08 January 2013

“တစ်နေ့လုပ်အားခဘတ်၃၀၀ တိုးပေးမည် နယ်စပ်လမ်းကြောင်းများအားအထူးစောင့်ကြည့်”



ကိုတီး(ထိုင်းဘာသာပြန်)ဇန်န၀ါရီလ ၈
 လက်ရှိ ၀န်ကြီးချုပ်ရင်လတ်ချီနာဝပ် မဲဆွယ် စဉ်ကာလတုန်းက ပြောခဲ့သည့် စကား အတိုင်း နှစ် သစ်ကူးပြီးနောက်ပိုင်းထိုင်းအလုပ်သမားများနှင့်   ရွှေ့ပြောင်းအလုပ် သမားများအား လုပ်အားခ တန်းတူသတ်မှတ်မည်ဖြစ်သဖြင့် နယ်စပ်ဒေသ လမ်းကြောင်း များအား လုံခြုံစွာစောင့်ကြပ်ရန် ယမန်နေ့ ကညွှန်ကြားလိုက်ကြောင်း ထိုင်းရပ် သတင်းတွင် ရေးသားထားသည်။
 ညွန်ကြားရေးမှူး ကမွန်စံ က ထိုင်းမြန်မာ နယ်စပ် ၏ အရှည်ဆုံးနေရာဖြစ်သော စံခလူရီ  သည် ကီလိုမီတာ ၃၇၁ ရှည်လျားပြီး ဂိတ်ပေါက်ပေါင်း ၄၂ နေရာတို့ အား စောင့်ကြည့်ရမည်ဟု ဆိုသည်။

06 January 2013

“၂၀၁၃ နှစ်သစ်ကူးအချိန်ကာလအတွင်း ထိုင်းနိုင်ငံအနှံ့ ထိခိုက်သေဆုံးမှုစါရင်း”



ကိုတီး (ဘာသာပြန်) ၂၀၁၂ ဇန်န၀ါရီ ၆ ရက်


         ထိုင်းနိုင်ငံတွင် ပျော်ပွဲရွှင်ပွဲ အဖြစ် စည်ကား သိုက်မြိုက်စွာ နိုင်ငံနှင့်အ၀ှန်း ကျင်းပလေ့ ရှိသည့်   နှစ်သစ်ကူး (ပီမိုင်) တွင် ယခုနှစ် ဒီဇင်ဘာ ၂၆ မှ ၃၁ ရက်နေ့ အထိ သေဆုံးသူပေါင် = ၂၅၄ ဦး ရှိပြီး
ဒဏ်ရာ ရသူပေါင်း =  ၂၄၅၄ ဦး ရှိကြောင်း  ထိုင်း ဘာသာဖြင့် ထုတ်ဝေသည့် inn news တွင် ရေးသား ထားသည်။
           ယမန်နှစ်က သေဆုံးသူ ဦးရေ = ၂၈၂ ဦးနှင့် ဒဏ်ရာရသူပေါင်း ၂၇၈၃ ဦးအထိ ရှိခဲ့သဖြင့် ယခု  နှစ်တွင် အသေအပျောက် အထိအခိုက် နည်းပါးသည် ဟု ဆိုနိုင်ကြောင်း  ရေးသားဖေါ်ပြ ထားသည်။
      ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလနှင့် ပီမိုင် ကာလ တို့တွင် အပျော်အပါးကို လွန်မင်းစွာ ပျော်ပါး တတ်ကြသဖြင့် နှစ်စဉ် ရာချီ သေဆုံးပြီး ထောင်နဲ့ချီ၍ ထိခိုက်ဒဏ်ရာ ရရှိလေ့ရှိကြောင်း နောက်ခံ သတင်းများအရ သိရှိရသည်။

"အင်ဒိုငါးဖမ်းလှေသို့ ရောင်းထားသူများအားကယ်ထုတ်"


05 January 2013

“မြန်မာမိန်းကလေးဟုယူဆရသူ ပုဇွန်ကန်ဘောင်တွင် သေနတ်နှင့်ပစ်သတ်ခံရ”


ကိုတီး -  ၂၀၁၃ ဇန်န၀ါရီ ၅

   ထိုင်းနိုင်ငံ အရှေ့ပိုင်း ဘန်ကောက်မြို့ နှင့် ၇၅ ကီလိုမီတာ အကွာတွင်ရှိသော   ချာချင်းစောင်မြို့ အမှတ် (၃) ရပ်ကွက် ဘန်ကရောက်ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာ မိန်းကလေး ဟု ယူဆရသူ တစ်ဦး သေနတ်ဖြင့် ပြီး ခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြ ထားသည်။
   လူသတ်မှု ဖြစ်ပွားခဲ့သည့် နေရာသို့  သက်ဆိုင်ရာ နယ်မြေရဲ စခန်းနှင့် ကယ်ဆယ်ရေး လာရောက် စစ်ဆေးခဲ့ရာ လက်နှစ်ဘက်ကို ကြိုးဖြင့် ချည်နှောင်ထား သည်။
    တုတ်အမာဖြင့် ဦးခေါင်းကို ရိုက်ထားသော ဒဏ်ရာ များနှင့် လည်ပင်း ကျိုးနေသည်။ ထို့နောက် သေနတ် ဒဏ်ရာ ၁၀ ချက်ထက် မနည်း တွေ့ရှိရကြောင်း တာဝန်ရှိ ရဲက ပြောသည်။ 
      ပုဇွန်ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ်  ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင်သံ ကြားသော်လည်း ထ,မကြည့် ခဲ့ကြောင်း၊   မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင်ရာကို အကြောင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
   ယ္ခု အသတ်ခံရသော မိန်းခလေးသည် ပုဇွန်ကန်သို့ မကြာခဏ လာကြောင်း၊ ပုဇွန်ကန်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား တစ်ယောက် နှင့် သမီးရည်းစား ဖြစ်သည် ပာု ယူဆကြောင်း၊  တစ်နေ့ထဲတွင် ပုဇွန်ကန်မှ အလုပ်သမား ဖုန်းဆက် ခွင့်ယူပြီးနောက် ဖုန်းပြန်ဆက်သွယ် ခဲ့သော်လည်း  ဆက်သွယ်၍ မရပဲ ပျောက်နေကြောင်း  ထွက်ဆိုခဲ့သည်။  အမှုမှန် ပေါ်ပေါက်နိုင်ရန်  အတွက် ချာချင်းစောင် နယ်မြေ ရဲစခန်းမှ အပူတပြင်း စုံစမ်းနေသည် ပာု Thairath နှင့် khonsod သတင်းစာ တွင် ဖေါ်ပြထားသည်။
(အဓမ္မ ပြုကျင့်ခံရခြင်း ရှိ မရှိ နှင့် အသက်အရွယ် / နာမည်တို့အား ရေးသားထားခြင်း မရှိပါ။ (အယ်ဒီတာ မှတ်ချက်)

04 January 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၄

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၄ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ။


Shweloathar for Junery

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၃

 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၃ အား ဖတ်ရှုနိုင်ပါပြီ။


Shweloathar for 12

“ကူညီရေး ဆရာတော် ဦးဇောတိက မှ အလုပ်သမားများအားဆန်ဆီလှူဒါန်း”







မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၃ ဇန်န၀ါရီ 
      ထိုင်းနိုင်ငံရာက် မြန်မာ နိုင်ငံသားများ အဖွဲ့  MAT ၏ နာယက ဆရာတော် တစ်ပါးဖြစ်သော ကူညီရေး ဆရာတော် ဦးဇောတိက သည် အလုပ်ရုံ အလုပ် နားထားသဖြင့် စားရေး အခက်ကြုံနေသည့် မြန်မာအလုပ်သမားများအား သွားရောက် လှူဒါန်းခဲ့ကြာင်း  သိရှိရသည်။

    ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့ မှ ကီလိုမီတာ ၁၁၀ အကွာ တွင် စူဖန်ဘူရီခရိုင် စံချုပ်မြို့နယ်   နာနတ်သီး စက်ရုံတွင် MOU ဖြင့် အလုပ်သမား ၂၀၀ ဦး ထောရောဖြင့် အလုပ်သမား ၅၀ ဦးခန့်  ရှိသည်။
     နိုဝင်ဘာလ လုပ်အားခ အား လုပ်ငန်းရှင်မှ ထုတ်မပေး သေးသည့် အပြင် ဒီဇင်ဘာ လယ် ကတည်းက ပိတ်ထားခဲ့သည်မှာ ရက် ၂၀ ရှိပြီဖြစ် သဖြင့် အလုပ်သမားများမှာ စားရေး အခက် ကြုံနေခဲ့ကြရခြင်း ဖြစ်

ကြောင်း အလုပ်သမားများ ပြောသည်။


      ကူညီရေး ဆရာတော် ဦးဇောတိက  က “ဥဇင်း က အဲဒီ အလုပ်ရုံမှ အသုဘ ရက်လည် အလှူ တစ်ခု ရှိလို့ သွားတာ၊ အလုပ်သမားတွေက အခြေအနေ   ပြောပြကြတယ်။ စားစရာမရှိ ဖြစ်နေကြတာကို သိရတော့ မနေ့ ညနေက မဟာချိုင် တရားပွဲက ရထားတဲ့ ဓမ္မပူဇာ ၀တ္တုတွေနဲ့ ဆီတွေ ဆန်တွေ ၀ယ်ပြီးတော့ လှူတော့တာပဲ။ အလုပ်ရုံက တာဝန်ရှိ သူတွေကို ဥဇင်းမေးတော့ လာမယ့် ၇ ရက်နေ့မှာ အလုပ်ရုံပြန်ဖွင့် မယ် လို့ ပြောတယ်” ဟု မိန့် သည်။ ကူညီရေး ဆရာတော် ဦးဇောတိကသည်  ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ အခက်အခဲ ကြုံတွေ့နေရပါက အတတ်နိုင်ဆုံး သွားရောက် ကူညီပေးလေ့ ရှိသည့် ပုဂ္ဂိုလ် တစ်ပါးဖြစ်သည်။

   ဆရာတော်အား အကူညီ တောင်းခံမည် ဆိုပါက  ၀၈၂ ၄၉၅ ၆၂၈၉  သို့ ဆက်သွယ် နိုင်ကြောင်း ဆရာတော်
က မိန့်တော်မူသည်။

02 January 2013

“အင်ဒိုငါးဖမ်းစက်လှေပေါ်သို့ ရောင်းစားခံရဆဲမြန်မာအလုပ်သမားများ လွတ်မြောက်”


       

ကိုတီး
         ၂၀၁၃  ဇွန်န၀ါရီလ ၂
          ပြန်လမ်း အထူးနည်းပါးပြီး ကာလ ကြာမြင့်စွာ အလုပ်လုပ်ရသည့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ပေါ်သို့ ရောင်းစားခံရဆဲ အလုပ်သမား ၇ ဦးတို့ အား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က လက်မတင် အချိန်တွင်း ကယ်တင် နိုင်လိုက်ကြောင်း သိရှိရသည်။
        ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI, မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း, ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နှင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့  MAT တို့  ၂၀၁၃ ခုနှစ် အတွက် ပထမဦးဆုံး ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အောင်မြင်မှု ဖြစ်သည်။
    အလုပ်သမားများနှင့်အတူ အသက်  ၅၁ နှစ် အရွယ် ဂိုဏ်းခေါင်းဆောင် မြန်မာအမျိုးသမီး တစ်ဦး နှင့်အတူ သူမထံသို့ လူလာပို့သည့် ပဲခူးမြို့နယ် ကျွဲခြင်းရွာ မှ အသက် ၂၆ အရွယ် ပွဲစား ကိုလင်းလင်း တို့ကိုပါ ဖမ်းဆီး နိုင်ခဲ့သည်။
     ပြန်လည် လွတ်မြောက်လာသည့် ပဲခူးတိုင်း ဖြူး က ကိုမျိုးနိုင်ဦး က“ ကျနော်တို့ကို အလုပ်ကောင်းေ ကာင်း ရမယ်ဆိုပြီး ပွဲစား ကိုလင်းလင်း က လိမ်ခေါ်လာတယ်။ သူက  ကျနော်တို့ကို တစ်ယောက် ဘတ် ၈၅၀၀ နဲ့ ပွဲစားမကြီး ဒေါ်နီစိုး ကို ရောင်းတယ်။ ဒေါ်နီစိုး က အင်ဒိုနီးရှား လှေကို တစ်ယောက်ကို ဘတ်ငွေ ၂၇၀၀၀ စီနဲ့ ရောင်းမယ် ပြင်ထားတယ်။  နောက် နာရီဝက်လောက် နောက်ကျရင် ကျနော်တို့ အင်ဒိုလှေ ကို ရောက်သွားမယ်။ ကျနော်တို့  ဦးကျော်သောင်းကို  အဆက်အသွယ် ရခဲ့တယ်။ သူညွှန်ကြားတဲ့ အတိုင်း ကျနော် လုပ်ဆောင်ခဲ့တယ်။ ကူညီကြသူတွေကို အလွန် ကျေးဇူးတင်ပါတယ်ဗျာ” ဟု ပြောသည်။
  ကူညီရေး ဆရာတော် ဦးဇောတိ က ထံသို့ မခင်ဦးဆွေက  ဦးစွာ အဆက်အသွယ် ရရှိခဲ့ပြီး မှ MAT အဖွဲ့
သို့ ဆက်သွယ် အကူညီတောင်းခံ ခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။
          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “  ၂၀၁၃ နှစ်ဆန်း ၁ ရက်နေ့ ဖြစ်နေတယ်။ ထိုင်း အစိုးရ ရုံးတွေ အလုပ်မလုပ်သေးတဲ့ နေ့ ဖြစ်နေတယ်။ အလုပ်သမားတွေ ကလည်း အလွန် စိုးရိမ်စရာ ဖြစ်နေတယ်။   ယောက်ျားလေးတွေက အင်ဒိုလှေကို ရောက်ဖို့  ကိန်းသေနေပြီ၊မိန်းကလေး ၂ ယောက် ဘယ်ရောက်မယ် ဆိုတာ မရေရာ  ဖြစ်နေတယ်။ ကျနော် သူတို့ အတွက် အတော် စိတ်ပူနေမိတယ်။ ပွဲစားတွေ ဆိုတာက အုပ်စုလိုက် လုပ်ကြတာ။ တစ်ညလုံး ကျနော် အလုပ်သမားတွေနဲ့ စကားပြောလို့ ရသလောက် ပြောနေတယ်။ မနက်မိုးလင်းတော့ DSI နဲ့ အဆက်အသွယ် လုပ်ပြီး အားချင်း စီစဉ် နိုင်ကြတယ်။ အလုပ်သမားတွေက ကိုယ်ရာက်နေတဲ့ နေရာကို အသေအချာ မပြောနိုင်တာကြောင့် ကျနော်တို့ အချိန် အတော် ကြာသွားခဲ့တယ်” ဟု ပြောသည်။
                                        ယခု ကယ်တင်လာခဲ့သူများမှာ
(၁) မျိုးနိုင်ဦး         အသက် ၃၃ နှစ် ဖြူး (ပဲခူးတိုင်း)          ပတ်စပို့ အမှတ် TAO-37119
(၂) ဝေယံ            အသက် ၂၄ နှစ် နေပြည်တော်           ပတ်စပို့ အမှတ် TAO - 49458
(၃) မြင့်ဇေါ်          အသက် ၂၃ နှစ် နေပြည်တော်           ပတ်စပို့ အမှတ် TAO-37187
(၄) ဇေါ်မင်းထက်   အသက် ၁၉ နှစ် ပဲနွယ်ကုန် (ပဲခူးတိုင်း) ပတ်စပို့ မမှတ်မိ
(၅) မသီတာစိုး      အသက် ၃၅ နှစ် ကြို့ပင်ကောက် (ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO- 64996
(၆) မခင်ဦးဆွေ     အသက် ၂၃ နှစ် တောင်ငူ ( ပဲခူးတိုင်း)   ပတ်စပို့ အမှတ် TAO - 48781
(၇) ညှန်း            အသက် ၂၃ နှစ်  ကမ္ဘောဒီယားနိုင်ငံသား
     အမျိုးသား တစ်ဦး တို့ ဖြစ်ကြကြောင်း သိရှိရသည်။

     လွတ်မြောက် လာကြသူများသည်  ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က Human Resource International  Co,Ltd  (HRI) ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက် လာခဲ့ကြသည့် အလုပ်သမား ၃၇၃ ယောက် အထဲမှ ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။အလုပ်ပင်ပန်းပြီး လုပ်အားခ နည်းပါးသဖြင့် အလုပ်သစ် ရှာကြရာမှ ယခုကဲ့သို့  ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း  မခင်ဦးဆွေ က ပြောသည်။
      အလုပ်သမားများ တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် မြန်မာသံရုံး အလုပ်သမား သံအရာရှိထံသို့ အကူညီ တောင်းခံထားကြောင်း ဦးကျော်သောင်း က ပြောသည်။ပွဲစား ၂ ဦးကို ထိထိရောက်ရာက်  အရေးယူနိုင်ရန်အတွက်  မြန်မာပြည်သို့  ပို့ဆောင်နိုင်အောင် စီစဉ်မည် ဖြစ်ကြောင်း  ဦးကျော်ကျော်လွင် က ပြောသည်။

01 January 2013

“ရနောင်းမြို့အနှိပ်ခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးများအားဖမ်းမိ”


ကိုတီး
          ၂၀၁၂ ဒီဇင်ဘာ ၃၀
            ထိုင်းမြန်မာနယ်စပ် ရနောင်မြို့တွင်းရှိသော  ဘန်ချဖိုင်ခေါ် အနှိပ်ခန်းတစ်ခု တွင်ရောင်းစားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့အား ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းဆောင် ရွက်မှုဖြင့် ဖမ်းဆီးကယ်တင်နိုင်ခဲ့ကြောင်း ခေါင်စွတ် သတင်းတွင်ရေး သားဖေါ်ပြထားသည်။
             မြန်မာနိုင်ငံ နေပြည်တော်မှတဆင့် ကော့သောင်းလူကုန်တား  အဖွှဲ့က ထိုင်းနယ်ခြားစောင့်တပ်အမှတ်(၂၅)ကို အကူညီတောင်းခံခဲ့သဖြင့် တပ်ခွဲ ၂၅၂၁ က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"MAT ဆုတောင်း"



ကျွန်ုပ်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဟာ


 ၂၀၁၂ ခုနှစ်ပါတ်လုံးထိုင်းနိုင်ငံ အ၀ှန်းအလုပ်သမား ပြဿနာ များစွာ တို့ကို အတတ်နိုင် ဆုံး ကူညီခဲ့ကြပါတယ်။
    ၂၀၁၃ ခုနှစ်မှာ ကျွန်ုပ်တို့ ထက် ကူညီနိုင်တဲ့ အဖွဲ့အစည်း များပေါ်ပေါက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။