23 January 2013

“မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ ကုမ္ပဏီတွေဆီမှာ အလိမ်မခံရဖို့ အထူးသတိပြုကြပါရန်”


    
(၁) မိမိ စရံငွေ မပေးမီ မိမိအပ်နှံမည့် ပတ်စပို့ ပွဲစား၏ ပတ်စပို့မိတ္တူကိုရအောင်တောင်းပါ။   မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံနှင့် ထိုင်းတွင် လက်ရှိနေသည့် နေရပ်လိပ်စာတို့ကို တိတိကျကျ ရရှိအောင်တောင်းဆိုထားပါ။ ပွဲစားကိုဓါတ်ပုံရိုက်ထားပါ။လိမ်ညာမည့်သူများ ဤ အချက်များကို လိုက်လျှောမည်မဟုတ်ပါ။ ထိုအခါ သင်စဉ်းစား ဆုံးဖြတ်ပါ။
(၂) မိမိထံတွင်လာရောက် ကောက်ခံသည့် ပွဲစားမှာ ပတ်စပို့ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဟုတ်မဟုတ်၊ ပင်ရင်းကုမ္ပဏီ  သို့မေးမြန်းပါ။ ပွဲစား တစုံတစ်ခုအကြောင်းပေါ်ပေါက်ပါက ကုမ္ပဏီက ဖြေရှင်းပေးရန် တာဝန်ခံမှု ရှိ/မရှိ မေးပါ။
(၃) မိမိထံတွင် လာရောက် ပြောဆိုသည့် ပွဲစားသည် ထိုကုမ္ပဏီ၌ အမှန်ရှိ/မရှိ သွားရောက်စုံစမ်း ထားသင့်ပါသည်။ ရုံးခန်းမရှိ၊ ကုမ္ပဏီအာမခံမရှိသည့် ပွဲစားများအား လုံးဝ မယုံကြပါနှင့်။ မအပ်နှံပါနှင့်။
(၄) ပတ်စပို့လုပ်ကိုင်သည့်အခါ (ပတ်စပို့စာအုပ်+ work permit + ၁၉၀၀ ဘတ်တန်ဘိုးရှိ ကျမ္မာရေးအာမခံသွေးစစ်လက်မှတ် နှင့်အလုပ်ရှင်ပြောင်းရွှေ့ခွင့်ပါ/မပါ သေသေချာချာ ပြောဆို လက်မှတ်ထိုးပြီးမှ ငွေပေးချေခြင်းကိစ္စကို လုပ်ဆောင်ကြပါ။ 
ယခုနှစ်ပတ်စပို့လုပ်ငန်းစဉ်သည်ယခင်နှစ်လုပ်ငန်းစဉ်ထက်တန်ဘိုးမြင့်နေသဖြင့်  မြန်မာအလုပ်
သမားများ အလိမ်မခံရစေရန် အထူးသတိထား  လုပ်ကိုင်ကြပါရန်   အသိပေးအပ်ပါသည်။
                                                                                            ရွှေလုပ်သားဂျာနယ်

20 January 2013

“ပညာရွှေစင်အလင်းရောင်စာသင်ကျောင်းသို့ အသံချဲ့ဆောင်းဘောက်လှူဒါန်း”



            
၂၀၁၃ ဇန်န၀ါရီ ၂၀
မြတ်ညို(အလွတ်သတင်းထောက်)
       မဟာချိုင်နယ်မြေ၊ ၀ပ်ပါချိုင်းလန်စီကျောင်း တိုက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ထိုင်းစာနှင့် အင်္ဂလိပ်စာ အခမဲ့သင်တန်းများ သင်ကြားနေရာသို့ထိုင်းနိုင်ငံရောက်မြန် မာ နိုင်ငံ သားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ ဦးခိုင်ကြီးက အသံချဲ့ဆောင်းဘောက် တစ်စုံ အား ယနေ့ သွားေ ရာက်လှူဒါန်းလိုက်သည်။
      အလုပ်သမားများ၏ဘ၀ကိုမြှင့်တင်လိုသည့်  ဖြူစင်သည့် စေတနာသက်သက်ဖြင့်တည် ထောင်ဖွင့်လှစ်ခြင်း 
 ဖြစ်ကြောင်း ကျောင်း၏အကြံပေးပုဂ္ဂိုလ် ကိုခိုင်ကြီးကပြောသည်။
“လွတ်လပ်တဲ့ မည်သည့် အလှူကိုမဆို လက်ခံမယ်၊ အမည်ခံသာလုပ်မယ့်လူမျိုးကိုတော့လက်ခံ မှာမဟုတ် ဘူး၊ တံဆိပ်လာကပ်မယ့် အပြုအမူမျိုးကိုတော့ လုံးဝဆန့်ကျင်သွားမယ်၊ ဖြစ်သလို ဆက်
လက်ပြီး ရပ်တည် သွားမယ်၊စေတနာသန့်ရှင်းဖို့သာ အဓကပါ ” ဟုပြောသည်။
    လက်ရှိ စာသင်သား မြန်မာအလုပ်သမားပေါင်း ၁၆၀ ကျော်တို့၏ ဘောပင်နှင့် စာအုပ်တို့အား ထိုင်းကျောင်းထိုင် ဆရာတော်မှ လှူဒါန်းပေး ပါသည်။ ပညာသင်ကြားမှုမှာ အခမဲ့ဖြစ်ပြီး ကားအကြို အပို့အတွက် ကျောင်းသားတစ်ဦးလျှင် တစ်လ ဘတ် ၁၀၀နုန်းကောက်ခံကြောင်း သိရှိ ရသည်။

အလုပ်လုပ်ရင်း ပညာသင်ကြားလို သည့် မြန်မာအလုပ်သမားများ ဆက်သွယ်ရန်ဖုန်များမှာ
ဦးစောထူး=၀၈၅ ၃၈၅ ၂၂၃၃     ဦးနေအောင်=  ၀၈၇ ၇၆၆ ၈၅၇၄
ကိုညိုမှိုင်း= ၀၈၇ ၇၁၁ ၂၆၇၁  ကိုထွန်းထွန်းဝင်း= ၀၉၀ ၆၃၇ ၁၆၁၈
ကိုမျိုးမင်းလှိုင်= ၀၈၅ ၀၉၅ ၄၆၇၅   
ကျောင်းသားများအား ၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီလ ၆နေ့အထိ သာလက်ခံမည်ဖြစ်သည်။

19 January 2013

“ထိုင်းလူကုန်ကူးမှုဥပဒေကို စိတ်ပျက်သဖြင့် လူကုန်ကူးခံခဲ့ရသူတစ်ဦး အမှုပိတ်ပြီးအိမ်ပြန်”


၂၀၁၃ ခု ဇန်န၀ါရီ ၁၉
မင်းဘခက်
“ ကျမ အင်ဒိုလှေဆိပ်မှာ ရောင်းစားခံရခါနီး ကယ်တင်တဲ့အဖွဲ့တွေ အချိန်မီရုံလေး ရောက်လာလို့ လွတ်လာတာပါ။ အဲဒီကနေ အခြား၆ယောက်ကို ပထုံဌာနီကယ်ဆယ်ရေး စခန်းထဲကို ပို့လိုက်တယ်။ ကျမကို  အိမ်ထောင်ရှင်မဟုတ်တဲ့အတွက် နွန်ထဘူ ရီ ရေလယ်ကျွန်းက အမျိုးသမီးစခန်းထဲ ကိုပို့ လိုက် တယ်။
အဲဒီထဲမှာ ၂နှစ်ကြာတဲ့သူ၊ ၁နှစ်ကြာတဲ့သူ ၈လကြာတဲ့သူ၊ ဦးကျော်သောင်း ကို ကျန်ဆဲနေတဲ့သူတွေနဲ့ 
သွားတွေ့ရတယ်။ ကျမ၃ ရက်လောက်နေခဲ့တယ်။ စခန်းက တာဝန်ရှိတဲ့အမျိုးသမီးတွေကိုမေးတော့
အနည်းဆုံး ၆လကြာမယ်ဆိုတော့ ကျမ မနေနိုင်ဘူးလေ။ ကျမ မှာ မိသားစုစားဝတ်နေရေးအတွက်
အလုပ်လုပ်ပြီး ပိုက်ဆံပို့ရမှာ၊ ကျမ ထမင်းမစားပဲနေတယ်၊ တွေ့ ကရာတွေနဲ့ လက်တွေခြေတွေကို ကုတ်
ခြစ်ပစ်တယ်၊ သွေးတွေထွက်လာတယ်၊ ကျမအော်ဟစ်တယ်၊ အော်ငိုတယ်၊ ခုတော့ ကျမကို ပြန်ပို့လိုက်
လိုက်ပြီးရှင့်” ဟု မြ၀တီ ကို ယနေ့ ပြန်ပို့ခံရသည့် မခင်ဦးဆွေ က ၀မ်းသာစွာပြောသည်။
မခင်ဦးဆွေနှင့်အတူ မဟာချိုင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းမှ ပြန်ပို့ခံသူ ၅၀ဦး ခန့် မှာ မြ၀တီ DKBA ဂိတ်ထဲတွင်ဘတ်ငွေ၁၅၀၀ ဖြင့်ရွေးထုတ်သွားကြ ပြီးဖြစ်သည်။ သူမမှာ ရွေးစရာငွေမရှိသဖြင့် အကူ ညီေ တာင်းခံလာခဲ့ခြင်းဖြစ်သည်။
              “သမီးကိုထိုင်စောင့်နေတဲ့ DKBA ဂိတ်ထဲ က အမျိုးသားရဲ့ မိန်းမမှာ ၀တ်ထားလိုက်တဲ့ ရွှေတွေ ညွတ်နေတာပဲ၊ ထိုင်းကိုပြန်သွားမလား၊ ဘာလုပ် မလဲ မေးတယ်။ ဒီလောက် ဒုက္ခရောက်လာတာ ကျမတို့ ဘတ် ၁၅၀၀ နဲ့ ၂၀၀၀ ပေးမှ ဒီ အထဲက လွတ်တယ်၊ မရွေးနိုင်တဲ့သူတွေ ပြည့်တန်ဆာခန်းရောက် သွားကြ တယ်၊ ပွဲစားတွေနဲ့ မြ၀တီဘက် ကို ပြန်ကူး သွားကြတယ်၊ နေနစ်သူတွေကို ၀ါးကူးထိုးကြတာ၊ မတရား စီးပွားရှာကြတာ ဖြစ်တယ်”  ဟု သူမ ကဆက် လက်ပြောဆိုသည်။
          ခါးတစ်ထည် ကိုယ်တစ်ခုတည်းဖြင့် အကျဉ်းကျခံရာမှ လွတ်မြောက်လာခဲ့ရပြီး မိခင်မြန်မာမြေကို
မြေနင်းခ တောင်းစားနေသည့် အဓမ္မ သူတောင်းစားများ မြ၀တီတွင် ဂိတ်ပေါင်းများစွာ ဖွင့်နေတာ မဖြစ်
သင့်ကြောင်း၊ လူကို ရောင်းကုန်ပစ္စည်း၊ အသုံးခံပစ္စည်းအဖြစ်သာ ရှုမြင်ပြီး လူစိတ်ပျောက်နေကြသည့်
လောဘသားများမှာ ဘယ်သူ၏ ခွင့်ပြုချက်ဖြင့် ဤမျှ အတင်းရဲစွာ စီးပွားရှာနေခွင့်ရရှိသည်ကို သူမ နားမလည်နိုင်ကြောင်း ရင်ဖွင့်ပြန်သည်။
            ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT က မေတ္တာ ရပ်ခံ အကူညီတောင်းခံသဖြင့်   မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းမှုအဖွဲ့တို့၏ ကူညီဆောင်ရွက် မှုကြောင့် မခင်ဦးဆွေမှာ DKBA ဂိတ်ထဲတွင် ပိုက်ဆံမပေးခဲ့ရပေ။ ထို့အပြင် မြ၀တီလူကုန်တား၏ ကူညီမှုဖြင့်သူမနေရပ်ရင်းသို့လည်း ပြန်သွားရမည်   ဖြစ်သည်။
       မခင်ဦးဆွေသည် ဇန်န၀ါရီလ  ၂ ရက်နေ့က မဟာချိုင် အင်ဒိုလှေဆိပ်တွင် ပူးပေါင်းအဖွဲ့ တို့ ကယ်တင်နိုင်ခဲ့သည့် အလုပ်သမား ၇ဦးတွင်ပါဝင်သူတစ်ဦး   ဖြစ်သည်။သူမတို့မှာHRIကုမ္ပဏီမှ MOU ဖြင့် တင်ပို့ လိုက်သည့်အလုပ်သမားများလည်းဖြစ်ကြသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းကအရှေ့တောင်အာရှမှာလူကုန်ကူးမှု၊အဓမ္မခိုင်းစေမှုအဖြစ်ဆုံး
ဖြစ်နေတဲ့ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံရသူတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ အကာအကွယ်၊ ရသင့်ရထိုက်တဲ့အခွင့်အရေး ပေးတဲ့ဥပဒေမရှိဘူး။ ထိရောက်တဲ့ ကူညီမှုပေးနိုင်တဲ့ အဖွဲ့အစည်းမရှိဘူး။ အဲဒီနွန်ထဘူရီ ရေလယ်ကျွန်းက အမျိုးသမီးကယ်ဆယ်ရေးစခန်း ထဲမှာ လပေါင်းများစွာ ပြင်ပနဲ့ ဖုန်းလည်း မဆက်ရ၊ တစ်ကျွန်းစံနေရတာ၊ လပေါင်းများစွာ အခကြေးငွေ တစ်ပြား တစ်ချပ်မှမရပဲ နေရတယ်၊ လပေါင်းများစွာ အဲဒီအထဲမှာ သကြားရည်နဲ့ လူထားတဲ့ ထိုင်းအစား အစာ ချိုချိုအီအီကိုစားပြီးနေရတာ၊ နယ်စပ်ကို ပြန်ပို့တော့ DKBA ဂိတ်ထဲကို အပို့ခံရတယ်။ လူကုန်ကူးခံခဲ့ ရတဲ့သူတွေ ဘာစရိတ်နဲ့ အိမ်ကိုပြန် ကြမလဲ၊ ထိုင်းကိုပြန်ဝင်မယ်ဆိုရင်ကော မိမိကိုယ်ကို ရောင်းပြီး လူကုန် ကူး သူတွေနဲ့ပဲ ဆက်သွယ်ရတယ်၊ ဒါတွေကို ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP လည်းသိ တယ်။ မြန်မာလူကုန်တားအဖွဲ့လည်း သိတယ်” ဟုပြောသည်။
           ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ ထိုင်းအစိုးရက လူကုန်ကူးခံရသူများအား တစ်နှစ် တာနေထိုင် အလုပ်လုပ်ခွင့်ပြုမည်ဟု ၂၀၁၁ ခု  ဧပြီလ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သော် လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ  ခွင့်ပြုခဲ့ခြင်း မရှိသေးပေ။ လူကုန်ကူးခံရသူများ အစိုးရသက်သေ အဖြစ် ထွက်ဆို၍ နှစ်နှင့်ချီ၍ အကျဉ်းထောင်နှင့် ကယ်ဆယ်ရေးစခန်းတို့တွင်အကျယ်ချုပ်နေထိုင်ခဲ့ကြရသော်လည်း လူကုန်ကူးမှုကို ကျူးလွန်သည့်  ထိုင်းလုပ်ငန်းရှင်နှင့်ပွဲစားများမှာ တစ်ညမျှပင် အချုပ်ခန်းထဲတွင် နေစရာမလိုပေ။
လူကုန်ကူးခံရသူများလုပ်ကိုင်ခဲ့သည့် လုပ်အားခများသည်၎င်း၊ပိုင်ဆိုင်သည့်ပစ္စည်းများသည်၎င်း မည်သည့်
အဖွဲ့အစည်းကမျှ သိမ်းဆည်းထားနိုင်ခြင်း၊ ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသေးပေ။

18 January 2013

“ဘန်ကောက်မြန်မာသံရုံးက ထိုင်းရောက်အလုပ်သမားများပတ်စပို့လုပ်ငန်းသတင်းစာရှင်း”


 ၂၀၁၃ ဇန်န၀ါရီ ၁၈
မြတ်ညို (အလွတ်သတင်းထောက်) 
                ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်၁၅  နှစ်အောက်သားသမီးများအားလုံး တရားဝင် အလုပ်သမားများ အဖြစ် နေထိုင်အလုပ် လုပ်ကိုင်ခွင့်ရရှိရေးအတွက် နှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက် မှုအား ထိုင်းနိုင်ငံ ဘန်ကောက် သံရုံးတွင် ယနေ့နေ့လည်ပိုင်းက သတင်းစာရှင်း လင်းပွဲတစ်ရပ်ကျင်း ပခဲ့ ကြောင်း သိရှိရသည်။
        ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် အတည်ပြုခွင့်ပြုချက်အရ ပထမ အဆင့်အနေဖြင့် ဇွန်န၀ါရီလ ၁၅ ရက်မှဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ အထိ မိမိတို့ လုပ်ငန်းရှင်များမှ တစ်ဆင့် နီးစပ်ရာ ထိုင်းအလုပ်သမားဌာနများတွင် အမြန်ဆုံး မှတ်ပုံတင်ကြရ မည် ဖြစ်ပါသည်။
         ထိုသို့မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသား များအား  ယာယီနိုင်ငံကူးလက်မှတ် နှင့် ၎င်းတို့ မှီခိုလျှက်ရှိသော ၁၅ နှစ်အောက် သားသမီးများ အား သက်သေခံကဒ်ပြား  ထုတ်ပေးရေး နှင့် အလုပ်လုပ်ခွင့် Work  Permit ထုတ်ပေးခြင်းတို့ကို  နေ့ချင်းပြီး One-Stop-Service အဖြစ် ၂၀၁၃ ခု ဖေဖေါ်ဝါရီလ၁၅ ရက်မှ မေလ ၁၅ ရက်နေအတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
    မြန်မာသံအမတ်ကြီး ဦးတင်ဝင်း က “ သမ္မတကြီး ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့  ထားဝယ်မှာတွေ့ကြ
တုန်း ပြောဆိုခဲ့ကြတဲ့ စကားအရ ဒီလုပ်ငန်းကို အကောင်အထည်ဖေါ်ကြတာဖြစ်ပါတယ်။ သမ္မတကြီး က
ကြာနေတဲ့လုပ်ရပ်တွေအမြန်လျှော့၊ နေပြည်တော်ကို တင်ပြတာတွေမလုပ်နဲ့ ၊ ထိုင်းသံရုံး ကပဲဆုံးဖြတ်ပြီး
လုပ်ခွင့်ပေးတယ်။ ထိုင်းဘက်ကလည်း ထောရော ၃၈/၁ လုပ်စရာမလိုတော့ဘူးဆိုတော့ လုပ်ငန်းမြန်သွား
မယ်၊ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအကုန်လုံး တရားဝင် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်
ကြရတာကို ကျနော်တို့ လူကြီးတွေက အလွန်ဖြစ်ချင်ပါတယ်။ အလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ အားလုံး
ဝိုင်းဝန်း တိုက်တွန်းပေးကြပါ”ဟု ပြောသည်။
            ယခင်က ထိုင်းနိုင်ငံအတွင်း ယာယီပတ်စပို့ ၅နေရာတွင် လုပ်ကိုင်ခဲ့သော်လည်း ယခု လုပ်မည့်
အစီအစဉ်တွင် ဆယ်နေရာသတ်မှတ်ထားသည်။ ၎င်းတို့မှာ(၁) စမွတ်စာခွန် (၂) ချင်းမိုင် (၃)ပထုံဌာနီ
(၄)ရယောင် (၅)ဆန်ခလ (၆) စမုတ်ပါကန် (၇) စူရတ်ဌာနီ (၈) ကန်ချနဘူရီ (၉) ခေါင်းကဲန်
(၁၀)  နခိုရပ်စီမ(ခိုလ)   စသည့် စခန်းများတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ယနေ့သတင်းထုတ်ပြန်ထားသည်။

“မိန်းမလျှာတစ်ဦးငါးဖမ်းလှေက ထွက်ပြေးလွတ်မြောက်လာ”

                           
၂၀၁၃ ဇန်န၀ါရီ ၁၈
          မင်းဘခက်
        ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာတွင်ရှိသော ပင်လယ်ငါးဖမ်းလုပ်ငန်း အမြောက်အများလုပ်ကိုင်သည့်ခြုံဘူရီခရိုင်ခရိုင်   ချောင်း စမေးစံလှေဆိပ် တွင် ရောင်းစားခံ ခဲ့ရသည့် ပဲခူးမြို့မှ မိန်းမလျှာ လူငယ် တစ်ဦးအား MAT အဖွဲ့ က ယမန်နေကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
        ပဲခူးမြို့ မှ အသက် ၁၈နှစ်အရွယ် မိန်းမလျှာ မင်းသန့် ဆိုသူသည် မြ၀တီ ၁၄ ဂိတ်မှ ပွဲစား - - - - က နာနတ်သီးစက်ရုံတွင်လုပ်ရမည်ဟုပြော ဆိုသဖြင့် လိုက်ပါလာခဲ့ရာငါးဖမ်းလှေဆိပ်သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
       “ကျနော်တို့ လာတုန်းက မြန်မာအလုပ်သမားပေါင်း ၃၀ ကျော်ပါတယ်။ လှေဆိပ်ကိုရောက်တော့ မွန်
လူမျိုးပွဲစားတွေက နာမည်ခေါ်ပြီး လှေအသီးသီးကိုတင်လိုက်တယ်။ မဲဆောက်က လာရောင်းတဲ့သူက ဘတ်ငွေ ၁၄၀၀၀ နဲ့ရောင်းချခဲ့တာ။ လှေပေါ်ကိုရောက်တော့ ၁နှစ်လုပ်ဆပ်ရမယ်။ ဘတ်ငွေ ၂၈၀၀၀  ဖိုးပြည့်မှလွတ်မယ်လို့ပြောပါတယ်။ ကျနော်  နေမကောင်းလို့ ဆေးဝယ်ဖို့ထွက်လာရင်း ပြေးလာတာပါ။ ကျနော့်ကို လှေသမားတစ်ယောက်က ဦးကျော်သောင်း ဖုန်းကိုဆက်ပါလို့ ပြောထားလို့ ကျနော် ဒီဖုန်းနံ ပါတ်ကို အသေမှတ်ထားပါတယ်” ဟုပြောသည်။
         မင်းသန့် သည် လှေပေါ်တွင် ရက် ၂၀ ခန့် သာလုပ်ကိုင်ခဲ့သည်။ လှေပေါ်တွင် အလုပ်လုပ်ခါနီးတိုင်း
စိတ်ကြွဆေးများဖျော်ထားသည့် အရည်တစ်မျိုးကို မသောက်မနေရသောက်သုံးရကြောင်း ပြောပါသည်။
တစ်ညလုံးကို လမ်းလျှောက်ထွက်ပြေးခဲ့သဖြင့် နေရာတစ်ခုသို့ရောက်သည့်အခါ ထိုင်းလူမျိုး ကျောင်းဆရာ
တစ်ဦးက ခေါ်ယူ၍ ၁၀ ရက်တိုင်တိုင် ဆေးဝါးကုသပေးခြင်း ကျွေးမွေးစောင့်ရှောက်ခြင်းများပြုခဲ့သည်။
ထို့နောက် အမည်မသိ မြို့တစ်မြို့၏ ဈေးတစ်ခုတွင် ဘတ်ငွေ ၅၀ နှင့် ပြောင်းဖူးပြုတ် ၂ဖူးတို့ကိုပေးခဲ့ပြီး
ကျောင်းဆရာ ထွက်ခွာသွားခဲ့ပါသည်။
             မင်းသန့် သည် ကျောင်းဆရာ ပြန်မရောက်လာသဖြင့် ငိုယိုနေစဉ် ငါးခြောက်များရောင်းသည့်
တွန်းလှည်းတစ်စီးဖြင့် မြန်မာအမျိုးသမီး တစ်ဦး ရောက်ရှိလာခဲ့သဖြင့် လိုက်ပါလာခဲ့ပြန်သည်။ ထိုအမျိုး သမီးက ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်နှင့်စက်ချုပ်အလုပ်လုပ်ရသည့် အိမ်တစ်အိမ်သို့ ရောင်း ချခဲ့ပြန်ပါသည်။ နံနက် ၄နာရီမှ ည၁၀ နာရီအထိ မနေမနား လုပ်ခဲ့သည့် လုပ်အားခ မှာ ဘတ်ငွေ ၁၂၀၀ သာပေး သဖြင့် ရောင်းစားခံရပြန်ပြီဖြစ်ကြောင်း သိရှိလာခဲ့သည်ဟု သူ ကဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော့်ကိုဖုန်းဆက်လာ တယ်။ ကျနော်က အငှါးကားမောင်းသူကို လာပို့ ဖို့ လိပ်စာကိုပြောပြလိုက်တယ်။ ဒီကလေးက မနေ့ ကရော ဒီနေ့ မနက်ကပါ ထမင်းမစားရသေးတာကြောင့် ကားပေါ်မှာ အိပ်ပျော်ပြီးမှ ရောက်လာတယ်။ ကျနော်တို့ကို
အဆက်အသွယ်မရပဲ၊ ကျနော်တို့မသိပဲ ထိုင်း ငါးဖမ်းလှေပေါ်မှာ ဘယ်လောက်ရှိမလဲ၊ ထိုင်းမှာပြဌာန်းထား တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကလည်း တိုင်ကြားတဲ့သူရှိမှ၊ တစ်ခါ လှေနံပါတ်လှေဆိပ်အမည်၊ ကမ်းကိုကပ်မယ့်နေ့  အချိပ်အဆက်လုပ်ရတာ အတော်ခက်ခဲပါတယ်။ ရောင်းစားခံထားရသူတွေဆိုတာ ဖုန်းလည်းကိုင်ခွင့်မရှိတော့ အတော်အလုပ်ရကိုင်ရ ခက်ခဲပါတယ်” ဟုပြောသည်။
              ပြန်လည်လွတ်မြောက်လာသူအားMATအဖွဲ့ကယ်ဆယ်ရေးအခန်းတွင် ဆေးဝါးကုသပေးခြင်း၊
 ကျွေးမွေးခြင်းများ ကူညီပေးလျှက်ရှိသည်။

16 January 2013

ထိုင်းနိုင်ငံအစိုးရ၀န်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်


 (တရားဝင်ဘာသာပြန်မဟုတ်ပါ)
ထိုင်းနိုင်ငံအစိုးရ၀န်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်

http://www.thaigov.go.th                                             ဇန္န၀ါရီလ(၁၅)ရက်၊ ၂၀၁၃ ခုနှစ် 

ယနေ့နံနက် ၀၉း၀၀ နာရီ၊ ထိုင်းနိုင်ငံအစိုးရအိမ်တော် ဒုတိယထပ်ရှိအစိုးရ၀န်ကြီးများအဖွဲ့အစည်းအဝေးခန်းမတွင် ၀န်ကြီးချုပ် နန်စာဝ်ရင့်လတ်ချီန၀တ်မှဥက္ကဌအဖြစ်ဦးဆောင်၍အစိုးရအစည်းအဝေးကိုကျင်းပခဲ့ပါသည်။၎င်းအစည်းအဝေးမှ အောက်ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့ပါသည်။
   
14. အကြောင်းအရာ။       ။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်နေထိုင်၍ အလုပ် လုပ်ကိုင်နိုင်ရန် အထူးခွင့်ပြုချက်ပေးခြင်း၊

ဒီဇင်ဘာလ(၂၆)ရက်နေ့၂၀၁၂ခုနှစ်တွင်ကျင်းပခဲ့သော ထိုင်းနိုင်ငံရှိတရားမ၀င်ရွှေ့ပြောင်းအလုပ် သမားများ စီမံခန့်ခွဲရေးကော်မတီ (ကောဘောရော)အစည်းအဝေးအမှတ် ၃/၂၅၅၅ ဆုံးဖြတ်ချက်ဖြစ်သော ထိုင်းနိုင်ငံ အတွင်းတရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအိုနှင့် ကမ်ပူးခြားနိုင်ငံသားရွှေ့ပြောင်း အလုပ်သမား များ နှင့်၎င်းတို့အားမှီခိုလျက်ရှိသော (၁၅)နှစ်အောက် ကလေးများအား အထူးအခွင့်အရေးအဖြစ်(၁၂၀) ရက် နေထိုင်စေပြီး၊ မိမိတို့နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် (သို့) ကိုယ်ပိုင်အထောက်အထား (Certificate of Identity)ပြု လုပ်နိုင်ရန်နှင့်ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်သူများဖြစ်လာစေရန် မိမိတို့အလုပ်လုပ်လျက်ရှိသောအလုပ်ရှင်ဖြင့်ဆက်လက်၍ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန်၊ အလုပ်သမားဝန်ကြီးဌာနမှတဆင့်တင်ပြလာချက်ကို  ၀န်ကြီးများအဖွဲ့မှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချ အတည်ပြုလိုက်ပါသည်။