02 February 2018

ဘိုဘိုမင်းသိုက် အသတ်ခံရမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့် မိသားစုမှာ အခင်းဖြစ်ပွားချိန်တွင် မြောက်ဦး- တိန်ညိုကျေးရွာတွင် ရှိမနေဟုဆို



နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁


မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ဦးကျော်မြင့် (၄၇) နှစ်နှင့် မိသားစုများမှာ ဘိုဘိုမင်းသိုက် အသတ်ခံရသည့်နေ့က ၎င်းတို့နေထိုင်ရာ တိန်ညိုကျေးရွာတွင် ရှိမဘဲ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု သိရှိရကြောင်း တိန်ညို ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ လျှောက်ထားမှုမရှိသေး


2018-02-02  RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA













ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လည်လက်ခံရေး အစီအစဉ် စတင်တာ ၁၀ ရက် ကြာပြီဖြစ်ပေမယ့် ဒုက္ခသည်တစ်ယောက်မှ ပြန်လာဖို့ လျှောက်ထားလာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်းများမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးငြင်း


2 February 2018    DMG


(ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာက လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
 အေပီသတင်းဌာနကို ကိုးကားပြီး ဗွီအိုအေ၊ ဘီဘီစီနှင့် အာအက်အေ စသည့် သတင်းဌာနများတွင် ကျယ်ပြန့်စွာ ရေးသားနေသော ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ကျောက်ဖြူမှာ လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရ၊ ကလေးငယ်များလည်းပါဝင် (ဓါတ်ပုံသတင်း)


2 February 2018   Development Media Group



ဖေဖော်ဝါရီ ၂၊ DMG

ကျောက်ဖြူမြို့မှာ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၉ နာရီက ကလေးငယ်များအပါအဝင် လူပေါင်း ၁၀ ကျော် ခွေးရူးကိုက်ခံရကြောင်း ကျောက်ဖြူပြည်သူ့ဆေးရုံက သိရသည်။

အစုအပြုံလိုက်မြှုပ်နှံထားတဲ့ နေရာတွေတွေ့ရှိသတင်း ရခိုင်ပြည်နယ်အစိုးရငြင်းဆို


2 February 2018    ဗွီအိုအေ (မြန်မာပိုင်း)



မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မူဆလင်ကျေးရွာများ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရုပ်အလောင်းတွေ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ခု ထက် မနည်း တွေ့ရတယ် AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ငြင်းဆို လိုက်ပါတယ်။ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတယ်ဆိုတဲ့ ဂူဒါပြင်ကျေးရွာကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့ သွားရောက် စစ်ဆေးပြီးဖြစ်ပြီး ဘာမှ မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ က ဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြော ပြပေးပါမယ်။

လူသတ်သမား ကြည်လင်းကို ထောက်ခံသူများ၏ လုပ်ရပ် တရားစီရင်ရေးကို ခြိမ်းခြောက်နေဟုဆို


By ထွန်းထွန်း 2 February 2018
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး ဦးကိုနီ နှင့် အငှားယဉ်မောင်း ကိုနေဝင်းတို့အား သတ်ဖြတ်ခဲ့သည့် လူသတ်သမား ကြည်လင်း ရုံးထုတ်ကို လာရောက်ဝန်းရံသူ တစု၏ လုပ်ရပ်မှာ ခြိမ်းခြောက် နှောင့်ယှက်သည့် အသွင်သဏ္ဍာန် ဖြစ်နေသည်ဟု ဆိုသည်။

မတ္တရာမြို့နယ်၌ ကျောတွင် စက်ကိရိယာတပ်ဆင်ထားသည့် လင်းယုန်ငှက် ၁ ကောင် တွေ့ရှိ


2 February 2018         Ministry of Home Affairs, Myanmar




၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၀၉၀၀ အချိန်တွင် ကျော်ခိုင်ဝင်း(၂၇)နှစ်သည် မတ္တရာ မြို့နယ် ပတ်လည်အင်းကျေးရွာ ရက္ကန်းစင်တောင်၏ မြောက်ဘက် တောင်ယာကြီးကွင်း ရှားပြန့် တောသို့ ထင်းခုတ်ရန်ရောက်ရှိစဉ် ဦးခေါင်းမှ အမြီးဖျားထိ ၂ ပေ ခန့်၊ အမြင့် ၁ ပေခွဲခန့်၊ တောင်ပံ ဝဲမှယာထိ ၄ ပေခန့်ရှိ ဝဲပေါင်ကျိုးနေသော ဖြူ/ညိုရောင် လင်းယုန် ငှက် ၁ ကောင်အား ကျောတွင်သိုင်းကြိုးဖြင့် MWB-1605 စာတန်းပါ စက် ၁ လုံး(စိစစ်ဆဲ)နှင့် ဝဲခြေထောက် တွင် 272 ORNITH-LABINISTBIOL MONGLIA စာတန်းပါ သတ္တုကွင်း ၁ ကွင်း တပ်လျက် မြေပြင်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို ဓာတ်ဆီပုလင်းမီးရှို့ ပစ်သွင်းသူဟာ စိတ်ဝေဒနာရှင်ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဟုဆို


2 February 2018 




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ဓာတ်ဆီပုလင်းမီးရှို့ပြီး ပစ်သွင်းခဲ့သူကို မြန်မာပလာဇာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြောက်ဒဂုံမြို့နယ်ရဲစခန်းက သိရပါတယ်။
ဖေဖော်ဝါရီလ (၂)ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ ဦးဝင်းနိုင်ဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၅၁)ရပ်ကွက်နေသူဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းသို့ မှောင်ခိုရောင်းသည့် ဘုရားခိုးဂိုဏ်း ဖမ်းမိ


1 February 2018 




မုံရွာ၊ ဇန်​န၀ါရီ ၃၁။

နယ်စပ်ထွက်ပေါက်မှတဆင့် ထိုင်းနိုင်ငံသို့ မှောင်ခို ရောင်းသည့် ဘုရားခိုးဂိုဏ်း တစ်ခုကို စစ်ကိုင်းခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇန်​န၀ါရီ ၃၀ရက်​​နေ့ကေ​ဖ်ာထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း ၄င်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

အစုအပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်း ၅ ကျင်း စစ်ဆေးဖို့ ကုလနဲ့ ကန် ပြောကြား



2 February 2018       RFA Burmese

ကုလသမဂ္ဂ ပြောခွင့်ရသူ Stephane Dujarrice ကို တွေ့ရစဉ်။ Photo: Youtube
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarrice စတက်ဖင်းန် ဒူးဂျားရစ် က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ဂူတပြင်ရွာမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့ ကျင်း ၅ ကျင်းထပ်မံ တွေ့ရှိ တယ်ဆိုတဲ့ အေပီသတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်းနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို မနေ့က ပြောကြားလိုက်ပါတယ်။