https://www.youtube.com/watch?v=-GjP2zjdgyo&feature=youtu.be တိုက်ရိုက်ကြည့်ရှုရန်လင့်
05 June 2018
30 May 2018
MOU အလုပ်သမားကိုထိုင်းအလုပ်ကြပ်သေနတ်ဖြင့်ပစ်သတ်
၃၀.၅.၂၀၁၈
ရွှေလုပ်သား
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘိအရပ် TTK သစ်စက်တွင်
အလုပ်လုပ်ကိုင်နေသည့် MOU မြန်မာ အလုပ်သမား တစ်ဦးအား ထိုင်းအလုပ်ကြပ် ၀ဏက သေနတ်ဖြင့်ပစ်သတ်၍
သေဆုံးခဲ့သည်။
Labels:
သတင်း
23 May 2018
အလုပ်သမားနှင့် လ.၀.က ၀န်ကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံရ

မေ(၂၂) ၂၀၁၈၊ ရန်ကုန် The Nyang News
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးသိန်းဆွေသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခံထားရကြောင်း ငြမ်းမီဒီယာ၏ သတင်းရင်းမြစ်များနှင့် ငြမ်းမီဒီယာက ရရှိထားသော ခိုင်မာသည့် အထောက်အထားများအရသိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားသူမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း ငြမ်းမီဒီယာ ၏ သတင်းရင်းမြစ်များ ကဆိုသည်။
01 April 2018
MOU အလုပ်သမား ၂၁ဦး မီးလောင်သေဆုံးမှုအတွက် တာဝန်ယူနိုင်ကြပါစေ။ MOU မူဝါဒများကို သမ္မတ သစ်လက်ထက်မှာ ပြင်နိုင်ကြပါစေ
MOU အလုပ်သမား ၂၁ဦး မီးလောင်သေဆုံးမှုအတွက် တာဝန်ယူနိုင်ကြပါစေ။ MOU
မူဝါဒများကို သမ္မတ သစ်လက်ထက်မှာ ပြင်နိုင်ကြပါစေ ...
၃၀.၃ .၂၀၁၈ ရက်နေ့က
ကားမီးလောင် သေဆုံမှုတွင် .....,
၂။ အဝေးပြေး ခရီးသည်တင်ကားတွင် ရှိရမည့် အင်္ဂါ ရပ်များ မပြည့်စုံပါက မည်သူကို မည်သို့ အရေးယူမည်နည်း။
၃။ MOU စနစ်အရ အလုပ်သမားပို့ဆောင်သူ ခေါ်ယူသူ ကိုယ်စားလှယ်များ ကားပေါ်တွင် ပါ မပါ အလည အထူးစစ်ဆေးပေးပါ။
၎။ အလုပ်သမားများသေဆုံးမှုအတွက် ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ်နှင့် အသက်အာမခံကြေး။ ဘတ်ငွေ ၂သန်းအာမခံထိုင်း အေဂျင် အစီ လျှော်ကြေး များအပြင် ဂရုဏာကြေး တို့ ရရှိမည်မှာ သေချာပါသည်။
၅။ မြန်မာ အစိုးရ အလုပ်သမား ဝန်ကြီး ဌာနဘက်က မြန်မာအေဂျင်စီအာမခံ ကျပ်ငွေ သိန်း၅၀၀ က ပေးလျှော်မလား။ ဘာရန်ပုံငွေကပေးလျှော်မည်နည်း။ ထိုင်းဘဏ်၂ခုထဲက ပေးလျှော်ကြမည်လား..?
၆။ MOU သတ်မှတ်ချက်နှင့် မပြည့်စုံပါက မည်သို့ အရေးယူဆောင်ရွက်မည်နည်း။
၇။ ဖြစ်လာရင်ရှင်း။ ပေါ်လာရင်ဖိ။ တိုင်လာရင် ချက်လက်မှတ် ဖြစ်နေသော လက်ရှိ MOU မူဝါဒ အတိုင်း ဆက်သွားနေကြအုံးမလ
၇။ ငှက်တိုင်း လင်းဠထက် လှတယ်လို့ ပြောခဲ့ သမ္မတကြီး ဦးဝင်းမြင့် မိတ်ဆက်မိန်းခွန်းမှာ အလုပ်သမားတွေဘဝ သာယာလှပစေရေး ဆိုတာကို ထည့်ပြောသွားလေတော့.?
ဒီလို အဖြစ်ဆိုးမျိုး နောက်ဆုံးဖြစ်ပါစေ။ ပွဲစားနဲ့ အကျင့်ပျက်ဝန်ထမ်းများ တရားဝင် လူကုန်ကူးမှု ပပျောက်ပါစေ။ အေဂျင်စီလည်း အကျိုးရှိ တိုင်းပြည်လည် သိက္ခာရှိ အလုပ်သမားများလည်း တကယ်ကောင်းမွန်စေမယ့် ( ရပ်ကြေး+ ဘဏ်+ အလည=MOU) ကို အလျှင်အအြန် အကောင်အထည် ဖေါ်နိုင်ကြပါစေ။ ရွှေလုပ်သား MAT အဖွဲ့ ၃၁. ၃. ၂၀၁၈

“ ဖဲ့ခြွေခံနေရတဲ့မွေးရပ်မြေ”
နိုင်ငံခြားမှာ ဆယ့်ငါးနှစ် လောက်နေခဲ့တဲ့
ကျနော် မွေးရပ်မြေ ရခိုင်ကို အလည်ခဏ သွားခဲ့ပါတယ်။ မြင်ရကြားရတာတွေ အသစ်အဆန်းတွေချည်းပါပဲ။
ဝမ်းနည်းဝမ်းသာခံစားမိတယ်။
Labels:
ဆောင်းပါး
23 March 2018
ထိုင်းနိုင်ငံ- ကော့တောင်ကျွန်း(လိပ်ကျွန်း) အယူခံမှု့ထိုင်းအစိုးရရှေ့နေဖက်က ခုခံချေပလျောက်လဲချက် တင်ခဲ့ပါပြီ-
ထိုင်းနိုင်ငံ- ကော့တောင်ကျွန်း(လိပ်ကျွန်း) အယူခံမှု့
အတွက် ထိုင်းနိုင်ငံ အဆင့်အမြင့်ဆုံးတရားရုံးသို့
ယနေ့(၂၃-၃-၂၀၁၈)ရက်နေ့တွင်-
ထိုင်းအစိုးရရှေ့နေဖက်က ခုခံချေပလျောက်လဲချက်
တင်ခဲ့ပါပြီ-
တရားရုံးတော်မှ တင်ပြလျောက်လဲချက်ကို သုံးသပ်
ပြီ- မကြာမီကာလတွင် အမိန့်ချမည်ရက်ကို တရားခံများဖက်သို့ အကြောင်းကြားလာမည်ဖြစ်သည်-
05 March 2018
တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်
5 March 2018
![]() |
| အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ကျင်းပစဉ်/ Photo: Ctum Myanmar - facebook |
အလုပ်သမားတစ်ဦးကို တစ်ရက်အလုပ်ချိန် ၈ နာရီမှာ တစ်ရက် ၄၈၀၀ နှုန်းနဲ့ အလုပ်သမား ၁၀ ဦးနဲ့အထက် အကျုံးဝင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ကိုဝင်းဇော် က ပြောပါတယ်။
Labels:
သတင်းတို
ငြိမ်းစုစီ ပြင်ဆင်ချက်အဆို ကန့်ကွက်ဆန္ဒပြ
5 March 2018 ဗွီအိုအေ (မြန်မာပိုင်း)
အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ အာဏာပိုင်တွေက သူတို့နဲ့ အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူလို့ ရနိုင်အောင် ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဒီဥပဒေ မူကြမ်းကို ဆန့်ကျင်သူတွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အဲဒီ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း ဆန္ဒပြပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။
Labels:
သတင်း
02 March 2018
ထိုင်းမလေးနယ်စပ် လူကုန်ကူးခံရသူများဖမ်းမိ
၂၈.၂.၂၀၁၈ VOA မအေးအေးမာ
ထိုင်းမလေးနယ်စပ်ဆုံခလာပြည်နယ် စဒေါင်းခရိုင်အတွင်းမှာ မလေးရှားကိုခိုးဝင်ဖို့ကြိုးစားတဲံမြန်မာနိုင်ငံသား ၁၀ဦးထက်မနည်းကိုထိုင်းအာဏာပို င်တွေက ဖေဖေါ်ဝါရီလ ၂၆ ရက်ညကဖမ်းဆီးဖို့ကြိုးစားခဲ့ရာ မှာ ၆ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ထိုင်အာဏာ ပိုင်တွေကဆိုပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ်။
Labels:
သတင်းတို
27 February 2018
စစ်တွေဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူ
26 February 2018 Central News Myanmar
စစ်တွေ၊ ဖေဖော်ဝါရီ ၂၆။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)တို့ဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူလိုက်ပြီ ဖြစ်သည်။
သူတို့အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။
Labels:
သတင်းတို
24 February 2018
မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၄ ဦးကို သေဒဏ်ချ
By မင်းအောင်ခိုင် 23 February 2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီ ၄၅ ဦး အမှုကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) က စီရင်ချချက်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ
24 February 2018 Narinjara
ဖေဖော်ဝါရီ ၂၃
ဗြိတိန်နိုင်ငံသား ၂ ဦး အပါအ၀င် နိုင်ငံခြား ၁၁ ဦးကို မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီယားနယ်စပ်တွင် ဘင်္ဂလာဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB က ဖမ်းဆီး လိုက်သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ ဗြိတိန်နိုင်ငံသား ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တူရကီ ၁ ဦး၊ အီတလီ ၂ ဦး၊ ဘယ်လ်ဂျီယံ ၁ ဦး၊ ဘရာဇီးလ် ၁ ဦး၊ တောင်ကိုးရီယား ၁ ဦး၊ နော်ဝေး ၁ ဦးနှင့် ကင်ညာ နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြသည်။
Labels:
သတင်းတို
ရခိုင်အရေးဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်နိုင်ဟု ကန်ထောက်လှမ်းရေးသုံးသပ်
24 February 2018 ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ်အကျပ်အတည်းတွေကြောင့် မြန်မာ့ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု အန္တရာယ်တရပ် ဖြစ်လာနေကြောင်း အမေရိကန် ထောက်လှမ်းရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ခန့်မှန်းချေ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ ခြိမ်းခြောက်မှုတရပ် ဖြစ်လာနေရုံသာမက အစွန်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက် အန္တရာယ်တွေ တိုးလာနိုင်သလို၊ တရုတ်နိုင်ငံက သြဇာချဲ့ထွင်ခွင့်ရအောင် လမ်းဖွင့်ပေးရာ ရောက်တဲ့အကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
Labels:
သတင်းတို
စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို
2018-02-22 RFA
ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
23 February 2018
![]() |
| ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြစဉ်/ Photo: Thant Zin Oo/RFA |
Labels:
သတင်းတို
20 February 2018
ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်ကျွန်း(လိပ်ကျွန်း)(ခိုတောင်ကျွန်း)
Aung Myo Thant added 2 new photos.
အ၈င်္လိပ်နှစ်ဦး အသတ်ခံရမှု့ -
(၂၂-၂-၂၀၁၈) ရက်နေ့ ရက်ချိန်းတွင် -ထိုင်းအစိုးရရှေ့နေဖက်မှ နောက်ဆုံးလျှောက်လဲချက်တင်ရန်ချိန်ဆိုထားသည့်နေ့ရက်ဖြစ်ပါတယ်-
ထိုလျှောက်လဲချက်တင်ရန်အတွက်-ထိုင်းရှေ့နေဖက်မှ စတုတ္ထအကြိမ်
ရွေ့ဆိုင်းလာခဲ့ပြီး၊ ယခု ပဉ္စမမြောက် ရက်ချိန်းလည်းဖြစ်ပါတယ်။

အမှန်တရားသည် ခါး၏ ထိုပြင် အချိန်ကြာစောင့်ရတတ်၏ - လို့ ပြင်ရေး
ရပါတော့မည်။
ရပါတော့မည်။
Labels:
သတင်းတို
Subscribe to:
Posts (Atom)