11 October 2014
08 October 2014
မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်
မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ – မင်းဦး)
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကိုပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့အဖွဲ့ဟာ တမြန်နေ့က တွေ့ဖို့တောင်းဆိုပေမယ့် မရခဲ့တဲ့ အစိုးရသက်သေ ကိုမောင်မောင်ခေါ် ကိုသန်းဆွေကို ကော့စမွီမြို့နယ် ရဲမှူးနဲ့ ဘာသာပြန်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ခွင့်ရပါတယ်။
အစိုးရသက်သေ ကိုမောင်မောင်က တရားခံလို့ စွပ်စွဲခံရတဲ့ သူငယ်ချင်း ၂ ယောက်နဲ့ ဘီယာတပုလင်း စီသောက်ပြီး ဂီတာတီးကြောင်း၊ ည ၁ နာရီမှာ သူပြန်သွားပြီး နောက်ပိုင်းဖြစ်ပျက်တာကို ဘာမှ မသိကြောင်း ပြောကြားခဲ့တယ်လို့ မေးမြန်းခဲ့တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
Labels:
သတင်း
နိုင်ငံခြားသားအသတ်ခံရမှု့ နှင့်ပတ်သက်၍အမှု့တွဲတွင် ပြည့်စုံမှု့မရှိ၍ တရားခုံ ရုံးမှ အမှု့စစ်ထံ သို့ပြန်အပ်
စူရတ်ဌာနီရှိ လိပ်ကျွန်းတွင် အင်္ဂလန်နိုင်ငံသား(၂)ဦး အသတ်ခံရမှု့နှင့်ပတ်သက်၍ ၈ -ရက်နေ့ ၏နောက်ဆုံးအခြေနေမှာ လိပ်ကျွန်းရှိတရားခုံ ရုံးမှ ရဲတာဝန်ရှိအမှု့စစ်ထံ သို့ပြန်လည် အပ်နှံလိုက်သည် အပ်နှံလိုက်သည့်အမှု့တွဲမှာ စာမျက်နှာပေါင်း ၈၀၀ ကျော်သည်ပာု သိရှိရသည် တချို့စာမျက်နှာတွင် ပြည့်စုံမှုမရှိ ၍ အမှု့တွဲကိုပြန်လည်စစ်ဆေးရန် ဖြစ်သည်ပာုသိရသည် ဤအမှု့တွဲသည် တကမ္ဘာလုံးတွင် စိတ်ဝင်စားနေကြသည် ။
Labels:
သတင်း
မြန်မာနိုင်ငံသားနှစ်ဦး လူသက်မှုဖြင့် စွဲဆိုခံထားရသည့် အမှု ထိုင်းဗဟို တရားရုံးမှ ပယ်ချ
ယမန်နေ့က ထိုင်းရဲကသတင်းစာရှင်းလင်းခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရသော အမှုတွဲအား ထိုင်းဗဟိုတရားစွဲဆိုခဲ့သည်။
ယနေ့ညနေပိုင်း ထိုင်းသတင်းအရအဆိုပါအမှုတွဲအားဗဟို တရားရုံးကပြစ်မှုမြောက်နိုင်လောက်သည့် အချက်အလက်ပြည့်စုံလုံလောက်မှုမရှိဟုဆိုကာပယ်ချလိုက်ကြောင်းသိရသည်။ယခုလက်ရှိထိုင်းရှေနေအကြံပေးချက်အရနေပြည်တော်မှစေလွှတ်မည့်အထူးစုံစမ်းရေးအဖွဲ့အနေဖြင့်အမြန်ဆုံးလာရောက်သင့်ကြောင်းတင်ပြအပ်ပါသည်။
Labels:
သတင်း
04 October 2014
ယာယီနိုင်ငံကူးလက်မှတ်ကနေ နိုင်ငံကူးလက်မှတ် ပြောင်းလဲလုပ်လိုသည့် မြန်မာအလုပ်သမားများအတွက် ငွေကြေးပြောင်းလဲကောက်ခံ
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူး လက်မှတ်ကနေ ၄ နှစ် သက်တမ်းပြည့်ပြီး သာမန် နိုင်ငံကူးလက်မှတ် ပြောင်းလဲ လုပ်ဆောင်တာနဲ့ ပတ်သက်လို့ ငွေကြေး ပြောင်းလဲကောက်ခံကြောင်း အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
Labels:
သတင်း
03 October 2014
လူသတ်မှုနဲ့ အဖမ်းခံရသူတွေ မြန်မာ သံအရာရှိ သွားတွေ့မည်
လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး
03.10.2014 21:14
ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ထံ မြန်မာသံရုံး ကောင်စစ် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီအဖွဲ့မှာတော့ မြန်မာသံရုံး ကောင်စစ်အရာရှိ - ဦးထွန်းအေး - မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေး အသင်းရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း က ဦးမင်းဦး၊ ဦးမိုးဝေတို့အပြင် စကားပြန်တွေပါ လိုက်ပါသွားကြမယ်လို့ ဆိုပါတယ်။
Labels:
သတင်း
02 October 2014
“မြန်မာအစိုးရပိတ်မနိုင်တဲ့အိမ်ဖေါ်ပို့ကုန်လုပ်ငန်း”
ခေတ်အကူးမှာ ရတဲ့နည်းနဲ့သိုက်တူးနေကြတဲ့
မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့ဟာကုမ္ပဏီထောင်ပြီး အိမ်ဖေါ်ပို့တဲ့အလုပ်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့လုပ်ကြတယ်။
သမာအာဇီဝ နည်းလမ်းမကျပဲ ခေါင်းပုံဖြတ် အသွင်ပြောင်းလူကုန်ကူးမှုမို့ လူတကာနှာခေါင်းရှုံ့တဲ့အလုပ်ဖြစ်တယ်။
လုပ်တဲ့လူတွေကိုလည်းကြည့်လိုက် အုံး။ တရားမ၀င်လူမှောင်ခိုကုန်ကူးတဲ့သူတချို့ပါဝင်နေကြတယ်။
လက်နက်မှောင်ခို
မူးယစ်မှောင်ခို၊ ဆေးတုနဲ့ငွေတု လုပ်တဲ့လူတွေထက်သတ္တိရှိကြတဲ့သူတွေဖြစ် တယ်။
ဒီပစ္စည်းတွေက အသက်မရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တာကြောင့် နေရာပေါင်းစုံမှာ
သိုဝှက်ယူ ဆောင်လို့ရတယ်။ လူဆိုတာ ခံစားမှုရှိတယ်။ စကားပြောတတ်တယ်။
မိမိကိုယ်ကာကွယ်နိုင်တယ်။ အိပ် ထဲမှာ အခြားသေးငယ်တဲ့ နေရာတွေမှာ လျှို့ဝှက်ယူငင် သယ်ဆောင်လို့မရဘူး။ လူကိုမှ နိုင်ငံတကာကို
လူပို့တာ။ အေဂျင်စီတွေမှာ ဘယ်လောက်ကြီးကျယ် တဲ့အတွေးအခေါ်တွေ
နည်းလမ်းတွေရှိမလဲဆိုတာ တော်ရုံစဉ်းစားရုံနဲ့ ဖြုန်လောက်ပါတယ်။ အေဂျင်စီတွေကို အစိုးရအနေနဲ့
လျှော့မတွက်သင့်ပါ။
မြန်မာအစိုးရ
အလုပ်သမားဝန်ကြီးဌာနကလည်း စင်ကာပူကို အိမ်အကူအလုပ်သမားတွေ တင်ပို့တာ ကို ရပ်နားထားတယ်ဆိုပြီး
တရားဝင်ထုတ်ပြန်ကြေညာတယ်။ မကြာခင်မှာပဲ ရန်ကုန် မင်္ဂလာဒုံလေယာဉ် ကွင်းမှာ ပြည်ပထွက်ခွာ
အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေ
(လေဘာကဒ်)တွေမှတ်ပုံတင် စါရင်းပေးရ မယ့် ကောင်တာတစ်ခုဖွင့်လှစ်ခဲ့ပြန်တယ်။
အောက်တိုဘာလ ၁ရက်နေ့မှာ…စင်ကာပူကို မြန်မာအိမ်အကူအလုပ်သမပေါင်း ၅၀ ထက်မနည်း နေ့စဉ်ရောက်ရှိလာတယ်လို့ စင်ကာပူနိုင်ငံရဲ့အကြီးဆုံး
အိမ်ဖေါ်အလုပ်သမတင်သွင်းတဲ့ အေဂျင်စီဖြစ်တဲ့ United Channel ဒါရိုက်တာ မစ္စကယ်ရီတန်
ကိုယ်တိုင်က ထုတ်ဖေါ်ပြောဆိုလိုက်တယ်။ အလုပ်သမားဝန်
ကြီးဌာနကမွေးထုတ်ထားတဲ့ MOEAF ကျား၊ ကိုယ်မွေးတဲ့ကျားက ပြန်ကိုက်တာကိုခံလိုက်ရတာပဲဖြစ်တယ်။
ကြီးဌာနကမွေးထုတ်ထားတဲ့ MOEAF ကျား၊ ကိုယ်မွေးတဲ့ကျားက ပြန်ကိုက်တာကိုခံလိုက်ရတာပဲဖြစ်တယ်။
“နိုင်ငံတကာက
ထွက်လာမယ့်အဖြေစောင့်နေတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်းနိုင်ငံအတွင်းကို အလုပ်သမားခေါ်စာမမှန်၊
အလုပ်မရှိ အကိုင်မရှိ ပဲ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ခန့်အကွာမှာရှိတဲ့ မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန်၊ စလဖန်၊ ဖစ်ဘူရီမြို့နယ်က မြန်မာအမျိုးသမီးတစ်ဦးပိုင်SARISA
INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ နဲ့ မြန်မာနိုင်ငံက စွမ်းတော်ဝင်ကုမ္ပဏီက တင်သွင်းတဲ့ အလုပ်သမား၂၀၀ဦးနဲ့ နှင်းပန်းဝါ ကုမ္ပဏီက အလုပ်သမား၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ်မလုပ်ကြသေးပဲ
အခက်အခဲဖြစ်နေကြရာက ပြဿ နာ တက်ခဲ့တယ်။
အေဂျင်စီများအဖွဲ့ချုပ်အတွင်းရေးမှူးဦးကျော်ထင်ကျော်နဲ့
ဗဟိုကော်မတီဝင် ဦးကိုလေး တို့ဟာ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်တို့နဲ့ ဖြေရှင်းခဲ့ကြတယ်။
စက်တင်ဘာလ ကုန်လို့မှ အလုပ်မရရင် အလုပ်သမားတွေကို တစ်နေ့ ဘတ် ၃၀၀ ပေးရမယ်။ လို့ပြောဆိုဆုံးဖြတ်ခဲ့ကြတယ်။
အဲဒီအလုပ်သမားတွေကပဲ
ဘန်ကောက်မြန်မာသံရုံး သံမှူးရုံးခန်းမှာ အေဂျင်စီအဖွဲ့ချုပ်က လာတဲ့ ဦးကျော်ထင်ကျော်နဲ့
ဦးကိုလေးတို့ သံရုံးကပါ လို့ပြောတာတွေကို တင်ပြကြတယ်။ ရွှေလမ်းဖွင့် ကုမ္ပဏီက အလုပ်မရှိပဲ လူတွေကိုသွင်းလာတာကိုလည်း
တင်ပြကြပါတယ်။ ဘန်ကောက်လာခဲ့သမျှ အေဂျင်စီတွေ တနည်းအားဖြင့် လူပို့တဲ့အေဂျင်စီပွဲစားတွေ သံရုံးကပါလို့ ပြောဆိုလာခဲ့သမျှ ဒီတစ်ခါ ပဲခူးသူလေး မြန်မာ သံရုံးမှာဖွင့်ချမှ မငြင်းနိုင်ဖြစ်ခဲ့ရတယ်။
လူပို့ပွဲစားကပွဲစားပဲပေါ့။ ဘာကြောင့်သံရုံးကပါလို့ပြောချင်ကြတာလဲ။
မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့
အေဂျင်စီများအဖွဲ့ချုပ်ဟာ အလုပ်မရှိပဲ ရာချီတဲ့အလုပ်သမားတွေ ကိုတင်သွင်းထားတဲ့
ဒီကုမ္ပဏီတွေကို ဘယ်လိုအရေးယူမလဲ။ လချီပြီးအလုပ်မလုပ်ပဲ နိုင်ငံရပ်ခြားမှာနစ်နာ နေတဲ့ အလုပ်သမားတွေကို ဘယ်လို ကုစားပေးမလဲဆိုတာ
မြန်မာအလုပ်သမားအရေးကို စိတ်ဝင်စား ကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက
စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။
လက်ရှိအခြေအနေမှာတော့
ရွှေလမ်းဖွင့် ကုမ္ပဏီနဲ့ PP.Group ကသွင်းတဲ့အလုပ်သမားတွေဟာ မဟာချိုင်တစ်နေရာမှာ
စုပြုံထားပြီး တစ်ရက်တစ်လေမှာ တစ်ရက်ကို ဘတ်လေးဆယ်လောက်ရတဲ့ခရုအခွံ ခွာတဲ့အလုပ်ကိုလုပ်နေကြရတယ်။
ဗမာပြည်ပြန်ချင်ရင်ပြန်ပို့မယ်။ အခြားမှာ အလုပ်သွားလုပ်ချင်ရင် ပတ်စ ပို့ စာအုပ်ကို
ဘတ် ၇,၀၀၀နဲ့ ရွေးယူနိုင်တယ်လို့ PP.Group ကပြောတယ်လို့ အလုပ်သမားတွေကပြော တယ်။ ဆန္ဒပြတဲ့သူတွေနဲ့ MAT နဲ့ ဆက်သွယ်တဲ့သူတွေ
ဗမာပြည်ကို ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို နားဆင်ရင်း၊
အလုပ်သမားတွေကြားထဲမှာ ဘယ်သူက ဘယ်ကိုဖုန်းဆက်သလဲဆိုတဲ့ သတင်းပေး အလုပ် သမားတွေ မွေးထုတ်ပြီးတော့
အလုပ်သမားတွေ အချင်းချင်း ရန်တိုက်တာလည်း ခံနေကြရတယ်လို့ဆိုပါ တယ်။
ဖစ်ပူရီက
မြန်မာအမျိုးသမီးတစ်ဦးပိုင် SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီခြံထဲ မှာ
ရှိတဲ့အလုပ်သမားတွေလည်း တစ်နေ့ကို တကယ်ပဲ ၃၀၀ ရမလားလို့ စောင့်မျှော်နေကြတယ်လို့သိရ ကြောင်းပါ။
ကျော်သောင်း
Labels:
ဆောင်းပါး
01 October 2014
“၅လအရွယ်ကလေးငယ်နှင့်မိခင်ဖြစ်သူ နေအိမ်ခန်းသို့ပြန်ခွင့်ရပြီ”
၂၀၁၄ အောက်တိုဘာ ၁ ရက် |မောင်ပေါ်ထွန်း
ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ် အပန်းဖြေစခန်းတည်ရှိရာ ဖူးခက်ကျွန်း ၀ချီရတ် ဆေးရုံတွင် ဆေးကုသခ ဘတ်ငွေ တစ်သိန်းကျော် မရှင်းနိုင်သဖြင့် လုံခြုံရေး တာဝန်ရှိသူများ ၅ရက်ကြာ ထိန်းသိမ်း ခံထားရသည့် သားအမိ ၂ဦး ယနေ့တွင် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။
ပန်းရံအလုပ်သမားဖြစ်သူ ကိုမင်းလွင်ဦးနှင့် မချိုဝင်းတို့၏ ၅လအရွယ် ကလေးငယ် သမီးကျမ္မာရေး မကောင်းသဖြင့် ဖူးခက်မြို့ဝချီလပ် ဆေးရုံးကြီးတွင် ဆေးကုသခဲ့သည်။ တစ်ပတ်ကြာ ဆေးဝါးကုသခ ဘတ်ငွေ တစ်သိန်းခုနစ်သောင်း အား မပေးနိုင်သဖြင့် ဆေးရုံ လုံခြုံရေးများက နေအိမ်သို့ပြန်ခွင့်မပြုခဲ့ပေ။
ယနေ့တွင် ပြန်လည်လွတ်မြောက်လာသဖြင့် ကိုမင်းလွင်ဦးက MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း အား ဖုန်းထဲမှ ကန်တော့ခဲ့သည်။
Labels:
သတင်းတို
“MOU အလုပ်သမား၁၆ ယောက် ပြန်ပို့ခံရပြန်ပြီ”
၂၀၁၄ အောက်တိုဘာ ၁ ရက်
ဆန်းဦး
Libra
Life Co.Ltd ဘ၀ချိန်ခွင် ကုမ္ပဏီ ဖြင့်လာရောက်၍
ထိုင်းနိုင်ငံခြုံဖွန်မြို့နယ်၊ ထမ်မ်ဆင်း အရပ်ရှိ ဆီအုန်းခြံတွင် အလုပ်လုပ် နေသော
MOU အလုပ်သမား ၁၆ဦးအား သံရုံးသို့ပို့မည်ဟုဆိုပြီး ထိုင်းမြန်မာနယ် စပ်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း
အလုပ်သမားများကပြောသည်။
အလုပ်သမားခေါင်းဆောင်
ကိုဇော်နိုင်က“စက်တင်ဘာလ၂၅ ရက်နေ့က မိုးရွာနေတုန်း ဆီအုန်း သီး တင်ရတယ်၊ ပိဿာ ၂၀ လောက်လေးမယ်။ ရေအိုင်ထဲကိုပြုတ်ကျတယ်။ ရွှံ့ပေသွားလို့ဆိုပြီး
ထိုင်းဝဏ္ဏ (အလုပ်ကြပ်) က ကျနော့်ကို လက်သီးနဲ့ထိုးတယ်။ ကျနော်က ကုမ္ပဏီကို အကြောင်းကြားတယ်။
သံရုံးကို ပို့မယ်ဆိုပြီး ခေါ်လာ တာ။ မဲဆောက်ရောက်မှ ပြန်ပို့ခံရတယ်ဆိုတာ သိရတော့တယ်။
ကျနော်တို့ခေါင်းဆောင်၂ယောက်က မဲ ဆောက်ကို မလိုက်ဘူးပြောတော့ ပုလိပ်ဂိတ်မှာဖမ်းထားပါတယ်။
ကူညီပေးကြပါ” ဟု အချုပ်ကား ပေါ်မှ ပြောဆိုသွားသည်။
Labels:
သတင်း
Subscribe to:
Posts (Atom)

.jpg)






.jpg)



