http://burmese.dvb.no/archives/144 054 မူရင်းသတင်းအားကူးယူဖေါ်ပြပါသည်။
အလုပ်သမားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် အာရက်ခ်ပရွန်မန်နီက သူတို့အနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဆက်သွယ်ပြီး ခရိုင်တွင်းစုံစမ်းစစ်ဆေးခဲ့ချိန်မှာ အုန်းသီး အခြေခံထုတ်လုပ်ရေးစက်ရုံတရုံမှ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ကနဦးတွေ့ရှိခဲ့ကာ လွှတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီအလုပ်သမား ၂ ဦးက စက်ရုံတွင်းမှာ မြန်မာအလုပ်သမား ၁၇ ဦးပိတ်မိနေသေး တယ်လို့ ပြောခဲ့တဲ့အတွက် ရဲတွေနဲ့ပူးပေါင်းပြီးရှာဖွေခဲ့ချိန်မှာ တရားမ၀င်မြန်မာ အလုပ်သမားေ တွကို ဆင်းရဲနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တွေ့ရှိခဲ့ရတာပါ။
အဆိုပါအလုပ်သမားတွေကို စက်ရုံတွင်းကနေ မနေ့ကထုတ်ပေးနိုင်ခဲ့ပြီး ရှာဖွေစစ်ဆေး မှုတွေအရ အလုပ်သမားတွေရဲ့ ပတ်စ်ပို့စ်တွေ၊ မိုဘိုင်းဖုန်းတွေ၊ ငွေသားနဲ့ ဘဏ်စာရင်းရှင် အကောင့်တွေကိုရော သိမ်းဆည်းရမိခဲ့တာပါ။
ကနဦးစစ်ဆေးမှုတွေအရ သူတို့တွေဟာ အလုပ်အကိုင်ရှာဖွေရေးပွဲစားကုမ္ပဏီ၂ ခုမှ တဆင့် ဆက်သွယ်ကာပြီးခဲ့တဲ့ နိုဝင်ဘာလတည်းကထိုင်းနိုင်ငံတွင်းတရားမ၀င်ရောက်လာခဲ့ကြ ကာ စာချုပ်နဲ့ အလုပ်တွေမရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ သူတို့ကို နခွန်ပသွန်၊ ရက်ခ်ျဘူရီ၊ ပရာချွတ်ခီရိခန်၊ ဖက်ချဘူ ရီ၊ ကန်ချနဘူရီစတဲ့ ခရိုင်တွေအနှံ့ စက်ရုံတွေမှာ အလုပ်တွေလုပ်ခဲ့ကြရပြီး လုပ်ခလစာ တွေလည်း မရရှိကြဘူးလို့ ဆိုပါတယ်။
သူတို့ကို စက်ရုံတွေက အကြွေးဘတ်ငွေ ၇၀၀၀ ကနေ ၈၀၀၀ အထိ ကြားခံပွဲစား ကုမ္ပဏီတွေအတွက်တင်နေတယ်လို့ပြောပြီး ဖိအားပေးစေခိုင်းခံခဲ့ကြရတာပါ။
ထိုင်းနိုင်ငံမှာ အလုပ်ပြောင်းချင်တဲ့ အလုပ်သမားတွေအနေနဲ့ ထပ်ဆောင်းဘတ် ငွေ ၆၀၀၀ က နေ ၈၀၀၀ ကြားပေးဆောင်နေကြရတာဖြစ်ပြီး ခုကိစ္စနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးကာ တရားမ၀င်တဲ့ ကြားခံပွဲစားကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ပိတ်သိမ်းသွားမယ်လို့ အာရက်ခ်က ပြောပါတယ်။