21/1/2014
သတင်း..စောမောင်
.
နခွန်စီဌာမရမြို့နယ်ရှိ စီချွန်ငါးဖမ်းလှဆိပ်တွင် ရောင်းစားခံရသူ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လျှာရှည်ပြင်ကျေးရွာနေ ဦးမောင်ထွန်းတင်(အသက် ၄၅ နှစ်)နှင့် သားဖြစ်သူ မောင်ကျော်နိုင်ဌေး(အသက် ၂၂ )တို့ဟာ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈ဝဝ ခန့်အကွာရှိ နခွန်မြို့နယ် စီခြုံငါးဖမ်း
လှေဆိပ်ရှိ လှေသူဌေး နိုင်ဝိစပ် ၏ လှေအမှတ် ၅ တွင် ဦးမောင်ထွန်းတင် အားလည်းကောင်း သားဖြစ်သူ ကျော်ဌေးနိုင်ကို လှေအမှတ် လှေအမှတ်၁၂ မှကယ်တိုင်နိုင်ငံခဲ့သည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT),ထိုင်းတောင်ပိုင်း
ဖန်ငအခြေစိုက် FEDအဖွဲ့ ,ထိုင်းအစိုးရ လူကုန်းကူးမှု တိုက်ဖျက်ရေးအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI),မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီတို့ ပူးပေါင်းဆောင်းရွက် ခဲ့ကြခြင်းဖြစ်ပါသည်။
ယခု လက်ရှိ မြန်မာပွဲစား အမျိုးသမီးတစ်ဦးကို လက်ပူလက်ကြပ်ဖမ်းဆီးထား ရှိနိုင်ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ထွက်ပြေးလွှတ်မြှောက်နေသော မြန်မာ ပွဲစား အမျိုးသမီးတစ်ဦးအား ဆက်လက်ဖမ်းဆီး နိုင်ရန်ဆောင်ရွက်လျှက်ရှိပါ သည်။
သို့ဖြစ်၍ MATနှင့်ပူးပေါင်းအဖွဲ့တို့သည် နောက်ရက်တွင် ထပ်မံကယ်တင်နိုင်ရန် စီစဉ်နေကြဆဲဖြစ်ကြောင်း MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းမှ ပြောသည်။
"ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူများကို ကယ်ထုတ်ရာမှာ ထိုင်းအစိုးရ လူကုန်ကူးတားဆီးရေး အဖွဲ့ကသာ ဖမ်းဆီးပေးနိုင်ပါတယ် ဒါပေမယ့် လူကုန်ကူးခံရတဲ့ သားကောင်တွေကို အသုံးပြုပြီး ကြီးပွား ချမ်းသာနေကြ တဲ့ ထိုင်းငါးဖမ်းလှေပိုင်ရှင်တွေနဲ့ ပွဲစားများနဲ့ ပူးပေါင်းပြီး အရောင်းအဝယ်လုပ်နေကြ တဲ့ ဒေသခံ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်ပါ တယ် ။ ဒါအပြင် အချိန်လည်းကုန် အန္တရာယ်လည်းများတဲ့ လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ကြသူတွေကို နိုင်ငံတကာနဲ့ အစိုးရတို့က ကူညီစောင့်ရှောက်ကြဖို့လည်း လိုအပ်ပါတယ်" ဟု ပြောသည်။
ထိုအသားအဖ ၂ဦးတို့အား ပထမ မြန်မာပွဲစားအမျိုးသမီး နှင့် ထိုင်းရဲဟု ယူဆရသူ၂ဦးတို့အား အရေးယူနိုင်ရေးအတွက် အပူတပြင်း ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ထိုင်းအစိုးရ အထူး စုံစမ်းရေးဦးစီးဌာနDSIအကြီးအကဲ Mr.Komvich Padhanarath က ပြောသည်။
နိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သည် ယမန်နှစ် ၂၀၁၄ ခုနှစ်တွင် လူကုန်ကူးမူ နှိမ်နင်းခြင်း (၁၂) ကြိမ်အတွင်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားပေါင်း ၁၂၀ ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ပါသည်။
ယခု စီခြုံကယ်တင်မှုသည် MATအဖွဲ့နှင့် ပုးပေါင်းပါအဖွဲ့များ၏ ၂၀၁၅ ခုနှစ်၏ ပထမဆုံးအကြိမ်ကယ်ထုတ်ခြင်းဖြစ်ပါသည်။