ထိုင်းနိုင်ငံမှာအလုပ်သမားပတ်စပို့လုပ်ရင်၊ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်စာရွက်စာတမ်း ရှိ သူဖြစ်ရမယ်။ လုပ်ငန်းရှင်ရှိသူဖြစ်ရမယ်။
အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားဖို့အ တွက်ဆိုရင်လုပ်ငန်းရှင်ရှိ ရမယ်။ ကျမ္မာရေးသွေးစစ်ဆေးချက်အောင်မြင်ကြောင်းစာရွက်စာတမ်းရှိရမယ်။
ဒါတွေရှိရင် ထိုင်းမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို
ထိုင်းနိုင်ငံအတွင်း မှာ
နေထိုင်ခွင့်ပြုပါတယ်။ ပန်းရောင် ဘတ်ကဒ်ပဲ လုပ်လုပ် အနီရောင်ပတ်စပို့
ပဲလုပ်လုပ် ခရမ်းရောင်ပတ်စပို့ပဲလုပ်လုပ်
ဘာအရောင်ပြောင်းပြောင်း ထိုင်း နဲ့ မဆိုင်တော့ဘူး။သူတို့ကအမြတ်ယူထားပြီးဖြစ်တယ်။
မြန်မာဘက်အခြမ်းမှာ၂၀၀၉ မတိုင်ခင်ကအထိ
ထိုင်းနိုင်ငံအတွင်းမှာသန်းချီရှိတဲ့အလုပ်သမားတွေဟာ ဘတ်ငွေ၃,၈၀၀ ထိုင်း အစိုးရကိုပေးသွင်းလိုက်ရင် ဆေးကုသခွင့်ရောအလုပ်လုပ်ခွင့်ပါတစ်နှစ်စာ
တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိခဲ့တယ်။ ဘယ်ပွဲစားကုမ္ပဏီ နဲ့ ဘာသံရုံးကိုမှ ပေးစရာ မလိုခဲ့ပါ။ ဒီနောက်ပိုင်းကစပြီးတော့
Only Thailand ယာယီနိုင်ငံကူး လက်မှတ်စာအုပ်အနီးကို
အလုပ်သမားတွေ ဘတ်ငွေ တစ်သောင်းကျော် အကုန်ကျခံလုပ်ခဲ့ရတယ်။ ဒီနောက်မှာ မြန်မာကုမ္ပဏီ တစ်ခုနဲ့အလုပ်သမားဝန်ကြီးဌာနတို့
ပူးပေါင်းပြီးတော့ ခရမ်းရောင်ပတ်စပို့ ကို ထုတ်လုပ်ပြီးတော့အကြီအကျယ်စီးပွားရှာခဲ့ကြပါတယ်။ ခုတစ်ခါ နိုင်ငံကူး စာအုပ်ကြီး လဲပြန်တော့မယ်တဲ့။
“နိုင်ငံကူးလက်မှတ်စာအုပ် အတွက်ကြီးစွာသော
အခက်အခဲများ”
(၁) နိုင်ငံကူးလက်စာအုပ်ရဲ့လုပ်ငန်းစဉ်အရ
မှတ်ပုံတင်နဲ့ အိမ်ထောင်စု စါရင်းလိုတယ် ။ နေပြည် တော်ကို ခုတင်ထားကြတဲ့ အလုပ်သမားတွေရဲ့
၈၀ ရာခိုင်နုန်းမှာ မှတ်ပုံတင်နဲ့အိမ်ထောင်စု စါရင်းမရှိဘူး။
(၂) နေပြည်တော်ကိုရောက်သွားတဲ့ အလုပ်သမားတွေရဲ့အမည်စါရင်းနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက စာရွက်စာတမ်းတွေဟာ
အလုပ်သမား တစ်ယောက်စီအတွက် ဘတ်ငွေ ၁,၃၀၀ အထိပေးပြီးမှ ရလာတဲ့ စာရွက်စာ တမ်းတွေဖြစ်တယ်။
အငှါးသူဌေး(ကိုတ) အတွက် အလုပ်သမားတစ်ယောက် အတွက်ဘတ်ငွေ ၅၀၀စီ နဲ့ဝယ်ယူရတယ်။ နေပြည်တော်မှာ တင်တဲ့ အခါ မြန်မာ မှတ်ပုံတင်နဲ့
အိမ်ထောင်စုစါရင်းမပါလို့ ဆိုပြီး ပတ်စပို့လုပ်ခွင့် မကျဘူး။ (ကိုတာဆိုတာလည်း အခြားနေရာက
ဝယ်ယူပြီးတင်ရင် အလုပ် သမားဝန်ကြီးဌာနကညစ်ပတ်တာကြောင့် အဲဒီအလုပ်သမားဝန်ကြီးဌာနထဲ မှာပဲ
တဘက် လှည့်နဲ့ဝယ်ယူကြရတယ်လို့ ကုမ္ပဏီ အချို့ ကပြောကြတယ်။)
(၃) မြန်မာအစိုးရက
လုပ်ခွင့်မပေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ထိုင်း အလုပ်သမားဝန်ကြီးဌာနမှာ ပေးခဲ့ရတဲ့
ငွေကို ကုမ္ပဏီက အဆုံးခံမှာမဟုတ်ပဲ အလုပ်သမားတွေကပဲ ခံရမှာဖြစ်ပါတယ်။ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြန်ပေးဖို့ ဆိုတာတော့ဝေလာဝေး။ လုပ်ခွင့်မရတဲ့
အလုပ်သမားတွေကို ဘယ်ကုမ္ပဏီကမှ အဆုံးခံပြီး ပြန်ပေးမယ်လို့မထင်ပါ။ သန်းချီရှိတဲ့အလုပ် သမားတွေဆီကဒီလို ကုန်ကျသွားမယ်ဆိုရင်မြန်မာအလုပ် သမားတွေမနစ် နာဘူးလား။
(၄) ထိုင်းနယ်စပ်
မယ်ဆိုင်၊ မဲဆောက် နဲ့ ရနောင်း တို့မှာ ရုံးနေရာတွေကို ထိုင်းလုပ်ငန်းရှင်တွေက ကန်ထရိုက်ယူတာကြောင့် အလုပ်သမားတစ် ယောက်အတွက် ဘတ်ငွေ ၁၀၀ ပေးရတယ်။ ပတ်စပို့စာအုပ် ထည့်တဲ့
စာအုပ်တစ်အုပ်ကို မ၀ယ်မနေရ ဘတ်ငွေ ၁၀၀ ပေးဝယ်ရတယ်။ အလုပ် သမားတွေမှာ ဓါတ်ပုံပါပေမယ့် ထပ်ရိုက်ရတယ်။
တစ်ယောက်ကိုဘတ်ငွေ ၃၀၀ စီပေးရတယ်။
“ မြန်မာအစိုးရသေချာမစီစစ်”
နယ်စပ်ဒေသတွေအပြင်
မြန်မာသံရုံး မှာ သတင်းရဲ တပ်ဖွဲ့SB က၄ယောက် လူဝင်မှုကြီးကြပ်ရေးက ၄ယောက် နဲ့ အလုပ်သမားဝန်ကြီးဌာနက၂ ယော က် လာရောက်မယ်လို့ သိရှိရပြန် တယ်။ ကုန်ခဲ့တဲ့နှစ်က စင်တာအချို့ မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက
တိုက် ရိုက်ေ ရာက်လာသူတွေ (မြန်မာပြည် ကို လုံးဝ မမြင်ဘူး၊ မရောက်ဖူးတဲ့ ဘင်္ဂါလီ လူမျိုးတွေ)
အိမ်ထောင်စုမိတ္တူတွေနဲ့ ပတ်စပို့ဝင်လုပ်သွားကြတယ်။ ပတ်စပို့ထုတ်ပေးတဲ့စင်တာတွေမှာ
ခရမ်းရောင် ပတ်စပို့တစ်အုပ်ကို ဘတ်ငွေ ၈၅၀ နုန်းနဲ့ကောက်ခံသွားတယ်။ အလုပ်သမား သန်းချီလုပ်သွား တဲ့ငွေတွေ မြန်မာအစိုးရ ဘဏ္ဍာ ထဲကိုရောက်သလားမဆိုနိုင်။ အလုပ်သမားစာရွက်
တွေကို မိတ္တူ (စကင်ဖတ်ခ) ဆိုပြီး အစိုးရက ကျပ်ငွေ ၁,၅၀၀ နုန်းနဲ့ ကောက်စားခွင့် ဗိုလ်မှူးဟောင်း
တစ်ဦးကိုပေးတယ်။ သူကောက်တာက အလုပ်သမား တစ်ယောက်ကို အခြားစင်တာတွေမှာ ဘတ်ငွေ၁၀၀ ဖြစ်ပေမယ့် မဲဆောက် မှာ ၁၅၀ ကောက်ခံတယ်။
ဘယ်ဝန်ထမ်းကိုမှ စုံစမ်းစစ်ဆေးတာမကြားရဘူး။
သန်းချီရှိတဲ့ အလုပ်သမားအရင်းအမြစ်ဆီက ယူမကုန်
အောင် ရရှိလိုက်သူတွေက ကုန်ခဲ့ တဲ့နှစ်ကလို ထိုင်းဘက်မှာ လုပ်ခွင့်ပေးဖို့ နေပြည်တော်မှာ
ခြေချင်း လိမ်ေ အာင် ဂွင်ဖန်နေကြပြီဖြစ်တယ်။
“ခံပြီးရင်ခံ
အလုပ်သမားများ”
ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းအားလုံးတို့ဟာ
မြန်မာအလုပ်သမား တွေရဲ့လုပ်အားနဲ့လည်ပတ်နေတာဖြစ်တယ်။ ဒါပေမယ့်ဒီအလုပ်သမားေ တွဆီက ငွေတွေ
ဘယ်လိုယိုဖိတ်ကျန်နေခဲ့မလဲဆိုတဲ့ ဗျူဟာတွေ ချမှတ်ေ ဆာင်ရွက်တယ်။ (ဥပမာ။ ပကာစာခွန်း(ခေါ်) အာမခံစနစ်၊ ရက်ပေါင်းကြေး စနစ်)
စာအုပ်တွေကို ၃လတစ်ကြိမ်သက်တမ်းတိုးခြင်း၊ အလုပ်လုပ်ခွင့် သက် တမ်းတိုးခြင်း ဘဏ်အကောင့်များ ဖွင့်စေတာတွေ ကျင့်သုံးတာကို လူတိုင်းသိ ကြမယ်ထင်ပါတယ်။
မြန်မာအစိုးရဟာ ပြည်သူကို ချစ်ခင်လေးစားတဲ့အစိုးရ။
တိုင်းပြည် ကိုချစ်တဲ့အစိုးရအစစ်အမှန်ဖြစ်ခဲ့ရင်
အထက်ဖေါ်ပြပါငွေယိုပေါက်တွေကို လုံးဝ ဖါထေးနိုင်ရပါမယ်။ ဖါထေးဖို့လိုအပ်ပါမယ်။
စနစ်တစ်ခုတိုးတက်ဖို့ဖြစ်စေ
လူ့အ၀ိုင်းအ၀န်းတစ်ခုတိုးတက်ဖွံ့ဖြိုးဖို့ဖြစ်စေ လုပ်နေတဲ့အလုပ်ကိုလုပ်နေ စဉ်မှာလည်း
သုံးသပ်ရသလို လုပ်ပြီးတော့လည်း လည်းသုံးသပ်ရပါမယ်။ အထူးသဖြင့် အသစ်တစ်ကြိမ် ထပ်မံလုပ်ကြ
တော့ မယ်ဆိုတဲ့အခါ အမြင်ပေါင်းစုံ၊ အသံပေါင်းစုံ၊ သဘောထားပေါင်းစုံတွေကို လက်ခံ ရပါမယ်။
လက်ရှိ မြန်မာအာဏာပိုင်တွေဟာ မစဉ်းစားကြသေးရုံသာ မက ဘယ်သူ့ကိုဝင်ထားရင်အလုပ်ဖြစ်မယ်ဆိုတဲ့
နည်းလမ်းဟောင်းကြီး အတိုင်းပဲ ဇွတ်တရွတ်သွားနေတာကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။
နယ်စပ်မှာ
နည်းပညာတွေအရ အမေရိ ကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေ နဲ့ မြန်မာကျပ်ငွေ အတုတွေ မကြာ မကြာ ဖမ်းဆီးမိကြတယ်ဆိုတာ
သတိပြုမိကြမယ်ထင်ပါတယ်။ ၂၀၁၃နှစ်ကုန်ပိုင်း က မြန်မာပတ်စပို့ အတုနဲ့ မဲဆောက်ဂိတ်မှာ
ဖမ်းမိတာ ကိုလည်းမှတ်မိကြမယ် ထင်ပါ တယ်။ အလားတူ မြန်မာမှတ်ပုံတင် အတုကို နေချင်ပြန် လုပ်လို့ရတာ တွေလည်းရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံနေရာအတော်များများတို့မှာ မြန်မာမှတ်ပုံ တင်လုပ် ပေးမယ့် ကြော်ငြာတွေ
ကပ်ထားကြပြီးဖြစ်တယ်။
“အကြံပြုချင်တယ်”
“အကြံပြုချင်တယ်”
(၁) ထိုင်းနိုင်ငံအတွင်းမှာ
၎နှစ်သက်တမ်းပြည့်တဲ့အလုပ်သမားတွေကို ထိုင်း လုပ်ငန်းရှင်တွေ ပြန်ခိုင်း နေလို့ အလုပ်သမားတွေ
အိမ်ပြန်နေရတယ်။ မပြန်တဲ့သူတွေကိုပုလိပ်ဖမ်းစားနေတယ်။ ဒါတွေကို မြန်မာအစိုးရအနေနဲ့
မဖမ်းဆီးဖို့ အယင်ဆုံး မေတ္တာရပ်ခံရပါမယ်။
(၂) အလုပ်သမားတွေကို
ပြည်ပ၀င်ငွေရှာပေးနေတဲ့ တိုင်းပြည်ရဲ့ လုပ်သားေ ကာင်းတွေလို့ အသိအမှတ်ပြုရင် မလိုအပ်ပဲ
ငွေကုန်နေတဲ့ ပတ်စပို့စနစ်၊ ၀တ်ပါမစ်စနစ်ကို ရုတ်သိမ်းပြီး အကုန်အကျ သက်သာပြီး အမြန်ဆုံးပြီးစီးနိုင် တဲ့
ကဒ်တစ်ခုခု လုပ်ပါ။
(၃) မဖြစ်မနေနိုင်ငံကူးလက်မှတ်လုပ်မယ်ဆိုရင် နိုင်ငံကူးလက်မှတ်အကြီး
လုပ်ငန်းစဉ်ထဲက အိမ်ဖောင်စုစါရင်းနဲ့ မှတ်ပုံတင်ရှိမှ လုပ်ရမယ်ဆိုတာ ဟာ တရားဝင်အလုပ်သမား ၈၀ ရာခိုင်နုန်းကျော်မှာ မရှိဖြစ်နေတဲ့အတွက် ဘယ်လိုမှလုပ်မရဖြစ်နေမှာပါ။ ဒါကြောင့် သက်တမ်းသေနေတဲ့ပတ်စပို့ကို အမြန်ဆုံး အသစ်လဲနိုင်တဲ့ နည်းလမ်းတစ်ခု ရှာကြံပါ။ (ဥပမာ။ တရားဝင်မှုမပျက်ပျယ်အောင် စာအုပ်/ကဒ် အရင်လဲပါ။ ပြီးမှ အချိန်ကြာ မယ့် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းကိုလုပ်ပါ။) ထိုင်းကအလုပ်သမားအဖြစ်
လုပ်ငန်းစဉ်ထဲက အိမ်ဖောင်စုစါရင်းနဲ့ မှတ်ပုံတင်ရှိမှ လုပ်ရမယ်ဆိုတာ ဟာ တရားဝင်အလုပ်သမား ၈၀ ရာခိုင်နုန်းကျော်မှာ မရှိဖြစ်နေတဲ့အတွက် ဘယ်လိုမှလုပ်မရဖြစ်နေမှာပါ။ ဒါကြောင့် သက်တမ်းသေနေတဲ့ပတ်စပို့ကို အမြန်ဆုံး အသစ်လဲနိုင်တဲ့ နည်းလမ်းတစ်ခု ရှာကြံပါ။ (ဥပမာ။ တရားဝင်မှုမပျက်ပျယ်အောင် စာအုပ်/ကဒ် အရင်လဲပါ။ ပြီးမှ အချိန်ကြာ မယ့် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းကိုလုပ်ပါ။) ထိုင်းကအလုပ်သမားအဖြစ်
သတ်မှတ်တဲ့အဆင့်ပဲစဉ်းစားတာပါ)
(၄) နိုင်ငံသားဖြစ်ခြင်း၊
နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ နိုင်ငံသားစီစစ်ခြင်း အလုပ်ဆိုတာ ထိုင်းနယ်စပ်မှာ ဘယ်လောက်အထိ
လုံခြုံစိတ်ချရမှုရှိမလဲ။
အတုမိရင် ဘယ်လိုပြစ်ဒဏ်မျိုးချမှတ်မလဲ။ ၀န်ထန်းကိုကောဘယ်လိုအပြစ် ပေးမလဲ။
“သတိပြုမိတဲ့အချက်”
မြန်မာနဲ့ထိုင်းအစိုးရအလုပ်သမားအာဏာပိုင်တွေဟာ
သုံးလေးသန်း ရှိတဲ့ မြန်မာအလုပ် သမားတွေ ရဲ့ချွေးနှေးစာထဲက ဘယ်လိုအမြတ် ထုတ်ရင် ရမလဲဆိုတာကိုတော့
နည်းလမ်းပေါင်းစုံနဲ့စဉ်းစားကြတယ်။ ဒါပေမယ့် ၎င်းတို့ ထုတ်ပေးထားတဲ့ ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်နဲ့
တရားဝင်အလုပ် လုပ်နေကြ တဲ့ မြန်မာအလုပ်သမားတွေ ဥပဒေဘောင်အတွင်းက အကာအကွယ် အပြည့် အ၀ရရှိရေး၊
လုံခြုံစိတ်ချရေးအတွက် တာဝန်မယူကြဘူး။ ပတ်စပို့လုပ်ငန်းစဉ် အတွင်းမှာ ထိုင်းပုလိပ်တွေအတွက်
ဝေစုမပါတာကြောင့် ပုလိပ်တွေကတော့ ပုလိပ်ဉာဏ်နဲ့ဖမ်းစားနေတာပဲ။
လူတိုင်းလူတိုင်းစားဝတ်နေရေအတွက်အလုပ်လုပ်ကြရတယ်။
လူတိုင်း
ဘ၀မှာ အးအေး ချမ်းချမ်း၊ ချမ်းချမ်းသာသာနေချင်ကြတယ်။ ဒီနိယာမ ကြောင့်
နိုင်ငံ့ဝန်ထမ်းများလည်း လူဖြစ်ကြ တာကြောင့် အကျိုး စီးပွားပွားရှာတဲ့နည်းနဲ့ လုပ်ချင်နေကြမှာပဲ။ ဒါကြောင့် အမှန်တရားဆိုတာ AIDS ရောဂါကုသဆေးဝါးလို
ကမ္ဘာပေါ်မှာ ပေါ်ပေါက်အုံးမှာမဟုတ်ဘူး။ ထို့ကြာင့် သမ္မတကြီးဦးသိန်းစိန် တက်လာခါစကပြောခဲ့တဲ့
သန့်ရှင်းတဲ့ အစိုးရ ဖြစ်ဖို့ဆို တာလည်း ဒီလူဒီမူတွေနဲ့တော့ ဘယ်နည်းနဲ့မှ
ဖြစ်နိုင်စရာ အကြောင်းမမြင်။