06 November 2013

“ပတ်စပို့နှင့်အလုပ်ပါမစ်ရှိသည့်အလုပ်သမား၃ဦးတစ်နေ့တည်း ၂ကြိမ်အဖမ်းခံရ”




နိုဝင်ဘာ ၆    (ကိုတီး)

              ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ် အပြည့်အစုံရှိသည့် မြန်မာအလုပ်သမား  ၃ဦး တစ်နေ့တည်းတွင်၂ကြိမ်ဖမ်းဆီးခံရရာ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံေ ရာက်မြန်မာနိုင် ငံသားများအဖွဲ့ MATက လွတ်မြောက်အောင် ကူညီ   ပေးနိုင်ခဲ့သည်။
          ယနေ့နံနက်ပိုင်းက အောင်ကိုဦး၊ သီဟနှင့် စိုးလွင် ဆိုသည့် အလုပ်သမား၃ဦး မဟာချိုင်မှ ဘန်ဘော် ပြင်ဆင်နေချိန် မဟာချိုင်ဈေးကြီးတွင် ပုလိပ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်။ ဘန်ဘော်မြို့နှင့်မဟာချိုင်မြို့မှာ ထိစပ်လျှက်ရှိသော အနီးဆုံး နယ်မြေဖြစ်ကြ သည်။

"ပတ်စပို့နဲ့အလုပ်လုပ်ခွင့်စာအုပ်ရှိသော်လည်း တစ်နေ့တည်းမှာ ၂ကြိမ်အဖမ်းခံရ"


04 November 2013

"မြန်မာအလုပ်သမတစ်ဦးအဓမ္မပြုကျင့်ခံရခြင်းကိစ္စအား MAT ညှိနှိုင်းပေးနိုင်ခဲ့"





နိုဝင်ဘာ ၄  (ကိုတီး)


ယမန်နေ့မွန်းလွဲပိုင်းက ဘန်ကောက်မြို့ အနီး စမူပါကန်ခရိုင်  ဘန်ဖီးမြို့နယ်တွင် ရှိသော aerosoft  ဖိနပ် အလုပ်ရုံမှ   မြန်မာ အလုပ်သမ တစ်ဦးအား ထိုင်း အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့မှုအား ရာချီရှိသည့်   မြန်မာ အလုပ် သမားများက မကျေမနပ် ရုန်းရင်း ဆန် ခပ်ဖြစ်နေသည်ကို MAT အဖွဲ့  ကသွားရောက်   မေတ္တာရပ်ခံခဲ့သဖြင့်  လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။
           အသက် ၂၃ နှစ်အရွယ်........ မ ........က ပတ်ဝန်းကျင်ကို အော်ဟစ်အကူ ညီေ တာင်းခံခဲ့သဖြင့် သူမ၏ ဦးခေါင်းအား ထိုင်းအမျိုးသားက အုတ်နံရံ


03 November 2013

“ရာဘာခြံမြန်မာအလုပ်သမား တစ်ဦးဆင်ရိုင်းနင်းသေဆုံး”



              
နိုဝင်ဘာ ၃   (ကိုတီး)

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၆၈ အကွာတွင် ရှိသော လနောင်းမြို့နယ်၊ ခေါင် ချမောင်မြို့ ဟွေ့ထပ်မွန် ရပ်ကွက် နယ်မြေအမှတ်(၈) တွင်ရှိသော ရာဘာခြံတစ်ခုအတွင်းသို့   တော ဆင်ရိုင်းများ ၀င်ရောက် သောင်းကျန်းသဖြင့် မြန်မာ အလုပ် သမားတစ်ဦး သေဆုံးသွားခဲ့သည်။
         ရာဘာစေးများခြစ်နေသည့် မြန်မာအလုပ်သမား ၃ဦး တို့   တောဆင်ရိုင်းများ ၀င်လာသည် ကိုမြင်သဖြင့် ထွက်ပြေးကြရာ အလုပ်သမား ၂ဦးလွတ်မြောက် ခဲ့သော်လည်း တစ်ဦးမှ သစ်မြစ် တစ်ခုကိုတိုက်မိ၍ လဲကျသဖြင့် ဆင်က နင်းသတ် လိုက်ခြင်းဖြစ် သည်။

01 November 2013

“ထိုင်းမြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေးဆက်ဆံရေးရုံးများဖွင့်လှစ်”



  နိုဝင်ဘာ  ၁   မြတ်ညို(အလွတ်သတင်းထောက်) 
      အောက်တိုဘာ ၃၁ ရက်နေ့က မဲဆောက်နှင့်    မြ၀တီတို့တွင်နှစ်နိုင်ငံ  လူကုန်ကူးမှုတိုက်ဖျက်ရေး ဆက်ဆံ ရေးရုံးများဖွင့်လှစ်ခဲ့သည်။
       နှစ်နိုင်ငံဆက်ဆံရေးရုံးများဖွင့်လှစ်ကြ ရာ၌   မြန်မာနိုင်ငံဘက် အခြမ်းတွင် ကရင်ပြည်နယ်   မြ၀တီမြို့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးတွင် ကျင်းပသည့် အခမ်းအနား၌ ထိုင်းနိုင်ငံဘက်မှ တာ့ခ် ခရိုင်အုပ်ချုပ်ရေး မှူး၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တာ့ခ်ခရိုင် လ၀က ဦးစီးမှူး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာ့ခ်ခရိုင် ညွှန်ကြားရေးမှူး စသည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။  


“MAT အဖွဲ့ နာယကဆရာတော်က အတွင်းရေးမှူး အား ဘတ်တစ်သောင်း ကူညီ”

နိုဝင်ဘာ  ၁ ရက်     မြတ်ညို(အလွတ်သတင်းထောက်)
     

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နာယက ဆရာတော် ဦးဇောတိက မှကားမတော် တဆ တိုက်မိမှုကြောင့် လက်ကျိုးသွားခဲ့သည့် MATအတွင်းရေးမှူး မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး အားယနေ့တွင် ဘတ်ငွေတစ်သောင်း လာရောက် ကူညီပေးခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လပ်ဘူရီသို့ အလုပ်ကိစ္စ တစ်ခုဖြင့် အကိုင် ဆိုသူ နှင့်အတူ ကိုခိုင်ကြီး လပ်ဘူရီ သွားရောက်ကြ စဉ် အခြားကားတစ်စီက လမ်းကြောင်းမှားကာ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစသည်။        

တစ်ရက်တည်းတွင် မြန်မာ၂ဦးသတ်ဖြတ်ခံရ





နိုဝင်ဘာ          ကိုတီး
        ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ ကွာဝေးသော ခြုံဘူလီမြို့နယ် စာတပာစ်မြို့ရှိ  လူကုန်ကုးအများဆုံးဖြစ်သော စဖန်းပါ လှေဆိပ်အနီးတွင် ယမန်နေ့က လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ သည်။
            စဖန်ပါလှေဆိပ် ဆိုင်အမှတ် ၆၉/၁၇ အရက်နှင့်ခေါက်ဆွဲ ဆိုင်ရှေ့တွင် အသက်၃၅ နှစ်အရွယ်ခန့် အမည်မသိ မွန်အမျိုးသား တစ်ဦး ဓါးဒဏ်ရာဖြင့်သေဆုံးခဲ့သည်။
      နယ်မြေခံရဲများ စစ်ဆေးချက်အရ ကာရာအိုကေ ဆိုင်တစ်ခုမှ မိန်းကလေး တစ်ဦးအား ကမ္ဘောဒီယား ၃ဦးနှင့် မွန်အမျိုးသား၃ဦး တို့ အကြိုက် က်ခြင်း  တူကြရာမှ အရက်ဆိုင်အတွင်း အငြင်ပွား၍ အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြခြင်းဖြစ် သည်။ ကမ္ဘောဒီးယား အုပ်စုက 
သံတုတ်ဖြင့်ရိုက် ဓါးဖြင့်ထိုးပြီး လှေဆိပ်ဘက်သို့ထွက်ပြေးသွား ခဲ့ကြသည်။
သို့ရာတွင် လူသတ်မှုကိုကျူးလွန်သူ အသက် ၂၀ အရွယ် ကမ္ဘေဒီးယား လူမျိုး နိုင်အိဒနာ အား ၂နာရီခန့်
အကြာတွင် ထိုင်းရဲများက ဖမ်းဆီးနိုင်ခဲ့သည်။ သူက ၀န်ခံထွက်ဆိုကြောင်း ယမန်နေ့ထုတ် ထိုင်ရပ်ဖေါ်ပြ ထားသည်။
        တရက်ထဲမှာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ၁၁၀ ကီလို မီတာ တွင်ရှိသော စူဖန်ဘူလီ မြို့နယ်အတွင်းရှိ ဘန့်နောင်စူ ပိုင်းခြားနယ်မြေ အမှတ် () စဖန်လန်ရပ်ကွက်  အူထေါင်းမြို့ ရှိ  ကျဲဝလန် ငါးရံ့မွေးမြူရေကန် အတွင်း ဧရိယာအတွင်းတွင် လူသတ်မှုဖြစ်ပွားခဲ့သည်။
    သက်ဆိုင်ရာမှ လာရောက် စစ်ဆေးသောအခါ အရက် ပုလင်းးကွဲ သွေးများ သံတုတ် နှင့် သစ်သား အမာ တစ်ချောင်း ရင် ဘတ်တွင် ဓါးဒဏ်ရာဖြင့်   သေဆုံးနေသည် နီးစပ်ရာများမှ ထွက်   ဆိုချက် အရ သေဆုံးသွား လူမှာ မြန်မာနိုင်ငံသား မောင်ခင်ဝင်း အသက် ၄၀ နှစ် မောင်ခရေ ဝင်း အသက် ၄၅ နှစ်သည်  အရက် ထိုင်သောက်နေရာ သို့ ဘင်္ဂါလီ ယောက်   ရောက်လာပြီးစကား များကြသည် 

“မြ၀တီငွေလဲဒိုင်တစ်ခုအားမြ၀တီရဲနှင့် MATအဖွဲ့တို့ပူးပေါင်းနှိမ်နင်း”



                      
နိုဝင်ဘာ- ၁  (မင်းဘခက်)
         မြ၀တီမဲဆောက်ချစ်ကြည်ရေးတံတား အနီး တွင် တရားမ၀င်လိမ်လည်   ငွေလဲလှယ်နေတစ်ဦး အား မြ၀တီရဲနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ   ရောက်   မြန်မာနိုင်ငံသားများအဖွဲ့ က အောက်တိုဘာ ၃၀ရက်   နေ့နံနက် ပိုင်းက လက်ပူး လက် ကြပ်ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။
            မဲဆောက်မြ၀တီချစ်ကြည်ရေးတံတားအနီးတွင်ရှိသော တရားမ၀င်ငွေလဲ ဒိုင်အချို့တို့က ထိုင်းနိုင်ငံအနှံ့မှ မြန်မာပြည်နေရပ် အသီးသီးသို့ နေစဉ်ပြန် သွားနေကြ သည့် မြန်မာအလုပ်သမားများ ထိုင်းဘတ်ငွေမှ မြန်မာ ငွေအဖြစ် လဲလှယ်ရာတွင် အမြဲတမ်းငွေလျှော့နေကြောင်း အလုပ်သမား အမြောက်အမြားတို့က ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ မကြာမကြာ တင်ပြ နေခဲ့ကြသည်။