“ပကာစာခွန်းရာဇ၀င်”
ထိုင်းနိုင်ငံမှာ ကမ္ဘောဒီယား၊ လာအို၊ မြန်မာစတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေ တဲ့ ရွှေ့ပြောင်း အလုပ်သ မားပေါင်း ငါးသန်းလောက်ရှိပါတယ်။ ဒီအထဲမှာ ၈၅ရာခိုင်နုန်းက မြန်မာတွေဖြစ် တယ်လို့ထိုင်းအလုပ်သမား သမဂ္ဂတို့ရဲ့ စါရင်း ဇယားအရသိရတယ်။ ထိုင်းနိုင်ငံဟာ ပြည်ပကလာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ လုပ်အား အပေါ်မှာ မှီတည်နေတာ နှစ်ပေါင်း ၂၀ကျော်လောက် ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက် ပမာဏ များပြားတဲ့ နိုင်ငံခြားသား အလုပ်သမား
တွေဆီကနေ ဘယ်လိုခေါင်းပုံဖြတ်မလဲဆိုတဲ့ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်လာခဲ့ပါတယ်။ ထိုင်းအင်ဂျီ အိုတွေဟာ ထိုင်းစကားတတ်တဲ့ မြန်မာအင်ဂျီအိုဝန်ထမ်းတွေကို လစာ ကောင်းကောင်း ပေးပြီး နည်းမျိုးစုံနဲ့ စည်းရုံးပြီးတော့ ပကာစာခွန်း (အသက်အာမခံ) ကို ၂၀၀၉ ကတည်းကစပြီး သေသေချာချာ အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ၀င်ငွေရဲ့ ငါးရာ ခိုင်နုန်းကိုဖြတ်တောက်ပါတယ်။