04 January 2018

၂၀၁၇ ခုနှစ်တွင် မြန်မာမိန်းကလေး ၂၀၀ ကျော်




ရန်ကုန်၊ ဇန်န၀ါရီ ၃

၂၀၁၇ ခုနှစ် ၁၂ လတာအတွင်း မြန်မာမိန်း ကလေး ၂၀၀ ကျော် တရုတ်သို့ ရောင်းစားခံခဲ့ရကြောင်း လူကုန် ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့စာရင်းအရ သိရသည်။

ဒီဇင်ဘာ ၃ ရက်တွင်ထုတ်ပြန် သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့စာရင်းများအရ မြန်မာ နိုင်ငံတွင် အမျိုးသမီးများ ကိုပစ်မှတ် ထားကာ တရုတ်သို့ လူကုန်ကူးမှုများ ပိုမိုမြင့်တက်နေပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးခံရမှုပေါင်း ၂၂၅ မှုဖြစ် ပွားခဲ့ရာမှာ လူကုန်ကူးခံရသူသည် ၃၆၀ အထိရှိခဲ့ပြီး ယင်းအနက်မှ ၂၀၀ ကျော်သည် မိန်းကလေးများ ဖြစ်၍ တရုတ်နိုင်ငံသို့ ရောင်းစား ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


"ကြိုတင်ကာကွယ်တဲ့အနေ နဲ့ အသိပညာပေးမှုတွေကိုတော့ ဆက်တိုက်ဆောင်ရွက်နေပါတယ်။ အထိုက်အလျောက် တားဆီးနိုင် တယ်လို့ ယူဆရပေမယ့်လည်း အခု နောက်ပိုင်းသိလျက်နဲ့ ကိုယ်တိုင် ဆန္ဒပါလို့သွားတာတွေလည်းတွေ့ နေရတယ်။ ကိုယ်တိုင်ဆန္ဒပါလို့သွား တာတွေကျတော့ ဆောင်ရွက်ရတာ ခက်ပါတယ် "
ဟု အမှတ် (၆) လူ ကုန်တားရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ဒီမိုကရေစီတူဒေးသို့ ဇန်န ၀ါရီ ၃ ရက်က ပြောသည်။

ယင်းအပြင် ယခုနောက်ပိုင်း ဖြစ်ပွားသည့် တရုတ်မယား အဖြစ် ရောင်း စား ခံရမှုများသည် စားဝတ် နေရေးအပေါ်အခြေခံသည့် အချက် များကိုလည်းတွေ့ရှိနေရကြောင်း၊ အချို့မိန်းကလေးများသည် ပြည် တွင်းတွင်ပင် ဘ၀ရပ်တည်ရန်ခက် ခဲသည့်အတွက် ပြည့်တန်ဆာ လုပ် ကိုင်ကြခြင်းများရှိပြီး တရုတ်နိုင်ငံ သားများ၏ငွေကြေးမက်လုံးပေးမှု အပေါ် လိုက်သွားသည်များလည်း ရှိကြောင်း ၎င်းင်းရဲအရာရှိက ဆိုသည်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် ၁၂ လ တာအတွင်း လူကုန်ကူးမှုများသည် ရန်ကုန်တိုင်းတွင် ၆၀ မှုဖြင့် ပထ မအများဆုံးဖြစ်နေကာ ရှမ်းပြည် နယ်တွင် ၅၄ မှုဖြင့် ဒုတိယအများ ဆုံးဖြစ်ပြီး၊ ကချင်ပြည်နယ်တွင် ၃၂ မှုဖြင့် တတိယအများဆုံးဖြစ် ပွားခဲ့ကြောင်းနှင့် နေပြည်တော်တွင် ၁၂ မှု၊ မန္တလေးတွင် ၁၄ မှု၊ ပဲခူး တွင် ၁၀ မှု၊ မကွေးတိုင်းတွင် ငါးမှု၊ စစ်ကိုင်းတွင် နှစ်မှု၊ ဧရာဝတီတိုင်း တွင် ၁၈ မှု၊ တနသာင်္ရီတိုင်းတွင်း သုံးမှု၊ ကရင်တွင် နှစ်မှု၊ မွန်တွင် လေးမှု၊ ရခိုင်တွင် ကိုးမှုတို့ဖြစ် ကြောင်း သိရသည်။

ပြည်တွင်းလူကုန်ကူးမှုများလည်းမြင့်တက်လာသလို အများ စုသည် အမျိုးသမီးများကို ပြည့် တန်ဆာအဖြစ် ခေါင်းပုံဖြတ် ခိုင်း စေမှု များဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူး မှုများအတွက် လူကုန်ကူးတရားခံ ၆၄၄ ဦးကို အမှုဖွင့်အရေး ယူနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စာရင်း အရ သိရသည်။

ZCH/Democracytoday