17 June 2014
“မြန်မာသံရုံးရှေ့ ကျောင်းဆရာတစ်ဦးတစ်ကိုယ်တော်ဆန္ဒပြ”
၂၀၁၄ ဇွန်လ
၁၇
မဟာချိုင်
ဝပ်စီမိန်ကျောင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား များအား စာသင်ပြသည့် ကျောင်းဆရာ တစ်ဦး
ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
ကျောင်းဆရာ ကိုစောမောင် သည် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်
ရုပ်ပုံတွင် “ထိုင်းရောက်မြန် မာအလုပ် သမားတွေကို ပစ်မထားပါနဲ့ခင်ဗျား” ဟူ သည့်စာကို
မြန်မာ အင်္ဂလိပ်၂ဘာသာ ရေးသား၍ ၎င်း နောက်ပိုစတာ တစ်ချပ် တွင် မြန်မာပတ်စပို့အောက်ခံ ပုံ၌
“ပတ်စပို့ရှိလျှက် ပုလိပ်ဖမ်းနေတာကို မြန်မာသံရုံး မသိ ချင်ယောင် မဆောင် ပါနဲ့” ဟူ၍ ပိုစတာ
နှစ်ခုကိုင်ကာ တစ်ဦးတည်း၁၀ မိနစ်ခန့် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သည်။
Labels:
သတင်း
16 June 2014
“ထိုင်းအလုပ်သမားသံအရာရှိ ကြေညာချက်ထုတ်ပြန်”
၂၀၁၄ ခု ဇွန်လ
၁၆
မြတ်ညို
(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေ သော မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကလက်ရေးမူဖြင့်
ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
စာပါအကြောင်းအရာများမှာ……….
“ထိုင်းရောက် အလုပ်သမားများသို့
အသိပေးကြေညာခြင်း”
ထိုင်းနိုင်ငံအစိုးရ၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲနေသော
အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းစစ်တပ်နှင့် ရဲများမှ
ဖမ်းဆီးနေကြောင်း သတင်းမျိုးစုံ ထွက်ပေါ်လျှက်ရှိနေပါသည်။
ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတွင်
Passport စာအုပ် Workpermit အထောက်အထားများပြည့်စုံစွာ ရှိလျှက်နှင့် ဖမ်းဆီးခြင်းခံရ ပါက
အလုပ်သမားသံအရာရှိထံ အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များကို အချိန် မရွေး ကူညီဆောင်ရွက်ပေးပါမည်။
ဆက်သွယ်ရန်
ဖုန်းနံပါတ်များမှာ
086 777
6825 083 9812 175 091 537 0018 0835 446 442
ဟူ၍ ကြေညာချက်တွင်ပါရှိသည်။
Labels:
ကြော်ငြာချက်
12 June 2014
“မြန်မာအလုပ်သမားများ အထိတ်တလန့်ထွက်ပြေးတိမ်းရှောင်နေကြရ”
၂၀၁၄ ခု ဇွန်လ
၁၂
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံအနှံအပြားတွင် ရှိသောမြန်မာ အလုပ် သမား များစုဝေးနေထိုင် ရာနှင့် လုပ်ငန်းခွင်များသို့ ထိုင်းစစ် တပ်နှင့်ရဲများ လိုက်လံဖမ်းဆီးနေသဖြင့်
မြန်မာအလုပ်သမားများထွက်ပြေးတိမ်းရှောင် နေကြရ
ကြောင်းသိရှိရသည်။
MOU ဖြင့် လာရောက်၍ မဟာချိုင်တွင်
ပန်းရံအလုပ်လုပ်နေသည့် အလုပ်သမား ကိုဇေါ်မင်း က “မနေ့ညနေကတည်းက သူဌေးက ပြောထားလို့ ကျနော်တို့
အလုပ်သမား ၃၀၀ လောက် ဓနိတောထဲမှာ ဒီနေ့ ရှောင်နေကြရ တယ်။ တကယ်ပဲ မနက်၉နာရီလောက်မှာ စစ်သားတွေ
ပုလိပ်တွေ ၀င်လာကြ တယ်” ဟုပြောသည်။
အလားတူ ဘန်ကောက်မြို့
ဖုထုံမထုံ စိုင်နွဲ့ ပန်းခြံတွင် ၁၀ နှစ်ကြာ အလုပ်လုပ်နေသည့် စိုက်ပျိုးရေးသမား ကိုဆန်းဝင်း
က “ကျနော်တို့ အလုပ်မ လုပ်နဲ့ ရှောင်နေကြဖို့ သူဌေးကပြောထားလို့ အခြားနေရာမှာရောက်နေတယ်။ ပတ်စပို့ ၀တ်ပါမစ်ရှိလျှက်နဲ့ ဒီလိုဖြစ်နေရတာ ကျနော်တို့ကို မြန်မာသံရုံး က တစ်ခုခု
အကူညီပေးကြရင် ကောင်းမယ်” ဟုပြောသည်။ အလားတူ ဘန်ခေ ခုံထစ် အရပ်မှ စိုက်ပျိုးရေးအလုပ်သမားများ လည်း
ရှောင်နေကြရကြောင်းပြော သည်။
Labels:
သတင်း
“အလည်ဗီဇာဖြင့် ထိုင်းသို့အပို့ခံခဲ့ရသည့် ချင်းတိုင်းရင်းသား၅ဦးအား ပွဲစားတစ်ဦးကထပ်လိမ်”
ဇွန်လ ၁၂
ရက်၊စောမြတ်ချို
ပြည်ပအလုပ်အကိုင် ရှာဖွေရေး မြန်မာအေဂျင်စီတစ်ခုက
အလည် ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ သည့် ချင်းတိုင်းရင်းသား၅ဦးတို့အား
ပွဲစားတစ်ဦးက ထပ်မံအလိမ်ခံနေရ သဖြင့် MAT အဖွဲ့က ကူညီပေး လိုက် ရကြောင်းသိရသည်။
မကွေတိုင်း၊ အောင်လံမြို့နယ်၊ ကန်စွန်းအင်းကျေးရွာမှ အသက် ၂၅နှစ် အရွယ်ကြည်ခိုင်၊ မျိုးအောင်၁၉နှစ်၊ မိုးသက်အောင် ၁၈နှစ်၊ မအေးသန်း ၂၂နှစ် နှင့် အသက်၂၀အရွယ် မနာဒါစိန် တို့ဖြစ်ကြသည်။ ၎င်းတို့သည်.......... အေဂျင်စီအား ကျပ်ငွေငါးသိန်းပေးခဲ့ရပြီး မတ် လ၂၈ ရက်နေ့က မြ၀တီ မဲဆောက်လမ်းမှ
ဝင်ရောက်လာခဲ့ကြသူများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ ဆာလူရီနယ်တွင်ရှိသော ၀ါဂွမ်းအလုပ်ရုံတွင် နှစ်လကျော်
အလုပ်လုပ်ကိုင်ခဲ့ကြရသည်။ ဗီဇာသက်တမ်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အလုပ် ရုံမှ လက်မခံတော့ပေ။
ထို့ကြောင့် ပွဲစားတစ်ဦးအား အလုပ်သစ်ရှာပေးခနှင့် ခရီးစရိတ်အဖြစ် ဘတ်ငွေ ၁၄,၀၀၀ ပေးခဲ့ရသည်။
ထိုပွဲစားက နကပထုန်တွင် ရှိသော အခန်းတစ်ခန်းတွင် လာရောက်ပစ်ထားခဲ့သဖြင့် ဘန်ကောက် အခြေ စိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ဆက်သွယ် အကူညီ တောင်းခံခဲ့သည်။
Labels:
သတင်း
09 June 2014
ရောင်းစားခံရဆဲမြန်မာအလုပ်သမား၁၄ဦးအားကူညီ
၂၀၁၄ ခု ဇွန်လ ၉ ရက်
ကိုတီး
ကိုတီး
ထိုင်းနိုင်ငံတောင်ပိုင်းပကျွတ်မြို့အုန်းသီး အလုပ်ရုံတစ်ခုတွင် အလုပ် လုပ်နေကြသော
မြန်မာအလုပ်သမား ၁၄ ဦး(မ၂+ကျား၁၂)တို့အား ပွဲစားက အခြားနေရာသို့ ရောင်းစားရန်ရည်ရွယ်
ခေါ်ထုတ်စဉ်MATနှင့်ပူးပေါင်း ဆောင်ရွက်သူများက
အချိန်မီကယ်တင်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း
ပကျွတ်မြို့မှ လုန့်ထဝီ မဖေါက်ခေါင်(အုန်းသီး) အလုပ်ရုံမှ
မြန်မာအလုပ်သမားများအား ဇွန်လ ၆ ရက်နေ့က လုပ်ငန်းရှင်က မလိုက်ပါက ကြိုးဖြင့်ချည်နှောင်မည်ဟု
ပြောဆိုကာ ကားပေါ်သို့ အတင်းေ မာင်းတင်ခဲ့သည်။ လမ်းကွေ့တစ်ခုအရောက်တွင် အလုပ်သမားများ
အားလုံး ကားပေါ်က ခုံဆင်းကာ တောထဲတွင်တစ်ညအိပ်ခဲ့ကြရသည်။ အစာရေစာ တစ်ရက်နှင့်တစ်ည မစားခဲ့ရ
ဟု အလုပ်သမားများကဆိုသည်။
ဇွန်လ ၇ ရက်နေတွင် MAT အဖွဲ့သို့ အလုပ်သမားများ၏ မိသားစုဝင်
တစ်ဦးလာရောက်အကူညီ တောင်းခံ လာခဲ့သည်။ ထို့နောက် ထိုင်းတောင် ပိုင်း အခြေစိုက် FED အဖွဲ့နှင့်တိုင်ပင် ကာ အလုပ်သမားများအား ပကျွတ် ဘူတာရုံသို့ လာရောက်ခဲ့ကြရန်
MAT က ညွှန်ကြားခဲ့သည်။ အလုပ်သမားများအား khongwar ရဲများက လာရောက် စစ်ဆေးကြရာ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး
က ရဲစခန်းတွင် တစ်ည ထိန်းသိမ်း စောင့်ေ ရှာက်ပေးထားရန် မေတ္တာရပ်ခံခဲ့သည်။
MAT အဖွဲ့၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့်
၏ အကူ ညီဖြင့် မြန်မာသံရုံးမှ ခရီးသွားလာခွင့် ထောက်ခံစာတစ်စောင်အား ရရှိခဲ့ပြီး နောက်
MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က အကူညီ တောင်းခံသည့် အလုပ် သမားမိသားစုဝင်နှင့်အတူ ဇွန်လ
၈ ရက်နေ့ည(ယမန်နေ့ညဥ့်) က သွားရော က် ခေါ်ဆောင်လာခဲ့သည်။
MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းက “အလုပ်သမားတွေကိုကျနော်တို့ရုံးမှာ တစ်ညသိပ်တယ်။ လိုအပ်ချက်အချို့ကိုကူညီပေးတယ်။ အလုပ်ရုံကို ကျနော် တို့မနေ့ညက ဖုန်းဆက်တဲ့အခါ မင်းတို့သံရုံးက မှန်ရင်လာယူလိုက်တဲ့။ ကျနော်တို့ညဥ့်နက်နေပြီ၊ ပြီးတော့ ကျနော်တို့က ဘာလုပ်ကိုင်ခွင့်မှ ရှိကြသူေ တွ မဟုတ်ဘူးလေ။ ကိုယ်တတ်နိုင်တဲ့ အပိုင်းကဏ္ဍပဲလုပ်ရတာပေါ့။ အလုပ် ရုံက သိမ်းထားလိုက်တဲ့ ပတ်စပို့ စာအုပ်ပြန်ရဖို့အတွက် သံရုံးက တောင်းပေး လိမ့်မယ်ဆိုပြီး အလုပ်သမားတွေ ထွက်သွားကြတယ်။ ဒီနေ့တော့ အလုပ်သ မားတွေ စာအုပ်ရသံမကြားရဘူး။ မနက်ဖြန် သံရုံးက ဘယ်လိုဖြေရှင်းပေးမလဲ စောင့်ကြည့်ရမှာပေါ့။ တရားဝင်အလုပ်သမားတွေကိစ္စပဲ။ သမ္မတကြီး က လည်း အလုပ်သမားတွေကို ကူညီစောင့်ရှောက်ပေးဖို့ သံရုံးတွေကို မှာထား တယ်လို့ သတင်းတွေမှာပြောခဲ့တာပဲ” ဟုပြောသည်။
အလုပ်သမား
အောင်ဌေးဦး က “တစ်နေ့ကို ဘတ် ၄၀၀ ရမယ် ဆိုပြီး ခေါ်ယူသွား။ ဟိုရောက်တော့ ၃၀၀ ပဲပေးတယ်။
အခန်းခ ရေခ မီးခ မပေးရဘူး လို့ပြောခဲ့ပေမယ့် ပုလိပ်ကြေး၊ ရေခ၊ မီးခ၊ အခန်းခ ၁,၀၀၀ ဖြတ် တယ်။ ပွဲစားက တစ်ယောက်စီအတွက် ဘတ်ငွေ သုံးထောင်
ထုတ်ယူ သွားတယ်လို့ ပြောတယ်။ ကျနော်တို့ ရောင်းစားခံရသလိုဖြစ်သွားတယ်။ ကျနော်တို့ တစ်လလုံးလုပ်မှ ဘတ်တစ်ထောင်ကျော်ပဲကျန်တယ်။ အလုပ် ထွက်ဖို့
ပတ်စပို့တောင်းတော့ မပေးဘူး။ ပုလိပ်နဲ့ဖမ်းခိုင်းမယ်လို့ ပြောတယ်။ ကျနော်တို့ အလုပ်မလုပ်ပဲ ၃ ရက်နေကြတော့ ကားပေါ်ကိုအတင်းမောင်းတင် တယ်။ မလိုက်ရင် ကြိုးနဲ့ချည်မယ်လို့ကြိုးကိုပြတယ်”
ဟုပြောသည်။

ထိုင်းနှင့်မြန်မာအစိုးရတို့သည်တရားဝင် အလုပ်သမားများဖြစ်ပြီးထိုင်းအလုပ်သမားများ ကဲ့သို့ တန်းတူအခွင့်အရေးရမည်ဟုဆိုကာ ငွေ ကုန်ကျေးကျအလွန်များသည့်
ပတ်စပို့ကိုလုပ်ေ ပး ခဲ့သည်။ ထိုပတ်စပို့များသည့် အလုပ်သမား များအတွက် ထိရောက်သည့် မည်သို့သော အခွင့်အရေးကိုမှ မရရှိသလို ၀န်ထုတ်ဝန်ပိုး အဖြစ်
အလုပ်သမားများကို ဒုက္ခပေးလျှက်ရှိဟု အလုပ်သမားများကဆိုကြသည်။
ထိုင်းမြန်မာပွဲစားများနှင့် အလုပ်ရုံအချို့တို့သည် အလုပ်သမားများ၏ ပတ်စပို့များအား သိမ်း ဆည်း ထားသဖြင့် ရက် ၉၀ ဧည့်စါရင်းတိုင် တံဆိပ်တုံးမထုရခြင်း၊ တံဆိပ်တုံးအတု ထုပေး ခြင်းတို့ ပြုလုပ်လုပ်ကာ အနိုင်ကျင့်လေ့ရှိကြသည်။ လမ်းသွားလျှင်
ပတ်စပို့ ပါသော်လည်း ၀တ်ပါမစ် မပါဟုဆိုကာ ထိုင်းနိုင်ငံအနှံ့ ပုလိပ်များဖမ်းစားလေ့ရှိသည်။ ဤအခြင်းအရာများကို မြန်မာနှင့်ထိုင်းအစိုးရတို့ ထိထိရောက်ရောက်တားမြစ်ခြင်း တာဝန်ယူဖြေရှင်းခြင်း ယနေ့တိုင်မရှိ သေး ကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။
Labels:
သတင်း
07 June 2014
“မြန်မာလူကုန်ကူးဂိုဏ်ကြီးတစ်ဂိုဏ်းအားနှိမ်နင်း”
၂၀၁၄ ဇွန်လ
၇ ရက်
မင်းဘခက် မြန်မာလူကုန်ကူးမှုဂိုဏ်း ကြီးတစ်ဂိုဏ်းအား
ထိုင်းနိုင် ငံ ဘန်ကောက်၊ မဟာချိုင် နှင့်မဲခေါင်ငါးဖမ်း လှေဆိပ် တို့တွင်ထိုင်းအစိုးရလူကုန် ကူးမှုအထူးရဲတပ်ဖွဲ့ AHTD, MAT အဖွဲ့နှင့် FED အဖွဲ့တို့ က ယမန် နေ့က နှိမ်နင်း
လိုက်ကြောင်းသိရှိရသည်။
ဇွန်လ၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်
ပနိုကျေးရွာမှ အသက် ၁၈ နှစ်အရွယ် ကိုပိုင်ဆိုသူသည် ပွဲစားများ အခန်းပိတ်လှောင်ထားစဉ် ခေါင်မိုး အောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ငါးဖမ်းလှေပေါ်သို့ ရောင်း စားခံလိုက်ရသည့် တရွာတည်းသား သက်ကိုလွင် နှင့် ဝေအောင် တို့ လွတ်မြောက်ရေးအတွက်
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ MAT သို့ဆက်သွယ်
အကူညီေ တာင်းခံလာခဲ့သည်။
ပထမဦးဆုံးထွက်ပြေးလွတ်မြောက် သူ
အသက် ၁၈နှစ်အရွယ် ကိုပိုင် က” ကျနော်တို့ကို ပေါင်မုန့် အလုပ် ရုံကိုသွင်းပေးမယ် ဆိုပြီးတစ်ယောက် ကို ဘတ်ငွေ ၁,၅၀၀ စီနဲ့ အလုပ်ရှာေ ပးခယူပါတယ်။ လှေဆိပ်မှာ ထပ်ပြီး တစ်ယောက်ကိုဘတ်ငွေတစ်သောင်း စီနဲ့ ရောင်းစားခဲ့ပါတယ်။ ကျနော့်သူ ငယ်ချင်း ၂ယောက်ကို ငါးဖမ်းလှေကို ထည့်လိုက်ပါတယ်။
ကျနော့်ကိုနောက် နေ့မှာ တစ်နေရာကို ပို့မယ်လို့ပြော ပါတယ်။ ပွဲစားအိပ်နေတုန်း အမိုးနဲ့
နံရံ ကြားက ကျော်တက်ပြီး ၈နာရီလောက် လမ်းလျှောက်ပြီး ဘန်ကောက်က အဝေးပြေးကားဂိတ်ကို အငှါးကား
စီးလာတယ်။ အဲဒီကတစ်ဆင့် ဘန်ကော က်မှာ အလုပ်လုပ်နေတဲ့ အစ်မ ဆီကို အရောက်လာခဲ့တာပါ။ ပွဲစားသိန်းဦး က အစ်မကိုဖုန်းဆက်သေးတယ်။ ကျနော်တို့
သုံးယောက် ထွက်ပြေးတာ ပုလိပ်ဖမ်းလို့ တစ်ယောက်ကို တစ်သောင်းစီ နဲ့ရွေးရမယ်လို့ ထပ်ပြီး
လိမ်ေ တာင်းသေးတယ်” ဟုပြောသည်။
ဘန်ကောက်မြို့ ဖလန်ဆောင်နယ် မြေထပ်ခမ်းရဲစခန်းအကူညီဖြင့်
ဇွန်လ ၅ ရက်နေ့ နံနက် ပိုင်းက ဘန်ကောက်မြို့
ဘန်ခွန်ထီယန်နယ်မြေတွင်နေထိုင်သည့် ဂိုဏ်းခေါင်ဆောင် သိန်းဦးအား အထောက် အထားအပြည့်အစုံဖြင့်
ဖမ်းဆီးနိုင် ခဲ့သည်။
MAT အဖွဲ့ဝင်တို့သည် လွတ်မြောက်လာသူတို့၏
အကူညီဖြင့် လိုအပ် သည့်အချက်အလက်များအား ထပ်မံစုံစမ်းပြီးနောက် ဇွန်လ ၆ ရက်နေ့တွင်
မဟာချိုင်မှ ပွဲစားဂိုဏ်း ခေါင်းဆောင် အမျိုးသမီးကြီး ဒေါ်ချမ်း ကို ဖမ်းဆီးခဲ့ သည်။
ထို့နောက် စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်မှ
အခန်းပိတ်လှောင်ထား သည့် ပွဲစားအခင် နှင့်အကျော်ဆိုသူတို့အားဖမ်းဆီးပြီး နောက်ငါးဖမ်းလှေပေါ် သို့
ထပ်မံ ရောင်းစားသည့် ပွဲစား အောင်နိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
MAT အဖွဲ့ဒါရိုက်တာ
ဦးကျော်သောင်း က “ဒီလထဲမှာ လူကုန်ကူး ခံနေရသူတွေကို ကယ်ထုတ်ဖို့ အချက်အလက် အပြည့်အစုံစုဆောင်းထားပြီး သား
နောက်ထပ် ၃ နေရာကျန်ပါသေးတယ်။ နိုင်ငံရေးအခြေအနေအရ ထိုင်း အစိုးရဘက်က အလုပ်လုပ်နိုင်မှုအားနည်းနေသလို ကျနော်တို့မှာလည်း လုံခြုံ အရရော စရိတ်စကပါ ကျနော်တို့
ကိုယ့်အား ကိုယ်အင်နဲ့လုပ်နေရတာဖြစ် တာကြောင့်ချင့်ချိန်ပြီးလုပ်နေရကြတာပါ။ထိုင်းငါးဖမ်းလှေတွေပေါ်မှာ
ရောင်းစားခံနေရသမျှ မြန်မာတွေကို ကျနော်တို့ ကယ်တင်ဖို့ ခက်ခဲဦးမှာဖြစ် ပါတယ်။ မြန်မာအစိုးရနဲ့
နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ မူဝါဒတွေ ပြောင်းလဲ လုပ်ကိုင် နိုင်ပါစေလို့
သာဆုတောင်း နေမိတယ်” ဟုပြောသည်။
မြန်မာအမြောက်အမြား ထိုင်းနိုင်ငံအတွင်း လူကုန် ကူးခံနေကြရသော် လည်း လူကုန်ကူးမှုတစ်ခု ဖေါ် ထုတ် ရန်အတွက်အချိန်နှင့် စရိတ်စကအမြောက်အမြား အသုံးပြုကြရကြောင်း MAT အဖွဲ့က ပြောပြသည်။ လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းသည်
ချမ်းသာသူများ၊ အာဏာပိုင်များနှင့် လူမိုက်များ ပူးပေါင်း လုပ်ဆောင်ကြသည့် ဧရာမစီးပွားရေးလုပ်ငန်းကြီး
တစ်ခု ဖြစ်သည်။ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့တို့တွင် အစိုးရ ပီပီ ယာဉ်၊
ကိရိယာများနှင့် လူအင်အား ငွေအင်အား အသုံးပြုနိုင်ကြသည်။
MAT အဖွဲ့ တွင်မူ မည်သည့်အစိုးရနှင့်
မည်သည့်အဖွဲ့အစည်းတို့ကမှ ကူညီပေးထားမြင်းမျိုးမရှိပေ။အချို့အမှုကိစ္စများအတွက်ရင်းနှီးသည့်မိတ်ဆွေများ ထံမှ
အခါအားလျှော်စွာ စရိတ်စက အကူညီတောင်း၍ လုပ်ကိုင်နေကြရသည်။
MAT အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ယခုလူကုန်ကူးမှုအထိ လူကုန်ကူးခံရ သူပေါင်း ၉၀ဦးတို့ကို ကယ် တင်နိုင်ခဲ့ပြီး
မြန်မာပွဲစားပေါင်း၈ဦးတို့အား ဖမ်း ဆီးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၁၁ ခုနှစ်တွင်
လူကုန် ကူးခံခဲ့ရသူ ပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ ဦးနှင့် ၂၀၁၃ ခုနှစ်တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။
ယခု သတင်းအပြီးသတ်ချိန်တွင် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေခဲ့ရသူ ၂ဦးအား AHTD သို့ လာရောက်ပို့ဆောင်ထားဖြစ်သည်။ လွတ်မြောက် လာ သည့်အလုပ်သမား၃ဦးတို့မှာ
အမှုကိစ္စပြီးမြောက် သည်အထိ ကယ်ဆယ်ရေး စခန်းထဲတွင် နေထိုင်ကြရမည်ဖြစ်ပြီး ဖမ်းဆီးထားသည့်
လူကုန်ကူးဂိုဏ်းမှာ ထိုက်သင့်သည့် ပြစ်ဒဏ်များချမှတ်ခံရမည်ဖြစ်ကြောင်းသိရှိရသည်။
Labels:
သတင်း
31 May 2014
“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူ၂ဦးအားကယ်တင်”
၂၀၁၄ မေလ
၃၁
ကိုတီး
ငါးဖမ်းလှေပေါ်တွင်တစ်လကျော် ကြာရောင်းစားခံခဲ့ရသည့်မြန်မာအလုပ် သမား၂ဦးအားထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများအဖွဲ့ MATနှင့် ပူးပေါင်းေ ဆာင်ရွက်သည့် အဖွဲ့များ က
ယမန်နေ့ ညနေက ကယ်တင်နိုင်လိုက်သည်။
ဧပြီလ၂၅ ရက်နေ့က ဘန်ကောက် မြို့ဖလန်းဆောင်နယ်မြေ
စကင်ငန် ၃၅/၁ တွင်နေထိုင်ကြသည့် နေမျိုးဝင်း
နှင့် မောင်ညွန့်ဝင်း တို့အား နေလင်း(ခေါ်) ပိုင်းဖြတ် ဆိုသူက
စားသောက် ဆိုင်တွင် အလုပ်သွင်း ပေးမည်ဟုဆိုကာ အလုပ်သွင်းပေးခ ဘတ်ငွေ ၁၅၀၀ ယူဆောင်ပြီး
ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီ ခရိုင်
အချောင်လှေဆိပ်သို့ တစ်ဦး လျှင် ဘတ်ငွေ တစ်သောင်းငါးထောင်ဖြင့် ရောင်းစားခဲ့သည်။
ခင်ပွန်းဖြစ်သူ
နေမျိုးဝင်း လွတ်မြောက်ရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ မစကားဝါသင်း နှင့်
သာမညတောင်ခြေ ရွှေညောင်ပင်ရပ် ကွက်မှ ရောင်းစားခံရသူ မောင်ညွန့်ဝင်း ၏ညီမဖြစ်သူ မသန်းသန်းဝင်း တို့က မေလ ၅ ရက်နေ့တွင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများအဖွဲ့
MATရုံးသို့ လာရောက်အကူညီတောင်းခံခဲ့သည်။
MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက်
ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်း FED နှင့်ညှိနှိုင်းလျှက် အချောင် ရွာလူကြီး ထံသို့
ရောင်းစားခံရသူများ၏ ဓါတ်ပုံနှင့် လှေနံပါတ် ၁၄၈၇၄
လှေအရောင်
အဖြူနှင့် အပြာ
လှေနံမည် (ပိုင်ခေါ်) စသည့်
အချက်အလက်များအား ပေးပို့ခဲ့သည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက
“ထိုင်းငါးဖမ်းလှေတွေနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာ မြန်မာတွေလူကုန်ကူးခံနေ
ရပါတယ်။
ဒါကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိုင်းနဲ့မြန်မာ အစိုးရ တွေပါ သိပါတယ်။ လာတဲ့လမ်းကြောင်း၊
လူကုန်ကူးခံရတဲ့နေရာ၊ လူကုန်ကူးခံရ သူတွေ၊ အချက်အလက် တွေကို ကျနော်တို့ တင်ပြပါတယ်။
ဒါပေမယ့် မြန်မာလူငယ်တွေ နေ့တိုင်း ဒီနေရာတွေမှာ လူကုန်ကူးခံ နေကြရတယ်။ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ၊
ထိုင်းနဲ့မြန်မာအစိုးရ လူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့တွေဟာ အယင်မူတွေအတိုင်း ဆက်လုပ်နေလို့ ကတော့
လူကုန်ကူးမှု တိုက်ဖျက်ရေးက ဟိုတယ် အစည်းဝေးပွဲတွေမှာပဲ အချက်အလက်တွေပြောနေကြတာနဲ့ပဲ
အဆုံးသတ်နေပါမယ်။ လက်တွေ့ အောင် မြင်ကြ မှာမဟုတ်ဘူး” ဟုပြောသည်။
ထိုင်းနိုင်ငံအတွင်း
လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရနှင့် မြန်မာအစိုးရ တို့သာမက
နိုင်ငံတကာအဖွဲ့အစည်းများကပါ ဂရုစိုက်မှုအထူးနည်းပါးသည်။ ပြီးခဲ့သည့် ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ
အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့်
ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘောဖြင့်
သွားရောက် ကယ်ထုတ်ခဲ့ သည်။
၎င်းတို့သည်တရားမ၀င်
နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၄၉ ရက်ချမှတ်ခံခဲ့ရပြီးအလုပ်သမား
များ၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား
အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့်
ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ရသည်။ မေလ ၆ ရက်နေ့တွင် ရနောင်း
လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ ကတန် ရဲစခန်းမှ လာရောက်ပို့ ဆောင်ခဲ့သည်။ ထိုအလုပ်သမား
များအား ကော့သောင်း ဘက်သို့ အမြန်ပို့ရန် အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀
စီတောင်းခံပါသည်။ အလုပ်သမား၅ဦးတို့အား မေလ ၁၈ ရက်နေ့တွင်
ကော့သောင်း ဘက်သို့ ပို့ဆောင် ခဲ့ရာ ငွေမပေးနိုင်သဖြင့် ကင်းမွန် မီးထွန်းလှေသို့ ဘတ်ငွေ
၇,၀၀၀ ဖြင့်ရောင်းချလိုက်ကြောင်း ကျန်နေခဲ့သည့် အလုပ်သမား ခေါင်းေ ဆာင် ကိုအောင်တင်ဇေါ်က
ပြောသည်။
သူက“ကျနော် ဘတ်တစ်ထောင်ပေးခဲ့ရပါတယ်။ ကျနော်တို့
လူကုန်ကူးခံ ခဲ့ရသူတွေကို ထိုင်းအစိုးရက မြန်မာအစိုးရလက်ထဲကို သေသေချာချာ
အပ်နှံ ပြီးတော့ လူကုန်ကူးတဲ့သူတွေ ဖေါ်ထုတ်တာမျိုးမရှိဘူး။ ကျနော်တို့ကို
အိမ် တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးတာမျိုးတို့မရှိဘူး။ ကျနော်တို့ကိုရောင်း စားလိုက်တဲ့
ပွဲစားကိုရော၊ ခု ပြန်လာပြီးမှ ရောင်းစား လိုက်တဲ့ လှေသမား ကိုရော ကျနော်
ပြချင်ပါတယ်။ လူကုန်ကူးတဲ့ သူတွေကို ပြင်းပြင်ထန်ထန် အရေးယူလိုက်မှ လူကုန်ကူးမှုတွေ
လျှော့နည်းလာ မယ်လို့ကျနော်ထင်ပါ တယ်။ မြန်မာအစိုးရ ကျနော့်ကို ဆက်သွယ်လာဖို့
ကျနော်စောင့်နေပါတယ်။ အခု ကျနော် ကော့သောင်းမြို့က ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ
ကပ်နေ ပါတယ်” ဟုပြောသည်။
အလားတူ
ထိုင်းနိုင်ငံအတွင်း အဆိုးဝါးဆုံး ကတန်လူကုန်ကူးသူလက် ထဲမှ MAT နှင့်ပူးပေါင်းအဖွဲ့တို့
ကယ်ထုတ်ခဲ့သည့် အလုပ်သမား ၁၅ ဦးတို့မှာ လုပ်အားခပင် ပြည့်ပြည့်စုံစုံမရရှိပဲ
ရနောင်းကယ်ဆယ်ရေး စခန်းထဲတွင် တစ်နှစ်နှင့် သုံးလတိုင်တိုင် အချိန်ကုန်ခဲ့ရသည်။
စခန်းတာဝန်ခံများရိုက်နှက်မှုများကို အကြိမ် ကြိမ်ခံခဲ့ကြရသည်။ ၎င်းတို့အား မေလ ၂၂
ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်ပို့ ပေးခဲ့ သည်။ မြန်မာအစိုးရက အဆိုပါအလုပ်သမားများအား ကော့သောင်း
ကယ်ဆယ်ရေးစခန်းသစ်ထဲတွင် လက်ခံခဲ့သည်။ သို့ရာတွင် လူမှုဝန်ထမ်းပြန် လည်နေရာချထားရေးဌာနက
စနစ်တကျ လက်ခံ၍ ၎င်းတို့ အားမိသားစုများ ထံသို့ ရောက်ရှိအောင် ပြန်လည်ပို့ဆောင်ခြင်းမျိုးမရှိ
ခဲ့ကြောင်း အလုပ်သမား များ ပြော ပြချက်အရ သိရှိရသည်။
Labels:
သတင်း
Subscribe to:
Posts (Atom)








