မေမေ့ဝမ်းကြာတိုက်ထဲက
လူ့လောကကိုရောက်လာတာ ဒီနေ့ ၅၂ နှစ်ပြည့်ခဲ့ပါပကောလား။
မိမိအတွက်၊
တိုင်းပြည်အတွက်၊ လောကကြီးအတွက် ကောင်းကျိုး ဘယ်လောက်လုပ်ပေးနိုင်ခဲ့ပြီလဲ။
ဆိုးသွမ်းယုတ်ညံ့မှုတွေ
ဘယ်လောက်လုပ်မိခဲ့သလဲ။
ခြောက်ပြစ်ကင်းသဲလဲစင်
လောကမှာမရှိ ဆိုတာ မှန်သော်ငြားလည်း..
ငါသည်
မကောင်းမှု ဒုစရိုက်ဟူသမျှ အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့သူမို့ လိပ်ပြာသန့်၏။
မကောင်းမှုဟူသမျှ
ဘ၀တလျှောက်လုံးသာမက သေသည်အထိ ရှောင်ကြဉ်အုံးမည်ပင်။
လက်ရှိ...တတိယအရွယ်ကို
ချဉ်းနင်းဝင်ရောက်လာသူတစ်ဦးအနေနဲ့......
၁၈နှစ်အရွယ်တုန်းကလို
တစ်နေ့ကို ဘောလုံး ၂ပွဲ....( ၃နာရီ ) ကန်နိုင်တော့မည်မဟုတ်။
ကီးဗားဒါးရှီးထိုင်ပြီး
ဘယ်ဖြောင့်၊ ညာဖြောင့်လက်သီးအလုံးတစ်ရာ ထိုးနိုင်တော့မည်မဟုတ်။
ခေါင်းပေါ်တင်ထားတဲ့
အုန်းသီးကို ဂျွမ်းထိုးပြီး ထိအောင်ကန်နိုင်တော့မည်မဟုတ်။
အုတ်နီ၅ခဲ
ဖြောင်းကနဲ ကျိုးအောင် လက်ဝါးဇောင်းခုတ်နိုင်တော့မည်မဟုတ်။
လသာသာညချမ်းမှာ...ရွာကိုပတ်ပြီး..မယ်ဒလင်တစ်လုံးနဲ့
သီချင်းလည်း ဆိုနိုင်တော့မည်မဟုတ်။
အော်... ဘ၀နေ၀င်ချိန်အတွက် ပြင်ဆင်ရအုံးမှာပ။
ငါ ဘယ်လောက်အထိ
အလုပ်လုပ်နိုင်အုံးမလဲ။
ဘယ်လောက်အထိ
လုပ်ခွင့်ရအုံးမလဲ။
သာသနာထဲက
လူ့ဗာလတွေကို ဘုရားရှင်တောင်
မချေချွတ်နိုင်ခဲ့တာ။
မတရားမှုက အနယ်ထိုင် အင်အားသာနေတဲ့ အခါသမယမှာ... မှားနေတာကများပါဘိ။
ဘာမှ မဟုတ်တဲ့ငါက ဘယ်လောက်တွန်းနိုင်လို့
ဘယ်လောက်ရွေ့နိုင်မှာတဲ့လဲ။
ပိန်းပိတ်အောင်မှောင်ခဲ့နေခဲ့တဲ့ ပြည်မြန်မာက ခုမှရောင်နီပေါ်ခါစ၊
သားသမီးတွေက အရွယ်မရောက်၊ လူရာမ၀င်ကြသေး။ ...ဟူး...။
၇၂နှစ်အရွယ် အမေစုတောင် ကမ္ဘာပတ်နေသေးတာပဲ။
ငါ... အိုပြီလို့ မဆိုနိုင်သေးဘူး။ ငါ
မစွမ်းနိုင်တော့ဘူးဆိုပြီး စိတ်ကိုလျှော့လို့မဖြစ်သေးဘူး။
ကျရာတာဝန်ကို ငါ့လူမျိုး၊ ငါ့တိုင်းပြည်အတွက် သေသည်အထိ
တတ်နိုင်တာတွေလုပ်နေရအုံးမှာပဲ။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရင်ဘတ်ချင်းတူတယ်။ လူချင်းမတွေ့ဖူးပေမယ့်လေးစားတယ်ဗျာတဲ့။ ။
ကျော်သောင်း