26 January 2012
မတရား ဖမ်းဆီးခံရသော အလုပ်သမား (၁၆)ဦးအား ကယ်တင်
 ကြက်သားထုတ်လုပ်သည့် အလုပ်သမား ၁၆ဥင်္ီးအား ဖမ်းဆီးချုပ်နှောင်ထားရာမှ ကယ်တင်
ဇန်န၀ါရီ ၂၆
ကိုတီး
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့  လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။
22 January 2012
မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန် အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော်ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဇန်န၀ါရီလ (၁၉)ရက်နေ့က အလုပ်ငန်းခွင် ၀င်ရန်သွားကြသည့် အလုပ်သမားများအား အလုပ်သမားလက်မှတ် (ဘတ်)နှင့် ယာယီပတ်စ်ပို့ လုပ်ရန် ပေးသွင်းထားသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ်သဖြင့် နစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ တစ်ထောင်စီ ပေးကာ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမား ကိုတာက “အလုပ်သမား (၁၂၀)လောက်ရှိတယ်၊ ကျနော်တို့က ဘတ် (အလုပ်သမား လက်မှတ်) မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရလိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”ဟု ပြောပြသည်။
28 December 2011
အလုပ်သမား ၂ဦး လွတ်မြောက်ရန် ထိုင်းရဲက ဘတ် ငွေ ၁၄၀၀၀ တောင်းခံ
ဒီဇင်ဘာ  ၂၈
ရေဘေးသင့်မြန်မာအလုပ်သမား ၂ ဦး စားစရာဆန်များအလှူခံပြီး အလုပ်ရုံသို့  အပြန် ကထုန်ဘန် ထိုင်းရဲ
က ဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လိုပါက တစ်ဦးကို ဘတ်ငွေ ၇၀၀၀ စီပေးရမည်ဖြစ်ကြောင်း  ကူညီသူ
များကိုပြောသည်။
ကထုန်ဘန်နယ်မြေ ၀တ်လိတ်ခင် ရေဘေးကူညီရေး ယာယီ ကယ်ဆယ်ရေးစခန်းတွင်  ခိုလှုံနေထိုင်ခဲ့ကြ
သည့် ကိုစတား ဆိုသူနှင့် ကိုဝေယံဆိုသူတို့ အား စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုခိုင်ကြီး က ဆန်နှင့်
အစားအစာများပေးပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က  ကထုန်ဘန် ၀တ်နန်းစောင် တွင်ရှိသော SK food  ငါးအချောကိုင် အလုပ်ရုံသို့ သွားရောက် ပို့ဆောင်စဉ် ထိုင်းရဲကဖမ်းဆီးခဲ့သည်။
ကိုခိုင်ကြီးက ” ကျနော့်ကိုလည်းဖမ်းတယ်၊  ကျနော့်မှာ ထိုင်းကဒ် တစ်ခု ကိုင်ဆောင်ထားတာကြောင့်ပြန်
လွှတ်ပေးပေမယ့် သူတို့ ၂ ယောက်ကိုတော့ တစ်ယောက်ကိုဘတ် ၇၀၀၀  ပေးမှ လွှတ်မယ်ပြောတယ်။
ကျနော်က တစ်ယောက်ကို  ဘတ် ၂၀၀၀ လောက်ပေးမယ်လို့ ပြောပေမယ့်မရဘူး။ ဒီအလုပ်သမားတွေ
မှာ ထောရောစာရွက်နဲ့ မြန်မာသံရုံးကထုတ်ပေးထားတဲ့ ရေဘေးသင့်ဒုက္ခသည်  ထောက်ခံစာ စာရွက်
လည်းပါတယ်” ဟုပြောသည်။
မြန်မာ စစ်အာဏာရှင်တွေ တိုင်းပြည်ကို ဘယ်မှာ ထားခဲ့သလဲ
နယ်ချဲ့လက်လက်အောက် လွတ်လပ်ရေးရအောင် တပ်မတော်က တိုက်ယူခဲ့သည်။ တိုင်းပြည်ချောက် ထဲ ကျခါနီး ကယ်တင်ခဲ့သည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖေါက်။ တိုင်းပြည်ကို စစ်တပ် ကသာ ချစ်သည်။ အချုပ်အခြာ အာဏာကို ကွယ်စောင့်ရှောက်သည်။ နယ်ချဲ့ရန်ကို ကာကွယ်ဖို့ တပ်မ တော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ တပ်မတော်သည်သာအဖ၊ တပ်မတော်သည် သာ အမိ။ ဘေးပြော တာ မယုံ နဲ့ သွေးပြောတာကိုယုံ။ဒို့တာဝန် အရေးသုံးပါးတွေ ၁၂ ပါး တွေ ကို စာအုပ်တိုင်း မှာ မရိုက်မနေရ၊ သီချင်းခွေတွေမှာမထည့်မနေရ။ လမ်းတကာမှာ အနီရောင် ဆိုင်းဘုတ်ကြီးတွေ   ထောင်ပြီးတော့ လိမ်ညာ ဟစ်ကြွေး ခဲ့ကြတဲ့ စစ်အာဏာရှင် တွေက နှစ်ပေါင်း ၄၉ နှစ် အုပ်ချုပ် လိုက်တဲ့ အခါ ကမ္ဘာ့ အမွဲဆုံး တိုင်းပြည် စါရင်းကို ရောက်သွားခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်။ ငတ်မွတ် ခေါင်းပါးမှုနဲ့ ပညာ မတတ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို သန်းချီတဲ့ ရွှေ့ ပြောင်း အလုပ်သမားတွေ အဖြစ် ထွက်ခွာသွားကြရတယ်။
22 November 2011
ရေဘေးဒုက္ခသည်များ ထံမှ မဟာချိုင်းရဲက သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် ပစ္စည်းများပြန်ရ
ရေးဘေးဒုက္ခကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ပန်းရံ အလုပ်သမား (၃)ဦးထံမှ မဟာချိုင်ရဲများ သိမ်းယူထားသော လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။
ပန်းရံ အလုပ်သမား (၃)ဦးမှာ ဘန်ကောက်မြို့၊ လာမင်ထား (၉၆)လမ်းတွင် အလုပ် လုပ်ကိုင်နေရာမှ ရေဘေး ဒုက္ခကြောင့် မဟာချိုင် ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်စဉ် နိုဝင်ဘာလ (၁၃)ရက်၊ ည (၇)နာရီခန့်က မဟာချိုင်၊ ဘန်းပါရပ်၊ မာလီ ငါးသေတ္တာရုံ အနီးရှိ ယာဉ်ထိန်း ရဲကင်းမှ ဖမ်းဆီးပြီး ပစ္စည်းများ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံသူများထဲမှ တစ်ဦးဖြစ်သော မမြင့်မြင့်ဌေးက “သမီးတို့ လုပ်ငန်းခွင် ရေမြုပ်သွားတယ်။ လုပ်အားခလည်း သူဌေးက ရှင်းမပေး လိုက်ဘူး။ ကယ်ဆယ်ရေး စခန်းကို သွားဖို့ ကားခ လောက်ပဲပါတယ်။ ပေးစရာ ပိုက်ဆံ မပါတာကြောင့် ကျမတို့မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်သိမ်း လိုက်တာဖြစ်တယ်။ ဖုန်းသိမ်းတယ်။ ပြီးတော့ မဟာချိုင် (၄)ထပ် အချုပ်ခန်းမှာ (၂)ည အိပ်ခဲ့ရတယ်’’ ဟုပြောသည်။
07 November 2011
ရေဘေး သင့် မြန်မာအလုပ်သမား များအား မြန်မာသံရုံးမှ ယာယီပတ်စ်ပို့ အခမဲ့ထုတ်ပေး
ထိုင်းနိုင်ငံ ရေဘေး ဒုက္ခကြောင့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းတွင် လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီပတ်စ်ပို့ အုပ်ရေ (၂၀၀)ကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ယမန်နေ့က အခမဲ့ ထုတ်ပေးခဲ့သည်။
ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသည် ယခင် ဖွင့်လှစ်ထားသော ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လာရောက်ခိုလှုံသူဦးရေ (၅၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးက ယခုပြောင်းရွှေ့လာခဲ့သော ကယ်ဆယ်ရေး စခန်းထဲတွင် work permit (အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ထုတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရကလည်း ယာယီပတ်စ်ပို့များ အမြန်ဆုံး ထုတ်ပေးနိုင်ရန် စီစဉ်ခဲ့သည်။