30 March 2015

“MOU အလုပ်သမား ၁၁ဦး ထောင်ကျနေပြန်ပြီ”



                               
၂၀၁၅  မတ်လ  ၃၀

ဆန်းဦး
         ဇွဲသုခအေဂျင်စီ ဖြင့်လာခဲ့သည့် မကွေးတိုင်းမင်းလှမြို့နယ်ဂွေးကြီးကျေး ရွာမှMOU အလုပ်သမား၁၁ဦး သူဌေး  မတူဟုဆိုကာ ထိုင်းရဲကဖမ်းဆီးလိုက် သဖြင့် နကပထုန်အကျဉ်းထောင်တွင်   ထောင်ကျခံနေရကြောင်း ယနေ့ ထောင်ဝင်စာသွားတွေ့ သူများကပြော သည်။

     ထောင်ဝင်စာတွေ့ခဲ့သူတရွာတည်း သား ကိုမင်းဦးက“၂၄၊ ၂၊၂၀၁၅ နေ့မှာ ဖုထုမထုန် စိုင်းစီမှာ ပန်းရံလုပ်နေတဲ့ အချိန်မှာဖမ်းတယ်။ ၂၀၊ ၁၀၊ ၂၀၁၄  နေ့က ဇွဲသုခကုမ္ပဏီနဲ့ ၉၁ ယောက်လာခဲ့ကြတာပါ။ ( ကြည်နိုင်နဲ့ ဦးသောင်းထွန်း(၁) အပါအ၀င် ၈ယောက် နခိုစီဌာမရ) မှာရှိတယ်။ (ဦးစန်းမောင်နဲ့ ကိုအောင်မြင့်နိုင် တို့  ၈ ယောက် အယုဒ္ဓယ) မှာရှိတယ်။ လူတွေအကုန်လုံးကိုခွဲပြီးပို့ထားတာပါ” ဟုပြောသည်။

29 March 2015

MATအဖွဲ့မှ ကွန်ပြူတာ အင်္ဂလိပ်စာ(အခြေခံ/အဆင့်မြင့်)သင်တန်းဖွင့်လှစ်


           မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (အခြေခံ/အဆင့်
မြင့်) သင်တန်းတို့ကို သင်တန်းအတွေ့ကြုံရှိသည် ဆရာများမှ၂၀၁၅ မတ်လ၂၉ ရက်နေ့ တနင်္ဂနွေနေ့ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်းနှင့်ပါတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က............
“ထိုင်းမှာရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား လူငယ်လူရွယ်တွေအားလုံး အလုပ်အားလပ်ချိန်မှာ ယနေ့ခေတ်အခြေအနေအရ နည်းပညာအတတ် ပညာပိုင်းဆိုင်ရာတွေ ကနေ အလုပ်အကိုင်းအခွင့်အလမ်းတွေရရှိစေချင်တာရယ်၊ သတင်းအချက် အလက်တွေလေ့လာခွင့်ရအောင်ရယ် ဆိုပြီး ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု ပြောပါသည်။


ယခုသင်တန်း၌ “ကွန်ပြူတာအခြေခံအသုံးချနည်း၊ စာစီစာရိုက်၊ ဖိတ်စာအမျိုးမျိုး၊ အလှူခံစာအိပ်ရိုက်နည်း၊ ပိုတိုရှော့နှင့် အင်တာနက် အသုံးပြုနည်းတွေအပြင် ဆော့ဖ်ဝဲလ် အမျိုးမျိုးသွင်းနည်း ၀င်ဒိုးသွင်းနည်းတို့ကို သင်ကြားပေးသွားပါမယ်” ဟု ကွန်ပြူတာ သင်တန်းနည်း ပြဆရာတစ်ဦးဖြစ်သူ ကိုစောမောင် ကပြောသည်။

ဝေလရပ်ကွက်မှ သင်တန်းသားတစ်ဦးဖြစ်သူ ကိုအောင်မင်းမှ .....
“ကျနော်ကွန်ပြူတာလေ့လာခြင်းနေတာ တော်တော်ကြာနေပြီး ဒါပေမယ့် ကျနော်အလုပ်ပိတ်ရက်က အင်္ဂါနေ့ဖြစ်တော့ တခြားသင်တန်းတွေမှာ တက်ဖို့အဆင်မပြေဖြစ်နေတာ..အခု MATအဖွဲ့က သင်တန်း နည်းပြဆရာတွေက တနင်္ဂနွေနေ့အပြင် တခြားရက်တွေမှာပါ စေတနာအရင်းခံနဲ့ သင်ကြားပေးမယ် ဆိုတော့ ကျေးဇူးတင်ပါတယ်ဗျာ“...၀မ်းသာစွာပြောသည်။

28 March 2015

အာရှငါးဖမ်းလုပ်ငန်းနဲ့ ခေတ်သစ်ကျေးကျွန်



  ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံပိုင် ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအများ စုပါဝင်တဲ့ငါးဖမ်းသမား
တွေဟာ နားရက်မရှိ အလုပ် လုပ်ကြရတဲ့အပြင် လှောင် အိမ်တွေ ထဲမှာ ပိတ်လှောင်ခံရတာ၊ ရိုက်နှက်ညှင်း ပမ်းခံရတာတွေလည်း ရှိနေပါတယ်။ အေပီ သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

27 March 2015

“လုပ်ငန်းရှင်စွန့်ပစ်ခံရသည့် ၄လအရွယ်ကလေးအပါဝင် ၁၁ဦးတို့အားကယ်တင်”



             
၂၀၁၅ မတ်လ ၂၇

ကိုတီး
        ကားတိုက်သေဆုံးခဲ့ရသည့်သားငယ်၂ဦးအတွက်အကူ ညီတောင်းခံမှုကြောင့်  ကြံခင်းလုပ်ငန်းရှင် က တောထဲတွင် စွန်ပစ်ခံထားသည့်မိသားစုဝင် ၁၁ ဦးတို့အားမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်   ရေးကော်မတီက ဒေသခံ ထိုင်းအာဏာပိုင်များနှင့်အတူ ရှာဖွေ ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။
    ယမန်နေ့က ကယ်တင်လိုက်သည့် မိသားစု ၂စုတို့မှာ ဧရာဝတီတိုင်း လပွတာမြို့နယ်၊ ပြင်စလူအုပ်စု ကုန်းကြီးရွာမှ ဦးကျော်ကျော် ၄၂နှစ်၊ ဇနီးဒေါ်မိုးမိုး  ၃၇နှစ်၊   မ၀တ်မှုံ ၁၀နှစ်၊  မ၀တ်ရည် ၆နှစ်၊ မွေးကင်း စမိန်းကလေး ၄လအရွယ် မမက် ဟူသည့် ဗမာမိသားစုဖြစ်သည်။

    နောက်မိသားစုတစ်ခုမှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ဦးအခက် ၅၅နှစ်၊ ဇနီးဒေါ်ငွေစိန် ၄၅နှစ် မောင်အဖွိုင် ၁၃နှစ်၊ မောင်အထင့်  ၉နှစ်၊ မအဒေါင်  ၆နှစ် နှင့် မောင်ရန်တောင် ၃နှစ် ဟူသည့် မွန်တိုင်းရင်း သား မိသားစုများဖြစ်ကြသည်။ ၎င်းတို့သည် ကြံခင်းပိုင်ရှင်တစ်ဦးထံတွင် ၇လခန့်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြသည်။ 

23 March 2015

တရားမ၀င်ခိုးဝင်တဲ့ မြန်မာ ၁၀ ယောက်အား ကန်ချနဘူရီခရိုင်၌ ထိုင်းစစ်တပ်မှဖမ်းမိ

.
ဘာသာပြန်|ကိုတီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၁၂၉ ကီလိုမီတာဝေးသောမြို့ရှိ ကန်ကျန ဘူလီခရိုင် မြို့ရှိ စစ်သားစစ်ဆေး
ရေးဂိတ်တွင် ၂၂-၀၃-၂၀၁၅ နံနက်ပိုင်း တွင် ထိုင်းစပ်တပ်လုံခြုံရေး ဗျုပာာ အမှတ် ၉ ဗျုပာာ ၁၅ တို့မှ ပူးပေါင်း စစ်ဆေးမှု့များပြု လုပ်နေရာတွင် ပွာန်ဒါ နောက်ပွင့် ကားအဖြူရောင် ကားပေါ်တွင် ကျား (၉) မိန်းခလေး(၁)ယောက်အားလုံး ၁၀ ယောက်သည် မည်သည့် အထောက်ထားများမပါသည့် အတွက် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်မှု့ဖြင့် ဖမ်းဆီးခဲ့ပါသည်။


“အသတ်ခံရသောမြန်မာရေလုပ်သားအလောင်း ပင်လယ်တွင်မျော”



၂၀၁၅ ခုမတ်လ
ကိုတီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၈၀ အကွာတွင်ရှိသော နခေါစိ ထမရ မြို့နယ်ရှိ ဇရပ်မြို့ ဘန့်နခေါ နယ်မြေ() လှေဆိပ်တစ်နေရာ၏ မလှမ်းမကမ်းနေရာမှာ ပင်လယ်တွင်မျော ပါလာသော အလောင်း တစ်လောင်းကို ငါးဖမ်းရန်တား ထားသောပိုက်တွင် လာညိနေသည် ကို ပတ်ဝန်းကျင်၏ အကြောင်းမှုကြောင့် သက်ဆိုင်ရာ  နယ်မြေရဲဌာန နှင့် ကယ်ဆယ်ရေးလုပ်သားများကဆယ်ယူခဲ့ကြောင်း ထိုင်းသတင်းတွင်ဖေါ်ပြ ထားသည်။
           အလောင်းမှာ ၃ရက်ခန့်ကြာမြင့်ပြီး လည်ပင်းနှင့်ဝမ်းဗိုက်တို့တွင် ဓါးဒဏ်ရာတစ်ချက်စီပါရှိကြောင်း ကယ်ဆယ်ရေး ဆရာဝန် ကပြောသည်။
 သက်ဆိုင်ရာ ရဲစခန်းမှ အခင်းဖြစ်စဉ် နှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာတွင် အလောင်းသည် မြန်မာနိုင်ငံ သားဖြစ် ကြောင်းကို  ညီဖြစ်သူထံမှ အဆက်သွယ်ရခဲ့သည် ညီဖြစ်သူ၏ ပြောပြသည်။  
 

22 March 2015

“အလုပ်သမားချွေးနှဲစာဘတ်ငွေ ကုဋေသုံးရာကျော် ထပ်ကုန်ပြန်ပြီသမ္မတကြီးခင်ဗျား”



                
          ထိုင်းနိုင်ငံအတွင်းမှာပြီးခဲ့တဲ့၆လက မြန်မာအလုပ်သမားပေါင်း  ခြောက်သိန်းခုနစ်သောင်းကျော်ကို
 နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်ကို ထိုင်းစစ် အစိုးရက လုပ်ပေးခဲ့ပါတယ်။ ပန်းရောင် ဘတ်ကဒ် ကနေ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအစီအစဉ်ကို မြန်မာအစိုးရ အလုပ်သမားအာဏာ ပိုင်တွေ ဟာ အလျှင်အမြန် မစီစဉ်နိုင်ခဲ့ပဲ ကိုယ်ကျိုးစီးပွားအခွင့်အရေးတစ်ရပ်အနေနဲ့ သာပြင်ဆင်စီစဉ်ခဲ့ကြ ပါတယ်။  အချက်အလက်၂၇ ချက်ကောက်ခံရမယ့် အစီအစဉ်တစ်ခုကို ဒုသမ္မတ ညွန်ကြားချက်အရဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထိုင်းရောက်အလုပ်သမားတွေကို ကောက်ခံခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ လုံးဝ မဖြစ်နိုင်တာမို့ “ကျောက်ခဲကိုဆီကြိတ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ် ကျနော်ရေးသားတင်ပြခဲ့ဖူး ပါတယ်။
          အယင်လက  အစိမ်းရောင် စာအုပ်ထုတ်မယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက ပြင်ဆင်လာခဲ့ပြန်ပါ တယ်။ ဒီအစီအစဉ်အတွင်း အကျိုးအမြတ်ရှာဖို့ အေဂျင်စီများအဖွဲ့ချုပ်က ဒု.ဥက္ကဌ ကိုယ်တိုင်ကြီးကြပ်ပြီး ပွဲစားပေါင်း အယောက် ၆၀ ခန့်ဟာ တပ်ထောင်ကာဗိုလ်ဖွဲ့လို့ ထိုင်းနိုင်ငံအတွင်းကို အုံနဲ့ကျင်းနဲ့ ရောက်ရှိ လာခဲ့ကြပါတယ်။ ထိုင်းအစိုးရသတ်မှတ်ထားတဲ့ ၆လသာကြာသွားတယ် မြန်မာအစိုးရဘက်က ထိုင်းေ ရာက် အလုပ်သမားတွေအတွက် ဘာစာအုပ်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ ၀န်ကြီးနဲ့ ညွန်ချုပ်တို့ဟာ ပြည်ပကို အလုပ်သမားတွေပို့နေကြတဲ့ ပွဲစားတွေခြံရံပြီး အကြိမ်ကြိမ်လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင်ဒုသမ္မတ တို့ လည်းရောက်ရှိခဲ့ကြပါတယ်။

19 March 2015

work permit မရှိသဖြင့် ထိုင်းလ.၀.က၏ ဖမ်းစီခြင်းခံရပြီး ၄၈ရက်ထောင်ကျပြီး ပက်စပိုစ့်များ ဖျက်သိမ်းခံရတော့မည် အလုပ်သမားများအား MATအဖွဲ့မှ ကူညီ


ဘန်ကောက်မြို့နယ် ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်းအတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTD စက်ချုပ်အလုပ်ရုံသို့ ၂၂.၁.၂၀၁၅နေ့၌ ထိုင်းလ.၀.ကမှ ၀င်ရောက် စစ်ဆေးရာ work permit မရှိ သည့် မြန်မာ အလုပ်သမား ၁၂ဦး တို့ဖမ်းစီး ခံရပြီး  ၄၈ရက်ထောင်ချခြင်းခံရပြီးနောက် နယ်စပ်သို့ပြန် ပို့ခြင်းခံရသည့်နောက်  ပက်စပိုစ့်များပါဖျက်သိမ်းခံရမည့် အခြေနေမှ MATအဖွဲ့၏အကူညီဖြင့်  ပက်စပိုစ့် စာအုပ်များ ပြန်လည်ရရှိခဲ့ ကြောင်းသိရှိရသည်။


ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်အတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTDစက်ချုပ်ရုံ မှ မြန်မာ အလုပ်သမားများအား ထိုင်းလ.၀.ကများမှ ၀င်ရောက်ဖမ်းစီးခံရပြီး ဖိကဆင် ၆၃လမ်း ရှိ ပုလိပ်ရုံး ၌ ၂ရက် တာအချုပ်ဖြင့်ထားရှိပြီးနောက်..၂၄.၁.၂၀၁၅၌ဘန်ကောက် မြို့နယ်ဘန်ဘော၃ရှိ ထောင်သို့ပို့ဆောင်ပြီး ၄၈ရက်တာထောင်ချခြင်းခဲ့ပါသည်။

အလုပ်ရှင်မှ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ထွက်ပြေးလာသည့် မြန်မာအလုပ်သမား၅ဦးအား MATအဖွဲ့မှ ကယ်တင်

 19|3|2015_ဘန်ကောက်
သတင်း|စောမောင်

ဘန်ကောက်မြို့နယ်ရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေကြသည့်  မြန်မာအလုပ်သမား များအား ထိုင်းအလုပ်ရှင်မှ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြိမ်းခြောက် မှုများကြောင့် မြန်မာအလုပ်သမားများသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ လာရောက်ခိုလှုံနေကြသည်ဟု သတင်း ရရှိပါသည်။


ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ် ကိုင်နေကြ သည်....
မျိုးမင်းဇော်(မကွေးတိုင်း ပွင့်ဖြူမြို့)
ကိုထွန်းထွန်း( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ)
ကိုမောင်တင်ငြိမ်း( ကျောက်တံခါးမြို့နယ် ဆင်ရိုးခင်ရွာ)
ကိုငွေတင် (အမ်းမြို့ ရေဂေါင်းရှည်ရွာ)
မသီသီဝေ( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ) တို့ငါးဦးသည် ယခုလ ၁၇ရက် နေ့  နံနက် ၂ နာရီ အချိန်၌ အဆိုပါအလုပ်ရုံက ထွက်ပြေးလာကြရာ နံနက် နာရီ၌ မဟာချိုင်မြို့ရှိ MATရုံးခွဲ ကို ရောက်လာ သည်ဟု သိရသည်။


17 March 2015

စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး တစ်ဦးအား MATအဖွဲ့မှ စောင့်ရှောက်ထား

 ..
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမွတ်ဆာခွန်ဆေးရုံးကြီးမှ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အထောက်ထာမဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဆေးရုံးသို့ရောက်ရှိလာကြောင်းယ မန်နေ့ည ၁၂နာရီ အချိန်ခန့်၌ ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ကိုအောင်ဆန်းဦး (မဟာချိုင်ရုံး တာဝန်ခံ)ထံသို့ ဆက်သွယ်အကြောင်းကြားအကူညီတောင်းလာခဲ့ရာ   ကိုခိုင်ကြီး(အတွင်းရေးမှူး)၊ ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ)တို့သည်  စမွတ်ဆာခွန်ဆေးရုံးကြီးသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

 မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.....
“မနေ့ညက ဆေးရုံးကြီးကနေစိတ်ကျန်းရေးချို့တဲ့နေတဲ့ မြန်မာအမျိုးသမီးတစ် ယောက်ရောက်နေ တယ်..ကူညီပေးပါအုန်းဆိုတာနဲ့ ကျနော်တို့အဖွဲ့ကနေ ညတွင်းခြင်းသွားရောက်ပြီး ကလေးမလေ နဲ့သွား
 တွေ့တယ်.. သူ့နာမည်မေးတော့ သူဇာဝင်းလို့ခေါ်တယ်ပြောတယ်... သူ့နာမည်တော့ ဘယ်အချိန်မေး
မေး အဲဒီအမည်တော့သူဖြေတယ်ဗျ၊.လောလောဆယ်တော့ MATမှာစောင့်ရှောက်ထားပါတယ် နယ်မြေခံ ရဲစခန်းကိုလည်း သတင်းပို့ပေးထားပါတယ်။ရဲစခန်းကလည်း MATအဖွဲ့မှာဘဲ စောင့်ရှောက်ထားပေးပါ၊ လိုအပ်တာရှိရင်လည်း လာရောက် ကူညီပေး ပါမယ်လို့ ပြန်ပြောပါတယ်။ဒီမှာတော့ ရေရှည်စောင့်ရှောက် မို့အခက်ခဲရှိတော့ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီးကို အကူညီတောင်းပြီး ကလေးမလေးကို လူကုန်ကူးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ (မြ၀တီ)ကိုပို့မလို့ စီစဉ်နေတယ်..” ဟု ဖြေကြားခဲ့ပါသည်။