ခိုတောင်ကျွန်း လူသတ်မှုမှာ DNA စစ်ဆေးသူ ဒေါက်တာ
ပွန်းထစ်ရိုကျနာစူလန်နှင့် ဧရာဝတီအင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက်
စောရန်နိုင်က DNA စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်၍ မေးမြန်းထားပါသည်။
နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်သည် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် DNA စစ်ဆေးခြင်းကို ကနဦး စတင်မိတ်ဆက်ပေးခဲ့သည့် ဗဟိုမှုခင်း
ဆေးပညာသိပ္ပံ (Central Institute of Forensic Science – CIFS) ၏ အကြီးအကဲဖြစ်သည်။ ယခုအခါတွင် ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသည့် အမှုတွင် DNA စစ်ဆေးခြင်းဖြင့် သူက ပါဝင်ဆောင်ရွက်ပေးနေသည်။
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ဦး ဖြစ်သည့် ဟန်နာဝစ်သရစ်ဂ်ျ (Hannah Witheridge) နှင့် ၎င်း၏ အဖော် ဒေးဗစ်မေလာ (David Miller) တို့သည် ၂၀၁၄ ခုနှစ် စက် တင်ဘာလ ၁၅ ရက်နေ့ညက အသတ်ခံခဲ့ ကြရခြင်း ဖြစ်ပြီး ဟန်နာဝစ်သရစ်ဂ်ျမှာ မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရသည်။