၂၀၁၆ ခု စက်တင်ဘာလ
၂၁ ရက်
မြတ်ညို
(အလွတ်သတင်းထောက်)
၅နှစ်ကျော်ကြာ လုပ်အားခေါင်းပုံဖြတ်ခံနေခဲ့ရပြီး
လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး ၏ အမှုကို စူရတ်မြို့ နယ်တရားရုံးက ၃ပတ်အတွင်း ကြိုတင်ထွက်ဆိုချက်အပြီးသတ်ယူဆောင်၍
ယနေ့တွင် မိခင်နှင့် အတူ ပြန်လည် ပို့ဆောင်ခွင့်ရရှိသဖြင့်
အလွန်ဝမ်းသာပီတိဖြစ်ရကြောင်း အကျိုးဆောင် မြန်မာရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။
စူရတ်မြို့အာဏာပိုင်များက
အခန်းအနားငယ်တစ်ခုပြုလုပ်၍ လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး အား
နယ်ခြားကော်မတီ၊
မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့်မိခင်ဖြစ်သူတို့ထံ
ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်ကော်မတီက
လူကုန်ကူးခံခဲ့ရသည့် မအေးအေးစိုးနှင့်အတူ သက်သေထွက်ဆိုခဲ့သူ မိခင် ဒေါ်အေးဝင်း၊
တရားခံ ဒေါ်သန်းသန်းဌေး၏ သမီးမ၀ိုင်း (ခ) မဝေတို့ ၃ဦးတို့အား ကော့သောင်းမြို့ ခရိုင် ရဲတပ်ဖွဲ့
မှူးရုံး၊ ကော့သောင်းလူကုန်တားရုံးနှင့် လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ကော့သောင်းရုံးတို့မှ တာဝန်ရှိသူများထံသို့ ရနောင်းမြို့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။










