“မြန်မာသံအမတ်အသစ်စက်စက် မြန်မာအလုပ်သမားများအတွက်မိဘသဖွယ်ဖြစ်နိုင်ပါစေ”
၂၀၁၇ ဧပြီလ
၂၁
ရွှေလုပ်သား
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်
ဦးမျိုးမြင့်သန်း အား ခန့်အပ်လိုက်ကြောင်း ယနေ့ ထုတ်နိုင်ငံပိုင်သတင်းစာများဖေါ်ပြချက်များ အရသိရှိ ရသည်။
ဦးမျိုးမြင့်သန်း သည် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီက ဘင်္ဂ လား ဒေ့ခ်ျဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာ ၀န် ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
၎င်းသည် မြန်မာရေတပ်မှ ဗိုလ်မှူးကြီးရာထူးအထိ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ
မြန်မာသံရုံးတွင် တာဝန်ထမ်းေ ဆာင်ခဲ့သူဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမားပေါင်းလေးငါးသန်းခန့်လာရောက်အလုပ်လုပ်ကိုင်နေကြသည်
ဖြစ်ရာ ပြဿနာပေါင်းမှာလည်းအမြောက်အမြားရှိပါသည်။
မြန်မာသံအရာရှိ ၃ ဦးတို့ တာဝန်ထမ်းဆောင်ပြီး ပြန်သွားခဲ့ကြပြီးဖြစ်သလို
လက်ရှိတွင် အလုပ်သ မား သံအရာရှိ ၅ဦးတို့ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သော်လည်း အလုပ်သမားပြဿနာမှာ
လျှော့ပေါ့ သွားခြင်း မရှိသလို ဖြေရှင်းနိုင်စွမ်းမရှိသည်ကိုလည်း အားလုံးအသိဖြစ်ပါသည်။
ဘန်ကောက်မြန်မာသံရုံးသည် ထိုင်းရောက် မြန်မာနိုင်ငံသားများနှင့်
ကင်းကင်းကွာကွာ ဝေးဝေးလံ လံ နေထိုင်ခဲ့ရာမှ
၂၀၁၁ ခုနှစ်ထိုင်းရေဘေးကိစ္စမှစတင်၍
မြန်မာသံအမတ် ဦးဆောင်သိန်း၊ သံမှူး ဦးနိုင်ထွန်း တို့လက်ထက်မှစ၍ မြန်မာအရေးလှုပ်ရှားသူများ၊
အလုပ်သမားအရေးဆောင်ရွက်သူများ၊ မြန်မာအင်ဂျီအို ၀န်ထမ်းများနှင့် အတိုင်းအတာတစ်ခုအထိစတင်၍ပေါင်းသင်းဆက်ဆံမှုများပြုလာခဲ့ပါသည်။
ထို့နောက် မြန်မာသံအမတ် ဦးတင်ဝင်း လက်ထက်သို့ရောက်သည့်အခါ
သံမှူး ဦးနိုင်ထွန်း နှင့်အတူ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင် (သံအမတ်ကြီးအဖြစ်တာဝန်ထမ်းပြီး
အငြိမ်းစားယူသွားသူ) တို့ ဦးဆောင် ၍ ထိုင်းရောက်အလုပ်သမားအရေးဆောင်ရွက်သူများနှင့်
“မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီ” စတင်ဖွဲ့စည်း၍ အလုပ်သမားအရေးကိစ္စတို့ကို
ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးဦးဝင်းမောင်လက်ထက်၂၀၁၄ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောလိပ်ကျွန်း(ကော့တောင်)
လူသတ်မှုအတွက် အထူးစုံစမ်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်ရာတွင် ၎င်း ကဦးဆောင်၍ ဘန်ကောက်
အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT နှင့် ထိုင်းနိုင်ငံတောင်ပိုင်း
ဖန်ငအခြေစိုက် မြန် မာ အင်ဂျီအိုအဖွဲ့ တစ်ခုဖြစ်သော ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း
FED တို့နှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီး အသစ်တစ်ဦး ရောက်ရှိလာမည့်အနေအထားနဲ့ပတ်သက်ပြီး
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်သံအမတ် ၄ဆက်မီလိုက်တယ်။ ဦးဝင်းဇေယျထွန်း
လက်ထက်က အဆက် အဆံ မလုပ်ဖူးပေမယ့် ဒီနောက်ပိုင်းမှာ သံရုံးနဲ့ ကျနော်တို့ ဆက်ဆံရေးအလွန်ကောင်းခဲ့ပါတယ်။
သံရုံးရဲ့ အားဟာ ပြည်ပရောက် အလုပ်သမားအရေးလုပ်သူတွေအတွက်ကော ရွှေ့ပြောင်းအလုပ်သမားတွေအ တွက်ပါ
အရေးကြီးပါတယ်။ ကုန်ခဲ့တဲ့နှစ်က ဒေါ်အောင်ဆန်းစုကြည် လာခဲ့တုန်းက သံရုံးထဲမှာပြောခဲ့တဲ့ စကား
တစ်ခုကသံရုံး တိုင်းဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် မိဘအိမ်သဖွယ်ဖြစ်ရမယ် လို့ပြောခဲ့တယ်။
အယင်သံအမတ်တွေတော့ မိဘအိမ်ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ ပွဲစားရုံးလို့တောင် သမုတ် ကြတယ်။
မြန်မာသံရုံးဟာ မြန်မာတွေနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ဘူး။ အခု အသစ်ရောက်လာမယ့် သံအမတ်ဟာ
နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ သံရုံးမျိုးဖြစ်အောင်လုပ်နိုင်မလားစောင့် ကြည့်ရမှာပေါ့။
ထိုင်းရောက်မြန်မာတွေအတွက်အစီအမံအသစ်တွေ နဲ့ အုပ်ချုပ်နိုင်မယ့် အာဏာကုန် လွှဲအပ် ခံရသူ
စွမ်းရည်ထက်မြက်တဲ့ သံအမတ်ကြီးဖြစ်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်ဗျာ” ဟုပြောသည်။
လက်ရှိအချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများအရေးကိစ္စရပ်တို့အား
မြန်မာသံရုံး၊ အလုပ် သမားသံအရာရှိများ၊ လူမှု အသင်းအဖွဲ့များနှင့် အင်ဂျီအိုများကလည်းထိရောက်စွာမဖြေရှင်းပေးနိုင်သေး
ကြောင်း နေ့စဉ်အဖြစ်အပျက်များက သက်သေခံလျှက်ရှိပါသည်။