18 July 2015

“၆၈နှစ်ပြည့် အာဇာနည်နေ့ MAT အဖွဲ့ ၏တင်ဆက်မှုအထူးအစီအစဉ်"

 “ယခုတင်ဆက်မှုများကို ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှစ်သက်
ကြမယ်လို့မျှော်လင့်ပါတယ်”

xxxxxxx---------------------------- xxxxxxxxxxxxxxxxx ------------------------------xxxxxx
    xxxxxx--------------------------- xxxxxxxxxxxxxxxx --------------------------xxxxxx
xxxxx--------------------------xxxxxxxxxxxxxxxx---------------------------xxxxx

"ဗမာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်မြှုပ်ခဲ့တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ထောက်လှမ်ရေးမှူး ဦးခင်ညွှန့်"




"ငယ်ငယ်တုန်းက ရေဒီယိုကထုတ်လွှင့်တိုင်း ၀မ်းနည်းခဲ့ဖူးတဲ့အာဇာနည်နေ့သီချင်"


17 July 2015

“ကျွန်ကိုအခွံဖြစ်အောင် ဂုတ်သွေးစုတ်ကြအုံးမလား”

         

            
               ဒီနေ့ထုတ် မက်ဆင်ဂျာနေ့စဉ်ထုတ်သတင်းစာမှာ ပထမဆုံးအကြိမ်စစ်တမ်း ကောက်ယူရေး
အဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်ရတယ်။  မနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အစွန် အုန်းယိုင် Big C အနီး မှာ ဆိုင်ဘုတ်ကပ်ပြီး မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများစိစစ်ရန်အတွက် စါရင်းကောက်သည့် ဌာနဟုဆိုကာ ပွဲစားတွေကလုပ်နေတာကို ကျနော်တို့ အဆက်အသွယ်တွေက ပေးပို့လာတဲ့ ဓါတ်ပုံတွေအရ သိရပါတယ်။

            မက်ဆင်ဂျာသတင်းမှာ အဖွင့်အပိုဒ်မှာ ရေးထားတာက (ထိုင်းနိုင်ငံကိုရောက်ရှိနေသည့် တရား မ၀င် အလုပ်သမားများအား နိုင်ငံသားအဖြစ်သတ်မှတ်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ၄၁ ဦးပါဝင်သည့် စစ်တမ်းကောက်ယူသည့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၁၅ရက်နေ့က စတင်သွားရောက်ပြီဖြစ်ကြောင်း သိရသည်) လို့ရေးထားပါတယ်။

           တရားမ၀င် ၀င်ရောက်လာတဲ့ တရားမ၀င်အလုပ်သမားတွေကို စစ်တမ်းကောက်ဖို့ဆိုတာ အတော် ကြီးကျယ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ တစ်ခုမရှင်းတာက အေဂျင်စီလို့ခေါ်တဲ့ ပွဲစားတွေက နိုင်ငံသားဖြစ်ကြောင်း စိစစ်ခွင့်မြန်မာအစိုးရကခွင့်ပြုလိုက်တာလား။  ပွဲစားတွေကို နိုင်ငံသားစိစစ်ခွင့် မြန်မာနိုင်ငံမှာ ဥပဒေပြဌာန်းပြီးပြီ လား ဆိုတာ  ကျနော်တို့စုံစမ်းကြရပါမယ်။ ဒီပွဲစားအုပ်စုတွေပို့လို့ ထိုင်းမှာ အလုပ်မရှိ အကိုင်မရှိ ဒုက္ခရောက်နေကြတဲ့ MOU အလုပ်သမားတွေနဲ့များ တွေ့ချင်သလား ကျနော်လိုက်ပြချင်ပါတယ်။

     မိမိတို့ အကျိုးအမြတ်အများကြီးယူပြီး ထိုင်းကိုလွှတ်ထားတဲ့ အလုပ်သမားတွေ အခက်အခဲရှိနေတာတွေ၊ အခွင့်အရေးချိုးဖေါက်ခံနေရတာတွေနဲ့ ၃လကျော်ကြာ အလုပ်မလုပ်ရသေးပဲ ထိုင်စောင့်နေရတဲ့အလုပ်သမားတွေ အခြေနေတွေကို မသိချင်ယောင်ဆောင်နေတဲ့ အလုပ်သမားဝန်ကြီးဌာနက ပွဲစားအဖွဲ့ချုပ်ကို နောက်ထပ် စားကွက်တစ်ကွက်ထွင်ပေးလိုက်တာကိုတော့ အလွန်အံ့သြရပါတယ်။

            ပွဲစားအဖွဲ့ချုပ် MOEAF  ဘယ်လောက်အထိ နိုင်ငံတော်အစိုးရ (ပြည်ထဲရေး+လူကုန်တား+ စစစ နဲ့ အလုပ်သမားဝန်ကြီးဌာန) တို့ကို ပိုင်သလဲဆိုရင် ထိုင်းကပြန်သွားတဲ့အလုပ်သမားတွေ အမှုဖွင့်တိုင်ကြားတာကို အရေးမယူကြဘူး။ အဘတွေနဲ့အေးဆေးပဲ။
        
           အုန်းယိုင် Big C နားမှာ  မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများစိစစ်ရန်အတွက် စါရင်းကောက်သည့် ဌာနဟုဆိုကာ ပွဲစားတွေကလုပ်နေတာကို MAT က မြန်မာသံရုံးကို မေးကြည့်တဲ့အခါ  အရာရှိတစ်ဦးက သူတို့ မကောက်ခိုင်းပါဘူးလို့ အကြောက်အကန်ငြင်းဆန်ပြန်တယ်။ ပွဲစားတွေရောက်နေတာကိုသိတယ်လို့တော့ပြောပါတယ်။ 

         ပန်းရောင်ဘတ်ကဒ် လုပ်ထားကြတဲ့အလုပ်သမားတွေဟာ သံရုံးက ကြေညာချက်ထုတ်ထားသလို (ထိုင်းအလုပ်သမားဝန်ကြီးဌာနထောက်ခံချက်+ လုပ်ငန်းရှင်ထောက်ခံချက်+ သံရုံးထောက်ခံချက်) ပါပေမယ့်  မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေ မဲဆောက်အချုပ်ထဲကို နေ့တိုင်းရောက်သွားတယ်။ တာဝန်ခံမယ့်သူ ကူညီမယ့်သူမရှိကြဘူး။

      ပန်းရောင်ဘတ်ကနေ ပတ်စပို့ပြောင်းတဲ့ မူဝါဒအလွဲကြောင့် အလုပ်သမားတွေ အချုပ်ခန်းထဲကိုရောက်ရတယ်ဆိုတာ နစ်နာလှပါတယ်။ အချုပ်ခန်းဆိုတာ လူကြီးမင်းတို့ ၀င်ချင်သလား ကိုယ်ချင်းစာကြည့်ကြစေချင်ပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ထိုင်းကိုရောက်နေတဲ့ သုံးလေးသန်းရှိ တဲ့အလုပ်သမားတွေကို ဘာကူညီပေးမလဲဆိုတာ ခုထိမစဉ်းစားကြဘူး။ ဘယ်လိုအမြတ်ထုတ်ကြမလဲဆိုတာကိုသာ စဉ်းစားကြတယ်ဆိုတာ လက်ရှိ ဖြစ်ပေါ်နေတဲ့အခင်အကျင်းကို ကြည့်ရင်သိနိုင်ပါတယ်။

  ပတ်စပို့စာအုပ်ထုတ်ပေးဖို့အစီအစဉ်အတွက် အလုပ်သမားတွေဟာ ငွေလည်းအများကြီးကုန်ပါတယ်။ ပုလိပ်လည်း အဖမ်းခံရပါတယ်။ ပွဲစားတွေနဲ့ သက်တမ်းဆက်ရပါတယ်။ လုံခြုံရေးအတွက် အာမခံချက်မရှိ ပေမယ့် အလုပ်သမားတွေ ပတ်စပို့လုပ်ကြရပါတယ်။ ထိုင်းကအလုပ်သမားတွေအခြေအနေကို စဉ်းစားလို့သာကြည့်ကြပါတော့။  

            ပန်းရောင်ဘတ်ဆက်ထားတာ  ၁လပဲရှိသေးတယ်။ ခုပွဲစားတွေက စာရင်းကောက်ပြန်ပြီ။ အကြောင်းတစ်စုံတစ်ရာကြောင့် မထူးခြားရင် အလုပ်သမားတွေဆီက ယူသွားတဲ့ငွေတွေကို ဘယ်သူတာဝန်ယူ
ကြမှာလဲ။ ဘာသူတာဝန်ခံမှာလဲ။ သံရုံးက အခု စါရင်းကောက်နေတဲ့ အစီအစဉ်ကိုမသိဘူးဆိုရင် သမ္မတကြီးဦးသိန်းစိန် ကိုယ်စားနိုင်ငံတော် အချုပ်အခြာကိုယ်စားလို့ သတ်မှတ်တဲ့ ထိုင်းသံရုံးထက် ပွဲစားအဖွဲ့ချုပ် MOEAF က ပိုပြီး အာဏာပိုရှိသွားပြီလား။ ထိုင်းတွေမေးလာလိမ့်မယ်။    

      
ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကတော့ ငွေလည်းမရှိ၊ အာဏာလည်းမရှိကြ တာကြောင့် ပွဲစားဂိုဏ်းချုပ်တို့လုပ်နေတာကို ဘာမှမတားဆီးနိုင်ပါဘူး။ ဘယ်သူ့ကိုမှ အားကိုးမရတဲ့ ကျွန်လာခံနေကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ သနားတယ်ဗျာ။

          အဲ့….အလုပ်သမားကိုသနားသလို ကိုယ့်ကိုကိုယ်လည်းသနားရသေးတယ်။ MOEAF တရားဝင်လူထုတ် ကုန်လိုင်စင်မရခင်ကတည်းက ကျုပ်ကို ရန်ကုန်လေယာဉ်ကွင်းမှာ အမည်ပျက်စါရင်းသွင်းခဲ့တာ။ ကျုပ်လည်း အသက်ကလည်းကြီးလာ ငွေကလည်းမရှိ နေထိုင်ခွင့်ကလည်းကုန်၊ တိုင်းပြည်ကိုပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့ မိမိရဲ့ဘ၀ပေးအခြေအနေက ပိုတောင်ဆိုးပါသေးလား။ ဒီအတိုင်းဆိုရင် ပွဲစားဂိုဏ်းစတားတွေ လုပ်သမျှ ပြောနေ ဆိုနေရအုံးမယ်ထင်တယ်။ အမှန်က မပြောချင်တော့ဘူးဗျာ။ စိတ်ကုန်တယ်။

   ကျော်သောင်း

MOU နဲ့ ပို့ထားတဲ့ အလုပ်သမား  အလုပ်မရှိ အကိုင်မရှိ ရာချီတဲ့အလုပ်သမားတွေ ထိုင်းမှာရှိနေပါတယ်။ လိုက်ကြည့်မယ်ဆိုရင် မနက် ၉နာရီက ည ၄နာရီအတွင်း 084 670 5727 ကို ဆက်ပါ။ လိုက်ပြပေးပါမယ်။
      



           


    

            






“ထိုင်းအလုပ်ရုံတွေမှာ ယနေ့တိုင် ပြုမူနေဆဲအမူအကျင့်ဆိုးကို MAT အဖွဲ့ဖြေရှင်း”



၂၀၁၅ ခု ဇူလိုင်လ ၁၇ ရက်

တီးခွန်သူ     

            အလုပ်သမားများအပေါ်အလုပ်ဝင်ကြေး၊ ၀တ်ပါမစ်ကြေးအမြောက်အမြားကောက်ခံပြီး အလုပ်သ မားများအား အကြောင်းပြချက်မခိုင်လုံပဲ အလုပ်ထုတ်ခံရသဖြင့် ယမန်နေ့က MAT အဖွဲ့က သွားရောက်၍ ကူညီ ဖြေရှင်းပေးခဲ့သည်။

            ပထုံဌာနီ လာကုကာ ခေါင်းကျက်တွင်ရှိသော ဂျပန်နိုင်ငံသို့ ကြာက်သားကုန်ချောတင်ပို့သည့် အလုပ်ရုံ၊တွင် အလုပ်သမား ၅၀၀ ကျော်ခန့် ရှိသည်။ ထိုအလုပ်ရုံမှ အလုပ်သမား ၅၀ ကျော်တို့အား အကြောင်းပြချက်မခိုင်လုံပဲ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားတစ်ဦးက “စက်ရုံပွဲစားမကို စမတ်ကြေးဘတ်ငွေ ၅၀၀၀စီပေးပြီးမှ အလုပ်ရုံကိုဝင်ရတယ်။ ၀တ်ပါမစ်ဖိုးဆိုပြီး တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ စီဖြတ်ထားတယ်။ ခုအလုပ်ထုတ်ပစ်တယ်”ဟုပြောသည်။

       ပထုံဌာနီ ဆ၀ါဒီကန်ရုံး(အလုပ်သမားပြဿ     နာဖြေရှင်းရေးရုံး)နှင့် ကဆုံဆိုင်ငန်( ကျဟာငန်း) ရုံး၂ရုံးသို့ အလုပ်ဖြုတ်ခံရသည့် အလုပ်သမား ၅၀ကျော်အနက် ယမန်နေ့က ၂၃ ဦးသာလာရောက်ခဲ့ကြသည်။ အလုပ်သမားများတွက် ကျန်နေခဲ့သည့် လုပ်အားခများနှင့် ဖြတ်တောက်ထားငွေများအား ဇူလိုင်လ ၂၀ ရက်နေ့၊ တနင်္လာနေ့ တွင် ပြန်လည်ပေးချေမည်ဖြစ်ကြောင်း အလုပ်ရုံတာဝန်ရှိသူများက ကျဟာငန်းရုံးတွင် လက်မှတ်ရေးထိုး ကတိပြုခဲ့ကြသည်။



   ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းအလုပ်ရုံအတော်များများတွေမှာ ဒီအမူအကျင့်တွေရှိပါတယ်။ ဗမာပွဲစားနဲ့ အလုပ်ရုံက တာဝန်ရှိသူ တွေနဲပူးပေါင်းပြီး အလုပ်သမားတွေဆီက အလုပ်ဝင်ကြေး(စမတ်ကြေး)ဆိုပြီးယူတယ်။ တစ်လလောက်ကြာရင် ပြန်ထုတ်တယ်။ အလုပ်သမားပြန်သွင်းတယ်။ မတရားစီးပွားရှာတဲ့နည်းနဲ့လုပ်နေကြတာ။ မဟာချိုင်မှာဆို ပိုတောင်ဆိုးသေးတယ်”ဟုပြောသည်။


    ကြက်သားရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် ၁နှစ်မှ ၄လအထိလုပ်နေကြသည့်အလုပ် သမား များဖြစ်သည်။ လောလောဆယ်တွင် အလုပ်ရှာဖို့အတွက် အခက်အခဲရှိနေကြောင်းသိရသည်။

16 July 2015

“မယားပါသမီး ၁၆နှစ်အရွယ် ထိုင်းကျောင်းသူကလေးအား သတ်သည့် မြန်မာအလုပ်သမား သရုပ်ပြ DVO“


"လူရွှင်တော် ချစ်စရာကို အခမဲ့ ဆေးကုပေးချင်တယ်။ ဦးကျော်သောင်း ကိုဆက်သွယ်ပါ"


               ၉၊ ၇၊ ၂၀၁၅ နေ့ထုတ် ပြည်မြန်မာဂျာနယ်မှာ လူရွှင်တော် ချစ်စရာ ဆီးနဲ့ကျောက်ကပ် ဆေးရုံမှာ
တက်ရောက်ကုသနေရတယ်ဆိုတဲ့သတင်းကိုဖတ်ရပါတယ်။ ဆီးကျောက်တည်တဲ့ ရောဂါကို ဦးကျော်သောင်း က ကုသပေးချင်တယ်။ ဒါပေမယ့် ဆက်သွယ်လို့ မရနိုင်တာကြောင့် ဒီသတင်းကိုဖတ်ရတဲ့ သူတွေက
လူရွှင်တော် ချစ်စရာကို 084 670 5727   ထိုင်းနိုင်ငံသုံး ဖုန်းကို ပေးလိုက်ကြပါတယ်။ ကျနော် စကားပြော
ချင်ပါတယ်။
              ဆီးကျောက်တည်တဲ့ရောဂါကို ကျနော် လက်တွေ့ ကုသလို့ လူအတော်များများ ကောင်းခဲ့ပြီးဖြစ်ပါတယ်။ ကျနော် တတ်ကျွမ်းတဲ့ ဆေးနည်းနဲ့ အခကြေးငွေ မယူပဲ ကုသပေးချင်ပါတယ်။ ဆီးကျောက်တည်တဲ့ ရောဂါဆိုရင် မုချပျောက်ရပါစေမယ်။

 စေတနာမေတ္တာဖြင့်
ဦးကျော်သောင်း
ဒါရိုက်တာ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT
ဘန်ကောက်မြို့
ထိုင်းနိုင်ငံ

“၁၆ နှစ်အရွယ်ထိုင်းအမျိုးသမီးကိုသတ်၍မြန်ပြည်သို့ထွက်ပြေးသူကိုဖမ်းမိ”

                   
၂၀၁၅ ခု  ဇူလိုင်လ ၁၆

ကိုတီး
              ဘန်ကောက်မြို့ဘန်ဖီနယ်မြေ ဘန်ချလုံရပ်ကွက်အဆောင်၂ တွင်နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူအား သတ်ဖြတ်ပြီး မြန်မာပြည်သို့ထွက်ပြေးတိမ်းရှောင်သော မြန်မာတစ်ဦးအား မဲဆောက်အ၀င် ပွော့ပာင်ဖွန်အမှတ်၎ စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးမိလိုက်ကြောင်း ထိုင်းရပ်သတင်းတွင် ဖေါ်ပြထားသည်။

          သံဂဟေဆော်မြန်မာအလုပ်သမား အသက်၂၆ နှစ်အရွယ် မောင်ထွန်းနိုင် ဆိုသူသည် ထိုင်းအမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ကျနေသူဖြစ်သည်။  အသက်၁၆နှစ်အရွယ်ရှိသော မယားပါသမီး အလယ် တန်းကျောင်းသူ အသက်၁၆နှစ်  အရွယ်အား ဇူလိုင်လ  ၁၂ ရက်နေ့ ညဥ့်အမှောင်တွင် နေထိုင်ရာ အခန်း ထဲတွင် သတ်ဖြတ်ခဲ့ပြီး  မော်ချစ်ကား ဂိတ်မှ မြန်မာပြည်သို့ထွက်ပြေးခဲ့သည်။

       ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့နှင့် မှုခင်းအထူးရဲတပ်ဖွဲ့သည် မဲဆောက်ကားလမ်းတလျှောက်သတင်း ပေးပို့ထားခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁နာရီအချိန် အတွင် ထိုင်းအထူး ထောက်လှမ်းရေး CID က
စစ်ဆေးရေးဂိတ်အမှတ်၎တွင် ဖမ်းဆီနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးစဉ်တွင်သူ  မသတ်ကြောင်းငြင်းဆိုသည်
ဟု ထိုင်းရဲ တပ်ဖွဲ့ ကပြောဆိုကြောင်း ထိုင်းရပ်သတင်းတွင်ရေးသားထားသည်။ 



ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းရွှေဆိုင်အား မြန်မာလူမျိုးများလုယက်မှုများတွင်လည်းကောင်း၊ ထိုင်းလူမျိုးများအား သတ်ဖြတ်မှုများတွင်လည်းကောင်း၊ အဓမ္မပြုကျင်မှုများတွင်လည်းကောင်း  တရားခံဟုယူဆရသည့် မြန်မာ အပါဝင်နိုင်ငံခြားသားများအား၊ ထွက်မပြေးနိုင်အောင် စစ်ရဟတ်ယာဉ်၊ အနံ့ခံခွေးများနှင့် ဖမ်းဆီး လေ့ရှိသည်။ သို့ရာတွင် မြန်မာအမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု၊ မြန်မာများသတ်ဖြတ်ခံရမှုများကိုမူ အမှုမှန်ပေါ်ပေါက်အောင် ဖေါ်ထုတ်အရေုးယူခြင်းမျိုး အထူးနည်းပါးကြောင်း MAT အဖွဲ့က ထောက်ပြသည်။

14 July 2015

ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ


13 July 2015 21:05(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
မြ၀တီ     https://www.facebook.com/mwdmedia      နေပြည်တော် ဇူလိုင် - ၁၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀ ရက် ည ၁၀ နာရီခန့်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေး မေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့်လှိုင်းများ ကြီးနေသဖြင့် ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းများ ခေတ္တဆိုင်းငံ့ ခဲ့ရသည်။
 ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းအား ဇူလိုင် ၉ ရက်တွင် ဆက်လက်ဆောင်ရွက် ခဲ့ပြီး စောင်းကောက်ကျွန်း အတွင်းပိုင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၄၅ ဦးအား ထိန်းသိမ်းရမိသည်။ ယင်းနောက် ဆက်လက်ရှာဖွေခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၄၉ ဦး အား လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၈ ဦး အား လည်းကောင်ထထပ်မံ ထိန်းသိမ်း ရမိခဲ့သည်။


ထိန်းသိမ်းရမိသော ဘင်္ဂါလီလူမျိုးများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျပန်းနှင့်အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးက လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံးပြောဆို၍ လည်းကောင်း၊ မလိုက်လိုသူများအား တုတ်၊ဓား များဖြင့် ရိုက်နှက်ပြီး ခြိမ်းခြောက်၍လည်းကောင်း ခေါ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းအနီးမှ လှေကြီး ၁ စီးဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ လှေပေါ်တွင် လူမျိုးမသိလှေသား ၈ ဦးနှင့် သေနတ် ၂ လက်ပါရှိမှုကို တွေ့ရှိရကြောင်း၊ ဇွန်လဆန်းပိုင်းတွင် စောင်းကောက်ကျွန်းသို့ ရောက်ရှိခဲ့ပြီး ရောက်ရှိချိန်တွင် ပွဲစား ၂ ဦး ပါဝင်ကြောင်း၊ ရောက်ရှိပြီး ၁၀ ရက်ခန့် ကြာမြင့်ချိန်တွင် ၎င်းတို့နှင့်အတူ နေထိုင်လျက်ရှိသည့် ပွဲစား၂ ဦးက ကျွန်းပေါ်ရှိ လူများအား မလေးရှားနိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ် ငွေ ဒါကာ ၂ သိန်းခွဲပေးရမည်ဟု ပြောကြားပြီး မိဘဆွေမျိုးများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူဆက်သွယ်ကာ ငွေမပေးပါက သတ်ပစ်မည့် ပုံစံမျိုး ဖြင့်ပြောကြား၍ တုတ်ဖြင့် ရိုက်သံများ တဖက်မှကြားစေရန် ပြုလုပ်ခဲ့ကြောင်း၊ တောင်းခံသောငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပွဲစား ၁ ဦးက ငွေပေးမည့်သူများ၏ အိမ်များနှင့်ဆက်သွယ်၍ ငွေလက်ခံ ရရှိကြောင်း အကြောင်းပြန်ကြား မှသာ ကျွန်းပေါ်ရှိပွဲစား ၂ ဦးက မလေးရှားနိုင်ငံသို့ ဦးစားပေး ပို့ဆောင်မည့်အုပ်စုအဖြစ် သီးခြားခွဲထားရှိကြောင်း၊ ၁၀ ရက်တွင် ၁ ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများ လာရောက် ပို့ဆောင်လျက်ရှိပြီး ဦးစားပေး ပို့ဆောင်မည့်အုပ်စုမှ လူများကို ပြန်လည်သယ်ဆောင် သွားကြောင်း သိရှိရသည်။



စောင်းကောက်ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား တပ်မတော်က ဆက်လက် ရှင်းလင်းရှာဖွေလျက်ရှိပြီး ထိန်းသိမ်းရရှိသည့် ဘင်္ဂါလီ ၁၀၂ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။