့ ခရိုနီတွေလက်ထဲမှာဆိုတာ စင်ပေါ်မှာတင်ပြသလို ပြည်သူ   တွေသိမြင်ခွင့်ရခဲ့ပြီ။
        ဘယ်နေရာကြည့်ကြည့် လယ်တွေကိုသိမ်း၊ ကုမ္ပဏီဟူသမျှအာဏာပိုင် နဲ့ခရိုနီပိုင်၊ တိုရှင်းပြောရရင် စားစရာမရှိတဲ့လူထုနဲ့ ထားစရာမရှိတဲ့ လူတစ်စု ဆိုတာကို အားလုံးသိလာခဲ့ကြပြီဖြစ်တယ်။ ဒီအခြေအနေဟာ နှစ်ငါးဆယ်   ကျော် မြန်မာနိုင်ငံရေးအတွက် စစ်သားဟောင်းကြီး သမ္မတ ဦးသိန်းစိန်   ရေးတဲ့သမိုင်းမှတ်တမ်းထဲမှာ အတောက်ပြောင်ဆုံးပါ။
       ဆရာ စနေသားကို ပြောချင်တာကတော့ ခုမှမျက်စိဖွင့်ခွင့်ရတဲ့ လူထုကို အမှန်အတိုင်း သိသထက်သိပြီး လူစဉ်မှီတဲ့ နိုင်ငံသားတွေဖြစ်အောင် ကူညီေ ပးပါ။ အမွဲဆုံးတိုင်းပြည်ဖြစ်တာထက် အသိဉာဏ်မွဲသွားတဲ့၊ ကိုယ်ကျင့် ပျက် စီးသွားခဲ့ကြပြီဖြစ်တဲ့ မြန်မာလူထုကို ကျနော်တို့နဲ့အတူ မှန်ကန်တဲ့သတင်း အချက်အလက်တွေကို ၀ိုင်းဝန်းပေးကြပါစို့လို့ မေတ္တာရပ်ခံပါတယ်ဗျာ။
      အမှန်အတိုင်းတင်ပြပါ။ အမှားအမှန်ကိုလူထုဆုံးဖြတ်ပါစေ။ ငှက်ပျောသီး စားထားလို့  ဗိုက်အဆာပြေနေတာကို ၀အောင်စားထားပြီလို့ လက်တစ်လုံး
ခြား လုပ်တဲ့ခေတ်ကို ထားခဲ့ကြတော့မယ်ဗျာ။ ကိုယ့်အိမ်ထဲကို ခွင့်ပြုချက်မရ ပဲ ဘယ်လက်နက်ကိုင်မှ ၀င်လာလို့မရ၊ လာဖမ်းလို့မရတဲ့ လုံခြုံတဲ့ခေတ်
တရားဥပဒေစိုးမိုးတဲ့ခေတ်ကို ရောက်အောင် ၀ိုင်းတွန်းကြမယ်ဗျာ။
     စာရေးဆရာအားလုံး၊ သတင်းစာဆရာအားလုံးကို လေးစားလျှက်။

                                    ကျော်သောင်း
                                    ဘန်ကောက်









08 July 2014

“ပို့လို့ရတာအကုန်ပို့၊ ကူးလို့ရတာအကုန်ကူး”



                                   “ဘုရားမှောင်ခိုကုန်ကူးမှု”
                  မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြတဲ့ တိုင်းပြည်ပီပီ  ရွာတိုင်းမှာ ကျောင်းကန်ဘုရားရှိတတ်ကြပါတယ်။ ရွာကြီးနဲ့မြို့တစ်ချို့က ဘုန်းတော် ကြီးကျောင်းတွေမှာ ရှေ့ခေတ် လက်ရာ အနုသုခုမ လက်ရာမြောက်တဲ့ (သံ၊ ကြေး၊ သစ်) တွေနဲ့ ထုလုပ်ထားတဲ့ ပန်းဆွဲအမျိုးမျိုး၊ ရုပ်ထုအ မျိုးမျိုး တွေရှိတတ်ကြပါတယ်။ နှစ်ပေါင်းရာနဲချီရှိတဲ့ အဲဒီရှေ့ဟောင်းလက်ရာတွေကို ယိုးဒယားနိုင်ငံက ဈေးကောင်းပေးပြီးဝယ်တာကြောင့်လွန်ခဲ့တဲ့ နှစ်၃၀လောက်ကတည်း
က ရှေ့ဟောင်းပစ္စည်း မှောင်ခိုဈေး ကွက်ကြီးဟာ မြ၀တီမှာ ကြီးထွားခဲ့ပါတယ်။

            ယနေ့တိုင် ဘုရားခိုးမှုတွေ ဖြစ်နေတာကို ကြည်ခြင်းအားဖြင့် သိသာနိုင်ပါ တယ်။ဘုန်းတော်ကြီးကျောင်းတွေမှာ ရှေ့တုန်းကရှိခဲ့တဲ့ ကြေးထည်၊ ကြွေထည်၊ 
 မြေထည်တွေနဲ့ ကျောက်ထည်ပစ္စည်းတွေ အားလုံး ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီဖြစ် တယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀င်းဝင်းယိုင် အရပ်မှာရှိတဲ့ ရှေ့ဟောင်းပစ္စည်း၊   ရှေ့ဟောင်း ဘုရားအရောင်းဆိုင်တွေမှာ မြန်မာပြည်က ကြွလာတဲ့ ဘုရားဆင်းတု   တော်တွေနဲ့ အရုပ်အမျိုးမျိုးတွေ ပြည့်သိပ်လို့။


                                        “ဆင်ကုန်ကူးမှု”
           ဟော….ဆင်ကုန်ကူးမှုက ထပ်ပေါ်လာပြန်တယ်။ ဗြိတိန်နိုင်ငံအခြေစိုက် TRIFFI လို့ခေါ်တဲ့  (wildlife trafficking ) တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှုစောင့်ကြည့်   ရေးအဖွဲ့က အစီအရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခု(၃နှစ်တာကာလအတွင်း) မြန်မာနိုင်ငံထဲက  "ဆင်" အကောင်ရေ (၈၀)    လောက်ကို စနစ်တကျဖွဲ့စည်းထားတဲ့ ဆင်မှောင်ခိုဂိုဏ်းအဖွဲ့က ထိုင်းနိုင်ငံသို့   ရောင်းချ ခဲ့တယ်လို့ ဆိုပါတယ်။ နှမျောဖို့ကောင်းလိုက်တာ။ ၀မ်းနည်းဖို့ကောင်း လိုက်တာ။ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်နေပါတယ်ဆိုတဲ့ မြန်မာစစ်တပ်က ဘယ်ဂျောင်မှာ အိပ်နေကြတာတုန်း။ အချုပ်အခြာအာဏာကို စောင့်ထိန်းပါတယ်ဆို တဲ့ အစိုးရက ဘယ်မှာသဝေထိုးနေကြတာလဲလို့ သာမေးလိုက်ချင်တော့တယ်။

05 July 2014

“မြန်မာသံရုံးနှင့်MAT ပူးပေါင်းဆောင်ရွက်မှုကြောင့် အလုပ်သမား၉ဦး လုပ်အားခရ”




မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၄ ဇွန်လ ၅

        ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်ရှိသော သစ်သားစက်ရုံမှ အလုပ်သမားများ လုပ်အားခ အပြည့်အစုံမရသဖြင့် ဆန္ဒပြတောင်းဆို သည့်အလုပ်သမားများအား အလုပ်ရုံမှ မောင်းထုတ်ရာ မြန်မာသံရုံးနှင့် MATအဖွဲ့တို့ ပူးပေါင်းကူညီပေးခဲ့သဖြင့် ပြေလည်သွားပြီးဖြစ်ကြောင်း သိရှိရသည်။

          ထိုင်းနိုင်ငံဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၆၄၅ အကွာတွင်ရှိသော စူရတ်ဌာနီမြို့ရှိBMF သစ်သားစက်ရုံတွင် အလုပ်သ  မားပေါင်း ၂၀၀ ကျော်ခန့်တို့အား အလုပ်ချိန်နှင့် လုပ်အားခ မမျှမတ
ဖြစ်နေသည်ကို အလုပ်သမား ခေါင်းဆောင် ၉ဦးတို့က ဇွန်လ ၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သည်။
   ထိုခေါင်းဆောင် ၉ဦး၏ နေထိုင်သည့် အခန်းများအား စက်ရုံ အစောင့်များက ဖျက်ဆီးလိုက်ပြီး မောင်းထုတ်ခဲ့သည်။