15 October 2014

အခု အချိန်အထိ တခုခု ခံစားနေရ သလိုပဲ၊ ၀မ်းမသာနိုင်ဘူး ဖြစ်နေတယ်

ဧရာဝတီ| October 15, 2014 |




ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် အဓိက တရားလိုပြ ကိုမောင်မောင်ကို မနေ့က မနက် ၁၀နာရီခွဲခန့်မှာ ကော့စမွေ တရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေထွက်ချက် ရယူပါတယ်။

အခုအခါမှာတော့ ကိုမောင်မောင်ကို  မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ ကစီစဉ်နေပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့က အဓိကသက်သေအဖြစ် တင်ပြခဲ့တဲ့ ကိုမောင်မောင်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ (၃၆)လမ်း၊ Myanmar Journalist Network ရုံးခန်းမှာ အောက်တိုဘာလ(၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။


14 October 2014

လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေတွေ ထွက်ဆိုချက် အမှုမမြောက်

 
လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တရားလိုပြ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦး အတွက် အမှု မမြောက် နိုင်ဘူးလို့ သိရပါတယ်။

 ဓာတ်ပုံ- ဂူဂဲလ်

လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာ အလုပ်သမား မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်းတို့ကို တရားရုံး တင်နိုင်ရေး အစိုးရ တရားလို သက်သေ ၃ ဦးကို ကော့စမွီတရားရုံး၊ တရားသူကြီး ရှေ့မှောက် ကြိုတင်သက်သေ စစ်ဆေးချက်ရယူခဲ့တာမှာ သက်သေ မောင်မောင် အပါအဝင် စုစုပေါင်း မြန်မာ ၃ ဦးရဲ့ ထွက်ဆိုချက်တွေဟာ အမှုနဲ့ပတ်သက်ပြီး မြင်သိထားတာ မရှိတာကို ထွက်ဆို သွားကြတယ်လို့ သိရပါတယ်။


လိပ်ကျွန်းအမှု မြန်မာအလုပ်သမား ၃ ဦးကို သက်သေအဖြစ် စစ်ဆေး


By နန်းမြနဒီ 14 October 2014  Print  Email  
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ကော်စမွီခရိုင်တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက စတင်ပြီး တရားလိုပြသက်သေ ၃ ဦးဖြစ်တဲ့ မောင်မောင်၊ အောင်ဇော်လင်းနဲ့ ညီညီအောင်တို့ ၃ ဦးကို ကော့စမွီခရိုင် တရားရုံးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးထဲက ကိုမောင်မောင်ကတော့ လူသတ်မှုမဖြစ်ခင်ညက တရားခံလို့သံသယဖြစ်ခံရသူ မြန်မာအလုပ်သမား ၂ ဦးနဲ့ အတူရှိနေတဲ့သူဖြစ်ပြီး ကိုညီညီအောင် နဲ့ ကိုအောင်ဇော်လင်းကတော့ အခန်းဖော်ဖြစ်ကာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်စပ် စစ်မေးခဲ့တာလို့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားရောက်နာကြားတဲ့အဖွဲ့က ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမောင်မောင်ကိုတော့ မနက်ကနေ ညနေ ၃ နာရီလောက်ထိ အရှည်ကြာဆုံး မေးမြန်းခဲ့ကြောင်း၊ သူတို့ ဆိုင်ကယ်စီးပုံ၊ ဆိုင်မှာအရက်ဝယ်နေပုံ စသဖြင့် စသဖြင့် စီစီတီဗွီကင်မရာက ဖမ်းရိုက်ထားတဲ့ သူတို့ပုံတွေ ကို ဆလိုက်ရှိုးနဲ့ ပြသစစ်မေးခဲ့ကြောင်း၊ ကိုညီညီအောင်နဲ့ ကိုအောင်ဇော်လင်းတို့ ၂ ယောက်က  တယ်လီဖုန်းကို  သူတို့ သူငယ်ချင်းက လာအပ်လို့ ရခဲ့တာဖြစ်ပြီး ဖွင့်မရလို့ တူနဲ့ထု လွှင့်ပစ်လိုက်တဲ့ အကြောင်းတွေ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။


ကော့တောင်(လိပ်ကျွန်း) လူသတ်မှုနဲ့ပတ်သတ်ပြီး သဝဏ်လွှာပေးပို့ရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ။


13 October 2014

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမည်


13 October 2014 19:23

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်း အတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံ ရုံး၊ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီး တန်း အရာရှိ တစ်ဦး ကပြောသည်။

"သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသား ဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည်ပါတယ်"ဟု ယင်းအကြီးတန်းအရာရှိကပြောသည်။


12 October 2014

“ရွှေလမ်းဖွင့်ကုမ္ပဏီက အလုပ်သမားများအားပတ်စပို့ပေး၍သွားချင်ရာသွားခွင့်ပြု”



၂၀၁၄ အောက်တိုဘာ ၁၃ | ခရမ်းသားလေး

      ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်သော ရွှေလမ်းဖွင့်ကုမ္ပဏီက ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်း ထားသည့် အလုပ်သမား တစ်ရာကျော်တို့အား အလုပ်မသွင်းပေးနိုင်သဖြင့် ပတ်စပို့နှင့်ဝတ်ပါမစ် များအား ပေးကာ သွားလိုရာသွားနိုင်ကြောင်  ယမန်နေ့က နောက်ဆုံးအလုပ်သမားအသုတ် ထွက်ခွာသွား ခဲ့ကြ ပြီးဖြစ်သည်။

            ရွှေလမ်းဖွင့်ကုမ္ပဏီနှင့် မဟာချိုင်အခြေစိုက် PP.Group တို့က ကားအပိုပစ္စည်းစက်ရုံဟု ဆိုကာ သြဂုတ်လ ၁၉ ရက်နေ့က အလုပ်သမား(ကျား+မ) ၁၈၆ ဦးတို့အား ထိုင်းနိုင်ငံအတွင်းသို့တင်သွင်းလာ ခဲ့သည်။ သို့ရာတွင် အလုပ်သမားအမှန်တကယ်လိုအပ်၍ တင်သွင်းခြင်းမဟုတ်ပဲ အလုပ်သမားခေါ်စာ Demand Letter အပြ,သဘောဖြင့် အလုပ်သမားတင်သွင်းလာခြင်းသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကားအပိုပစ္စည်းစက်ရုံတွင် အလုပ်သမားတစ်ဦးတစ်လေမှ မလိုပဲ၊ တစ်လကျော်ကြာ သည့်တိုင် တိုင်အောင် အလုပ်သမားများအား အုပ်စုခွဲကာ နေရာပေါင်းစုံသို့ ပို့ဆောင်ပေးနေခြင်းကြောင့်ဖြစ် သည်။

ဤအခြင်းအရာတို့အား ရန်ကုန်မြို့ အခြေစိုက် အေဂျင်စီများအဖွဲ့ချုပ်MOEAF မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော် နှင့် ဗဟိုကော်မတီဝင် ဦးကိုလေးတို့လာရောက်ဖြေရှင်းခဲ့သည်။ တချိန်တည်းတွင် မြန်မာ သံရုံး အလုပ်သမားသံအရာရှိထံတွင်လည်း စက်တင်ဘာလကုန်တွင် အလုပ်သွင်းပေးရန်နှင့် အလုပ်မရခင် စားစရိတ်အဖြစ် တစ်နေ့လျှင် ဘတ်ငွေ ၆၅ စီပေးထားမည်ဟု ရွှေလမ်းဖွင့် ကုမ္ပဏီဒါရိုက်တာ ဦးမျိုးမြင့်လေး က ဂတိပြုခဲ့သည်။


11 October 2014

လိပ်ကျွန်း လူသတ်မှု စစ်ဆေးရေး အဖွဲ့ ဓါတ်ပုံ မှတ်တမ်းများ



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာ ပါဝင်တဲ့ မြန်မာ အလုပ်သမား နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့၏ မှတ်တမ်းဓာတ်ပုံ 


ဖြစ်ရပ်မှန်


#emg_cartoons

လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ သမ္မတထံတင်သွင်း



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာ ပါဝင်တဲ့ မြန်မာ အလုပ်သမား နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ စုံစမ်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို အောက်တို ဘာလ ၉ ရက်နေ့ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အစီရင်ခံစာမှာ ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခဲ့ပုံနဲ့ မြန်မာလူငယ်နှစ်ဦးကို အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေကို ရေးသားဖော်ပြထားတယ်လို့ မြန်မာသံရုံးအဖွဲ့နဲ့ လိုက် ပါဆောင်ရွက်နေတဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အမှုတွဲကူးခွင့်မရတာမှတပါး ကျနော်တို့ စွပ်စွဲခံရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို တွေ့ရ တယ်၊ ကျနော်တို့ အခင်းဖြစ်တဲ့ ခိုတောင်းကျွန်းကိုသွားပြီးတော့ နေရာတွေကို သွားပြီးတော့ကြည့်တယ်၊ စစ်ဆေးမှုတွေပြုလုပ်တယ်၊ သိတဲ့လူတွေကိုမေးတယ်၊ ဒီအချက်တွေကို ထည့်ရေးထားပါတယ်၊ အစိုးရရဲ့ အရေးတကြီးသက်သေ တရားလိုပြလုပ်ထားတဲ့ မောင်မောင် နဲ့ တွေ့ရတဲ့အခါမှာလည်း ဒီအချက် အလက်တွေထဲမှာ တရားခံလို့စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မှန်ကန်တဲ့အချက်တွေကို တင်ပြဖို့အတွက် ကျနော်တို့ထည့်ထားပါတယ်၊ အဲ့လိုတွေ့ရှိချက်တွေကြောင့် နိုင်ငံတော်အနေနဲ့ ဘယ်လိုပံ့ပိုးသင့် တယ်ဆိုတာကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ရေးထားတယ်"