၂၀၁၅ ခု ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် "တို့ခေတ်" အပတ်စဉ်ဂျာနယ်ပါ ဆောင်းပါးအား
အွန်လိုင်းပရိတ်သတ်များဖတ်ရှု့နိုင်ရန် ကူးယူဖေါ်ပြအပ်ပါတယ်"
-----------------------------------------------------------------------------------------------
မြန်မာ့တပ်မတော်သားများအလုံးနှင့်
ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင် တို့အားလေးစားလျှက်ပါ။
မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားပြည်သူတွေနဲ့ပူးပေါင်းပြီး
နယ်ချဲ့အင်္ဂလိပ်၊ဂျပန်နဲ့ တရုတ်ကျူးကျော်စစ်တို့ကို ကာကွယ်တိုက်ခိုက်ခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့ပါတယ်။
မြန်မာစစ်သား တွေကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း
ချစ်ခင်လေးစားခဲ့ကြပါတယ်။ ဒါတွေကိုမြန်မာ့နိုင်ငံရေးကိုလေ့ လာဖတ်ရှုသူတိုင်းသိကြတဲ့အကြောင်းအရာတွေပါပဲ။
အစဉ်အလာကောင်းခဲ့တဲ့ မြန်မာတပ်မတော်ကြီးဟာ ၁၉၆၂ ခုနှစ်က
ဦးနေ၀င်း စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး ကိုယ်ကျင့်သီလပျက်စီးခဲ့သလို ပြည်သူပိုင်သိမ်းပြီး
တစ်ပါတီအာဏာရှင်စနစ်နဲ့၂၆နှစ်ကြာ အုပ်ချုပ်လိုက်တာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားခဲ့တယ်။
တတိုင်းပြည်လုံး ငတ်မွတ်ဆင်းရဲလာ ခဲ့တာကြောင့် ၁၉၈၈ မတ်လကစပြီး လူထုအုံကြွလှုပ်ရှားမှုကြီးပေါ်ပေါက်လာခဲ့ပြီး
မ.ဆ.လ တစ်ပါတီအာဏာ ရှင် စနစ်လည်း ဘုန်းဘုန်းလဲကျဆုံးခဲ့ကြရတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ၁၈
ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်ပြီး မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ်
စစ်အာဏာသိမ်းခဲ့ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ ဖွဲ့စည်းပုံကိုမရေးပါဘူး။
ပါတီစုံရွေးကောက်ပွဲကျင်းပပေးပါမယ်။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြီး စစ်တန်းလျားကို
ပြန်ပါမယ်လို့ တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံပါတီရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ၀က်ဝက်ကွဲအောင်မြင်လိုက်ပါတယ်။ ဒီအချိန်မှာ
တိုင်းပြည်ကို ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စိတ်ဖေါက်ပြန်တယ်ဆိုပြီး အရူးစါရင်းသွင်းကာ ရာထူးကချပစ်ခဲ့ပါတယ်။
မကြာခင်မှာပဲ အာဏာရှင်ကြီးဦးနေ၀င်းဟာ အကျယ်ချုပ်ကျခံနေရာက ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။
“ကမ္ဘာအဆိုးရွားဆုံးအာဏာရှင်စါရင်းဝင်
ဦးသန်းရွှေ ခေတ်”
လမ်းပြမြေပုံ ၇ချက်ချမှတ်ပြီး နိုင်ငံရေးနဲ့
တော်လှန်ရေးအင်အားစုတွေကို ရက်ရက်စက်စက်နှိပ်ကွပ်နေ တဲ့ ဦးသန်းရွှေ ဟာ လက်ဝါးဇောင်းထက်လွန်းမကထက်နေတဲ့ ထောက်လှမ်းရေးညွန်းကြားရေးမှူချုပ်၊
ဝန်ကြီး ချုပ် ခင်ညွန့်ကို ကြက်ကလေးတစ်ကောင်လိုဖမ်းပြီး ဆိုင်းငံ့ထောင်ဒဏ် ၄၆နှစ်ချပြီး
နေအိမ်မှာအကျယ် ချုပ်ချ ထားလိုက်တယ်။ ဦးခင်ညွန့်ဟာ န.၀.တ.. န.အ.ဖ ခေတ်တလျှောက်လုံး
ကော်မတီမှန်သမျှမှာ ဥက္ကဌရာထူးကြီးကိုယူထားပြီး ဖွင့်ပွဲတွေအားလုံးမှာ ကပ်ကြေးညှပ်တဲ့
တီဗွီမင်းသားလို့နာမည်ကြီးနေခဲ့သူပါ။
ဦးသန်းရွှေတို့ ဦးခင်ညွန့် တို့ ပြောခဲ့သမျှ
မိန့်ခွန်းတွေမှာ တိုင်းပြည်ကိုချစ်လိုက်တာ။ တိုင်းပြည်ကို မြတ်နိုး တွယ်တာလိုက်တာတိုင်းပြည်ကိုဖက်အိပ်မတတ်ပါပဲ။
သူတို့သာတိုင်းပြည်ကို ဂျောက်ထဲကျဖို့ လက်၂လုံးအလိုမှာ မကယ်လိုက်ရင် တိုင်းပြည်လွတ်လပ်ရေးတောင်
ပျောက်ဆုံးသွားမယ်ဆိုပဲ။
“စစ်အာဏာရှင်ဦးနေ၀င်းနဲ့စစ်အာဏာရှင်ဦးသန်းရွှေဘာကွာသလဲ”
ဦးနေ၀င်းနဲ့ မ.ဆ.လ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တပ်မတော်ခေါင်းဆောင်တွေအားလုံး
အေဒီ လမ်းနဲ့ဝင်ဒါမီယာလိုနေရာတွေမှာ အခွင့်ထူးခံခဲ့ကြရပါတယ်။ နိုင်ငံပိုင်ကျောက်မျက်ရတနာတွေ၊
အလေးချိန် ၃၆ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေကိုရောင်းစားပစ်ခဲ့ကြပါတယ်။၂၆နှစ်တိုင်တိုင်
မြန်မာတစ်နိုင်ငံလုံးက လယ်သမားတွေဆီကစပါးတွေကို အလကားနီးပါးယူပြီး ကိုယ်ကျိုးရှာခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို တကမ္ဘာလုံးနဲ့အဆက် အသွယ်ဖြတ်ပစ်ခဲ့ပြီး လူငယ်လူရွယ်များနဲ့မျိုးဆက်တစ်ခုလုံးကို
လူညွန့်တုံးအောင်ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ဦးနေ၀င်းရဲ့လုပ်ရပ်တွေ၊
အုပ်ချုပ်သူတွေရဲ့အမှားအယွင်းတွေကို ထောက်ပြ ပြောဆိုသူဟူသမျှကို သတ်ဖြတ်ထောင်ချပစ်ခဲ့ပါတယ်။
ဘုန်းမီးနေလတောက်ပခဲ့တဲ့ အာ ဏာရှင် ဦးနေ၀င်း အသုဘမှာ မိသားစုတွေပါအ၀င် စုစုပေါင်း ၉ဦးသာလိုက်လံပို့
ဆောင်ခဲ့ကြပါတယ်။
ဦးသန်းရွှေ ဟာ သူ့အလှည့်ကိုရောက်လာတဲ့အခါ
ဘယ်ဘ၀ဆုတောင်းတွေကို၊ ဘယ်လိုအငြိုးအတေနဲ့များ မြန်မာနိုင်ငံကို အုပ်ချုပ်တာပါလိမ့်လို့
ဆိုရလောက်အောင်ပါပဲ။ စာရေးဆရာတစ်ယောက်ရေးခဲ့သလို ထိုင်းနိုင်ငံ၊ အယုဒ္ဓယမင်းသားများလားလို့တောင်ထင်မှတ်မိတာအမှန်ပါပဲ။
၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ရုံသာမက NLD ပါတီ၊ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူဟူသမျှ
သုတ်သင်ရှင်းလင်း ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးကိုတောင်ပစ်သတ်ခဲ့တာပါ။
၂၀၀၃ ဒီပဲယင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို အသေရှင်းပစ်ခဲ့တာတွေဟာ ဦးသန်းရွှေ ရဲ့လက်သံပြောင်မှုတွေပါ။
ပထမစစ်အာဏာသိမ်းခေါင်းဆောင် ဦးနေ၀င်းဟာ
နိုင်ငံကို အလုံပိတ်ပြီးကျောက်ဂူထဲမှာထားခဲ့သူ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ရေမြေ၊တောတောင်၊
မြစ်ချောင်းအင်းအိုင်၊ သစ်တောတွေဟာမပျက်မစီးပဲရှိခဲ့ပါတယ်။ တိုင်းပြည်ကိုဂုတ်စီးခွထိုင်တဲ့ဦးနေ၀င်းနဲ့
အပေါင်းပါတစ်စုတို့ ချမ်းသာတာကလွဲရင် အခြားသူတွေ အလွန်ချမ်းသာသူတွေလို့မရှိခဲ့ကြပါဘူး။
ဆင်းရဲချမ်းသာကွာဟမှုမရှိခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ဦးသန်းရွှေ လက်ထက်မှာ တံခါးဖွင့်ဝါဒဆိုပြီး
ရောင်းစားလိုက်တာ။ မြန်မာတနိုင်ငံလုံးမှာ သစ်တောတွေပြုန်းတီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့
အသက်သွေးကြောဖြစ်တဲ့ မြစ်မင်း ဧရာဝတီကိုတောင် တရုတ်လက်ထဲ ၀ကွက်အပ်ခဲ့တယ်။ လက်ပန်တောင်း
တောင်လို လယ်ဒီဆရာတော် ဘုရားသီတင်းသုံးခဲ့ရာသိမ်းတွေကိုပါဖျက်ဆီးပြီး တောင်က ဂျောက်နက်ကြီး
ဖြစ်ခဲ့ကြရတယ်။
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်နေတဲ့
မြန်မာနိုင်ငံဟာ နိုင်ငံခြားဘဏ်မှာ ဘဏ်အကောင့် ၅ခုနဲ့ အမေရိ ကန်ဒေါ်လာ ၁၁ ဘီလီယံသွင်းထားကြောင်း
ကမ္ဘာကသိလာကြတယ်။ ကမ္ဘာကျော် န.၀.တ ပတ္တမြား ကြီးတွေကို ရောင်းစားရုံသာမက မကြာသေးမီက ကျောက်စိမ်းကို
ဘယ်သူရောင်းစားသလဲဆိုပြီး ထွက်လာတဲ့ အစီအရင်ခံစာအရဆိုရင်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ
၃၁ ဘီလီယံ ခန့်ဟာ ဦးသန်းရွှေနဲ့ အပေါင်းပါ တစ်စု တို့ ရယူပိုင်ဆိုင်ထားကြတာပါ။ ရလဒ်က
တိုင်းပြည်ရဲ့အခွင့်အလမ်းဟူသမျှတို့ကိုရယူ ဂုတ်သွေးစုတ်ပြီးထားစရာ မရှိအောင်ချမ်းသာတဲ့
ခရိုနီဆိုတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့တာကြောင့် ဆင်းရဲချမ်းသာ အကြီး အကျယ်ကွာဟသွားခဲ့ပါတယ်။
“ထင်သာမြင်သာဆင်းရဲချမ်းသာများ”
ဦးသန်းရွှေနဲ့အပေါင်းပါတွေဟာ မြေပေါ်မြေအောက်
ရေပေါ်ရေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကထွက်သမျှရတနာတွေကို အိမ်နီးချင်းနိုင်ငံတွေကို
အဖိုးအခနည်းပါးစွာနဲ့ရောင်းစားကြပါတယ်။ မြန်မာနိုင် ငံမှာအလုပ်လုပ်လို့ ထမင်းမ၀ကြတာကြောင့်
ဦးသန်းရွှေ အုပ်ချုပ်တဲ့ခေတ်မှာ အရွယ်ရောက်ပြီး အလုပ်အလုပ်နိုင်ဆုံးအရွယ် မြန်မာပေါင်း
ငါးသန်းကျော် နိုင်ငံခြားမှာ ကျွန်အဖြစ်ရောက်ရှိသွားခဲ့ကြရပါတယ်။
တရုတ်နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်အတွက် အဓိကအရေးကြီးတဲ့
လောင်စာဆီတင်ပို့ဖို့အတွက် ရခိုင်ပြည် နယ်ကျောက်ဖြူကနေပြီး စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့
ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံကို တိုက်ရိုက် သွယ်တန်းခွင့်ပြုခဲ့တယ်။ ပိုက်လိုင်းတည်ဆောက်မှုကြောင့်
တရုတ်နိုင်ငံအတွက်အကျိုးကျေးဇူးကြီးကြီးမားမား ခံစားခဲ့ကြရပေမယ့် ရေနံစည်ကြီးတွေတည်ဆောက်တဲ့
ကျောက်ဖြူ (မြဒေးကျွန်း) ဒေသခံတွေရဲ့နေအိမ်၊ လယ်ယာမြေနဲ့ လုပ်ကိုင်စားသောက်စရာနေရာတွေ
လုံးဝပျက်စီးခဲ့ကြရပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာနယ်မြေတွေ က မြန်မာလယ်သမားတွေမှာလည်းသင့်တော်တဲ့နစ်နာကြေးမရရှိခဲ့ကြရပါဘူး။
သူတောင်းစားခွက်ပျောက်ကိန်း ကြုံသွားခဲ့ကြရတယ်။
လက်ရှိအခါမြန်မာနိုင်ငံသားတွေ ထမင်းမဝ
စာမတတ်တာကိုလူတိုင်းခံစားနေကြရရုံသာမက တိုင်း ရင်းသားအချင်းချင်းတိုက်ကြတဲ့ ရှေ့တန်းစစ်မျက်နှာမှာ
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကိုယ်လက် အင်္ဂါချို့ယွင်း သွားခဲ့ကြရတဲ့ စစ်သားတွေဟာ ရန်ကုန်မြို့မှာ
တစ်အိမ်တက်ဆင်းစာအုပ်လိုက်ရောင်း၊ တောင်းစား ဖြစ်နေကြတာဟာ အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာအားလုံးသိရှိလက်ခံနေကြပြီဖြစ်ပါတယ်။
“ဘာ့ကြောင့်ကာကွယ်စောင့်ရှောက်ဦးမလဲ”
တပ်မတော်သည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအသက်ပေး၍ကာကွယ်သွားမည်။
တပ်မတော်သည်အမျိုး သားရေးတာဝန်ကိုဘယ်တော့မှသစ္စာမဖေါက်။ တပ်မတော်သည်အမိ၊တပ်မတော်သည်အဖ။ဘေးပြောတာကို
မယုံနဲ့ သွေးပြောတာကိုယုံ။ ဒို့တာဝန်အရေးသုံးပါး။ စီးပွားရေးဦးတည်ချက် ၁၂ရပ်၊ နိုင်ငံရေးဦးတည်ချက်၁၂ရပ်
ချမှတ်ပြီး စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တာ တိုင်းပြည်တိုးတက်သွားသလား၊ ဆုတ်ယုတ်သွားသလား
ဆိုတာ ရလဒ်ကို လူတိုင်းသိပြီးသားဖြစ်သလို ကာချုပ်လည်းသိပြီသားဖြစ်ပါတယ်။
တပ်မတော်ဟာ အာဏာရှင်တစ်စုနဲ့ အခွင့်ထူးခံ
ခရိုနီတွေပိုင်ဆိုင်မှုတွေကို စောင့်ရှောက်မှာလား သန်းငါး ဆယ်ကျော်သော မြန်မာနိုင်ငံသားများ
စားရမဲ့သောက်ရမဲ့ ပညာမဲ့ဖြစ်တာကို ကူညီပေးရမလားဆိုတာ ကာချုပ် အနေနဲ့ အပူတပြင်းစဉ်းစားဖို့အရေးကြီးအချိန်ဖြစ်နေပါတယ်။
ဦးသန်းရွှေ စိတ်တိုင်းကျ ၁၃နှစ်ကျော်ကြာရေးဆွဲ ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ တိုင်းပြည်တိုးတက်ကောင်းမွန်ငြိမ်းချမ်းရေးအတွက်မဟုတ်ပဲ
တိုင်းပြည်ဖွံဖြိုးတိုး တက်အောင် မဆောင်ကျဉ်းနိုင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်သုံးစွဲဖို့နဲ့
အာဏာရှင်တွေ မတရားရယူထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ကာကွယ်ဖို့အတွက်သာဖြစ်ပါတယ်။
ဦးနေ၀င်းနဲ့
ဦးသန်းရွှေတို့ လားရာကို မျက်ဝါးဝါးထင်ထင်သိရှိထားတဲ့ ခေတ်မီစစ်သူကြီးတစ်ဦးဖြစ်တဲ့
ကာချုပ် မင်းအောင်လှိုင် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံကြီးပွားချမ်းသာတိုးတက်ရေးအတွက်ဟုတ်
မှန်ခဲ့ပါက အသက်ပေးကာကွယ် ရန်ဆုံးဖြတ်ခြင်းမှာ သင့်တော်မှာဖြစ်ပါတယ်။ ပြည်သူတွေလည်းတပ်မတော်နဲ့
အတူကာကွယ်သွားကြမှာသာဖြစ်ပါတယ်။
“ကာချုပ်သမိုင်းမော်ကွန်းကိုဘယ်လိုရေးထိုးမလဲ”
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ဆောင်ဆန်း
အောင်မြင်ရတဲ့အကြောင်းရင်းက နိုင်ငံတော်အပေါ်မှာ ထားတဲ့စေတနာ တိုင်းရင်းသားတွေအပေါ်မှာထားတဲ့စေတနာတွေကြောင့်
ပင်လုံစာချုပ် အောင်မြင်ခဲ့ပါတယ်။ ဗိုလ်ချုပ်နောက်ပိုင်းက ကာချုပ် ဦးနေ၀င်း၊ ကာချုပ်
ဦးစောမောင်နဲ့ ကာချုပ် ဦးသန်းရွှေတို့ ဦးခင်ညွန့်တို့ ယုတ် မာခဲ့မှုတွေဟာ အနီးကပ်ဆုံးသင်္ခန်းစာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့
တကမ္ဘာလုံးကလေးစားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်မင်းအောင်လှိုင် တို့လက်တွဲကာ
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သမိုင်းဝင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် ဒုတိယပင်
လုံစာချုပ်ချုပ်ဆိုပြီး မွဲတေနေတဲ့ တိုင်းပြည်နဲ့လူမျိုးကို ကယ်တင်နိုင်ရမယ့် အချိန်အခါကောင်း
အခွင့်အရေး ကောင်းဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိ၊ တိုင်းပြည်နဲ့လူမျိုးကိုဆင်းရဲမွဲတေစေပြီး
အာဏာရှင်စနစ်နဲ့အခွင့်ထူးခံလူတစ်စုတို့ကို အကာအကွယ်ပေးထားတဲ့အဆိပ်ပင်နဲ့တူတဲ့၂၀၀၈ဖွဲ့စည်းပုံကိုရေလောင်းပြီး(ကာကွယ်စောင့်ရှောက်) တာထက်၊
တိုင်းပြည်ရောလူမျိုးပါ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်လောက်အောင် ဖြစ်လာစေမယ့်၊
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေတဲ့၊ စန္ဒကူးနံ့သာနဲ့တူတဲ့ ဥပဒေအသစ်တရပ်ကိုပြဌာန်းပြီး
ခေတ်သစ်စနစ်သစ်နဲ့ တိုင်း သစ်ပြည်သစ်ထူထောင်ခဲ့တဲ့ ကမ္ဘာကျော် ကာချုပ်မင်းအောင်လှိုင်
အဖြစ် သမိုင်းမော်ကွန်းရေးထိုးခဲ့စေချင်ပါတယ်။
ထွန်းနေရောင်(စနဲ)