20 December 2015

ဗီဇာပါရှိသောပတ်စ်ပို့စာအုပ်ဖြင့်လုပ်ကိုင်နေသော မြန်မာလုပ်သားများနေရပ်ပြန်လာပြီးလုပ်ငန်းခွင်သို့ ပြန် သည့်လမ်းတွင် ထိုင်းရဲများအကြောင်းမဲ့ဖမ်းဆီး (ရုပ်သံ)





ထိုင်းနိုင်ငံမှာဗီဇာပါရှိတဲ့ပါတ်စပို့စာအုပ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်ပြီးအဲ့ဒီစာအုပ်နဲ့ နေရပ်ကို ပြန်လာသူတွေ၊ လုပ်ငန်းခွင်ရှိရာထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသူတွေဟာဘန်ကောက်-မဲဆောက် လမ်းတလျှောက်မှာထိုင်းရဲတွေရဲ့ ဥပဒေမဲ့ငွေညှစ်တာတွေ၊ ဖမ်းဆီးတာတွေကိုပါခံနေကြရတယ်လို့ ကိုယ်တွေ့ ကြုံ ခဲ့သူတွေကပြောပါတယ်။

ထိုင်းနိုင်ငံတွင် MoU ဖြင့်သွားရောက်လုပ်ကိုင်သည့် မြန်မာ လုပ်သားများ စာချုပ်ပါအလုပ်နှင့်ကွဲလွဲကာထမင်းငတ် သည်အထိဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံ သို့ပြန်လည်ရောက်ရှိလာ (ရုပ်သံ)



ထိုင်းနိုင်ငံတွင် MoU ဖြင့်သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများစာချုပ်ပါအလုပ်နှင့်ကွဲလွဲကာထမင်းငတ် သည်အထိဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာ (ရုပ်သံ) ထိုင်းနိုင်ငံမှာMoUနဲ့အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် အလုပ်ရှာဖွေရေးအေဂျင်စီတွေနဲ့သွားခဲ့ပေမယ့် စာချုပ်ပါအလုပ်နဲ့ကွဲလွဲမှုရှိတဲ့အပြင် ထမင်းငတ်တဲ့အထိအလုပ်အဆင်မပြေဖြစ်တာကြောင့် အလုပ်သမားအချို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံရှိအချိုရည်စက်ရုံမှာအလုပ်ရမယ်ဆိုပြီးခေါ်ဆောင်သွားခဲ့ပေမယ့် ဆောက်လုပ်ရေးနဲ့စာ ချုပ်ချုပ်ဆိုကာပို့ဆောင်ခဲ့သလိုထိုင်းနိုင်ငံရောက်ရှိတဲ့အခါမှာတော့ ရော်ဘာစက်ရုံမှာဝင်ရောက်လုပ်ကိုင်ရတဲ့ အပြင် ပုံမှန်လည်းအလုပ်မရဘဲထမင်းငတ်တဲ့အထိ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံသား ၉ ဦးဟာ မြန်မာနိုင်ငံကိုဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ အခုလိုမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ လုပ်သားတွေ ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်တွေဟာတံဆိပ်တုံးထုပြီးဖျက်ဆီးခံရတဲ့အတွက် အလုပ်သမားတွေအနေနဲ့ နစ်နာတွေအများအပြားရှိရပါတယ်။
Posted by Eleven Web TV on Saturday, December 12, 2015
ထိုင်းနိုင်ငံမှာMoUနဲ့အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် အလုပ်ရှာဖွေရေးအေဂျင်စီတွေနဲ့သွားခဲ့ပေမယ့် စာချုပ်ပါအလုပ်နဲ့ကွဲလွဲမှုရှိတဲ့အပြင် ထမင်းငတ်တဲ့အထိအလုပ်အဆင်မပြေဖြစ်တာကြောင့် အလုပ်သမားအချို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိအချိုရည်စက်ရုံမှာအလုပ်ရမယ်ဆိုပြီးခေါ်ဆောင်သွားခဲ့ပေမယ့် ဆောက်လုပ်ရေးနဲ့စာ ချုပ်ချုပ် ဆိုကာပို့ဆောင်ခဲ့သလို ထိုင်းနိုင်ငံရောက် ရှိတဲ့အခါမှာတော့ ရော်ဘာစက်ရုံမှာဝင်ရောက်လုပ်ကိုင်ရတဲ့ အပြင် ပုံမှန်လည်းအလုပ်မရဘဲထမင်းငတ်တဲ့အထိ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံသား ၉ဦးဟာ

 မြန်မာနိုင်ငံ ကိုဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိပြီး အချို့မှာ တရားမ၀င် နေထိုင်နေကြရ

 
Published on Fri, 12/18/2015 - 19:10

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိပြီး အချို့မှာ ဗီဇာသက်တမ်းလွန်ကာ တရားမ၀င် နေထိုင်နေကြရကြောင်း “လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှု၊ ထိုင်းနိုင်ငံတွင်း အထွေထွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၉ နာရီခွဲ အချိန်က ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း (FED) မှ ဦးထူးချစ်ကလည်း “တစ်နေ့က စက်ရုံတွေကို ၀င်စစ်ဆေးတော့ ရနောင်းက ပင်လယ်စာစက်ရုံမှ အလုပ်သမား ၅၄ ဦး အဖမ်းခံရတယ်။ အားလုံးက အမျိုးသမီးတွေချည်းပဲ။ အကုန်လုံးက ဗီဇာသက်တမ်း လွန်နေတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

19 December 2015

မြန်မာအလုပ်သမားများ ဖိနှိပ်ခံနေရမှုနှင့် အခက်အခဲများ အကူအညီပေးရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဘန်ကောက်မြို့ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြ


ကိုရွှေသိန်း(မြ၀တီ)

ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ခန့်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများ ဖိနှိပ်ခံနေရ မှုများနျှင့် ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးရန် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့အဖြစ် အချက်ငါးချက် တောင်းဆိုကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

“မြန်မာအလုပ်သမားတွေ ဘ၀ကတော့ အမိမဲ့သား ရေနည်းငါးတွေလိုပဲ ပြောရမှာပဲ။ အဘက်ဘက်ကနေ ဖိနှိပ်ခံ အနိုင်ကျင့်တာတွေ အားလုံးကို ခံနေရတယ်။ အခုလက်ရှိ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကိုင်တဲ့ ပတ်စ် ပို့က ခြောက်နှစ်သက်တမ်းပြည့်သွားပြီ။ အခုထိ အလုပ်သမားတွေ ဘာလုပ်ရမယ်ဆိုတာ ကို မြန်မာဘက်က တာဝန်ရှိသူတွေက မပြောလို့ အခက်အခဲတွေ ဖြစ်နေပါတယ်” ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ ကိုစောမောင်က ပြောကြားသည်။


လိပ်ကျွန်းအမှုတွင် မြန်မာနှစ်ဦး လူသတ်မှု၊ မုဒိန်းမှုတို့မှ လွတ်နိုင်ဟုဆို


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) အမှုကို ယခုလ ၂၄ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ပြီး မူလ နှစ်ဘက် စစ်ဆေးချက်များအရ သက်သေခိုင်လုံခြင်းမရှိသဖြင့် ထိုအမှုတွင် မြန်မာ လူငယ်နှစ်ဦး အနေဖြင့် လူသတ်မှု၊ မုဒိမ်းမှုတို့မှ လွတ်မြောက်နိုင်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေ ကြသူများကပြောသည်။



ယင်းအမှုကို လိုက်ပါဆောင်ရွက်ခဲ့ကြသည့် မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့မှ ဦးထူးချစ်နှင့် ဦးကျော်သော င်းတို့က ယနေ့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောဆိုခဲ့ကြခြင်းဖြစ် သည်။ မြန်မာ လူငယ်နှစ်ဦး အနေဖြင့် လူသတ်မှု၊ မုဒိမ်းမှုတို့မှ လွတ်မြောက်နိုင်သော်လည်း ထိုအမှုများနှင့် မသက်ဆိုင် သည့် အသေးအဖွဲ အမှုတချို့ဖြင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်းလည်း ဦးထူးချစ် က ပြောသည်။ 


ထိုအမှုကို ထိုင်းရဲတပ်ဖွဲ့ စတင်ကိုင်တွယ်ခဲ့စဉ် အလွဲလွဲအချော်ချော် ဖြစ်မှုများအပေါ် ဥပဒေပညာရှင်များက ဝိုင်းဝန်းဝေဖန်မှုများ ပြုလုပ်ကြစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းရဲတပ်ဖွဲ့များ၏ လုပ်ဆောင်မှုအပေါ် ယုံကြည်မှုရှိကြောင်း ရှေ့ထွက်ပြောဆိုခဲ့မှုသည်လည်း မြန်မာလူငယ်နှစ်ဦး၏ ကွင်းလုံးကျွတ်လွတ်မြောက်ရေးအတွက် အဟန့်အတား အချို့ဖြစ်နိုင်ဖွယ် ရှိသည်ဟုလည်းဆိုသည်။
သတင်း၊ ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ

12 December 2015

အလုပ်သမားဥပဒေချိုးဖေါက်နေသည့်အလုပ်ရုံကိုရှောင်တခင်ဝင်စစ်

ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ဘန်ဖွယ်ရပ်ကွက်ရှိ Brighten plast.Co..L.td ကော်ရုံ၌
 ရာချီတဲ့မြန်မာအလုပ်သမားတွေအား ထိုင်းရဲတပ်ဖွဲ့နဲ့မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်
ရေးကော်မတီဝင် MATအဖွဲ့မှပူးပေါင်း၍ ရှောင်တခင်ဝင်စစ်ဆေးခဲ့ကြောင်းသိရသည်။

 မောင်ရန်နိုင်သည် အလုပ်၇လကျော်ကြာလုပ်လာခဲစဉ် ကော်စီ ပလာစတစ် အနံခြင်ကြောင့် အရင်က ကျန်မားရေးမကောင်ပါသဖြင့်ဆေးရုံသို့ ကုသခဲရသည်။

 “အလုပ်ရုံကအလုပ်သမားတွေရဲ့ ကျမ္မားရေးလည်း ကျနော်လို ခံစားနေရတဲ့သူတွေရှိနေတယ်..အလုပ်
သမားတွေရဲ့ ကျမ္မားရေးနဲ့ပက်သက်ပြီး ဘာတစ်ခုမှ စောင့်ရှောက်မှုမပေးကြသလို အလုပ်သမားအခွင့်ရေး
တွေချိုးဖောက်ခံနေရပါတယ်” ဟု မောင်ရန်နိုင်မှပြောသည်။

11 December 2015

လုပ်အားခမရှင်းပဲပက်စပပိုစ့်ပါအသိမ်းခံရသည့် အလုပ်သမား၅ဦးအား MATအဖွဲ့ကူညီ


ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ဧကချိုင်လမ်းမကြီးနဘေ ဂေဟရပ်ကွက်ရှိ
ကားရေဆေးအလုပ်သမားနှင့်ဆောက်လုပ်ရေး လုပ်သမားများ၏ လုပ်အားခလစာအား အလုပ်ရှင်မှ မရှင်းပေးသည့်အပြင် အလုပ်သမားများကိုင်ဆောင်ထားသည့် ပက်စပိုစ့်များပါ သိမ်းဆည်ထားခြင်းခံရသည့် အလုပ်သမားများအားကူညီပေးခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)အဖွဲ့
ထံမှ သိရသည်။

အဆိုပါ အလုပ်သမားများအား လုပ်ရှင်ဖြစ်သူမှ တစ်ရက်လျှင် ၃၀၀ဘတ်ပေးမည်ဟုပြောဆိုခဲ့ယူခဲ့ခြင်းဖြစ်သော်လည်း မြန်မာအလုပ်သမားများအား ကျွန်
သဖွယ်အဓမ္မအလုပ်ခိုင်စေခံရကြောင်း အလုပ်သမားများ၏ထွက်ဆိုချက်အရ
သိရသည်။
“နံနက်၇နာရီဆို အိပ်ယာကနေထပြီး အလုပ်ရှင်ပိုင်တဲ့ ထမင်းနဲ့ကွေ့တီယိုရောင်း
ချတဲ့ဆိုင်ကိုသွားပြီး ဆိုင်သန့်ရှင်းရေးလုပ်ပေးရတာ.ပြီးမှ ကားရေဆေးအလုပ်နဲ့
ဆောက်လုပ်ရေးအလုပ်တွေကို ညနေ၄နာရီထိအလုပ်ဝင်ကြရပါတယ်”ဟု ကိုစိုင်းချစ်ဦး
မှ ပြောဆိုခဲ့ပါသည်။


09 December 2015

“MOU အလုပ်သမားပြဿနာဘယ်လိုရှင်းလိုက်သလဲ”

 

၂၀၁၅ ခု ဒီဇင်ဘာ ၉ ရက်
စိုင်းခွန်လွမ်း
 
စာချုပ်ပါစည်းကမ်းနဲ့လည်းမညီညွတ်၊ အစိုးရနှင့်အေဂျင်စီတို့သဘောတူညီချက်ကိုလည်းချိုးဖေါက် နေသည့် MOU အလုပ်သမားပြဿနာတစ်ခုကိုယမန်နေ့က မြ၀တီကျောက်လုံးကြီးစခန်းတွင်ဖြေရှင်းခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားတင် ပို့နေကြသည့် တိုးတက်ချမ်းသာအေဂျင်စီ၊
 ကောင်လတ်စံအေဂျင်စီနှင့် စတားပိုင်အိုးနီးယားအေဂျင်စီတို့ မှတင်ပို့ထားသည့် အလုပ်သမားများ အခက် ကြုံနေကြသဖြင့် ထိုင်းနှင့်မြန်မာအစိုးရတို့ထံသို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT က တင်ပြ၍ ကူညီဆောင်ရွက်ခဲ့သည်။

၇.၁၂.၂၀၁၅ ရက်နေ့က မြ၀တီကျောက်လုံးကြီးတွင် ကော်မတီဖွဲ့၍ အလုပ်သမားများကျေနပ်သည် အထိဖြေရှင်းပေးရန် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှ ညွန်ချက်အရ ဖြေရှင်းကြရာ။ အလုပ်သမား များက ပွဲစားများသို့ပေးခဲ့ရသည့် ငွေကို ပြန် လည်ပေးဆောင်စေ လျှက် နေရပ်သို့မိမိစရိတ်ဖြင့် အလုပ်သမား များ ပြန်သွားခဲ့ကြရသည်။

“ကျွန်တော်တို့အိမ်ပြန်ချင်လှပြီ”


 ၂၀၁၅ ခု  ဒီဇင်ဘာ ၉ ရက်နေ့ "တို့ခေတ်" အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြသော ဆောင်းပါး ကို ရွှေလုပ်သား အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါ။
 
         နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲပြီး ဒေါ်အောင်ဆန်းစုကြည်NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့လို့ ဆယ် စုနဲ့ချီပြီးပြည်ပမှာအလုပ်လာလုပ်နေကြရတဲ့ငါးသန်းထက်မနည်းတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်ပြန်ကြရ တော့မယ်ဆိုပြီးမျှော်လင့်ချက်နဲ့ပျော်နေကြပါပြီ။ 

         “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့၊ အစိုးရဖွဲ့နိုင်အောင် လူကို မကြည့်ပဲ ပါတီကိုကြည့်ပြီးမဲထည့်ကြပါ။ အခုထက်တော့ပိုကောင်းလာပါလိမ့်မယ်လို့ အမေပြောခဲ့ တဲ့စကားတွေ ဟာ မြန်မာနိုင်ငံသားတွေရဲ့နှလုံးသားကိုသိမ်းကြုံးယူငင်နိုင်ခဲ့ပါတယ်။ ၁၉၉၀ပြည့်မှာရော ၂၅နှစ်အကြာပါတီစုံ ရွေးကောက်ပွဲမှာ မြန်မာတွေတာဝန်ကျေခဲ့ကြပါတယ်။ မြန်မာပြည်သူတွေဟာ ဒေါ်စု
ကို အားကိုးယုံကြတာ လည်ဖြစ်နိုင်သလို တစ်သက်လုံးကိုဖိနှိပ်လာခဲ့တဲ့ အာဏာရှင်စနစ်ကိုရွံ့မုန်း လို့ လည်းဖြစ်နိုင်ပါတယ်။ NLD တခဲ နက်အနိုင်ရခဲ့လို့ အဖိနှိပ်ခံမြန်မာနိုင်ငံသားတိုင်း အားရပျော်ရွှင်ခဲ့ကြ တာတော့အမှန်ပဲ။  အဖိနှိပ်ခံ မြန်မာနိုင်ငံ သားတွေရဲ့နိုင်ငံရေးရေချိန်ကိုပြသခဲ့ကြပါပြီ ။ ရွေးကောက် ပွဲရလဒ်တွေအရ NLD အစိုးရဖွဲ့နိုင်မှာ သေချာသွားပြီ။

08 December 2015

မြန်မာလုပ်သား ၇၀၀ကျော် ဆန္ဒပြမှု MATကူညီ


 ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် အုန်းနွဲ့မြို့ လမ်းနံပါတ်126ရှိ မုန့်များထုတ်လုပ်သည့်
Sri Siam Food Product Co Ltdမှ မြန်မာအလုပ်သမားများမှ မိမိတို့ရသင့်ရထိုက်သည့်
အခွင့်ရေးများမရရှိခြင်း၊မိမိတို့၏လုပ်အားခများအပြည့်ဝ ရရှိရန် ဆန္ဒပြခဲ့ကြောင်း
သိရသည်။

မြန်မာအလုပ်သမားဦးရေး ၇၀၀ကျော်ရှိသည့် အဆိုပါစက်ရုံတွင် အလုပ်သမား
ကြီးကြပ်သူ ၀ဏ္ဏ(အလုပ်ကြီးကြပ်သူ)များ ရုံစာရေးမများမှ အလုပ်သမားများ
အား အနိုင်ထက်ပြုမှုဆက်ဆံခြင်းများ၊အလုပ်သမားများအား အကြောင်းမဲ့
အလုပ်ထုတ်ပစ်နှင့် အလုပ်သမားများ လုပ်ငန်ခွင်အတွင်ထိခိုက်ဒဏ်ရာရရှိ
ပါက လက်လျူရှုထားခြင်းများနှင့် အစိုးရအလုပ်ပိတ်ရက်များ၌ နေ့စား
မရရှိခြင်း၊ တနင်္ဂနွေနေ့အလုပ်ပိတ်ရက်များ၌ အလုပ်ဆင်းခိုင်ပြီး လုပ်အားခ
၂ဆမပေးခြင်း၊ OTကြေးမှန်ကန်စွာမရရှိခြင်းများ အလုပ်လစာများအား
 မှန်ကန်စွာ မရှင်းပေးမှုတို့ကြောင့် အလုပ်သမားများမှ ၇.၁၂.၂၀၁၅ရက်နေ့
ညနေ ၆နာရီ၌ ဆန္ဒပြခြင်းဖြစ်ကြောင်းသိရပါသည်။