ရန်ကုန်၊ ဇန်န၀ါရီ ၃
ကုန်ဈေးနှုန်းကျဆင်းစေလိုပါက ဟင်းတစ်မယ်ဖြင့် သာစား ရန်နှင့် အလှူအတန်းများတွင်လည်း ဟင်းတစ်မျိုးဖြင့် သာကျွေးရန် မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောကြား လိုက်ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့ရှိ သုဝဏ္ဏခန်းမတွင် ဇန်န၀ါရီ ၃ ရက်ကပြုလုပ် သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံပြည် သူလူထုတွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက " နံပါတ် တစ်အချက်က ကုန်ဈေးနှုန်း။ ဗိုလ်ချုပ်အောင်ဆန်းပြောတာ မမှတ်မိဘူးလား။ ဗိုလ်ချုပ်အောင်ဆန်းပြောတာ ဘာလဲ။ ခုချိန်မှာ အင်္ဂလန်တို့၊ ရုရှားတို့မှာ သူတို့ဆီမှာ စစ်ပြီးသွားတဲ့အချိန် သူ့ဆီမှာ လူတစ်ယောက်ကို ဟင်းတစ်မယ်နဲ့ ထမင်းပဲစားရ တယ်။ သူတို့ ခြိုးခြုံချွေတာတယ်။ ကျွန်တော်တို့ နိုင်ငံဆင်းရဲတယ်။ ဟင်းတစ်မယ်ပဲ စားကြရမယ်။ လက်ဖက်ရည်ဆိုင်လည်း မထိုင်ရဘူး။ ဟင်းတစ်မယ်ပဲ အိမ်မှာချက် စားမယ်ဆို ကုန်ဈေးနှုန်းက မကျ ဘူးလား။ အခုကဘာဖြစ်နေပြီလဲ ခင်ဗျ။ ထိုင်းက ၀က်သွင်းတယ်။ မြန်မာပြည်က စပါးတွေကို တရုတ် က လာဝယ်နေတယ်။ ဆန်မ၀ယ် ဘူး။ အဲဒီအခြေအနေရောက်နေ တယ်။ အဲဒါကို ကိုယ်ကပြန်ရုန်း ရမယ်။
အစာကိုချွေတာပြီးတော့ ရင်းနှီးမြှုပ်တာတွေများများ ထည့် ရမယ်။ သူတို့ဘယ်လိုစိုက်လဲ။ ကိုယ့်ဆီမှာလည်းစိုက်ရမယ်။ ကုန် ဈေးနှုန်းကို ကျချင်တယ်ဆိုရင် ဟင်းကိုတစ်မယ်ပဲစား၊ တော်ပြီ၊ ဟင်းရယ်၊ အရွက်ကြော်လေးရယ် အဲဒါပဲစား အိမ်တိုင်း။ ခဏလေး ကုန်ဈေးနှုန်းကျ သွားလိမ့်မယ်။ ထိုင်းကလည်း ၀က်သွင်းစရာမ လို တော့ဘူး။ ၀က်ကို ကျွန်တော်က နေရာတိုင်းမှာ ပိတ်ထားတယ်။ ထိုင်းဝက်အကုန်ဖမ်းတယ်။ စပါး လည်းအကုန်ဖမ်းတယ်။ တရုတ် ကိုသယ်မယ့် စပါးတွေကို မရမ်း ချောင်ဂိတ်ကနေ ပေးမထွက်ဘူး။ အခြေအနေက အဲလိုဖြစ်နေ တာ။ မြန်မာပြည်က စပါးတော်တော် များများကို တရုတ်လာဝယ်နေတာ မျိုးစပါးတောင် ကျန်မှာမဟုတ် ဘူး။ အဲဒါကို ကာကွယ်နေရတာ။ အဲဒီတော့ ကုန်ဈေးနှုန်းကျချင် တယ်ဆိုရင် လွယ်ပါတယ်။ အလှူ တွေ မလုပ်နဲ့ဗျာ။ ဟင်းတစ်မျိုးပဲ ချမယ်။ အလှူမှာ ဟင်းဆယ်မျိုးရှိ တယ်။ တစ်မျိုးပဲလုပ်။ ပြီးရော ပေါ့ " ဟု ၎င်း က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့် အမှာစကားပြော ကြားခဲ့ပြီး မွန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ် တင်အိ က အမှာစကားပြောကြား ကာ သထုံမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဝင်းက ဒေသဆိုင်ရာအချက် အလက်များကို တင်ပြခဲ့သည်။
တက်ရောက်လာသည့်ပြည် သူများကလည်း ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကိုတင်ပြဆွေး နွေးခဲ့ပြီး သိရှိလိုသည်များကို ပြည် နယ်ဝန်ကြီးချုပ်ထံမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလည်း တင် ပြဆွေးနွေးခဲ့သည်များကို ပြန်လည် ဆွေးနွေးခဲ့သည်။
WYHW, ZMT/Democracytoday