23 December 2014

မြန်မာလုပ်သားနှစ်ဦးအတွက် သံရုံးအထူးအဖွဲ့ အစိုးရထံ အချက်သုံးချက် တောင်းဆို


Byငြိမ်းချမ်းOn Sat, 2014-12-20

မြန်မာလုပ်သားနှစ်ဦးအတွက် ဆောင်ရွက်ပေးနေသော သရုံးအထူးအဖွဲ့ဝင် တစ်ဦး သတင်းထောက်များသို့ ဖြေကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ပုဒ်မ ခုနစ်ခုဖြင့် တရား စွဲဆိုခံထားရသော မြန်မာလုပ် သားနှစ်ဦးအရေး ဆောင်ရွက်ရန် မြန်မာသံရုံးအထူးအဖွဲ့က အစိုးရထံ အချက်သုံးချက် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေ သော မြန်မာသံရုံး အထူးအဖွဲ့ သည် ဒီဇင်ဘာ ၁၉ ရက်တွင်အမျိုး သားလွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးချိန်၌အရေးကြီး ထွက်ဆိုပေးမည့် သက် သေများကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပြီး လုံခြုံရေးပေးရန်၊ မြန်မာအစိုးရဘက်မှ အထူးရှေ့နေများနှင့် မှုခင်းဆရာဝန်များကို ဘန်ကောက်မြို့သို့ လာရောက် နေထိုင်ပြီး ကူညီဆောင်ရွက်ပေး ရန်နှင့် ကုန်ကျစရိတ်များကို အစိုးရက တာဝန်ယူပေးရန် စသည့်အချက်သုံးချက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် ကိုယ်စား လာရောက် တွေ့ဆုံသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံရုံး အထူးအဖွဲ့၏ တင်ပြချက်သုံးချက်ကို လက်ခံပြီး ၎င်းတို့၏ ဥက္ကဋ္ဌထံ ချက်ချင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

21 December 2014

မြန်မာနိုင်ငံသားသုံးယောက်အသတ်ခံရမှုနှင့် မသက်ဆိုင်သူများအား မတရားဖမ်းစီးစစ်ဆေးနေခြင်းများအား MATမှ သွားရောက်ဖြေရှင်းပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၁၂၉ ကီလိုမီတာဝေးကွာသော ကန်ကျနဘူလီခရိုင် ရေတံခွန်ဆိုင်ယို့ မြို့တွင် ၂၆-၁၁-၂၀၁၄ ရက်နေ့ တွင် မွန်မိသားစု သုံးယောက်အသတ်ခံရ၍ ကျန်ရစ်သော မိသားစုဆွေမျိုး သားရင်း များက အမှု့တွဲတွင်မသက်ဆိုင်သော သူများကို ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲသို့ ထည့်ထား သည်ပာု ထိုင်းမြန်မာသံရုံးသို့အကြောင်းကြား လာခဲ့ရာ သံရုံးမှ တဆင့် အလုပ်သမားရေးဆောင်ရွက်နေ
သော ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)သို့ ထပ်ဆင့် ကူညီတောင်းခဲ့ ရာ MATအဖွဲ့မှ တိုင်ကြားလာသော မိသားစုများထံသွား၍ စစ်ဆေးမေးမြန်းမှု့များ လုပ်ကာ နယ်မြေရဲစခန်းသို့ ဝင်ရောက်
မေးမြန်းရာတွင် အမှု့ခင်းနှင့်ပတ်သက် ရာတွင် တရားရုံးသို့ မတင်ရသေးကြောင်းလောလောဆယ် 
စစ်ချက်ယူပြီး မှ သာလျင် အတည်ယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ထုတ်ဖေါ်ပြောကြား ခဲ့သည်။ 

ပစ္စည်းခိုးယူသည်ဟု မတရားအစွပ်စွဲခံနေရသည့် အလုပ်သမားအား MAT အဖွဲ့ကယ်တင်


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်မြို့နယ်ရှိ ခွေလာရပ်ကွက်တွင် အလုပ်လုပ်နေသောရွှေ့ပြောင်မြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ မောင်သန်းထွေး အလုပ်လုပ် ကိုင်နေ သည့် ဈေးဆိုင်ပိုင်ရှင်ဖြစ်သူမှ မောင်သန်းထွေး၏ ပက်စပို့၊၀ပ်ပါမစ်၊ဆေးရုံဘတ်နှင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်၊သိမ်းယူထား သည့်အပြင် မောင်သန်းထွေး ၏ လုပ်အားခတစ်လစာ(၈၀၀၀ဘတ်)တို့ကို မပေးပဲ ဈေးဆိုင်မှပစ္စည်း များခိုးယူသည့် စွပ်စွဲပြီး  ခိုးယူမှုဖြင့် အမှုဖွင့်ရန်ပင်ခြိမ်းခြောက်ပြောဆိုရာ MATအဖွဲ့သို့  ဖုန်းဖြင့် ဆက်သွယ်လာပြီး ကူညီပေးပါရန် အကူညီတောင်းခံလာခဲ့ပါသည်။


MATအဖွဲ့မှအမှုဖြစ်စဉ်ကို လက်ခံရရှိသည်နှင့် ၎င်း၏ အလုပ်ရှင်ဖြစ်သူနှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်ပြော ဆိုရာတွင် အလုပ်ရှင်ဖြစ်သူ ပက်စပို့စ် အပါဝင် လုပ်အားခ များမပေးနိုင်ဟုပြောဆိုသည့်အပြင် မောင်သန်းထွေးအား ခိုးမှုဖြင့် အမှုဖွင့်အရေး ယူမည်ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။

MATအဖွဲ့မှလည် မတရားအစွပ်စွဲခံရသူ မောင်သန်းထွေးအား အကူညီပေးနိုင်ရန် အတွက် အမှုဖြစ်ပွားရာ ထိုင်းနိုင်ငံတောင်ပိုင် စူရတ်မြို့သို့ချက်ချင်းပင်သွားရောက်ခဲ့သလို ပက်စပို့စ်များသိမ်းယူထား သည့် အလုပ်ရှင်အား ပက်စပိုစ့်များ သိမ်းယူ ထားမှုဖြင့်  စူရတ်ရဲစခန်း၌ အမှုဖွင့်ရန် မောင်သန်းထွေးအား ပြောဆိုခဲ့ပါသည်။

စူရတ်ရဲစခန်းမှ စခန်းမှူး ဘိုလိစွတ်သည် မောင်သန်းထွေး၏ ပက်စပို့များသိမ်းယူထားသည့်  အလုပ်ရှင် ကို ရဲစခန်းသို့ အမြန်ဆုံးလာရောက်ဖြေရှင်ပါရန်  ဖုန်းဆက်ခေါ်ဆိုလိုက်သည့်နောက် မကြာမီ မောင်သန်းထွေး ၏ အလုပ်ရှင်မှ ရဲစခန်းသို့ရောက်လာပြီး မောင်သန်းထွေး၏ ပတ်စပို့စ်ကို သိမ်းဆည်ထားခြင်းမဟုတ်ပဲ ပတ်စပို့စ်ပျောက်မည် စိုးရိမ်သောကြောင့် သိမ်းပေးထားခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည် ၊


19 December 2014

လိပ်ကျွန်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အ ထွေထွေလိုအပ်ချက်များဆွေနွေး


ယနေ့မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၉ အင်းယားမြိုင်လမ်းရှိ အမျိုးသားလွှတ်တော်ရုံးခန်း၌ ထိုင်းနိုင်ငံ၊လိပ်ကျွန်း(Koh Tao) အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲခံရ သူမြန်မာနိုင်ငံသားနှစ်ဦး အရေးကိစ္စအပါ အဝင် ထွေထွေလိုအပ် ချက်များအား ထိုင်းနိုင်ငံမြန်မာသံရုံးမှ ဖွဲ့စည်းပေးထားသော အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင်များနှင့် နိုင်ငံရေး စီးပွားရေး ဥပဒေရေးရာ အကြံပေး ကော်မရှင် ဥက္ကဌ ဦးမြင့်သိန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်အမျိုးသား လူမှုကယ် ဆယ်ရေးမှ တာဝန်ရှိသူများအပါအဝင် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ တို့တက်ရောက် ခဲ့ကြပြီး အဖွဲ့တာဝန်ရှိ သူများတို့ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။

ကော့တောင်ကျွန်း အမှု စုံစမ်းရေး ကော်မတီရဲ့ အခက်အခဲကို ကူညီမယ်



ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာ စုံစမ်းရေး ကော်မတီက လိုအပ်နေတဲ့ အကူအညီတွေကို ကူညီမယ်လို့ အမျိုးသားလွှတ်တော် ကော်မရှင်က ပြောလိုက်ပါတယ်။အမှု စုံစမ်းရေး
ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ၊ လတ်တလော ကြုံနေရတဲ့ အခက်ခဲတွေကို အမျိုးသားလွှတ်တော် စီးပွားရေး နိုင်ငံရေးနဲ့ ဥပဒေရေးရာ အကြံပေး ကော်မရှင်နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ စုံစမ်းရေး ကော်မတီအတွက် ဘာတွေ အခက်အခဲ ရှိနေတာပါလဲ၊ ဘီဘီစီ သတင်းထောက် မစိုစိုးထွန်းက ပြောပြထားပါတယ်။

ခိုထောင်းကျွန်းအမှု သက်သေတွေအတွက် အမျိုးသားလွှတ်တော် ကူညီမည်



ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေး ကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေးမှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ကမာရွတ်မြို့နယ်က ရန်ကုန်လွှတ်တော်ရုံးခွဲမှာ အမျိုးသားလွှတ်တော် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေး ရာကော်မရှင်နဲ့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေ တွေ့ဆုံရာမှာ အခုလိုသဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"တကယ်တန်ဖိုးရှိတဲ့ သက်သေဖြစ်ခဲ့ရင် အလဲအထပ်လုပ်ပေးဖို့ကိစ္စ၊ လုံခြုံရေး၊ စားဝတ်နေရေး ကူညီဖို့ကိစ္စ ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးပါ့မယ်၊ ဥပဒေအရ ပံ့ပိုးမယ့်ကိစ္စကိုလည်း သူတို့အချိန်အားရင်အားသလို ကျနော်တို့ချက်ချင်း အကြောင်းကြားတာနဲ့ လာခဲ့ပါ့မယ်၊ လွှတ်တော်အနေနဲ့ လိုအပ်တဲ့ငွေတွေကို ပံ့ပိုးပေးမယ်ဆိုတဲ့စကားရခဲ့တယ်"


လိပ်ကျွန်းလူသတ်မှု မြန်မာ၂ယောက် အပြစ်မရှိတဲ့သက်သေက ဘာလဲ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလူသတ်မှုမှာ အမှုပေါင်း ၇မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၂ယောက် အပြစ်မရှိကြောင်း သူတို့မှာ သက်သေအထောက်အထား ရှိတယ်လို့ အထူးစုံစမ်းရေး
ကော်မတီက ဒီဇင်ဘာ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အပြစ်မရှိကြောင်း သက်သေအထောက် အထားက ဘာလဲ။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဆောင်တဲ့ အထူးစုံစမ်းရေးကော်မတီရဲ့ တာဝန်ခံ ဦးကျော်သောင်း က ဗြိတိန်နိုင်ငံသားနှစ်ယောက် သတ်ခံရတဲ့ကိစ္စ ကျုးလွန်သူတွေဟာ စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား ၂ယောက် မဟုတ်ဘူးဆိုတာ သူအာမခံတယ်လို့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါ တယ်။


ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ



နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဖြစ်သည့် ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်း ပေးထားသည့် အထူးစုံစမ်းရေး ကော်မတီမှ တာဝန်ရှိသူများက ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ကျင်းပခဲ့ပါသည်။

DVB -ထူးချစ်(အမှုဆောင်ဒါရိုက်တာ၊ FED) နှင့် တွေ့ဆုံမေးမြန်းခန်း


Published on Dec 18, 2014
DVB TV -ထူးချစ်(အမှုဆောင်ဒါရိုက်တာ၊ FED) နှင့် တွေ့ဆုံမေးမြန်းခန်း
တင်ဆက်- ခင်သန်း
ရိုက်ကူး - ဆန်နီ
တည်းဖြတ် - ညီလင်းထွန်း

18 December 2014

လိပ်ကျွန်း လူသတ်မှုစွပ်စွဲခံ မြန်မာ ၂ ဦးဘက်မှ သက်သေလိုက်ရန် စိုးရိမ်မှုများရှိ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံမြန်မာ ၂ ဦးဘက်မှ သက်သေ လိုက်ပါ ထွက်ဆိုပေးရန်အတွက် ငြင်းဆိုမှုများရှိ နေကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ဤလူသတ်မှုတွင် မြန်မာလူငယ် ၂ဦးသည် တရားခံများမဟုတ်သည်ကို အဆိုပါ သက်သေများအနေဖြင့် သိရှိသော်လည်း ထိုင်း တရား ရုံးသို့သွားရန် ကြောက်ရွံ့နေခြင်း ထိုင်းနိုင်ငံတွင်း နေထိုင်နေရခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေးပေါ်တွင် စိုးရိမ် ၍ သက်သေမထွက်လိုကြခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ Orchid Hotel တွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောဆိုသည်။