၂၀၁၇ မတ်လ ၇ ရက်
ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစိုးရတို့၏ အစီအမံများဖြင့်
၂၀၁၇ ခု မတ်လ ၃ ရက်နေ့ကစတင်၍ CI အစိမ်းရောင် စာအုပ်ထုတ်ပြီးသည့် မြန်မာအလုပ်သမားများ
သတိပြုရန် အသိပေးအပ်ပါတယ်။
(၁) CI စာအုပ်ထုတ်ပြီး
၁၅ ရက်အတွင်း ဗီဇာလျှောက်ထားကြရမှာဖြစ်ပါတယ်။
(၂) ဗီဇာထုပြီး
နောက် ၁၅ ရက်အတွင်း Work Permit လျှောက်ထားရမှာဖြစ်ပါတယ်။
Work Permit လျှောက်ထားရာမှာ အလုပ်သမားရဲ့ ပန်းရောင်ဘတ်ကဒ်၊
သွေးစစ်လက်မှတ်၊
လုပ်ငန်းရှင်ရဲ့ ကိုတ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစါရင်း မိတ္တူ တွေလိုအပ်ပါမယ်။
(၃) နဂိုပန်းရောင်ဘတ်ကဒ်
လုပ်ထားတဲ့လုပ်ငန်းရှင် သူဌေးနဲ့ မဟုတ်ဘူးဆိုရင် အလုပ်ရှင်ပြောင်းခ
ဘတ်ငွေ ၁၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ (၁)ထိုင်းအစိုးရသတ်မှတ်ထားတာက ဗီဇာကြေး ဘတ်ငွေ ၅၀၀
ဖြစ်ပေမယ့် တကယ် ပေးနေရတာက
လ၀က တလာတလေထိုင်း(မဟာချိုင်) မှာလာထုပေးနေတာ
ဘတ်ငွေ ၁၂၀၀ ပေးရပါတယ်။
ပွဲစားတွေက
ဒီအပေါ်မှာအမြတ်တင်ပြီးမှ အလုပ်သမားတွေဆီက ယူပါတယ်။
(၂) အလုပ်လုပ်ခွင့်ပါမစ် ပြောင်းလဲခ
ဘတ် ၁၀၀ ပေးရမယ်လို့ ပြောထားပေမယ့် တကယ်
လုပ်တဲ့အခါ Work Permit ပြောင်းခ အနည်းဆုံး
ဘတ်ငွေ ၆၀၀ ခန့်ကုန်ကျပါမယ်။
(၃) မူလပန်းရောင်ဘတ်ကဒ် လုပ်ထားတဲ့
လုပ်ငန်းရှင်မဟုတ်ပါက အလုပ်ရှင်ပြောင်းလဲခ
ဘတ်ငွေ ၁၀၀၀ ထပ်မံကုန်ကျပါမယ်။
CI ပြီးရင်အနီရောင်သာမန်နိုင်ငံကူးလက်မှတ်ပတ်စပို့စာအုပ်တစ်ခါထပ်ပြောင်းထိုင်း
ရောက်မြန်မာအလုပ် သမားဆိုတာလာဘ်စားတဲ့ဝန်ထမ်းတွေနဲ့အမြတ်ကြီးစားတဲ့ပွဲစားတွေလက်ခုတ်ထဲကရေပါ။
ကျေးကျွန်သဖွယ် လုပ်လို့ရသမျှလုပ်အားခတွေ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေလုပ်ရင်းနဲ့
အကုန်အကျများနေကြရတယ်။
မြန်မာအလုပ်သမားဆိုတာ ခြံထဲကကြက်ဘ၀ ရိုက်သတ်ချင်သလိုသတ်စားကြပေါ့။ ။
ရွှေလုပ်သား
MAT